အပိုင်း ၂၃ unicode

142 6 0
                                    

ရစ်သန်သည် သူ့အား ဖက်ထားသူ၏ ရင်ခွင်ထဲတွင် ခေါင်းစိုက်ကာ အကျယ်ရီး အော်ငိုမိလေသည်။

သူတကယ် မခံစားနိူင်ဘူး။
စချစ်သူက ဘုန်းမြတ်ဆိုပေမဲ့
အခြားမိန်းကလေးတစ်ယောက်နဲ့ အတူ တွဲ မမြင်နိူ င်သည်အထိ သဝန်တိုကာ အချစ်ပိုသူက ရစ်သန်သာ ဖြစ်သည်။
ဒီနေ့လိုမျိူး သူနဲ့ အဆက်အသွယ်မရပဲ အခြားတစ်ယောက်နဲ့ အတူ မြင်ရတာက ရစ်သန့်ရင်ထဲ ဗုံး 10
လုံးလောက် ဖောက်ခွဲလိုက်သလိုပင်။ သူတကယ် ဆုံးရှုံးရပြီ ထင်သွားတာ။

"အဟင့်.....မင်း ငါ့ကို စိတ်ကုန်သွားပြီထင်တာ။
ထားသွားတော့မယ် ထင်နေတာ "

"မငိုပါနဲ့ကွာ။ မငိုပါနဲ့။ "

ရင်ခွင်ထဲတွင် ဖက်ထားသူကို လွှတ်ပေးကာ မျက်ရည်များကို သုတ်ပေးတော့ ရစ်သန်က မျက်ရည်တွေဝိုင်းနေသော မျက်ဝန်းတစ်စုံဖြင့် သူ့ကို စိူက်ကြည့်နေလေသည်။
မျက်ရည်တွေနဲ့ မျက်ဝန်းကို မြင်ရတာ ရင်နာဖွယ်ကောင်းသည်။

"ဘာလို့အဲ့လို ထင်ရတာလဲဟင်။
ငါ မင်းကို သိပ်ချစ်တယ် ရစ်သန်။ စိတ်ကုန်ဖို့ဆိုတာ ဝေးသေး။ ငါမင်းကို ချစ်လို့ တောင် မဝသေးဘူး။ "

သူငယ်ချင်းတွေရှေ့ မျက်ရည်ကျခဲသော ဘုန်းမြတ်သည်လည်း မျက်ရည်တွေ ဝိုင်းနေလေသည်။

"ငါမင်းကို သိပ်ချစ်တာ။
ဘာလဲ ငါ့အချစ်တွေက မင်း ယုံချင်စရာ မကောင်းဘူးလား။
ငါ့ပုံ က မင်းကို ထားသွားမယ့် ပုံ ပေါက်လား ငါမင်းယုံအောင် ဘယ်လို် လုပ်ပေးရမလဲ "
ရစ်သန့်အား ကြည့်ရင်း မေးလာသော ဘုန်းမြတ်၏ အသံသည် တိုးလျော့နေလေသည်။

"အဟင့်.... "
ရစ်သန် ဖက်တော့ ရစ်သန့်ကိုလည်း ပြန်ဖက်လာလေသည်။
ထို့နောက် ရစ်သန့် ပုခုံးစွန်းတွင် စိုစွတ်မှုကို ခံစားလိုက်ရသည်။

"ငါ့.. ငါ့ အချစ်တွေကို ယုံစမ်းပါကွာ။
ငါဆိုတဲ့ ကောင်က မင်းမှ မင်း "
အက်ကွဲစွာ ထွက်လာသော သူ့အသံသည် ရင်နာဖွယ်။

ရစ်သန်သည်လည်း ရစ်သန်ပင်။ အဆုံးရှုံးခံဖို့ မပြောနဲ့။ သူမဟုတ်တဲ့ အခြား လူတစ်ယောက်နဲ့ တွဲတွေ့ရတာကို သဘောမကျသည်အထိ သဝန်တိုပါသည်။

BF was BF (Ongoing)Where stories live. Discover now