28အပြင်ဘက်မှ့ ငှက်များ၏ ကျလိကျလိအော်သံကို ကြားရသည်။ နေမှ ဖြာထွက်လာသော
အလင်းရောင်သည် အနည်းငယ် ဖွင့်ထားသော မှန်တံခါးမှ အခန်းထဲသို့ ကျရောက်နေလေသည်။အိမ်ရှေ့လမ်းမှ ဖြတ်သွားသော ကားမောင်းသံ အချို့က
မြို့ပြ၏ မနက်ခင်းကို ပုံဖော်လေသည်။အဲကွန်းဖွင့်ထားသော အခန်းထဲတွင် ရစ်သန်အနေနဲ့ ချမ်းနေတာမျိုးမရှိ။
တစ်ယောက်သော သူ၏ ရင်ခွင်ထဲတွင် ရောက်နေသောကြောင့်ဖြစ်သည်။
စိတ်က နိုးနေပြီဖြစ်သော်လည်း မျက်စိကတော့ အခုထိ မှိတ်ထားဆဲပင်။မျက်စိ မှိတ်ထားလျက်နှင့် ပင် ဖက်ထားသောရင်ခွင်ထဲကို ပို၍ တိုးဝင်လိုက်သည်။
ခဏလောက်ထိ အပျင်းကြီးပြီးမှ မျက်လုံးလေးကို ဖွင့်လိုက်တော့ ပထမဆုံးမြင်ရတာက ဘုန်းမြတ်၏ ရင်ခွင်။
မျက်နှာလေးကို မော့ကြည့်လိုက်တော့"အဟိ ပြောတော့သာ သူ့ကိုယ်သူ ကိုကိုတဲ့ အိပ်နေတာကျ ကလေးလေး ကျနေတာပဲ "
အိပ်နေသူကို ကြည့်ကာ ရစ်သန် အူယားလာသည်။
ဆံပင်ကောက်ကောက်တွေနှင့် ထိုအမျိုးသားဟာ အိပ်နေတာတောင် ချောမောနေဆဲ မျက်ဝန်းကြည်ကြည်တောက်တောက်လေးတွေကို မမြင်ရပေမဲ့ ချစ်စရာကောင်းဆဲပါပင်။နမ်းချင်းစိတ်ကို မထိန်းချုပ်နိူင်စွာ ကိုယ်ကို အနည်းငယ်ထပြီး အိပ်နေသော ဘုန်းမြတ်၏ ် ပါးလေးကို နမ်းလိုက်သည်။
ဘုန်းမြတ် ကသာ သူ့ ပါးကို အားရင် အားသလို ခဏခဏ နမ်းပေမဲ့ ရစ်သန်ကတော့ အခုမှ သူ့ပါးကို နမ်းဖူးခြင်းပင်။ရစ်သန်အသားအရည်လို ဖြူဖွေးနေတာမျိုး မဟုတ်ပဲ အလယ်အလတ်လောက်သာ ရှိသော ဘုန်းမြတ်အသားအရေက မဖြူပေမဲ့ ကြည်သည် ရှင်းသည် သန့်သည်
ပါးလျလျ နှုတ်ခမ်းထက်တွင်လည်း နှုတ်ခမ်းမွှေး ရေးရေးလေး ပေါက်နေတာကလည်း ယောကျ်ားပီသကာ ဆွဲဆောင်မှုရှိလှသည်။
ထို့ကြောင့် ဘုန်းမြတ် သူ့ပါးတွေကို အတင်းနမ်းလျှင် စူးရှရှ ခံစားချက်ကို ရပါသည်။
ဘယ်ဘက်ပါးပေါ်က ဘုန်းမြတ်၏ ပါးချိုင့်ရှိမည်နေရာလေးကို
ရစ် သန် နမ်းလိုက်သည်။
ဒီတစ်ခါတော့ တစ်ခါတည်းမဟုတ်ပဲ တို့ထိတို့ထိ နမ်းနေမိသည်။