part~12

3.1K 70 0
                                    

မချစ်တဲ့ဒုက္ခ

                  {သို့}

                 (ခင်ဗျားကြောင့်ရူးပြီ)

အပိုင်း(၁၂)

🎵 ရှာပုံတော်မင်းသားကြီး မဏ္ဍပ်တကာရောက်ခဲ့ပြီ...ဘယ်ရပ်သူဇာတိမှန်းလည်း မသိတော့အခက်တွေ့သည်...🎵

🎵မျက်လုံးလေးကဝိုင်းဝိုင်း နူတ်ခမ်းကလေးက ကိုင်းကိုင်း ရေလေးရွဲနေတော့ရင်မှာတဒိုင်းဒိုင်း🎵

သင်္ကြန်အကြိုနေ့မနက်ခင်းဆိုတော့ ရပ်ကွက်ထဲမှ မဏ္ဍပ်ငယ်လေးတွေဆီကနေ အရင်ခေတ်သီချင်းရော ယခုခေတ်သီချင်းရော အစုံဖွင့်နေကြလေသည်။ အုန်းလက်ကလေးတွေမိုးထားသည့် စတုဒိသာမဏ္ဍပ်တွေ ကလေးငယ်တွေဆော့ဖို့ ပီပါတွေမှာ ရေအပြည့်ဖြည့်ထားတွေကို ဝရန်တာမှထွက်ကြည့်လျှင် အတိုင်းသားမြင်ရလေသည်။

ရေသေနတ်ကြီးကြီးငယ်ငယ်လေးတွေကိုယ်စီ.....ရေဖလားလေးတွေကိုယ်စီ..အလှမျက်မှန်တွေ သင်္ကြန်ပန်းကုံးတွေနှင့်ကလေးတွေကိုကြည့်ရတာနှင့်ပင် ပျော်စရာကောင်းလှ၏။

အပျိုအရွယ်မိန်းကလေးများကို ရေပတ်ချင်လို့ ဝီရိယကောင်းစွာအိမ်ရှေ့မှသွားစောင့်နေကြသည့် လူငယ်တသိုက်ကိုလည်း မြင်ရလေပြီ.....သို့ပေမယ့် ရန်ကုန်သင်္ကြန်မှာ လူကြီးတွေကို ရေကန်တော့လိုက်သည့်မြင်ကွင်းတော့မမြင်ရပါလေ...

ဝါတို့ရွာမှာဆို အသက်ကြီးအဘိုးအဘွားတွေထံမှာ လူငယ်တွေဝိုင်းဝန်းကန်တော့ထားကြသည့် ရေအိုးလေးများတွေ့ရပေလိမ့်မည်။ သောက်ရေအိုးမှာကြည်လင်အေးစက်နေသည့်ရေတွေကိုထည့် အပေါ်ကအဖုံးအုပ်၍ ထိုအဖုံးပေါ်မှာ မြန်မာ့ရိုးရာမုန့်တွေဖြစ်သော ရွှေကျီ ၊ ဘိမ်းမုန့် ၊မုန့်ဆီကြော်၊ မုန့်လုံးရေပေါ်စသည့်မုန့်တွေအပြည့်ဖြင့် ရေကန်တော့ကြတာဖြစ်လေ၏။

လာကန်တော့သည့်လူငယ်များကိုလည်း အဘိုးအဘွားတွေက ဆုတွေတသီကြီးပေးလေ့ရှိကြသလို အဘိုးအဘွားတွေ ရွာဦးကျောင်းသို့ဥပုပ်သီလသွားမယူခင် အမြန်ပြင်ဆင်ပြီး အမှီပြင်ဆင်ရသည်မှာလည်း တစ်မျိုးတော့ပျော်စရာအကောင်းသား.....

~မချစ်တဲ့ဒုက္ခ~ (ခင်ဗျားကြောင့်ရူးပြီ)Where stories live. Discover now