~မချစ်တဲ့ဒုက္ခ~
<သို့>
(ခင်ဗျားကြောင့်ရူးပြီ)
အပိုင်း (၂၉)
အချိန်နှင့်ဒီရေသည် လူကိုမစောင့်.....တဲ့.....တဖြည်းဖြည်းနဲ့မယ့်ဝါဗိုက်ထဲက ရင်သွေးလေးကြီးပြင်းလာလိုက်တာ ကိုးလလွယ် ဆယ်လဖွားဆိုသည့် အချိန်သို့ရောက်ရှိလာခဲ့လေပြီ......
သူတို့နှစ်ဦးကြားမှာ ကတောက်ကဆဆိုသည့်အချိန်က နည်းပါးလာပြီး....ကင်းမဲ့၏အချစ်တွေကို မယ်ဝါပိုပြီးသိမြင်လာခဲ့လေပြီ.... .
မချစ်တဲ့ဒုက္ခတွေကို ကြုံဆုံခဲ့ရပြီး... ပြေလည်စ ကြင်နာစကာလ......
"လယ်ထဲဒီနေ့လိုက်မသွားပါနဲ့လား....."
"ဘာဖြစ်လို့လည်း မိန်းမရဲ့.."
"တစ်နေ့တစ်နေ့ နင်ကအလုပ်ဘဲသွားလုပ်နေတာလေ....ငါ့အနားနေမယ်ကိုစိတ်မကူးဘူး...."
"ဟော်.....ဒေါ်ရွှေဝါရယ်.....နေချင်တာပေါ့... ကိုယ့်မိန်းမအနားကို ကပ်ချင်တာပေါ့....ကဲကဲဒီနေ့အလုပ်မသွားတော့ဘူး.....မမအနားဘဲကပ်နေတော့မယ်နော်....."
"သွားစမ်းပါ အပိုတွေ....."
"မပိုပါဘူး..... လိုနေတာပါဒေါ်ရွှေဝါရဲ့....ခင်ဗျားကသာ ကျုပ်အချစ်တွေကိုမမြင်နိုင်နေတာ...."
"အ.."
"ဘာဖြစ်တာလဲ...ဒေါ်ရွှေဝါ..."
"ဗိုက်ထဲကဆစ်ခနဲဖြစ်လာလို့.....နာလာသလိုလိုဘဲ...ငါကလေးမွေးချင်နေပြီထင်တယ်..."
"ဟမ်.....due dateက နောက်တစ်ပတ်နေမှမို့လား...."
"အ.... ဟာ....မသိဘူး...ခါးပါကိုက်လာပြီ....တုနှိုင်းကင်းမဲ့ ငါ့ကိုမြန်မြန်ဆေးရုံပို့ပေး "
"ခဏလေး...လိုအပ်တဲ့ပစ္စည်းတွေထည့်လိုက်ဦးမယ်...."
"ဟဲ့.....မရဘူး...တုနှိုင်းကင်းမဲ့.... အမလေး နင့်နာမည်ကြီးခေါ်ရတာရှည်လိုက်တာဟယ်...သူတောင်းစားလေးရဲ့....အခုသွားမယ်..ဆေးရုံကိုအခုသွားမယ်....."
"ဟာ....ဒေါ်ရွှေဝါကတော့ဗျာ....ကလေးမွေးဖို့ဗိုက်နာတာကို ယောကျ်ားကိုဆဲရတယ်လို့..."
YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...