အပိုင်း ၁၅ Unicode

213 10 0
                                    


15

                  *               *                *

ျ"ဂျက်"

အလာတုန်းက ထွန်းလင်းဦးနဲ့ အ တူလာပေမဲ့လည်း အပြန်ကျ ဘုန်းမြတ်က ဇွတ်လိုက်ပို့မယ်ပြောပြီး ရစ်သန့်အား ခေါ်လာခဲ့လိုက်သည်။

တစ်လမ်းလုံးလည်း သူ့ကို စကားမပြောသည့်အပြင် သူ့အား ကြည့်ကိုမကြည့်ပဲ ကားမှန်ကိုသာ ထိုးဖောက်မတန်စူးစိုက်ကြည့်နေ သည့် ရစ်သန်က
အခု သူ့အိမ်ရှေ့ ရောက်တော့ ဇွတ် ဆင်းရန်ပြင်လေသည်။
ဘုန်းမြတ်တစ်ယောက် အမြန် လော့ချပစ်လိုက်သည်။

"မင်းဘာလုပ်တာလဲ"

"လော့ချလိုက်တာလေ"

ဘာမှထပ်ပြောမလာပဲ တစ်ဖက်ကိုသာ စောင်းနေသူအား ဘုန်းမြတ်ဘက်သို့ဆွဲလိုက်သည်။

ဒါတောင် သူ့ကိုကြည့်မလာသေး။

သို့သော် ဘုန်းမြတ်ကတော့ ရင်တွေခုန်နေပါပြီ။

"ပြောစရာရှိသေးတယ် နေအုန်း။ "

"ဟို ဟိုလေ.. "

" ငါ... ပြောချင်တာက "

" ဟို.. "

"ဘာဖြစ်နေတာလဲ ရည်းစား စကားပြောမှာ ကျနေတာပဲ "
ရစ်သန် ဆူပုတ်ပုတ်ပြောလိုက်တော့

"ဟုတ်တယ်လေ"

"ဘာ"

" ငါ သေချာစဉ်းစားပါတယ် ။ အစကတော့ မသေချာဘူး အခု ဒီလို အဖြစ်တွေ ဖြစ်ပြီးမှ ငါ့ကိုယ်ငါ ပိုပြီး သဘောပေါက်သွားတာ
ငါ မင်းကောင်လေး ဖြစ်ချင်တယ် ရစ်သန်"

"ဟမ်"

သူ့ကို ပြူးပြောင်ကာ ကြည့်နေသူကစကားတစ်ခွန်းကလွှဲလျှင် ဘာမှ ထွက်မလာ။ အူယားစရာလေးပင်။

ထို့ကြောင့် ရစ်သန်၏ ရွှေအိုရောင် ဆံပင်များကို ထိုးဖွလိုက်သည်။
ပျော့ပျောင်းသော ဆံသားများက သူ့လက်ထဲမှာ
နူးညံ့စွာ....။

"မင်းဘာပြောလိုက်တာလဲ ငါနားကြားမှားတာလား"

"အဟွန်း ခဏခဏ ကြားချင်တိုင်း လူရည်လည်လုပ်နေတယ်။
ဒီက ရှက်တယ်ဗျ့။ ဒါပေမဲ့လည်း ထပ်ပြောလိုက်မ
ပါမယ် ငါ မင်းကောင်လေး ဖြစ်ချင်တယ်လို့"

BF was BF (Ongoing)Where stories live. Discover now