13* * *
ဘုန်းမြတ်သည် ရဲလင်းထက်နှင့်အတူ ကျုံးဘေးသို့ထွက်လာခဲ့လိုက်သည်။
သူ့စိတ်ထဲတွင် ခံစားချက်အချို့ကလည်း ရောပွမ်းနေခဲ့ပါသည်။
ဘာကိုမှ လေးလေးနက်နက်မတွေးခဲ့ဖူးတဲ့သူဟာ အခုတော့ စဉ်းစားနေရပါသည်။ကားကိုတစ်နေရာတွင် ရပ်ခဲ့ကာ လမ်းလျှောက်ရန်ထွက်လာလိုက်သည်။
ညနေခင်းဖြစ်သောကြောင့် လမ်းလျှောက်နေသူများ စက်ဘီးစီးနေသူများဖြင့် ရှုပ်နေလေသည်။သူတို့နှစ်ယောက်သည် တစ်ဖက်ထိ လမ်းလျှောက်ကာ ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။
ခဏလောက် လမ်းလျှောက်လိုက်ရတော့လည်း ခေါင်းနည်းနည်းကြည်သွားပါသည်။"ငါ တစ်ခုခု သွားဝယ်မယ်"
ဘုန်းမြတ်သည် သူ့ရှေ့မှ ရေပြင်ကိုသာ စိုက်၍ ကြည့်နေသည်။
ဘုန်းမြတ်စိတ်ကကို အဲ့လိုပင်။စိတ်ညစ်နေလျှင် ရေပြင်ကို မြင်လိုက်ရမှ နည်းနည်းအဆင်ပြေသည်။
ထို့ကြောင့် သူစိတ်ညစ်တိုင်း ကျုံးဘေးနှင့် ဦးပိန်တံတားကို ခဏခဏ သွားကာ ရေပြင်ကိုသာ မေ့မေ့မြောမြောစိုက် ကြည့်နေတတ်ပါသည်။
"ရော့ "
"မင်းဟာရီးကလည်း ချဉ်စုတ်နေတာပဲ"
"ငါတမင် သံပုရာရည်ထဲ သကြားမထည့်ခိုင်းတာ။
မင်း ချာပီးအောင်လို့""ဟာ ခွေးကောင် "
"ခေါင်းနောက်သက်သာအောင်ပါကွာ။
ပြီးတော့ ဒီမှာ သင်္ဘောသီးထောင်း""ဟာ မင်းက အချဉ်အစပ်တွေနဲ့ကွာ ငါ့ကိုတမင်များလုပ်နေတာလား"
"စိတ်ညစ်ရင် အချဉ်အစပ်စားပေးရတယ်ကွ"
"မင်းကို ဘယ်သူပြောလဲ"
"ထွန်းလင်းဦး "
"အဟင်း အဲ့ကောင်စကား လေးနဲ့စား အကြွင်းသုည ယုံရခက်ကွ အရင်တစ်ခေါက်ကလည်း ခေါင်းမူးတာကို သွားတိုက်ဆေးတွေ ထည့်ထားတဲ့ သံပုရာရည်လာတိုက်တာ
သွေးပေါင်ကျတာပါဆို အဲ့ကောင်လုပ်လို့ တစ်ခါတည်းလျှောမှာ။ အဲ့ကတည်းက သူ့စကားဆို ဝေါင်ဝေါင်ရွှေး "
* * *
![](https://img.wattpad.com/cover/366113829-288-k853200.jpg)