~မချစ်တဲ့ဒုက္ခ ~
{သို့}
(ခင်ဗျားကြောင့်ရူးပြီ)
အပိုင်း(၂၅)
"ဦးကင်း....ဦးကင်း....သမီးကိုကြိုးကြာရုပ်လေးလုပ်ပေး."
"ကြိုးကြာရုပ်.....ဟုတ်ကဲ့ ရရပါစေ့မယ်ဗျာ...."
ဝါ အိပ်လိုက်စားလိုက်နှင့်နေရတာကလည်း ပျင်းစရာမို့. .နောက်ပြီး...ပါးစပ်ထဲမှာချဥ်တာစပ်တာတစ်ခုခုစားချင်နေ၍ အောက်ထပ်သို့ဆင်းလာခဲ့လိုက်တာ သူက မျောက်လောင်းလေးတွေနဲ့ စက္ကူရုပ်ခေါက်တမ်းကစားနေသည်လေ.....
မနက်ဖြန်မုံရွာဆေးရုံကြီးက အိုဂျီနှင့်သွားပြဖို့ရှိသည်။ ရွာမှာလည်း သားဖွားမီးယပ်အကူနပ်စ်မလေးရှိတယ်လို့ပြောတာကို ပြောလို့မရ.......ဘယ်ကိစ္စမှအမှားအယွင်းမခံနိုင်ဘူးတဲ့လေ...ဝါ့ယောက်မနဲ့ ဝါ့အမလည်း ဒီလိုဘဲမွေးလာကြတာ...သူနဲ့ကျမှ လူကိုကြီးကျယ်သည်ဟု ဝိုင်းပြောတာခံရပေဦးမည်။
ကလေးတွေကို အရုပ်ခေါက်ပေးနေရင်းက သူကဝါ့ဆီပြေးလာသည်။
"မိုးတွေဒီလောက်ရွာနေတာလေ......လက်ရှည်လည်းဝတ်မထားဘူး.... ကလေးတွေနဲ့ခဏလေးဆော့မိပါတယ်....နေချင်သလို နေနေတော့တာဘဲ"
စောင်ပုံထဲမှာ နေရတာကြာတော့အိုက်လာပြီး လက်ရှည်ချွတ်ခဲ့မိတာ....အခုတော့အဘိုးကြီးလိုပွစိပွစိပြောနေတာကို ကြားနေရ၏။
အပေါ်ထပ်ကို သူရုတ်ချည်းပြေးတက်ရင်း ပြန်ဆင်းလာတော့ လက်ထဲမှာ ဝါခုနကချွတ်ထားခဲ့သည့် လက်ရှည်အဖြူရောင်လေး ပါလာလေသည်။
"နင်ကလည်း.....ငါအခုမှပူလို့ချွတ်ထားခဲ့တာ"
"မရဘူး....ဝတ်ရမယ်....အအေးပတ်ပြီးဖျားရင် ဘယ်လိုလုပ်မလဲ... အလိုလိုကမှ ကိုယ်ဝန်ရှိလို့ပိန်လာပါတယ်ဆို ဖျားပြီးဒီ့ထက်လျော့သွားရင်မဖြစ်ဘူး...."
သူပြောတာကို နားထောင်ပြီး ဝါမိုးတွေရွာနေတာကို ငေးကြည့်နေလိုက်သည်။ ဒီအချိန်ဆို ဝါ့သူငယ်ချင်းကောင်မကြီးတွေတော့ ထဘီတိုတိုနဲ့ ကောက်စိုက်နေကြမှာဘဲ......
အဖေရယ်အကိုကြီးရယ် မကြီးရယ်က သူရင်းငှားတွေ ကောက်စိုက်သမတွေ သေသေချာချာ လုပ်ကြကိုင်ကြရဲ့လားဟု သွားကြည့်ကြတာဖြစ်သည်။ မိုးကရွာရွာ ချမ်းစိမ့်စိမ့် အခုအချိန်ကန်သင်းရိုးပေါ် ထမင်းစားလိုက်လို့များ မြိန်လိုက်မည့်ဖြစ်ခြင်း.....
YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...