part~8

2.3K 58 0
                                    

မချစ်တဲ့ဒုက္ခ

                    {သို့}

                       (ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း(၈)

"ငါ သူ့ကိုချစ်နေပါတယ်လို့ နင့်ကိုဘယ်သူပြောလည်း..."

"နင်က ဆင်တစ်ကောင်လုံးတွေ့တာတောင် ဆင်ခြေရာရှာချင်နေသေးတယ်.....နင်ဒီလောက်သဝန်တိုနေတာ နင်မမကိုချစ်နေလို့ပေါ့ဟဲ့..."

"လျှောက်မပြောနဲ့...ငါသူ့ကိုမချစ်ဘူး...."

"မယုံပါဘူး...နင်ဒီလောက်တောင် အကဲဆတ်ပြနေတာ..."

"ငါဘယ်မှာ အကဲဆတ်နေလို့လည်း စင်ဒီမ နင်တော့သေတော့မယ်နော်.."

စင်ဒီမကို သူလက်သီးနဲ့ရွယ်နေစဥ် မယ်ဝါတို့အဝတ်အစားခန်းထဲကနေ ထွက်လာလေသည်။

"တုနှိုင်းကင်းမဲ့ နင် ဘာလို့စင်ဒီ့ကို လက်သီးနဲ့ရွယ်နေတာလည်း....ဘာတွေဖြစ်နေကြတာလည်း...."

"အဟွန်း.....လှသားဘဲ ခင်ဗျား......"

"ငါမေးတာဖြေဦးလေ...... ဘာဖြစ်နေတာလည်းလို့"

"ဘာမှမဟုတ်ဘူး...အဲဒီ့ကိစ္စက အရေးမကြီးပါဘူး.....မကြာခင်ပွဲစတော့မယ်....ခင်ဗျားအဆင့်သင်ဖြစ်ပြီလား...."

"အင်း...."

"ဒါဆိုရင်သွားကြမယ်....လာ...."

နတ်သမီးတမျှ လှပလွန်းသည့်သူမဟာ အဖြူရောင်ဂါဝန်ဝဲဝဲကလေးနှင့်........ဆံနွယ်အရှည်တွေကို ယဥ်စစလေးထုံးဖွဲ့ထားပုံက သူမနှင့်လိုက်ဖက်လွန်းလှလေ၏။

ထိုနည်းအတူ အနက်ရောင်အနောက်တိုင်းဝတ်စုံကို ကျကျနနဆင်မြန်းပြီး ဆံပင်စတွေကို နဖူးပြင်ပေါ်အထိ သိမ်းဆည်းထားလေတဲ့ တုနှိုင်းကင်းမဲ့က ပြိုင်ဘက်ကင်းအောင် ချောမောခန့်ညားနေလျက်......

Dinner မို့ မိဘတွေနဲ့ရင်းနှီးသည့်အသိမိတ်ဆွေတချို့.......သူရဲ့အသိမိတ်ဆွေတချို့လောက်ကိုသာဖိတ်ထားသည်မို့ လူတွေဟာ မင်္ဂလာပွဲလောက်မများပြားပါ။

တည်ခင်းဧည့်ခံသည့်စားစရာတွေကို လူတွေစားသောက်နေကြတုန်း ကင်းမဲ့နှင့်သူမက လိုက်ဧည့်ခံကြလေသည်။

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now