(17)"အမလေး လာကြစမ်းပါကွာ"
"မြန်မြန်"
ခရီးသွားရတာကို အရမ်းကြို က် ကြသော ဟန်စိုးနဲ့ ထွန်းလင်းဦးသည် တအားတွေ ပျာယာခတ်နေကြသည်။
ဘုန်းမြတ်သည် သူ့လက်ထဲတွင် ကိုင်ထားသော သူ့အိတ်နှင့် ရစ်သန့်အိတ်အား နောက်ခန်းထဲတွင် သွားထားကာ
မုန့်ထုပ်ကိုတော့ ကားထဲပဲ ဆွဲလာခဲ့သည်။"ပျာယာခတ်နေတာပဲ။ အဲ့ကြောင့်မို့ မင်းတို့တွေ နဲ့ ဘယ်မှ မသွားချင်တာ"
"ထွန်းလင်းဦး ဘေးဆုံးသွား "
"ဟာ။။မသွားချင်ပါဘူး။ အလယ်ပဲ ထိုင်ချင်တာ"
ရဲထက်လွင်က ကားမောင်းမှာ ဖြစ်ပြီး ဟန်စိုးကလည်း ကားရှေ့ခန်းမှာပင်။
အခုနောက်ခန်းမှာ ခုံ 3ခုံ ရှိတာကို ထွန်းလင်းဦးက အလယ်မှာ ကတ်သီးကတ်သက် ဝင်ထိုင်နေသောကြောငါ့
ဖယ်ခိုင်းသော်လည်း ဇွတ်အတင်း ပေကပ်နေလေသည်။လက်ထဲ ဆွဲလာသော မုန့်အိတ်အကြီးကြီးကို ထိုကောင့် မျက်နှာပေါ် ပစ်လိုက်မှ နေရာ ဖယ်ပေးလေသည်။
"ရစ်သန် အိပ်လေ။ ဖုန်းမကိုင်နဲ့တော့။ မင်းပဲ အိပ်ရေးမဝဘူးဆို "
ဘုန်းမြတ်သည် ရစ်သန့် ဖုန်းကို လက်ထဲမှာ ဆွဲယူလိုက်သည်။
ရစ်သန်က သူ့ကို မကြည်သလို တစ်ချက်ကြည့်ပြီး ကားမှန်ကို မှီရင်း အိပ်နေလေသည်။"ခေါင်းတွေ နာမှာပါ့"
ရွှေအိုရောင် ဆံသားနုနုလေးများနဲ့ ခေါင်းလေးကို နိုးမသွားအောင် အသာလေးမကာ ဘုန်းမြတ် သူပုခုံးပေါ် တင်လိုက်သည်။
အိပ်ပျော်နေသူက တစ်ချက်လှုပ်ကာ ပြီးကျ ပြန်ငြိမ်သွားကာ အိပ်ပျော်သွားလေသည်။"တို့ မင်းနဲ့ နီးချင်ပြီ။ မင်းအချစ်ရချင ်ပြီ ရင်မှာ.. .. အ့"
"မအော်စမ်းနဲ့ ထွန်းလင်းဦးရာ။ ဒီမှာ ရစ်သန် အိပ်နေတယ်။ မင်းကြောင့်နိုးသွားမယ်"
"အံ့ဩပါ့။ ကိုယ့်ဘာသာ ဆိုတာတောင် မဆိုရ။
အမေ အမေ့သား အဖြစ် လာကြည့်ပါအုံး။ အနိူင်ကျင့်နေကြတယ် သူများသားလေးကို"