အပိုင်း ၈ (A)

187 8 0
                                    

Unicode/Zawgyi

(8)

"မင်္ဂလာပါဗျာ ကျွန်တော်တို့အခုဈေးဝယ်သွားနေကြတာပါ"

ထွန်းလင်းဦးသည် ဖုန်းဖြင့်  blogရိုက်နေခြင်းဖြစ်သည်။ bloggerသမားပီပီ ထွန်းလင်းဦးဟာ ဘယ်သွားသွား vdရိုက်ပါသည်။ အခုလည်း သူတို့အဖွဲ့လိုက် Oceanကို ရုပ်ရှင်လာကြည့်ကာ မုန့်လာစားကြခြင်းဖြစ်ပါသည်။

အဖွဲ့လို့ဆိုပေမယ့် သူတို့5ယောက်လုံးမဟုတ်ပါ။

"ဒီနေ့ အမျိုးတွေလာလို့ကွာ အိမ်မှာနေရမှာ"
ဆိုပြီး ရစ်သန်ကတော့ မပါဘူးဖြစ်သည်။

"ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ကြဖို့မျှော်လင့်ပါတယ်"

ဘုန်းမြတ် သည် Nike  t shirtအဖြူရောင် ကလေးကို
Sport pantအနက်ရောင်နှင့် တွဲဝတ်ထားကာ
Nike Road Running shoes အနက်ရောင်လေးစီးထားလေသည်။

ဘုန်းမြတ် အမေသည် အထည်ဆိုင်ဖွင့်ထားသောကြောင့် အမေပေးထားတဲ့ အဝတ်တွေက ဘုန်းမြတ် မှာ အများအပြားပင်။
ထို့ကြောင့် ဝတ်ထားတာကတာကကို တော်တော်ဂေါ်နေပီဖြစ်သည်။
ဆံပင်ကောက်ကောက်လေးတွေနဲ့ အပြုံးချိုချိုကောင်လေးဟာ cameraထဲတွင် အလွန်ချစ်စရာကောင်းနေလေသည်။

ဟန်စိုးသည်လည်း styleက အပြည့်ပဲ။
မအေးသော်လည်း အညိုရောင် ဟူဒီ ရီးကိုဝတ်ထားကာ
sport pantနဲ့ဖြစ်လေသည်။

သူတို့ တွေ fashion kingအဖြစ်သက်မှတ်ထားသော ထွန်းလင်းဦးမှာတော့ အစိမ်းရောင် တောက်တောက် T shirtအပွကြီးကို ဝတ်ထားလေသည်။ အရောင်မှာ တော်တော်တောက်၍ အခြားသူတွေနဲ့ သိပ်မလိုက်သော်လည်းအသားဖြူသူ ထွန်းလင်းဦးနဲ့တော့ အလွန်လိုက်ဖက်ကာ ကြည့်ကောင်းနေလေသည်။

"ငါ့ဘာသာဘာဝတ်ဝတ် ငါ့ကြိုက်လို့ ဝတ်တာ"
ဆိုတဲ့ အထာနဲ့ ဘာမှဂရုမစိုက်တဲ့ မျက်နှာအမူအရာကြောင့်ပင် ဘယ်လောက်ပေါက်တိပေါက်ရှာဝတ်ဝတ် ထွန်းလင်းဦးနှင့်တော့လိုက်လေသည်။

အဖွဲ့ထဲမှာ သိပ်ပီး ပြင်လေ့ဆင်လေ့မရှိတာက ရဲထက်လွင်ပင်။ အမြဲတမ်းရိုးရိုးရှင်းရှင်းသာဝတ်တတ်ပြီး အခုလည်း အနက်ရောင် T shirtအပွနှင့် sport pantအနက်ရောင်လေးကာ တစ်ကိုယ်လုံးနက်ဆွေးနေသော်လည်း အသားဖြူသူဖြစ်သောကြောင့် မြင်ရသူအကြည့်မလွဲနိူင်သည်အထိ ဆွဲဆောင်နိူင်လွန်းသူက the whole king ရဲထက်လွင်သာ ဖြစ်လေသည်။

BF was BF (Ongoing)Where stories live. Discover now