အပိုင်း ၆

247 10 2
                                    

Unicode/Zawgyi

"တီ တီ"

ခေါင်းအုံးဘေးမှ မြည်နေသော ဖုန်းသံကို လစ်လျူရှုကာ
ရစ်သန်ခေါင်းအုံးတစ်လုံးဖြင့် ခေါင်းကိုပိတ်ကာ ထပ်အိပ်ရန် ကြိုးစားလိုက်သည်။ ပိတ်ရက်လေးပဲ နားနားနေနေ နေရတာကို။
ထပ်အိပ်ရန် ကြိုးစားနေစဉ်မှာပဲ ထပ်ကြားလိုက်ရသော ဖုန်းသံ ။
ပိတ်ရက်လေးတောင် ကောင်းကောင်းမအိပ်ရ။ အရှုပ်တွေ။

ရစ်သန်တစ်ယောက်ဖုန်းရှိမည့်ထင်သည့်နေရာကို လက်ဖြင့်စမ်းကာ 
ကောက်ယူလိုက်သည်။

          *                         *                        *

ဘုန်းမြတ် တစ်ယောက် စောစောစီးစီးတက်ကြွနေသည်မှာ စာလုပ်ချင်လို့ဆိုရင် ရီစရာကောင်းနေပါ်သည်။
စာမေးပွဲတိုင်း အနည်းဆုံး Dနှစ်လုံးပါသည်။
အောင်တဲ့ဘာသာတွေကလည်း အောင်မှတ်လေးဖြစ်ရုံသာ။
အိမ်ရောက်သည်နှင့် စာအုပ်ကိုင်တတ်သည့် အကျင့်မရှိကာ စာလုပ်လျှင်ပင် ရောဂါတစ်မျိုးတိုးလာတတ်သော ဘုန်းမြတ်သည်
စာနဲ့ရန်ဖက်။

သို့သော် ဒီမနက်တွင်တော့ သူဟာ စောစောစီးစီးနိုးကာ ဗီရိုထဲမှာ ဝတ်မည့်အဝတ်အစားကို ရွေးနေတုန်း လေလေးပင် ချွန်မိသည်အထိပင်။

ရေချိုး ပီးထား သော ခါးအောက်ပိုင်းကို တစ်ပတ်အဖြူနှင့် သာပတ်ထားလိုက်သည်။ ရေကိုပြောင်အောင်သုတ်ထား၍ ခန္ဓာကိုယ်မှာရေစက်တွေတော့ မရှိ။ဆံပင်များသည် အနည်းငယ်သာ သုတ်ထားသောကြောင့် စိုထိုင်းထိုင်းနှင့်။
ခေါင်းလျှော်ပြီးစ ဖြစ်၍
ဆံပင်တွေက နဖူးပေါ်တွင် ကျဲပြန့်နေသည်။  သို့သော် ရှုပ်ပွနေတာမျိုးကို ကြိုက်တတ်သည့် ဘုန်းမြတ် က ဆံပင်ကို ရှုပ်ပွနေအောင်ပင် တမင်ထားသည်။ ထို့ကြောင့် သူ့ဆံပင်သည် ဘယ်အချိန်ကြည့်ကြည့် ခေါင်းပေါ်တွင်ရှုပ်ပွနေကာ ကောက်ကွေးလျက်။

ငယ်ရွယ်သော မျက်နှာလေးသည်
ပျော်ရွှင်မှုကြောင့်ထင်သည်။ ပို၍ကြည်ရှင်းနေသည်။ မျက်လုံးလေးမှာ လမိုက်ညမှာ တောက်ပနေသော ကြယ်လေးအလား ကြည်တောက်နေသည်မှာ အကြည့်လွှဲနိူင်စရာမရှိ။

ဘုန်းမြတ် ကို လူကြိုက်များရခြင်း အဓိက အချက်မှာ မျက်လုံးများကြောင့်ပင်။ မျက်တောင်ခပ်ရှည်ရှည်တွေမရှိသော်လည်း မျက်ခုံးကောင်းကောင်းနဲ့ ဘုန်းမြတ် မျက်လုံးတွေသည် အလွန်ကြည့်ကောင်းသည်။ မျက်လုံးအကြောင်းစဉ်းစားမိနေစဉ်မှ မျက်ရစ်မပါပဲ ရယ်လျှင် မျက်စိပေါက် ပျောက်ပျောက်သွားတတ်သည့် တစ်ယောက်သူကို သတိရမိသွားသည်။

BF was BF (Ongoing)Where stories live. Discover now