"ဟလို မင်းသားလေး နိုးပြီလား"
"ဟာသတွေလုပ်မနေနဲ့။ ငါ သေတော့မယ်ထင်တယ်"
ကြားရသော ခက်အံအံ အသံက ဘုန်းမြတ် ထမင်းကိုတောင် ဆက်စားလို့မရ။
"ဟင်... ဘာဖြစ်လို့လဲ"
ဘုန်းမြတ်၏်ပူ လောင် နေသောစိတ်ကို ရစ်သန်၏
"ခေါင်းတွေ မူးပြီး ဗိုက်အောင့်တာ မထနိူင်ဘူး"
ဆိုသည့်စကားအကြားတွင် ထမင်းကိုတောင် ဆက်မစားနိူင်ပဲ ကားသော့ကို အပြေးဆွဲယူကာ ထွက်ရန် ပြင်လိုက်သည်။ထမင်းခူး၍ ကုန်အောင်မစားလျှင် မကြိုက်သော အမေက ဆူနေသော ကြောင့်
"အပြန်မှ စားတော့မယ် အမေရာ ရစ်သန် ခေါင်းမူးလို့တဲ့ သူ့ဆီသွားလိုက်အုန်းမယ်"
အမေဆီက စကားပြန်ကိုပင် မစောင့်ပဲ ထွက်လာခဲ့လိုက်သည်။
လမ်းတွင် ဆေးဆိုင်မှ ဆေးဝင်ဝယ်လိုက်သည်။
ထို့နောက် ဆန်ပြုတ်ဆိုင်တွင် ဝင်ကာ ရစ်သန်ဖို့ ဝယ်လိုက်သည်။
ဆန်ပြုတ်ဆိုင်ရှေ့ မှ ထွက်လာသော အဖြူရောင်ကားလေးသည် လမ်းမပေါ်တွင် သူ၏ ဦးတည်ရာသို့သာ မောင်းနှင်လျက်ရှိသည်။* * *
"ရစ်သန်ရာ မင်းက မသောက်တော့နဲ့လို့ ပြောတဲ့ကြားထဲကနေ ဇွတ်သောက်တာကို ကဲ အခုတော့ ဖြစ်ပြီ"
"မင်းကလည်း ဆူမယ်ဆိုတာကြီးပဲ"
အခုလေးတင် နိုးတာကို မျက်စိနှစ်လုံးဖွင့်ဖွင့်ချင်း တန်းဆူလေသည်။
"မင်းလုပ်တာ ဟုတ်မှ မဟုတ်တာ။
နောက်တစ်ခါ မင်း အများရီး မသောက်နဲ့ ကြားလား"ရစ်သန်ဆီမှ ပြန်ဖြေသံ မကြားရတော့
ဘုန်းမြတ် အသံကို မာလိုက်ကာ
ထပ်မေးလိုက်သည်။"ကြားလားလို့"
ဘုန်းမြတ် မျက်နှာကို တည်ထားလိုက်သည်။
"ကြားတယ်ကွာ။ မယ့်ထက်ကို အာဏာတွေ ပြနေတာပဲ။ ခေါင်းမူးပါတယ်ဆို"
သူ့အား ဆူပုတ်ပုတ်ပြောလာသည့် ရစ်သန်က တကယ်ချစ်စရာလေးပင်
ဆံပင်လေးတွေက ပွစာကျဲနေကာ မျက်ခုံးလေးက တွန့်ချိုးနေပြီး နှုတ်ခမ်းကို ဆူထားကာ ခွေးရုပ်လေးတွေပါတဲ့
အပြာရောင် ညဝတ်ဝမ်းဆက်လေးဝတ်ထားသူ က
uni second year လို့ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်။