အပိုင်း ၈ B (unicode)

181 7 0
                                    

ထို့နောက် ထိုပုံစံ အ တိုင်းသာ ပုံစံတူလုပ်ကြမည်ဖြစ်သည်။
ကိုယ်လိုချင်တဲ့ ပုံစံကို editကာ ကိုယ်ကိုတိုင် တည်ဆောက်ထားသော ပုံတွေနဲ့ အချက်အလက်တွေရှာရမည်ဖြစ်သည်။

"ဘုန်းမြတ် ကြိုးတွေ သွားယူပေးအုန်း"

ဘုန်းမြတ်တစ်ယောက် ဘာလုပ်ချင်စိတ်မှ မရှိတာကြောင့် အိမ်သာထဲ သွားကာ ဆေးလိပ်သောက်နေလိုက်သည်။
နှစ်လိပ်လောက် ကုန်မှ  ကြိုးတွေနှင့် ပါဝါဘန့်တွေ ယူကာ အခန်းထဲပြန်ဝင်လာလိုက်သည်။

ထိုအခိုက် မြင်လိုက်ရသည်ကြောင့် ဒေါသက ထောင်းခနဲပင်။

ရစ်သန်သည်ကောင်လေးတစ်ယောက်နှင့် စားပွဲပေါ်တွင်ကွန်ပြူတာကို အတူ ကြည့်နေလေသည်။ မျက်နှာကလည်း ရွှင်မြူးနေသည်။

ဘုန်းမြတ် ကိုယ့်ကိုကိုယ်ပင် ဘာဖြစ်မှန်းမသိတော့ပြီ။
ဘာကြောင့် ရစ်သန်ကို သူမဟုတ်တဲ့အခြားသူတွေတွေ့ရတဲ့အခါမှာ ထိန်းလို့မရအောင်ဒေါသတွေထွက်နေတာလဲ။ တကယ်ပဲ သူဘာတွေဖြစ်နေတာလဲ။ အခုလည်း အလိုလိုမှ မကြည်သောစိတ်ဖြင့် ဘုန်းမြတ်သည် သည် ဒေါသကိုထိန်းကာ
ယူလာခဲ့သော ကြိုးတွေနှင့် ပါဝါဘန့်တွေကို ပစ်ချလိုက်သည်။

"ယူလာခဲ့ပီ"

ပြုံးရွှင်နေသူနှစ်ယောက်ဘေးတွင် ယူလာသည်များကို အားနဲ့ ပြစ်ချလိုက်သည်။

"ဒုန်း"

"သာသာယာယာလုပ်ပါကွာ မင်းကလည်း"

"ငါလုပ်ချင်သလိုလုပ်မှာပဲကွာ မင်းကဘာမလို့လာပြောနေတာလဲ"

ဘုန်းမြတ် အသံသည် နည်းနည်းကျယ်သွားလေသည်။
ဒေါသက အလွန်ထွက်နေပီဖြစ်သည်။
ထိုနော့က်အခန်းထဲက ထွက်လာလိုက်သည်။

"ဟေ့ရောင် နေအုန်း "

ဘုန်းမြတ် လက်ကို ဆွဲလာသော လက်တစ်ဖက်

ဘုန်းမြတ် မျက်ခုံးတွေ တွန့်ချိုးကာ ပြန်ကြည့်လိုက်သည်။

"မင်း ငါ့ကို ဘာတွေမကျေနပ်နေတာလဲ"

"ငါကဘာတွေမကျေနပ်ဘူးပြောနေလို့လဲ? ခွန်ဆက်ဆိုင်"

"မင်းအခုလုပ်နေတာတွေကို ပြန်စဉ်းစားလေ"

"ငါ့ဘာသာဘာလုပ်လုပ် မင်းနဲ့ဆိုင်လား"

BF was BF (Ongoing)Where stories live. Discover now