အပိုင်း ၁၂ Unicode

170 7 0
                                    


(12)

သွင်မြတ်နိုးတစ်ယောက် ဘုန်းမြတ်တို့ကို တွေ့ခဲ့သည့် ကော်ဖီဆိုင်လေးကို နော က် ထက် ထပ်သွားခဲ့သော်လည်း သူမ၏ idolများ ကို ထပ်မတွေ့ခဲ့တော့ပေ။
သို့သော် ခဏလေးတွေ့ရတာကို သူမ အလွန်ပျော်ပါသည်။

အဲ့နေ့ကဆို သူမ ဖတ်နေတဲ့ စာအုပ်က စာမျက်နှာ 1ကနေ ရှေ့ကို ထပ်မရောက်ခဲ့။ ထိုကဲ့လောက်ထိပါပင်။

ဒီနေ့လည်း အသစ်တင်သလားဟူ၍ အကောင့်ထဲ ဝင်ကြည့်လိုက်တော့။ ဘာမှ တင်မထား။
အဲ့ကြောင့်မို့ သူမ ဘုန်းမြတ်၏ အကောင့်ထဲမှ့ သူမ ကြည့်ပြီးသား vdများကို
ပြန်ကာ ကြည့်လိုက်သည်။

ဘုန်းမြတ်သည် များသောအားဖြင့် သူ့ပုံတွေ တင်တတ်သည်။
သူငယ်ချင်းများနှင့် လျှောက်သွားထားသော ပုံများနဲ့ သူ့ပုံများကို တင်လေ့ရှိသည်။
လက်ရှိ trendဖြစ်နေသော သီချင်းများနငှ့်  ဆော့တာ ရှားပါသည်။ သူစိတ်ကူးပေါက်မှသာ သူ့အဖော်တွေနှင့် ဆော့ထားသော ပုံများကို တင်လေ့ရှိသူ၏ အကောင့်သည် activeသိပ်မဖြစ်သော်လည်း like တော့ 30M ကျော်သည့်အထိ ရှိလေသည်။

ကျမတို့ ကောမန့်တွေသာ rpသိပ်မပြန်တတ်တဲ့ အချေကိုကိုဟာ သူ့သူငယ်ချင်းများ၏ ကောမန့်များကိုလည်း လျစ်လျူရှုဆဲ ပါ။

ထွန်းလင်းဦးဆိုသည့် အကောင့်ထဲ ဝင်လိုက်တော့ vdတွေ အများကြီးပင်။
ပုံစံ ကြည့်ယုံနှင့် ဖော်ရွေပုံ ပေါက်သည့် ထွန်းလင်းဦးက အသွက်ကလေးပင်။

သူ့ထဲတွင်တော့ သူ့သူငယ်ချင်းများနှင့် အတူအိပ်တုန်းက blogတွေ လျှောက်လည်ကြတဲ့ blogတွေ school blogစသဖြင့် မရိုးနိူင်အောင် တင်တတ်သော ထွန်းလင်းဦးက ကင်မရာ loverလေးပါပင်။

ထို့အပြင် သူငယ်ချင်းများနှင့် blogများ ကို မရိုးနိူင်အောင် ရိုက်တတ်သူဖြစ်၍ သူ့အကောင့်ကိုလည်း သွင်မြတ်နိုးတို့မှာ မမေ့မလျော့ followလုပ်ထားရပါသည်။

ဒီလိုပါပဲ တစ်ဖက်သက်ကြိုက်နေရတာ ကြည့်နေရရုံနဲ့ တင် ပျော်ရွှင်နေရတာပါပဲ။

ခဏလေးဆိုပြီး ဖုန်းကိုင်လိုက်သော်လည်း ဟိုဟာကြည့် ဒီဟာကြည့်နှင့် စာလုပ်ရန်ပင် သတိမရတော့ ပါ။
စာဆိုသည်မှာ ဘယ်ဆီနေမှန်းမသိ။

BF was BF (Ongoing)Where stories live. Discover now