အပိုင်း ၁၆ Unicode

148 8 0
                                    

16

ရဲထက်လွင်က တည်ငြိမ်စွာမေးလေသည်။

"ရစ်သန် သက်သာလား"

"အေး အဖျားကျသွားပြီကွာ ကျောင်းဖွင့်ရင်တော့ တက်မှာ"

ရဲထက်လွင်ကတော့ သူ့အကျင့်အတိုင်း ပြောချင်ရာ ပြောပြီးလျှင် တိတ်သွားပါသည်။
မနားမနေပြောတာက ထွန်းလင်းဦး...

" မင်း မလာတော့ တအား မျက်စိနောက်သက်သာတာပဲ။"

ထွန်းလင်းဦး၏ စကားကြောင့် ရစ်သန် ဆဲလိုက်ပါသေးသည်။

"ခွေးကောင်"

"အဲ့လိုဆဲသံလေးကို သတိရနေတာပါကွာ။
မင်းကောင်ကြီးလေ အမလေး တမှိုင်မှိုင် တထွေထွေနဲ့ "

ရစ်သန်အခန်းထဲတွင် ပြေးလွှားနေသူအား ကြည့်လိုက်မိသည်။

"ပြီးတော့လေ နောက်တန်းက မင်းမြတ်က မေးနေတယ် မင်းကို"

"ဟုတ်လား"

"အင်း ငါလည်း မင်းနေမကောင်းကြောင်း ပြောလိုက်တယ်။ အမလေး အဲ့ဒါကိုလေ ဘုန်းမြတ်ပေါ့ ငါ့ကို ပြောရမလားဆိုပြီး လိုက်လုပ်လို့ ထွက်ပြေးရသေးတယ်။
မင်းမြတ်ကလာမေးတော့ ငါလည်း ပြောမိသွားတာပေါ့ကွာ"

သောကြာသား ထွန်းလင်းဦးသည် စကားကို မရပ်မနားပြောသည်။
ထို့ကြောင့်တစ်ခါတစ်လေ သူငယ်ချင်းများက သူ့အား သာလိထီးဟု နောက်ပြောင်ကာ ခေါ်ကြလေသည်။

ရစ်သန်လည်း မင်းမြတ်ဆိုမှ ဟိုနေ့ညက သူ့ကို တစ်ယောက်တည်းထားခဲ့တာပဲ ။
မင်းမြတ် နောက်က လိုက်လာသလား ဘာလားမသိပါ။
ထိုနေ့ညကို ပြန်တွေးမှ သူ့အားဖွင့်ပြောသွားသူကို အမှတ်ရသည်။

"ဟိုကောင်တွေ တော်တော့ စာရေးဖို့လာတာ။ ဒီကိုလာကြ"

"အောင်မာ ရဲထက်လွင် အာဏာပြချက်။
ငါမနေ့ညကတည်းက ရေးထားတာ တော်တော်ပြီးနေပြီ"

ဘုန်းမြတ်က ဆူအောင့်ကာ ပြောရင်း စာရေးခုံဆီလာလေသည်။

"လာစမ်းကွာ စာရေးမယ်"

စာကြည့်စားပွဲနဲ့ ကြမ်းပြင်တွင် ခုံများချကာ စာရေးပေးသူများကို ကြည့်နေရင်း ရစ်သန် ပျော်သလိုပင်ခံစားရသည်။

သူလည်း ဖျားနေသည့် ရက်တွေမှာ အိမ်ထဲမှာပဲ အရမ်းပျင်းနေတာပင်။
သူနေမကောင်းလျှင် စိုးရိမ်မည့်သူငယ်ချင်းတွေ .....
သူ့အား ပျော်အောင်လုပ်ပေးမည့်သူငယ်ချင်းတွေ ..... 
သူ့အား ဂရုစိုက်မည့် သူငယ်ချင်းတွေ ........
ပါးစပ်က ထုတ်မပြောပေမဲ့ သူ့အား ကလေးတစ်ယောက်လို ချစ်ပေးကြသော သူငယ်ချင်းတွေ......

"ကလေးတွေ အချိုရည်သောက်ကြ မုန့်စားကြ။ စားချင်တာရှိရင် ပြော ကြားလား"

မမက အခန်းထဲဝင်ကာ မုန့်များလာပေးသည်။

"ဟီးဟီး အဲ့ဒါဆို သား ရှောက်သီးသုပ်စားချင်တယ် စပ်စပ်လေး "

ဟန်စိုး က သူ့ကိုယ်သူ သားဟု သုံးကာ ချော့ခိုင်းလေသည်။

"သားက ကြက်ကြော်"

ကြက် loverရီး ထွန်းလင်းဦးကလည်း ချွဲတိတိ အသံဖြင့် မျက်နှာကို ဇွတ်ချိုပြကာ ပြောလေသည်။

"ရစေရမယ် လာပို့ခိုင်းလိုက်မယ်နော်"

"ဟုတ်"

ဒီဟုတ်ဆိုတာကတော့ ရစ်သန်ကလွှဲ၍ ကျန်လေးကောင်ဆီမှ တစ်ဖြိုင်နက် ထွက်လာခြင်းပင်။

စားပွဲနဲ့ ကြမ်းပြင်တွင် စာရေးခုံများချကာ စာကူရေးပေးနေသူများက
ရစ်သန့်အား လူနာလာမေးသည်ဆိုကာ ဘာမုန့်မှ ပါမလာပဲ
ရစ်သန့်တို့အိမ်မှ မုန့်များနှင့် ကြက်ကြော်တောင် မှာခိုင်းပြီး ပဖြဲနဖြဲ စားကာ စနောက်နေကြပါသည်။

ရစ်သန့်အား ပျော်အောင်ဟာသတွေပြောကြကာ လိုချင်တာ မှန်သမျှ အိပ်ယာပေါ်က မထစေပဲ အကုန်ယူပေးကြသူတွေက သူ့အတွက်တော့ ဒုတိယမိသားစုပါပဲ။

အမြဲတမ်း ယုတ်မာနေသော ကောင်တွေအား
အတိုးရော အရင်းပါ ပေါင်းပြီး ရစ်သန်သည် နေမကောင်းဘူးဆိုသည်ကို လက်ကိုင်ထားကာ
သူငယ်ချင်းများကို အစုံ ရှောက်ခိုင်းရသည်မှာလည်း ပျော်စရာပါပင်။

အထူးသဖြင့် သူ့ကို မျက်နှာတစ်ချက်အညှိုးမခံပဲ ဘေးကနေ အကုန်လုပ်ပေးတဲ့ ဘုန်းမြတ်ပေါ့။

BF was BF (Ongoing)Where stories live. Discover now