25"ဟလို"
"ဟေ့ရောင် ထွန်းလင်းဦး ရစ်သန့်အိမ် အခုချက်ချင်းသွားလိုက်အုန်း"
"ဟမ်.. ဘယ်.. "
ဘာဖြစ်လို့လဲ မေးမလို့ ရှိသေး ဖုနျ်းချထားသော ဘုန်းမြတ်ထွန်းလင်း။
ဒီကောင်တွေ ဘာဖြစ်ကြပြန်ပီလဲ မသိဘူး။စက်ဘီးစီးတာတောင် ကောင်းကောင်းမစီးရ။
အိ မ် မပြန်သေးပဲ ရစ်သန့်အိမ ်သွားသည့်လမ်းထဲသာ ကွေ့ဝင်လိုက်သည်။* * *
ရစ်သန် အိမ်သို့ ပြန်ရောက်ပြီး မကြာ
ကားတစ်စီး ချက်ချင်းရောက်လာသည်။
ကားထဲမှ ဟန်စိုးနဲ့ ရဲထက်လွင် တို့ ထွက်လာပြီး
အိမ်ထဲသို့ ဝင်သွားပြီး မကြာ
ပြိုင်ဘီး စီးကာ လူငယ်လေးတစ်ယောက် ခြံထဲ ထပ်မံ ဝင်ရောက်လာလေသည်။* * *
"မင်းတို့ကွာ ကလေးလဲ မဟုတ်ဘူး "
ကုတင်ပေါ်တွင် ဖက်လုံးကြီးအားဖက်လျက် နံရံကို ငေးစိုက်ကြည့်နေသော ရစ်သန်ကို ကြည့်ရတာ အဆင်ကို မပြေ။
သူတို့မှာလည်း ဟိုကောင်က သွားလိုက်ဆိုလို့ သာ ချက်ချင်း လာခဲ့လိုက်ရတာ ဘာဖြစ်လို့ ဖြစ်ကြမှန်းမသိ။
ဒီရောက်မှ ရစ်သန့်အား အကျိုးအကြောင်း မေးကြည့်ရသည်။
ကြားလိုက်ရသော အကြောင်းကလဲ ရင်ဝကို စောင့်ကန်လိုက်သလို။"ဟင် ဟန်စိုး ဘယ်နှယ့် မင်းက bathrobeကြီးနဲ့တုန်း"
" ရေချိုးခန်းထဲက ထွက်ထွက်ချင်း
အဖေက ဖုန်းဆက်တာလေ။
စိတ်ပူလို့ ထွက်လာလိုက်တာ
သွားလဲ လိုက်အုန်းမယ်"ဟန်စိုး သည် ရစ်သန် ဗီရိုထဲမှ့ အဝတ်အချို့ကို ယူကာ အဝတ်သွားလဲလိုက်သည်
ထွန်းလင်းဦးဆိုလျှင် လည်း
စက်ဘီးကို ဇွှတ်နင်းလာရတာ မောသည့်အပြင် ရောက်တော့ သူငယ်ချင်း ဖြစ်သူ၏ ပုံစံကို မြင်ရတော့ စိတ်ကို မချမ်းသာ။
စက်ဘီးစီးရင်း စားချင်လို့ဆိုပြီး ဝယ်ထားသော ရေခဲချောင်းလဲ ဘယ်ကျ ကျန်ခဲ့မှန်းတောင်မသိပေ။