အပိုင်း ၂

450 14 0
                                    

Unicode /Zawgyi

ရစ်သန်တက်နေသော ကျောင်းသည် private uni ဖြစ်သည်။ ကျောင်းသားတွေကို အရမ်းကြီးမထိန်းချုပ်။
ကိုယ်ဝတ်ချင်ရာ ဝတ်လို့ရသည်။ ဆံပင်ထိကဲ့သို့ပင် မိမိ စိတ်တိုင်းကျ ထားလို့ရသည်။ အရောင်လည်းဆိုးလို့ရသည်။
ပျော်ပွဲရွှင်ပွဲဆိုလည်း နိူင်ငံကျော် အဆိုတော်များနဲ့ စည်စည်ကားကား လုပ်ပေးတတ်ကာ သူတို့ကျောင်းက အားကျ ခံလေးပင်။ ကျယ်ဝန်းသော Area စာအသင်အပြကောင်းသောကျောင်းအုပ်နဲ့ ဆရာ ဆရာမများဟာ ကျန်တဲ့နေရာမှာ စည်းကမ်းမကြီးသော်လည်း စာနဲ့ပတ်သက်ရင်တော့ လွပ်လပ်ခွင့်မပေးထား။

ဝင်ခွင့်အောင်မှသာ တတ်ခွင့်ရသည်။
ကျောင်းဝန်းက ကျယ်ပြီး သစ်ပင်ပန်းမန်များနှင့် အလွန်စိုစိုပြေပြေရှိလှသည်။ သစ်ပင်ကြီးများအေကာ်တွင် ခုံတန်းများထားပေး သည်။
ခုံတန်းများဘေးတွင်လည်း ရေတံခွန်လေး လုပ်ပေးထားသည့်အတွက် သစ်တောလေးထဲရောက်သွားသလို ခံစားရကာ အေးချမ်းသွားသည်။
ကျောင်းစားသောက်ဆိုင်လည်းရှိကာ စာကြည့်တိုက်တွင်လည်း စာအုပ်မျိုးစုံ ဖတ်ရှုနိူင်သည်။

ထူးခြားတာက ပိတ်ရက်များတွင်ပင် စာလုပ်ချင်လျှင် လာလုပ်လို့ရသည်။
ကိုယ်ဝါသနာပါသည့် classများကိုလည်း joinလို့ရသည်။
ထိုကဲ့သို့ ကောင်းမွန်လှသော facilitiesပေါင်းများစွာနဲ့ သူတို့ကျောင်းသည် rateလည်း မြင့်သလို ဈေးလည်းကြီးသည်။
ထို့အပြင် ကျောင်းပြီးပါကသူတို့ကျောင်းနှင့် ဆက် သွယ်ထားသည့် နိူင်ငံခြားမှာ တန်း၍အလုပ်ရသည်။

    
        *        *         *             *         *           *

ရစ်သန်ကျောင်းထဲဝင်လာတော့ ဖုန်းသုံးပြီး သွားလာနေကြသော ကျောင်းသားများ ဥဒဟို။ ရစ်သန် အခုဝတ်ထားသော
အဖြူရောင် အကျႌလက်တိုသည် ပွကာ နည်းနည်းရှည်သည်။ လည်ပင်းတွင် ကော်လံလေးပါသဖြင့် ကြည့်ရတာ တစ်မျိုးလေးပင်။

အောက်က ဘောင်းဘီမှာ အညိုရောင်ဘောင်းဘီအပွကို ဝတ်ထားပြီး ဖိနပ်ကို အညိုရောင် shoeလေးစီးလာသောရစ်သန်သည် ဘာမှပြင်ဆင်မလာသည့်တိုင် ကြည့်ကောင်းကာ ချစ်စရာလေးဖြစ်နေသည်။ ရှမ်းစပ်သောကြောင့် အသားမှာ ဖြူသည်ထက် ဖွေးနေသည်။ သွေးကြောစိမ်းလေးများသည် လက်ဖျံမှာထင်းနေသေည်။ ဖြူဖွေးကာ သွယ်လျနေသော ဘယ်ဘက်လက်ကောက်ဝတ်တွင် အနက်ရောင် နာရီလေးကာ ကြည့်ကောင်းစွာတည်ရှိသည်။ လျှော်လာသော ဆံပင်သည် စိုထိုင်းထိုင်နှင့်။ အဖျားနားလေးတွင် ကောက်သွားသော ရွှေအိုရောင်ဆံပင်တို့မှာ နဖူးပေါ်တွင် ဟိုတစ်စ ဒီတစ်စ။

BF was BF (Ongoing)Where stories live. Discover now