(10)" 1 2 3"
တိုင်ပင်ရေပြီးသည့်နှင့် နောက်ကျော ပေါ်ဝုန်းကနဲ တက်ပစ်လာသူ ကြောင့် သူတို့မှာ အီစိမ့်သွားလေသည်။
သကောင့်သားလေးက နိုးရင်လည်း ကောင်းကောင်းမနေ အခြားသူတွေ အိပ်နေတာကို ကောင်းကောင်းအိပ်မရ။
ထွန်းလင်းဦး နိုးပြီး အခန်းထဲ ဆူညံနေကတည်းက ဘုန်းမြတ် နိုးလာခြင်းပင်။ ရစ်သန်ကတော့ နိုးပုံမပေါ်သေး။
ထွန်းလင်းဦးသည် ဘုန်းမြတ် တို့ အပေါ်တွင် ခုန်ချကာ လွန့်လွန့်လူးနေလေသည်။
"ငါလိုး ဖယ်တော့ နိုးနေပီ"
ဟန်စိုးက အော်ပြောတော့"အောင်မာ ကျေးဇူးကန်တဲ့အကောင် ညတုန်းက မင်းတို့တွေ လေဖြတ်သွားအောင် Air conမိုင်ကုန်တင်ထားရမှာ"
ထွန်းလင်းဦး၏ ကျေးဇူးကြီးသည့် တရားတော်ကြီးကို တကယ် ရိုက်ခွဲပစ်ချင်စိတ် ပေါက်လာပြီ ဖြစ်သည်။
"မင်းတို့လေ ညတုန်းက ကွေးကွေးလေးတွေမလို့ ငါမှာ့ သနားပြီး စောင်တွေခြုံပေးလိုက်ရတာ အခုကြတော့ အဟင်း
လှုပ်တယ်ကွာ လှုပ်တော့ဘာဖြစ်"ထွန်းလင်းဦးသည် ပြောမရဆိုမရ ခုတင်ပေါ် သူတို့အပေါ်တွင် အထက်အောက်လူးလိမ့်နေလေသည်။
"လှုပ်နေတဲ့လူကို ဒီလိုလုပ်တယ်ကွာ"
ဘယ်အချိန်ကတည်းက နိုးနေမှန်းမသိတဲ့ ရစ်သန်က ထွန်းလင်းဦးကို ကလိထိုးလေသည်။
ထွန်းလင်းဦးက တစ်ယောက်တည်း တစ်ဖက် ဖြစ်ပြီး ဟန်စို ရစ်သန်နှင့် ဘုန်းမြတ် ကတစ်ဖက်ဖြစ်သည်။"ဟာ ရစ်သန် မင်းမလုပ်နဲ့လို့"
"ဟား ဟား"
"ငါ့ခြေထောက်စာမိမယ် မင်းတို့အကုန်"
တစ်ယောက်နှင့် တစ်ယောက် ကလိထိုးကာ မှီရာ လူကို စွတ်ကန်နေကြ၍ ကိုယ်မထိအောင်သာ အမြန်ရှောင်ရသည်။
"အဟား ဟား"
ခုတင်ပေါ်က ဆူညံနေသူ ကလေးကလားအရွယ်ကြီးတွေဖြင့် ဆော့နေသူများကို ရဲထက်လွင် ရေချိုးရင်းနဲ့ပင် အသံတွေကြားရသည်။