"ဒီ ကား က ပြနေတာ ကြာပြီ။ မင်းတို့က သွားမယ်နဲ့ သွားမယ်နဲ့။ အခုပြတာ 5 လလောက်ရှိမှ ရောက်ဖြစ်တော့တယ်"
ဇာတ်ကား ခရေစီ ဟန်စိုး က ရုပ်ရှင်ရုံထဲ မဝင်ခင်အထိ ပေါက်ပေါက်ဖောက်နေသည်။
ဒီကားက နာမည်ကြီးနေသော်လည်း သူတို့တွေက ရုပ်ရှင်ကြည့်ရတာ အဲ့လောက်မကြိုက်။
ထို့ကြောင့် စမပြခင်ကတည်းက ဟန်စိုးက တစ်တွတ်တွတ်ခေါ်နေသော်လည်း အခုမှ ရောက်ကြခြင်းသာ။"အခု ရောက်ပြီပဲဟာကို။မင်းလဲ ကြည့်ပြီးသားကို အလုပ်ရှုပ်အောင် လာကြည့်နေသေး ။
ပါးစပ်က လဲ ပြောလို့ကို မပြီးတော့ဘူး ။အဲ့ဒီ့ ဟန်စိုး ဆိုတဲ့ အကောင်က တစ်လမ်းလုံးလဲ ဒါပဲ အခုလဲ ဒါရီးပဲ "ဘုန်းမြတ် ၏အတွန့်တက်စကားကို
လက်မှတ်ဝယ်သွားသော ဟန်စိုး က ကြားဖြစ်အောင် ကြားလိုက်ပါသေးသည်။
ဘုန်းမြတ်ကိုလည်း လှည့်ကြည့်ကာ ဆဲသွားသေးသည်။ထွန်းလင်းဦးကတော့ ဖုန်းကိုသာ အသည်းအသန် ကြည့်နေ၍ သူတို့ကို ဂရုမစိုက်။
ရစ်သန်နှင့် ဘုန်းမြတ်ကလည်း မုန့်ဝယ် တဲ့ နေရာမှာ တွတ်ထိုးနေလိုက်ကြတာ မပြီးတော့ဘူး။
ခဏနေတော့ ဘုန်းမြတ်က ဘယ်နှစ်လ စားဖို့မှန်းမသိ ဝယ်လာသော မုန့်ထုပ်အကြီးကြီးကို သယ်ကာ ပြန်လာလေသည်။
ထို့နောက် လက်မှတ်သွားဖြတ်သော ဟန်စိုးလဲ ပြန်လာ၍ ရုပ်ရှင်ရုံထဲသို့သာ ဝင်လာခဲ့ကြသည်။"ဟင် .... နာမည်ကြီးတယ်သာ ပြောတယ် ဘယ်သူမှလဲ မရှိဘူး"
"အော်.... မိချောင်းသား ခွန်ဆက်ဆိုင် ရယ် ပြနေတာ ကြာပါပြီဆို '"
"လာ..လာ ဘေဘီ သူ့ကို ပြောမနေနဲ့ သူကရမှာမဟုတ်ဘူး။
ဒီနားလေးပဲ ထိုင်ကြမယ်""what the.."
ရှေ့မှ ကော့ကော့ ကော့ကော့နှင့် ထွက်သွားသော ဘုန်းမြတ်နှင့် ရစ်သန်ကို ဆဲမည်ကြံသော်လည်း သူ့အား စိုက်ကြည့်နေသော ရဲထက်လွင်ကြောင့် ဟန်စိုး ပါးစပ်ကို အမြန် အရှိန်သက်လိုက်ရသည်။
"ငါတို့ ခုံနံ ပါတ် က ဟိုမှာ"
ခုံနံပါတ်ဆီသို့ သွားကာ ထိုင်လိုက်သည်။
လာကြည့်တဲ့ လူက သူတို့အဖွဲ့အပြင် လူအနည်းငယ်သာ ရှိပါသည်။
အဲ့တော့လဲ လွတ်လွတ်လပ်လပ် ကြည့်ရတာပေါ့။
မဟုတ်မှ လူရှုပ်ရင် စိတ်ရှုပ်စရာ ကောင်းနေအုန်းမည်။