အပိုင်း ၅

229 11 0
                                    

Unicode/Zawgyi

(5)

"ရစ်သန် ငါ့ကိုတစ်ချက်လောက် ဒါလေးရှင်းပြပါလား"

အားလပ်ချိန်ဖြစ်၍ မုန့်သွားဝယ်ရန်ပြင်နေကြသော သူတို့ခုံဘေးသို့ ရောက်လာသော အတန်းထဲက ကောင်မလေးတစ်ယောက်။

ဘုန်းမြတ် တစ်ချက်ကြည့်လိုက်တော့ ထိုကောင်မလေးမှာ ရစ်သန်ကလွဲ၍ အခြားသူများကိုကြည့်မနေ။
အဖြူရောင် ခါးတို အကျႌနဲ့ ဒူးအတိ ပန်းရောင်စကပ်လေးကို ဝတ်ထားသူ ကောင်မလေးက သူတို့မေဂျာရဲ့ Queen မေသူဇာဖြစ်သည်။

မျက်နှာထက်မှာ မိတ်ကပ်းပါးပါးလိမ်းထားပြီး အလှအရမ်းပြင်
မထားသော သူမ မျက်နှာတွင် နှုတ်ခမ်းနီရဲရဲက ထင်းလင်းစွာ
ဆံပင်အကုန်စီးထာကာ ရှေ့တွင် တစ်စနှစ်စ ချထားသော သူမသည် လှသလောက် ရဲတင်းလွန်းလှသည် ။

ရစ်သန်သည် Roll - oneဖြစ်သူ ရဲထက်လွင်ထက်
မိမိကို စာလာမေးသော ကောင်မလေးကို မျက်ခုံးတစ်ချက်ပင့်မိသည်။ သို့သော် ပစ်ပစ်ခါခါ ငြင်းရန်မှာလည်း အဆင်မပြေ။
ထို့ကြောင့်ပင် ခေါင်းငြိမ့်လက်ခံကာ သူမ ပြသော အပုဒ်ကို ကြည့်လိုက်သည်။

"မင်းတို့ သွားရင် ငါ့ဖို့ဝယ်လာခဲ့။ငါနေခဲ့မယ်"

ထွန်းလင်းဦးကတော့ ရစ်သန်ဘေးက မေသူဇာကို မျက်ခုံးပင့်ပြသည်။ ပြီတီတီရုပ်နှ င့် ဟန်စိုးဆွဲခေါ်သည့် နောက်ပါသွားပါသည်။
ရဲထက်လွင်ကတော့ ခေါင်းတစ်ချက်ညိမ့်ပြကာ ထွက်သွားသည်။
ဘုန်းမြတ် ကတော့ ဘယ်အချိန်က ထွက်သွား မှန်းပင်မသိ။

"ခွန်ဆက် စာရှင်းပြအုန်းလေ"

"အေးအေး"

              *            *              *            *

"ဝါး..... ရစ်သန်တော့ စော်ကြည်ချက်က လက်လန်။
ကျန်တဲ့အတန်းကကောင်တွေတောင် လက်မြောက်ထားရတဲ့ ငါ့တို့ မေဂျာ Queenက သူကျ လိုက်စရာတောင်မလိုဘူး"

ဟန်စိုးသည် မုန့်ရွေးရင်း ထွန်းလင်းဦးစကားကို ထောက်ခံလိုက်သည်။

"အေးကွ အရင်နေ့ကလည်း ကောင်မလေးတွေ ရစ်သန်အကြောင်း ပြောနေကြတာ။ စော်ကြည်ဆေးတွေများ ဒီကောင် သောက်ထားလားမသိ"

BF was BF (Ongoing)Where stories live. Discover now