အပိုင်း ၃

277 11 0
                                    

Unicode/Zawgyi

လိုက်သော်လည်း တကယ့်တကယ်တော့ တစ်ခါမှမလုပ်ဖူး
ဟင် ဆံသားတွေကလည်း ပျော့လိုက်တာ။ ဘုန်းမြတ် မျက်မှောင်တစ်ချက်ကျုံ့လိုက်သည်။
ကိုင်ရတော့ ကောင်းသား ဒီကောင် ဘာခေါင်းလျှော်ရည် သုံးလဲမသိ နောက်မှ မေးကြည့်ရအုန်းမည်။

ဆံသားပျော့ပျော့လေးများကို နည်းနည်းချင်းဆီ စုလိုက်ပြီး စီးလိုက်သည်။
ဆံပင်စီးပေးနေရင်း ခေါင်းလျှော်ရည် နံ့သင်းသင်းလေးကို ရလိုက်သည်။ ထို့ကြောင့်  အနံ့သေချာရအောင် ခေါင်းနားလေးကို တိုးကပ်သွားမိတော့ ပိုမွှေးသည့် စတော်ဘယ်ရီ ခေါင်းလျှော်ရည်နံ့ သင်းသင်းလေးရသည်။

စုစည်းထားသော ဆံပင်လုံးလုံးလေးကို ထပ်နမ်းမိပြန်သည်။ ယုယုယယလေးဖြစ်၍ ရစ်သန်သတိမထားမိဘူးထင်သည်။
ခေါင်းလုံးလုံးလေးတွေကို တဖွဖွနမ်းနေသော ဘုန်းမြတ်သည် ရစ်သန့်၏ နားရွက်ဖျားတွေ နီနေသည်ကိုတော့ သတိမထားမိပါချေ။

နောက်တော့မှ ခေါင်းလျှော်ရည်တံဆိပ်ကို သေသေချာချာကို မေးကြည့်ရမည်။ ဘာလို့အဲ့လောက်မွှေးနေတာလဲ။  တစ်မျိုးတော့ တစ်မျိုးလေးပင် ။

"ဘုန်းမြတ် မပြီးသေးဘူးလားကွာ"

"ပြီးပီ  ပြီးပီ လုပ်လည်းပေးရသေးတယ် သူကပဲစိတ်မရှည်သေး"

ဘုန်းမြတ် သည် ဘေးတွင်ထိုင်ရင်း ဆောင့်ကာ အောင့်ကာ ပြောလိုက်သည်။

ဘုန်းမြတ် ခေါင်းလျှော်ရည် ကောင်းမကောင်းစမ်းခြင်းကို အစအဆုံး မြင်လိုက်ရဘူ ထွန်းလင်းဦးမှာတော့ မျက်နှာသေဖြင့်
"ဒီကောင် တကယ်ရီး ဆေးမမှီတော့ဘူးပဲ"

ဘေးက ရဲထက်လွင်ကိုကြည့်လိုက်တော့လည်း ဖုန်းပေါ်က တစ်ခုခုကို စိုက်ကြည့်နေကာ ပြုံးနေသည်။
မရတော့ဘူး သူတကယ် ဒီကောင်တွေနဲ့ နေရင် အသက်ထွက်မှာ။

နားချိန် လည်း ပြည့်ခါနီးပီဖြစ်၍ ကွင်းထဲသာ ပြန်ဝင်လိုက်သည်။ ဟိုနှစ်ကောင်က သူ့ဟာနှင့်သူ
ဟိုတစ်ကောင်ကလည်း .......
အိန်း.......... 
လေပူတစ်ချက်ကိုသာ မှုတ်ထုတ်လိုက်ရင်း ထွန်းလင်းဦးတစ်ယောက် ကိုယ့်ဘာသာကိုယ် ်သနားလာပါသည်။

BF was BF (Ongoing)Where stories live. Discover now