ရစ်သန်သည် ရေချိုးပြီး၍ ယူလာသော ဖက်ထုပ်ပေါင်းနှင့် နံရိုးကင်ကို စားပစ်လိုက်သည်။
ထို့နောက် စာလုပ်ရန် စားပွဲတွင်ထိုင်လိုက်သည်။ရစ်သန်တို့ယူထားသော မေဂျာသည် စီးပွားစီမံ ဖြစ်ပါ သည်။ Private uni ဖြစ်သောကြောင့် စာနဲ့ပတ်သက်လျှင် စည်းကမ်းအရမ်းကြီးပါသည်။
ပွဲတစ်ခုခုဆိုလည်း အရမ်းအကုန်အကျခံပြီး ပြင်ဆင်ပေးသည့်အလျောက် စာမေးပွဲတွေဆိုလည်း အရမ်းခက်ပါသည်။
ဒီကျောင်းက ဘွဲ့ရပြီးလျှင် လန်ဒန်နှင့် အမေရိကားတို့လို အနောက်နိူင်ငံက ကုမ္ပ ဏီတွေမှာ အလုပ် တန်းဝင်ခွင့်ရပါသည်။
ပြီးလျှင် ကျောင်းက အမှတ်တွေ ကိုကြည့်၍
ရာထူးမြင့်တာကြောင့် ရစ်သန် တို့ အနေနှင့် အမှတ်ကောင်းလျှင် ကိုယ့်အတွက်အဆင်ပြေမည့် ကုမ္ပဏီကိုသာ ရွေးရုံပင်။အခြားနိူင်ငံ မသွားပဲ ကိုယ့်နိူင်ငံမှာဆိုလျှင်လည်း
လစာ ကောင်းပါသည်။
ထို့ကြောင့် သူတို့ ကြိုစားဖို့သာ လိုပါသည်။သူများတွေလို သီချင်းဖွင့်ပြီး စာမလုပ်တတ်သည့် ရစ်သန်
စာ လုပ်လျှင် တိတ်တိတ်ဆိတိဆိတ်လေးသာ လုပ်တတ်ပါသည်။သီချင်းဖွင့်လျှင်သာ စိတ်က သီချင်းဆီ မျောပါသွားပြီး စာလုပ်နေရင်း ခေါင်းတွေမူးကာ စာ နည်းနည်းလေးမှ လုပ်လို့မရပေ။
ကျောင်းက ပြန် လာကတည်းက ရေချိုးပြီး စာထိုင်လုပ်နေတာ ။နာရီကြည့်လိုက်တော့ 8 နာရီပင် ထိုးနေလေပြီ။
ညောင်းနေသော ဂုတ်ကို တစ်ချက်ဆန့်ကာ ထမင်းစားရန် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ထမင်းစားပြီး မယ့ ်နဲ့ စကားပြောရင်း မယ့်နဲ့ အတူ tvခဏ ထိုင်ကြည့်ကာ အခန်းထဲ ပြန်ရောက်တော့ 9နာရီပင် ကျော်နေပြီ။
စာကလည်း လုပ်ပြီးပြီ ဖြစ်၍ အားသွင်းထားသော ဖုန်း ကို ဖြုတ်လိုက်သည်။
ထို့နောက် လိုင်းဖွင့်လျှင်ပင် နိုတီတွေ တစ်တောင်တောင်နဲ့။
ဘယ်သူလဲ သွားမမေးပါနဲ့ ထို မက်ဆေ့တွေ အားလုံးသည်
ဘုန်းမြတ်လင်းထွန်းဆီက..."ရစ်သန် ငါပြန်ရောက်ပီ "
"မင်းရောဘာလုပ်နေလဲ"