အပိုင်း ၂၆ unicode

222 6 2
                                    


26

"ရော့ ထွန်းလင်ဦး "

စိတ်ဆိုးပြေနေကြပြီဖြစ်သော်လည်း အခုထိ စကား မပြောကြသည့် နှစ်ကောင်ကြားမှာ ထိုင်ရသည့် ထွန်းလင်းဦး ဒုက္ခမှာ မသေးလှပါ။

အခုလည်း ခွာပြီးသား ပုဇွန်များကို ပန်းကန်ထဲ ထည့်ကာ
ထွန်းလင်းဦးလက်ထဲသို့ ထည့်၍ မျက်ခုံးပင့်ပြသည်ကြောင့်
ဘေးမှ ရစ်သန်ကို ပေးခိုင်း တာမှန်း အတပ်သိသည်။
သူ့သာဘာ ပေးလည်းရတာကို။ ကောင်းကောင်းကို မစားရဘူး။

ဘုန်းမြတ် ပေးခိုင်းသော ပန်းကန်အား ရစ်သန့်ကို ပေးလိုက်သည်။

"ရော့။ မြို "

ရစ်သန်မှာတော့ လက်ထဲ ရောက်လာသော ပုဇွန်ပန်းကန်ကြီးကြောင့် စိတ်ထဲ က အရမ်းပျော်မိသွားသည်။
သို့သော်လည်း မျက်နှာကို တည်ထားကာ ခပ်တည်တည်နှင့် တစ်ကောင်ချင်း အချဉ်ရည်နှင့် တို့စားနေလိုက်သည်။

ကျက်အောင် ကင်ပေးထားသော ပုဇွန်လုံးလုံးများ၏ အရသာက ချဉ်စပ်စပ် မန်းကျည်းရည်နှင့် အလွန်လိုက်ဖက်လှသည်။

"ထွန်းလင်းဦး ထပ်စားအုန်းမှာလား မေးလိုက်"

"ဟာ"

"ရစ်သန်ရေ မင်းလင်က ထပ်စားအုန်းမှာလားတဲ့"

စိတ်တိုတိုနဲ့ ပြောမိပြောရာ ပြောပစ်လိုက်တော့ ရစ်သန်က ထွန်းလင်းဦးကို မျက်စောင်းထိုးလေသည်။

"ထပ် မစားဘူးလို့ အောက်ထက်က အအေးသောက်မှာ ပြောလိုက်"

ထွန်းလင်းဦးလည်း ရစ်သန်ပြောသည့်အတိုင်း ဘုန်းမြတ်အား ပြန်ပြောလိုက်တော့ ဘုန်းမြတ်က ဆိုင်ထဲမှ ထွက်သွားလေသည်။

တကယ်ပါပဲ သူတို့ပါးစပ်က ပြောရင်ကို ကြားနေရတာကို ထွန်းလင်းဦးမှာ အလယ်ကနေ ဘာသာပြန်ပေးနေရသည်မှာ ဟုတ်ကိုမဟုတ်သေး။

မျက်နှာချင်းဆိုင် ထိုင် ခုံတွင် ထိုင်နေသော ဟန်စိုးနှင့် ရဲထက်လွင်ကတော့ ထွန်းလင်းဦးပုံစံကို ကြည့်ကာ ရီနေလေသည်။

အစကတည်းက ဒီလိုမှန်းသိရင် သူတို့နှစ်ယောက်ကြားထဲ မထိုင်ပေါင်။ အခုတော့လည်း ကောင်းကောင်းကို မစားရ။

BF was BF (Ongoing)Where stories live. Discover now