part~11

3.8K 83 0
                                    

မချစ်တဲ့ဒုက္ခ

                 {သို့}

                         (ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း(၁၁)

အခါတော်ပေးစောင်းသံနှင့်အတူ  မင်္ဂလာအခမ်းအနားကြီးက ကြီးကျယ်စွာကျင်းပလျက်...ထိုမင်္ဂလာပွဲရဲ့သတို့သမီးဟာ ကျန်းမာရေးဝန်ကြီး ဦးဝင်းကို၏ တစ်ဦးတည်းသောသမီး...ယူမီမီကိုဖြစ်လေသည်။

ဖခင်ဖြစ်သူ၏ သြဇာအာဏာကြောင့်လည်း ပွဲလာပရိတ်သတ်တွေအများအပြားခြံရံကြလျက်...ဝန်ကြီးသမီး၏မင်္ဂလာပွဲမို့ ခြိမ့်ခြိမ့်သဲလေသည်။

Play boyဟုခေါ်သော ခပ်ချောချောယောကျ်ားတစ်ယောက်၏ အတည်မဟုတ်ဘဲ အပျော်တွဲခြင်းသာခံရတဲ့သူမ...နဂိုကတည်းက ဦးဝင်းကိုသည်သူ့သမီးကို သူနဲ့အာဏာခြင်းတူလေသည့် အိမ်နီးနားချင်းလဲဖြစ်သည့် ဦးခန့်နိုင်၏သား ကောင်းခန့်နိုင်နှင့်သာ သဘောတူခဲ့တာဖြစ်၏။ တုနှိုင်းကင်းမဲ့ဆိုသော ခပ်မိုက်မိုက်လူငယ်နှင့်တွဲနေသည်ဟူ၍ သတင်းများကြားပြီး သဘောမတူသဖြင့် ဦးသီဟနှိုင်းတို့လင်မယားထံ အကြောင်းကြားအကြပ်ကိုင်ခဲ့၏။

ဒါ့ကြောင့်လည်း တုနှိုင်းကင်းမဲ့ သူမကိုထားခဲ့ကာ မိဘတွေသဘောတူသည့် ဝါရွှေနုသွေးနှင့်လက်ထပ်ခဲ့တာဖြစ်သည်။

အပြာရောင်နုနုစတစ်အင်္ကျီလက်ရှည် ပုဆိုးကွက်စိပ်အပြာဖြင့် ကင်းမဲ့က ဘယ်အချိန်ကြည့်ကြည့် ကြည့်ကောင်းနေသလို သူလက်ဆွဲပြီးဝင်လာလေသည့် ဇနီးဖြစ်သူမယ်ဝါမှာလည်း ပန်းအရင့်ရောင်ပါတိတ်ဝမ်းဆက် နက်မှောင်နေသောဆံနွယ်အရှည်ကြီးတို့ဖြင့် ကျက်သရေရှိစွာ တင့်တယ်နေပါတော့သည်။

သူ့ရည်းစားဟောင်းမင်္ဂလာဆောင်မိုလို့ထင်ပါရဲ့..... ဝါ့လက်ကိုဆွဲထားတာများကျစ်ကျစ်ကို ပါနေတာဘဲ...

ယူမီ ဧည့်သည်တွေကိုဧည့်ခံနေရင်းမှ ကင်းမဲ့တို့ရောက်လာသည်ကို သတိထားမိလိုက်သည်။ လူတွေအကုန်လုံးကလည်း သူ့ဘေးကမိန်းမချောကို ဝိုင်းကြည့်နေကြပါလား.....ယူမီဟာ ကင်းမဲ့ကိုရူးမတတ်ချစ်ခဲ့ဖူးတယ် သေမတတ်စွဲလမ်းဖူးခဲ့တယ်.. နောက်ဆုံးတော့ယူမီ့ကို သူထားပစ်ခဲ့တာပါဘဲ.....အပြစ်ကတော့ ယူမီကသူ့ကိုသည်းသည်းလှုပ်ချစ်ပြလို့တဲ့လေ...ငါ့ကိုသည်းသည်းလှုပ်ဂရုစိုက်ပြတဲ့မိန်းမဆို အာရုံမလာဘူးဆိုတဲ့ အကြောင်းပြချက်တွေနှင့် ယူမီ့ကိုထားခဲ့ဖူးသည်။

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now