part~9

3.8K 96 0
                                    

မချစ်တဲ့ဒုက္ခ

                    {သို့}

                              (ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း(၉)

"ဟာ နေခြည်.....နင်နဲ့မတွေ့ဖြစ်တာတောင်အရမ်းကြာသွားပြီ"

"ဟုတ်တယ်ဟ ငါလည်းအိမ်ထောင်ကျပြီးနောက်ပိုင်း သူငယ်ချင်းတွေနဲ့ကို မဆက်သွယ်ဖြစ်တော့ဘူး....နေပါဦး မုံရွာသူက ရန်ကုန်ကိုဘာလာလုပ်တာလည်းပြော....အလည်လာတာလား....."

ဝက်နားရွက်ကို ပါးပါးလေးလှီးနေရင်းကနေ နေခြည်ကမေးလေသည်။

"အလည်မဟုတ်ဘူးဟေ....အပြီးပြောင်းလာတာ အပြီး.."

"အယ်......မဟုတ်မှလွှဲ နင်အိမ်ထောင်ကျပြီမို့လား...."

"ဟုတ်တယ် ဟိုတနေ့ကမှ...."

"သက်တူရွယ်တူလား...."

"ဘယ်ကသာ.....ငါ့ထက်၆နှစ်နီးပါးလောက်ငယ်တယ်..."

"ဗုဒ္ဓေါ..... နင်ပြောတော့ နင့်ထက်ငယ်တဲ့သူကို မယူဘူးဆို...ဘယ်လိုကနေဘယ်လို ကြိုက်သွားတာတုန်း...."

"အိမ်ကပေးစားတာဟေ...အိမ်ကပေးစားတာ......"

ဆူပုတ်ပြီးပြောတော့ နေခြည်ကတခစ်ခစ်ရယ်နေလေသည်။ ဝါလည်း ကြာဆံ​ကြော်တစ်ဇွန်း ခပ်စားလိုက်သည်။

"ထင်ပါတယ်....ထင်ပါတယ် ငါ့သူငယ်ချင်းလေးက အဲဒီ့လောက်အဖြစ်မရှိပါဘူးလို့...... ကျောင်းတုန်းက ကြိုက်တဲ့သူတွေဝိုင်းဝိုင်းလည်ခဲ့တာတောင် တန်းစီပြီးငြင်းပစ်တာလေ.....ဟင်းဟင်း"

"ကျောင်းတုန်းက အကြောင်းတွေပြန်မပြောစမ်းပါနဲ့ဟာ...ငါအဲဒီ့ကတည်းက ရည်းစားတစ်ယောက်လောက်ထားခဲ့ပါသေးတယ်.....အခုတော့ ဒီအကောင်က အချိုးကိုမပြေဘူး....."

လူနည်းနည်းရှင်းနေတာမို့ ဝါ နေခြည့်ကို ပွင့်ပွင့်လင်းလင်းသာပြောပြလိုက်သည်။

"ဘာလို့လည်း....သူက နင့်အပေါ်မကောင်းဘူးလား...."

"အဲလိုကြီးရယ်လည်းမဟုတ်ဘူး....ဘယ်လိုပြောရမလည်း..."

"လက်ပါခြေပါမိုလို့လား.....ရုပ်ဆိုးပြီးဆင်းရဲလို့လား...အကျင့်စာရိတ္တမကောင်းလို့လား.......နောက်ပြီးအိမ်အလုပ်တွေကို နင့်တစ်ယောက်ထည်းဘဲခိုင်းတာလား...."

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now