Part-16

2.3K 53 3
                                    

မချစ်တဲ့ဒုက္ခ

                 {သို့}

                   (ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း(၁၆)

သူမကို ခုတင်ပေါ်ပွေ့တင်ပြီး ရူဆေးလေးနှာခေါင်းတေ့ပေးလိုက်ကာ မီးမွှေးတဲ့ငနေ့ဆီ ဖုန်းဆက်ဖို့ပြင်လိုက်သည်။

ထက်နေထူးလို သူဋေးသားက ပိုက်ဆံလာချေးတာကို အရိပ်အကဲမသိဘဲ ချေးလွှတ်လိုက်တဲ့သူမကိုက တော်တော်တုံးလေသည်။

တီ...ဖုန်းကဝင်သွားလေသည်။

📲

"ဟေ့ကောင် ငရှုပ်ကောင်....မင်းဘယ်လိုလုပ်လိုက်တာလဲကွာ....အခုမင်းမွှေးတဲ့မီးက ငါ့ကိုလောင်နေပြီ....မင်းအစအနောက်သန်လို့ ဟိုမှာမေ့လဲသွားတယ်..."

"ဟား...ဟား....ဟာ....အဲ့ဒီလောက်အထိဖြစ်သွားမယ်မှန်း ငါမသိဘူးကင်းမဲ့ရာ...မင်းမိန်းမကို သက်သက်နောက်လိုက်တာ...."

"နောက်တယ်လုပ်မနေနဲ့... သူသတိပြန်ရလာရင် အဲဒီ့ပိုက်ဆံဆယ့်ငါးသိန်း ငါ့ကိုငိုယိုပြီးတောင်းနေမှာ...ငါ့ကဒ်ထဲကငွေတွေလည်း စက်ရုံအတွက်လိုလို့သုံးလိုက်ပြီ ဖေဖေတို့ဆီကတောင်းပေးရင်လည်း မင်းစနောက်တာကိုဝိုင်းအပြစ်ပြောကြလိမ့်မယ်...မင်းအခုငါ့ကိုလွှဲပေးလိုက်... "

"အဲဒီလိုတော့မရဘူးလေ... ဟဲဟဲ မင်းတို့လင်မယားကို ငါက ပျော်စေချင်လို့သက်သက်ကြံစည်လိုက်တာ...မင်းတို့ဟန်းနီးမွန်းမထွက်ရသေးဘူးမို့လား...အဲဒီတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်အောင် ငါ့ဆီက၁၅သိန်းလာတောင်းရင်း ကယ်လီဖိုးနီးယားကို ဟန်းနီးမွန်းထွက်ခဲ့ပေါ့ကွာ...မင်းသဘောကျတဲ့ဘစ်ကနီလေးတွေလည်း တွေ့ရမှာပေါ့"

"အဟွန်း...မင်းကပြောတော့လွယ်တယ်...မင်းဆီကဆယ့်ငါးသိန်းရဖို့အတွက် ငါက သိန်းနှစ်ဆယ်လောက်သုံးပြီး လာခဲ့ရမှာပေါ့....ဟုတ်လား"

"ငါ့ကောင်ရာ....မင်းရဲ့ခရီးစဥ်စရိတ်အားလုံးအတွက် ငါတာဝန်ယူတယ်....ဟုတ်ပြီလား...လာမှာသာလာခဲ့စမ်းပါကွာ..."

"အေးပါကွာ...ငါဖေဖေ့ကိုခွင့်တောင်းကြည့်မယ်...အဆင်ပြေရင်လာခဲ့လိုက်မယ်...နိုင်ငံခြားဖုန်းခေါ်ရတာ စျေးကြီးတယ်ခွေးကောင်....ဒါဘဲချလိုက်ပြီ...."

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now