"ဟာ"
ဒေါနဲ့ မောနဲ့ ပြောကာ မျက်ဝန်းတွေမှာ မျက်ရည်တွေ ဝိုင်းနေသည့် ရစ်သန်ကို မြင်ရတော့ ဘုန်းမြတ် စိတ်မကောင်းပေ။
အမှန်တော့ သူအော်လိုက် တာ မဟုတ်ပါဘူး။
မဟုတ်ပဲနဲ့ ဇွတ်တွေ စွပ်စွဲနေလို့ စိတ်လေး နည်းနည်း တိုသွားရုံပါပဲ။ဒါပေမဲ့ အဲ့ဒီ့ စိတ်တွေအကုန်လုံးက မျက်ရည်တွေ ဝိုင်းနေသော မျက်ဝန်းလေးကို မြင်လိုက်ရသည့် အချိန်မှာတော့ အကုန်ပျောက်ကွယ် ကုန်ပါ သည်။
"ဟာကွာ ရစ်သန် ငါ့ကိုကြည့်အုန်း ။ ငါတကယ် မင်းကို အော်တာမဟုတ်ဘူးရယ် "
"မငိုပါနဲ့ကွာ ....
ရစ်သန်ကလည်း ငါနောက်တစ်ခါ မအော်တော့ဘူးနော် "အဝါရောင် ညအိပ်ဝတ်စုံလေး ဝတ်ထားသည့် ရစ်သန့် ခန္ဓာကိုယ်လေး အား ဆွဲဖက်လိုက်သည်။
စစတုန်းက ရုန်းနေသော်လည်း လွှတ်မပေး သဖြင့် ရင်ခွင်ထဲမှာ ငြိမ်သွားလေသည်။
သို့သော် တစ်ချက် တစ်ချက် ရစ်သန့်ဆီမှ့ ရှိုက်သံ တိုးတိုးလေးကို ကြားရပါသည်။ရစ်သန်မှာလည်း အခုရက်ပိုင်း ဘာလို့ရယ်မသိ ။
ထိုအကောင် အော်ရင်ကို ဝမ်းနည်းစိတ်တက်လာသည်။" ငိုတဲ့ကလေး ချော့ရင် ပိုငို "
ဆိုသည့်အတိုင်း
သူ့ အား လာချော့နေသည် ဘုန်းမြတ် ကြောင့် ပိုပြီး ငိုချင်သွားသည်။"မင်း ငါ့ကို လိမ်တာ။ "
"မလိမ်ရပါဘူးကွာ"
"ငါ့ကို လည်း စိတ်မရှည်သလို အော်တယ်"
"နောက်ခါ မအော်ဘူးနော်"
"ပြီးတော့... "
"အင်း..ပြီးတော့ ဘာဖြစ်လဲ။ "
"အဲ့ကောင်မလေးနဲ့ ရယ်ပြီး စကားပြောနေတာ"
သူ့အား ကလေးတစ်ယောက်လို တိုင်နေ သည့်ရစ်သန်ကြောင့်
ဘုန်းမြတ် ပါးချိုင့်တစ်ဖက် ချိုင့်ဝင်သည်အထိ ပြုံးမိနေလေသည်။"နောက်ခါ သူ့ကို ရယ်မပြတော့ဘူးနော်။ ခပ်တည်တည်ပဲ နေမယ်"
ဘုန်းမြတ်က သူ့ကို ကလေးချော့သလို ပြောနေလေသည်။