အပိုင်း ၇

196 9 0
                                    

Unicode/Zawgyi

(7)

"စုစုပေါင်း အပုဒ်50
3ပုဒ်မှားတယ် ဆိုတော့ မဆိုးပါ။
ရစ်သန်တို့သည် အခုကျောင်းစာကြည့်တိုက်တွင်ဖြစ်သည်။ မနေ့က cafeက အဆင်ပြေသော်လည်း ဘာလို့မှန်းမသိ ရစ်သန်မသွားချင်တော့။

ထို့ကြောင့် school libraryသို့သာ လာခဲ့ကြသည်။
သူတို့ကျောင်း၏ ထူးခြားချက်မှာ အခြားကျောင်းတွေကဲ့သို့မဟုတ်ပဲ ပိတ်ရက်တွေမှာပါ ကျောင်းသားများ လာရောက်နိူင်အောင် ဖွင့်ပေးထားခြင်းဖြစ် သည်။

"ဒါ နမူနာ မေးခွန်းတွေ ဖြေကြည့်ရအောင် "

"ရစ်သန် မင်းက ကပြားနော်"

"အေးလေ"

"ဒီမလာခင်က မင်းဘယ်မှာနေတာလဲ"

"မိုးကုတ်မှာလေ"

"ဒီရောက်တော့ မင်းအသက်ဘယ်လောက်လဲ "

"4နှစ်လို့တော့ မယ့်ပြောတာပဲ။သေသေချာချာမမှတ်မိဘူး။ဘာလို့လဲ"

"ဘာလို့မှမဟုတ်ဘူး ဒီကြားထဲ မင်းမိုးကုတ်ကို ပြန်သေးလား"

"အေးလေ ဟိုမှာ ပါးရဲ့အမျိုးတွေရှိတယ်လေ ငါ့အဒေါ်တွေဆီ ပြန်တာပေါ့"

စာရှင်းပြရန်ပြင်လိုက်စဉ်
ထပ်ထွက်လာသောအသံ

"အဲ့ကကောင်မလေးတွေချောလား"

"အေး ချောတာတော့ ချောကြတယ် ဖွေးဖွေးလေးတွေ တိုင်းရင်းသားတွေ များသလားလို့"

သူမေးလို့လည်း ဖြေရတယ် တစ်ဖက်က ပြန်တိတ်သွားလေသည်။
စာရှင်းပြမယ်ဆိုပြီး

"မင်းအကျႌလေးက လှတယ်နော်"

တစ်ဖက်ကလူသည် ရစ်သန်အကျႌအား ဟိုဟိုဒီဒီကြည့်ကာ ပြောလာပြန်သည်။

"ကဲ စာရှင်းပြရမှာလား ပြန်ရမှာလား"

အဲ့တော့ကျမှသာ ပြုံးဖြီးဖြီးဖြင့် ရစ်သန်ရှင်းပြရန်လုပ်နေသော စာအုပ်ကို စူးစူးစိုက်စိုက်ကြည့်လေတော့သည်။

အလကား စာမလုပ်ချင်လို့ ဟိုရှောက်မေး ဒီရှောက်မေးလုပ်နေတာ။

              *             *                *              *

နောက်ဆုံးအပုဒ်ကို တွက်ပြီးသည့်နောက် ရစ်သန်လည်း ညောင်းသွားပြီပင်။ နာရီကြည့်လောက်တော့ စာလုပ်တာ 1နာရီလောက်တော့ရှိပြီ။
ညောင်းနေသော လက်ကို တစ်ချက်အကြော ဆန့်ပြီးကာမှ ဘေးကလူကို သတိရသည်။ သူလှည့်ကြည့်လိုက်တော့ စာအုပ်ပေါ်တွင် အိပ်နေသောဘုန်းမြတ်။

BF was BF (Ongoing)Where stories live. Discover now