part~13

3.8K 75 0
                                    

မချစ်တဲ့ဒုက္ခ

                   {သို့}

                       (ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း(၁၃)

သင်္ကြန်အကျနေ့>>>>

နေခြည့်ဆီကဘဲ ခေါင်းစွပ်အင်္ကျီအဝါရောင်နှင့်ဂျင်းဘောင်းဘီနက်ပြာရောင်လေးယူဝတ်လိုက်သည်။ ဒီလိုပုံစံလည်း ဒီသင်္ကြန်လေးရက်သာဝတ်မှာဖြစ်၍ နေခြည်က အသစ်မဝယ်ခိုင်းဘဲ သူ့အဝတ်အစားများကိုသာ ဝတ်ခိုင်းလေ၏။နေခြည် အပျိုဘဝကအဝတ်အစားတွေမို့ နေခြည်နှင့်မတန်တော့ဘဲ ဝါနှင့်သာကွက်တိဖြစ်နေ၏။

ဖိုးသင်္ကြန်ကမ်းပေးတဲ့ မုန့်လက်ဆောင်ခွက်ကလေးယူလိုက်ပြီး မော့သောက်လိုက်သည်။မနေ့ကလည်း အိမ်ပြန်တော့အရမ်းချမ်းနေခဲ့ပြီး ဒီနေ့တော့ဖျားမလားမသိပေမယ့် ရေကစားချင်သည့်စိတ်ဖြင့် ခေါင်းမာနေခဲ့သည်။

အင်းယားလမ်းကမဏ္ဍပ်တစ်ခုမှာ ခဏထိုင်ကြ၍ စတုဒီသာဝေသည့် မုန့်လက်ဆောင်၊ရွှေရင်အေးတို့ကိုသောက်ကြသည်။ ဝါကရွှေရင်အေးမကြိုက်၍ မုန့်လက်ဆောင်သာ သောက်လိုက်၏။အသက်ကြီးတဲ့ ဝါကသာ အအေးဒဏ်မခံနိုင်ပေမယ့် နေခြည့်သား ငမြွေထိုးနှစ်ကောင်ကတော့ ကြွက်စုပ်ကလေးတွေလိုရေမွှန်းနေသော်လည်း ရေသေနတ်ကိုယ်စီနှင့်ပျော်မြူးနေကြလေသည်။

"နွေဦးမောင် မင်းမမက ဒီလိုမျိုးလေးဝတ်ထားတော့လည်း ချစ်စရာလေးဘဲကွ....ဟမ်"

အောင်ထိုက်တို့ပြော၍ သူ မမကိုတစ်ချက်လှမ်းငေးကြည့်လိုက်သည်။သူကလေးဘဝကတည်းက ပါတိတ်ဝမ်းဆက်လေးတွေနဲ့ မမဟာ အခုထိလည်း ပါတျိတျဝမျးဆကျကလေးတှနှေငျ့နုပြိုလှပနဆေဲ။ အခုလည်း hoodie အင်္ကျီအဝါရောင်ကလေးနှင့် ချမ်းလို့ကုတ်ကုတ်ကလေးဖြစ်နေ၍ ခေါင်းစွပ်ကလေးကြားထဲက မျက်နှာဝင်းဖန့်ဖန့်ကလေးဟာ အသက်သုံးဆယ်ဟုမထင်ရလောက်အောင် ကလေးမျက်နှာလို ချစ်ဖို့ကောင်းနေ၏။

ဖိုးသကြားဟု မမပေးသည့်နာမည်ပြောင်ကလေးကို နွေဦးသဘောကျသည်။ မမနဲ့သူဟာ အသက်အရမ်းကွာပေမယ့်သံယောဇဥ်ရှိသူတွေအဖို့နီးစပ်နိုင်မည်ထင်ပါ၏။ မမနေခြည်ဆီ သင်တန်းတက်မည်ဟူသောအကြောင်းပြချက်ဖြင့် သူရောက်လာခဲ့သည်က မမသတင်းကိုကြားရချင်၍ပင်။ ရန်ကုန်ရောက်တော့ သူမျှော်လင့်ထားခဲ့တာထက်ကို သတင်းတင်မကဘဲ မမကိုလူကိုယ်တိုင်ပါတွေ့ရသဖြင့် ပျော်ရသည်ကလည်း အတိုင်းအဆမဲ့ပင်။

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now