မချစ်တဲ့ဒုက္ခ
{သို့}
(ခင်ဗျားကြောင့်ရူးပြီ)
အပိုင်း(၁၅)
ပခုံးလေးထိကိုင်ရုံရှိသေး ဆက်ခနဲနိုးသွားတဲ့သူမကြောင့် ကင်းမဲ့ သူ့လက်ကိုပြန်သိမ်းလိုက်သည်။
"ဘာလို့ ဘုရားခန်းမှာအိပ်နေလဲ....ကျုပ်ကဘုရားဖူးနေတယ်ထင်နေတာ...ထလေ အခန်းရောက်မှဆက်အိပ်တော့ ...."
မယ်ဝါအိပ်ချင်မူးတူးနဲ့ ခေါင်းကိုခါရမ်းလိုက်ရင်း....
"ဟင့်အင်း.. ငါဒီနေ့အခန်းထဲမှာမအိပ်ဘူး...ဘုရားခန်းထဲဘဲနေမှာ..."
"ဟာ...ခင်ဗျားကတစ်ညလုံး ဘုရားခန်းထဲဘာလုပ်ဖို့လည်း..."
"အဓိဋာန်ပုတီးစိပ်ရမှာမိုလို့...."
သရဲကြောက်ပြီး ဆင်ခြေဆင်လက်ပေးနေတဲ့သူမကိုကြည့်ပြီး လူကအလိုလိုရယ်ချင်မိသွားသည်။
"အဟွန်း....အဟမ်း....ခင်ဗျားနောက်တီးနောက်တောက်မလုပ်နဲ့.... ဘာကိုအဓိဋာန်ဝင်မှာလည်း....ဘုရားတွေစွတ်ကန်တော့ပြီးလဲ လိမ်တတ်တာဘဲလား....ခင်ဗျား သရဲကြောက်နေတာမလား...မှန်မှန်ပြော...."
"မကြောက်ပါဘူး....ငါကဘာလို့ကြောက်ရမှာလဲ....ကြောက်သွေးပါရင်ဇာဂနာနဲ့ ဖောက်ထုတ်ပစ်လိုက်မယ်"
"ဟုတ်ပြီလေ...အဲဒါ့ဆိုလည်းထ....အခန်းထဲသွားမယ်"
"ဟ...တုနှိုင်းကင်းမဲ့ နင်ဘယ်လိုဖြစ်နေလည်း... အခန်းထဲကြည့်ခေါ်နေတော့တာဘဲ... ဖယ်ဖယ်...ငါ့လက်လာမထိနဲ့...ငါ့ဘာသာသွားမယ်"
"ကျုပ်ကလည်း ထိချင်လွန်းလို့မဟုတ်ဘူး....သွား ရှေ့ကနေသွား....."
ပုတီးကို လည်ပင်းမှာစွတ်ပြီး အိပ်ချင်မူးတူးနဲ့ရှေ့ကနေ လှုပ်တုပ်လှုပ်တုပ်သွားနေတာ...အူတွေယားလွန်းလှပြီ...
အခန်းထဲရောက်တော့ မီးကပျက်နေလို့ မီးအိမ်သေးသေးလေးတစ်လုံးဖွင့်လိုက်သည်။
လွတ်လွတ်လပ်လပ်ဖြစ်စေမယ့် စွပ်ကျယ်အင်္ကျီနဲ့ဘောင်းဘီအတိုကိုလဲဝတ်လိုက်ပြီး ခုတင်ပေါ်တက်လိုက်၏။
YOU ARE READING
~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)
Romanceငွေတိုးချေးပြီး ကပ်စီးတအားနဲသည့်အပျိုကြီးမမ ခပ်ဆိုးဆိုးကောင်လေးနှင့် ယူလိုက်ရသောအခါ...... မိဘချင်းသဘောတူလို့ ယူကြရပေမယ့် အမြဲခွေးနဲ့ကြောင်လို ကိုက်နေသောစုံတွဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မချစ်တဲ့ဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ...