အပိုင်း ၂၂ B unicode

126 6 0
                                    

"ဖြေလေ ဖြေ။ မင်း မဖြေနိူင်တော့ဘူးမလား"
စိတ်ထဲက ဘယ်လိုမှကို အဆင်မပြေ။
သူအရမ်းချစ်ရသည့် လူက သူ့ကို အသိမပေးပဲ ကောင်မလေး တစ်ယောက်နဲ့ အတူ မုန့်စားနေလေသည်။
သူပဲ အရင် ချစ်တယ်လို့ ပြောခဲ့ပြီးတော့ အခုကျမှ......
ရင်ဘတ်ထဲက အပူသည် မျက်လုံးမှ မျက်ရည်ပေါက်များ အဖြစ် စီးဆင်းလာသည်။

"မငိုပါနဲ့ကွာ ငါ့ကြောင့် မင်းမငိုနဲ့။
ဒီနေ့ ဖုန်းမဆက်ဖြစ်ဘူးဆိုတာ အိမ်မှာ မေ့နေခဲ့လို့။
ပြီးတော့ သူတစ်ယောက်ထဲနဲ့ တွေ့တာ မဟုတ်ဘူး။
အဖေက ဒီနေ့ အလုပ်သမားတွေ မုန့်လိုက်ကျွေးတာ။ ငါနဲ့လဲ ရင်းနှီးအောင်လို့ ခေါ်သွားတာ။
ဓာတ်ပုံက သူက ငါနဲ့ ရိုက်ချင်တယ်ဆိုလို့ ရိုက် ရုံပဲ။
အခြား ဘာမှ မရှိဘူး"

ရစ်သန့်မျက်ရည်များကို သုတ်ပေးရင်း ပြောလာသည့် ဘုန်းမြတ်။

"မင်း စိတ်ဆိုးရင် ငါ့ကို ရိုက်ကွာ။ မငိုနဲ့။ ငါ့ကြောင့် မင်း မျက်ရည်မကျနဲ့"

ရစ်သန် ကိုယ်လေးကို ရင်ခွင်ထဲ ထည့်ကာ တင်းနေအောင် ဖက်ထားလိုက်သည်။

20.3.24(8:16)

BF was BF (Ongoing)Where stories live. Discover now