(11)"အား နာတယ်လို့ ဖြည်းဖြည်းလုပ်စမ်းပါကွာ"
"အခုကျမှ ဖြစ်ပျက်မနေနဲ့။ အစကတည်းက စဉ်းစားလေ ဘာလုပ်ရင် ဘာဖြစ်မယ် ဆိုတာ
အခုကျ လုပ်ချင်တိုင်း လုပ်ပြီးမှ""မင်းကလည်း"
ဘုန်းမြတ်က အသံတိုးတိုးလေးနဲ့ ပြောလေသည်။"ငြိမ်ငြိမ်နေပါဆိုနေ။ "
နေ့ခင်းတုန်းက ဆေးပေးခန်းသွားမယ်လို့ သူငယ်ချင်းတွေခေါ်နေတုန်းက ငြင်းခဲ့သော ဘုန်းမြတ်သည် အခုတော့ ရစ်သန်အိမ်သို့လာရုံတင်မက ရစ်သန့်အခန်းထဲတွင် ရောက်နေကာ ဆေးလိမ်းခံနေခြင်းဖြစ်ပါသည်။
အလကား အရှုပ်ထုတ်။ရစ်သန်လည်း တတ်သလောက ်မှတ်သလောက် ဆေးထည့်ပေးလိုက်ပါသည်။
ဘုန်းမြတ် နဲ့မှကို မလုပ်တတ်တာတွေပါ လုပ်ပေးနေရသည်။"ပြီးပြီ"
"စပ်တယ်ကွ"
"ခံလေ လုပ်တုန်းကလုပ်ပြီးတော့ "
ပါးစပ်ကသာ အကန်တွေ ပြောနေပေမဲ့လည်း
တကယ်စပ်နေပုံပေါက်သည့်လူကြောင့် စပ်သည်ဆိုတဲ့ အနားကို လေမှုတ်ပေးလိုက်သည်။"မင်းကွာ နောက်တစ်ခါဖြစ်ရင်တော့ ငါ့ဆီမလာနဲ့"
လေဖြင့် တဖူးဖူးမှုတ်ပေးနေသည့် ရစ်သန်က ပွစိပွစိဖြင့်လည်းဆိုနေသေးသည်။
ဘုန်းမြတ် ရစ်သန် မျက်နှာလေးကို အနီးကပ် ကြည့်မိတော့ နီရဲနေသော သူ့နှုတ်ခမ်းများဖြင့် ပူတာစပ်တာ သက်သာအောင်လုပ်ပေးနေသည့် ရစ်သန် က တစ်မျိူးလေးပင်။
ဖြူဖွေးကာ ဝက်ခြံကင်းနေကာ မွေးညှင်းစိမ်းလေးများ အနည်းငယ်ရှိသော မျက်နှာလေးသည် သူ့စိတ်ကို ယောက်ယက်ခတ်စေတာတော့အမှန်။
ဆက်ကြည့်နေရင်အဆင်ပြေမှာမဟုတ်"တော် ... တော်ပြီ ငါသက်သာပြီ"
ရစ်သန့် မျက်နှာမှ အကြည့်လွှဲလိုက်သော်လည်း ဘုန်းမြတ်စိတ်ထဲတွင် နှုတ်ခမ်းရဲရဲလေးနှင့် ဖြူဖွေးနေသော ယုန်သွားပိုင်ရှင် မျက်နှာလေးသည် မျက်စိထဲကဖျောက်မရ။
စိတ်လှုပ်ရှားမှုကြောင့် ဘေးမှ ရေဗူးကိုသာ ဆွဲယူသောက်လိုက်သည်။