20မင်းမြတ်ဆိုတဲ့ကောင်ရဲ့ အကြည့်တွေကို ဘုန်းမြတ် မကြိုက်။
သူ မကြိုက်မှန်း သိရဲ့သားနဲ့တောင် ရစ်သန်က သူ့ကိုသွားတွေ့သေးသည်။ကျောင်းဆင်းချိန်ဖြစ်၍ အတန်းထဲမှ ထွက်လာသောသူများ ရှိသော်လည်း သူဂရုမစိုက်။
ဟောခန်းထဲသို့သာ ပြေးလာလိုက်သည်။
သူတို့ကျောင်းက ဆရာကန်တော့ပွဲအခြားစာပေဟောပြောပွဲ နှင့် ဖရက်ရှာ ဝဲလ်ကမ်းတွင်သာ ဟောခန်းကို သုံးသည်။ ကျန်တဲ့ အချိန်တွေဆိုရင်တော့ မသုံးပေ။
ဟောခန်းရှေ့ကို ရောက်တော့ တံခါး တစ်ဖက်က ပွင့်နေလေသည်။
ဘုန်းမြတ် အထဲကို ဝင်သွားကာ အကျယ်ရီး အော်ခေါ်လိုက်သည်။
"ရစ်သန်"
ဟောခန်းထဲကို ဝင်သွားသော်လည်း ဘယ်သူမျှမရှိ။
မှောင်မဲနေသောအခန်းထဲတွင် ဘာသံမျှ မကြားရ။
ဘာလဲ ဘယ်သူမှမရှိဘူးလား။
ရစ်သန်ကို ဘယ်ခေါ်သွားတာလဲ။"ရစ်သန် ဟေ့ရောင် ဘယ်မှာလ ဲ။ တောက်"
တကယ်ပဲ ဘယ်ရောက်သွားတာလဲ။
ဒီထဲမှာ မဟုတ်ဘူးလား။
ဘုန်းမြတ် ခြေထောက်တွေကို အပြင် ပြန်ထွက်ရန် ပြင်လိုက်တော့"ဖျက်"
ရုတ်တရက်လင်းလာသော မီး။"ဟင်"
"ဟက်ပီ ဘက်ဒေး တူယူ"
"အမလေးကွာ။
အမှောင်ထဲမှာ စောင့်နေရတာ ညောင်းတောင် ညောင်းတယ်"ထွန်းလင်းဦးက စပ်ဖြဲဖြဲ ပြောလေသည်။
"ခွေးကောင်တွေ ငါ့မှာတော့ လန့်သွားတာပဲ "
အခုမှသာ ဘုန်းမြတ် သက်ပြင်းချနိူင်ပါသည်။စောနက မှောင်မဲနေသော အခန်းသည် အခုတော့ လင်းထိန်နေလေသည်။
သ ူလိုက်ရှာနေသောရစ်သန်ဟာ ကိတ်မုန့် လေးကို
ကိုင်ထားပြီး သူ့သူငယ်ချင်းတွေ အကုန်လုံးက ဦးထုပ်လေးတွေ ကိုယ်စီ ဆောင်းထားကြလေသည်။တစ်နေကုန် သူ့အား ဘာမှ မပြောပဲ ထားကာ
အခုလို စပရိုက်တိုက်ဖို့ စီစဉ်ကြတာပေါ့။
အစကတော့ ဘုန်းမြတ် သူ့သူငယ်ချင်းတွေကို စိတ်ဆိုးမိပါသေးသည်။
ဒါပေမဲ့ အခုလိုမျိုး သူ့မွေးနေ့လေးကို မှတ်မှတ်ရရ ရှိပေးတာကို မြင်ရတော့လည်း ပီတိဖြစ်ရပါသည်။