မချစ်တဲ့ဒုက္ခ
{သို့}
(ခင်ဗျားကြောင့်ရူးပြီ)
အပိုင်း(၁၄)
DJသံတွေက ဝုန်းဒိုင်းကျဲနေသည့်ကြားမှာ ကင်းမဲ့တို့အုပ်စုကခုန်နေကြလေသည်။
ကင်းမဲ့ပခုံးကိုမှီရင်း ကစ်က ခါးလေကိုလှုပ်လိုက်၊ခေါင်းလေးကိုရမ်းလိုက်နှင့် ကနေ၏။ တွဲခဲ့သမျှမိန်းကလေးတွေထဲမှာ ဒီကောင်မလေးကသူ့အပေါ်နားလည်အပေးဆုံးဖြစ်သလို ယောကျ်ားလေးတစ်ယောက်လိုပါ ပေါင်းသင်းလို့ရသည့် ကောင်မလေးပင်။
သူငယ်ချင်းကနေ ရည်းစားတွေဖြစ်...ရည်းစားကနေသူငယ်ချင်းတွေပြန်ဖြစ်ခဲ့သည့်ဆက်ဆံရေးလေး.....
လူရွယ်လူငယ်တွေ water-zomeရှေ့ DJသီချင်းသံတွေကြား ကနေလိုက်ကြတာ အတုန်းအရုန်းနှင့်.....
.ကင်းမဲ့မတ်တပ်ရပ်ကရတာညောင်းလာတော့ မဏ္ဍပ်နောက်မှာဘဲသွားထိုင်ဖို့ ကားအောက်ဆင်းလာခဲ့တော့သည်။ အကဘုရင်မလေးကစ်တီကတော့ ကင်းမဲ့ထွက်သွားသည်ကိုမရိပ်မိပေ.....သူ့အကနဲ့သူမြောလျက်.....
လျှောက်မလည်၍သာတော်သေးသည်ထင်ရမည်။မဏ္ဍပ်မှာထိုင်နေရတာတောင် ဟိုလူကရေလာပတ် ဒီလူကရေလာပတ်နှင့်...သင်္ကြန်လေလေးကလည်း ခပ်သွေးသွေးဆိုတော့ လူကချမ်းတုန်ချင်လာသည်။
"မမချမ်းနေတာလား......"
"အွင်း..."
"ဒါဆို ကျွန်တော့်ဂျာကင်လေးခြုံထားလိုက်တော့"
"နေပါစေ...မင်းလည်းအေးနေမှာဘဲ..."
"ကျွန်တော့်ထက် မမကပိုအေးမှာပါ..လာခြုံထားလိုက်နော်"
ဝါ့ပခုံးပေါ် သူ့အင်္ကျီလေးရောက်လျှင်ရောက်ချင်းဘဲ ထိုဂျာကင်ကို တစ်စုံတစ်ယောက်က ဆွဲယူကာလွှင့်ပစ်လိုက်သည်။
ဝါ အလန့်တကြားနဲ့မော့ကြည့်လိုက်တော့ နူတ်ကအသံတိတ်နာမည်တစ်ခုရေရွတ်မိလိုက်သည်။
တုနှိုင်းကင်းမဲ့.....
ဒီတစ်ခါတော့လျှက်တပြတ်မြင်တာမဟုတ်ဘဲ သူမမျက်နှာကိုထင်ထင်ရှားရှားမျက်နှာချင်းဆိုင် တွေ့လိုက်ရသည်။
YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...