Season.1အပိုင်း၁

795 17 2
                                    

အချစ်ရက်ပေါင်း၃၆၅ရက်

အပိုင်း၁
"နေခြည်ချို"
ကျွန်မကြောင်ပြီးရပ်နေတာခွန်းပိုင်ရဲ့အော်သံကြောင့်တုန်လှုပ်မိသွားသည်။
"မင်းဘယ်ချိန်ထိရပ်နေမှာလဲ..အခု့ချက်ချင်းဆေးရုံကားခေါ်"
"အင်း"
ကျွန်မ့ရဲ့ခြေလှမ်းတွေတောင်တုန်ရီနေသည်။ကျွန်မ့ဖုန်းဆက်ပြီးဆေးရုံကားလွှတ်ပေးဖို့ပြောလိုက်သည်။ကျွန်မ့ဖုန်းကိုချလိုက် ပြီးစောစောကနေရာကို ပြန်သွားလိုက်သည်။
"ကိုကို..ကြိုးကြာသေတော့မှာလားမသိဘူးဗိုက်တွေအရမ်းနာနေ ပြီ.."
"မဟုတ်တာ..ကြိုးကြာအားတင်းထားနော်..ကိုကိုဆေးရုံကားခေါ်ထားတယ်"
"ကိုကို..အား..ကြိုးကြာ..ကြိုးကြာဗိုက်ထဲကကလေး..ကလေးပြတ်ကျတော့မယ်နဲ့တူတယ်..ကိုကို"
ကြိုးကြာ ဖြူခွန်းပိုင်ရဲ့ရင်ခွင်ထဲမှာမျက်ရည်အ ပြည့်နဲ့ပြောနေလေသည်။
ကျွန်မ့ရှေ့ကသွေးပက်လက်အိုင်ထဲမှာလဲနေတဲ့သူတို့ ကို ကြည့်ရင်းကိုယ့်ကိုတောင်သနားမိတယ်။
အချစ်ဆုံးယောက်ျားရယ်ယောက်ျားရဲ့အဖေမတူအမေကွဲချစ်
ညီမလေးတို့ရဲ့ချစ်ဇာတ်လမ်းကို ကြည့်နေရတယ်လေ။
ကျွန်မ့သူတို့ဒဏ်ခံလာရတာနှစ်နှစ် နှစ်နှစ်တောင်ရှိနေ ပြီ။
မချစ်မှန်းသိရက်နဲ့ယူခဲ့မိတဲ့ယောက်ျား။ကျွန်မ့အပေါ်တစ်ခါမှမကြင်နာခဲ့ဘူး။
တစ်ခါမှနော်။မနာ ကြည်းနိုင်တဲ့ကျွန်မ့ကလည်းကပ်တွယ်ရတာကိုသိပ်ကြိုက်တာပဲ။ကိုယ့်ကိုမချစ်ပဲအခြားသူကိုချစ်နေတဲ့သူကိုအလိုလို
ခွင့်လွှတ်ပေးနေခဲ့တာ။သူတို့တွေကလေးရှိ ပြီးဆိုတာကိုသိတဲ့အချိန်ထိကျွန်မ့လက်မလွှတ်မိခဲ့ဘူး။
အခုကြိုးကြာဖြူကျွန်မ့နဲ့စကားပြောရင်းလှေကားပေါ်ကမတော်တဆ ပြုတ်ကျသွားခဲ့တယ်။
"ကိုကို..နာတယ်"
"အင်း..ကိုကိုတို့သွားရအောင်"
ခွန်းပိုင်သူမ့ကိုယ်ကိုပွေ့ချီပြီးထွက်သွားသည်။ကျွန်မ့လည်းအနောက်ကနေ
အမြန်လိုက်ခဲ့ပေမဲ့အချိန်မမှီပါဘူးကားကမောင်း
ထွက်သွားခဲ့ပြီ။
ကျွန်မ့ထွက်သွားတဲ့ကားကို ကြည့်ရင်းကျန်ခဲ့တာဒါနဲ့ဆိုအခေါက်ပေါင်းမနည်းတော့ဘူးလေ။
ကျွန်မ့နောက်ဆက်တွဲတွေနဲ့ပက်သက်ပြီးရင်ဆိုင်နိုင်ဖို့အားလိုအပ်တယ်။ကျွန်မ ပြဿနာတွေဖြေရှင်းပေးရတော့မယ်။ကိုယ့်တိုင်မလုပ်ခဲ့တဲ့အရာတစ်ခု့အတွက်။
နောက်ပြီးကျွန်မ့ရဲ့ဗိုက်ထဲမှာ၆ပတ်သားသာရှိသေးတဲ့ကလေးလေးအတွက်ကောပေါ့။
ကျွန်မ့ဒီနေ့မှကျွန်မ့ဗိုက်ထဲမှာကိုယ်ပွားလေးတစ်ယောက်ရှိနေတာကိုသိခဲ့ရတာ။
ကျွန်မ့ဒီအကြောင်းတွေကိုဘယ်သူမှမသိစေချင်ဘူး။နောက် ပြီးကျွန်မ့နဲ့ခွန်းပိုင်ကလည်းကွာရှင်းတော့မှာ။ကလေးအတွက်နဲ့သူ့ကိုဆွဲထားတဲ့သူမ ဖြစ်ချင်ဘူး။
ကျွန်မအဲ့လောက်လည်းသတ္တိမရှိတာမဟုတ်ဘူး။ကျွန်မ့တစ်ယောက်ထဲနဲ့ကျွန်မ့ကလေးကိုမွေးနိုင်တယ်။ကလေးကြောင့်သူတို့ရဲ့ချစ်ခြင်းကိုဒုတိယအ ကြိမ်ထက်ခွဲမှာမဟုတ်ဘူး။
ကျွန်မ့ရေခဲသေတ္တာထဲကငါးသေတ္တာဘူးကိုယူလိုက်သည်။
ကလေးနဲ့တည့်မတည့်တော့မသိဘူး။အခု့တော့အိမ်မှာဒါပဲရှိတယ်။
ကျွန်မ့အခု့မစားရင်အ ပြင်ထွက်ဝယ်ရမှာ။
ကျွန်မ့ငါးသေတ္တာ ပြန်နွှေး ပြီးပေါင်မုန့်တစ်ချပ် ကြား ညှပ်ပြီးစားလိုက်သည်။
ပြီးနောက်ခဏနေလှမ်းဆက်တော့မဲ့ဖုန်းကိုစောင့်ရင်းTVကြည့်နေမိသည်။
ထင်တဲ့အတိုင်းသိပ်မ ကြာဘူးဖုန်းဆက်လာ ပြီ။
"နေ ခြည်ချို"
"အင်း"
"မင်းအခု့ချက်ချင်းဆေးရုံလိုက်ခဲ့..ကြိုးကြာအတွက်
ဝတ်စုံအပိုနဲ့စားစရာတွေထည့်လာခဲ့"
"ခွပ်"ကျွန်မ့စကားတောင်မ ပြန်ရသေးဘူး။ဟိုဖက်ကဖုန်းချသွားသည်။
သူတို့အတွက်အစေခံလိုဆက်ဆံခံရတဲ့ကျွန်မ့ကဘာအတွန့်တက်နိုင်မှာမို့လို့လဲ။ကျွန်မ့မဝတ်ရသေးတဲ့ဝတ်စုံအသစ်တွေနဲ့လမ်းကစားသောက်ဆိုင်တစ်ခု့ကနေစားစရာတွေဝယ် ပြီးဆေးရုံကိုလိုက်လာခဲ့သည်။
ကျွန်မ့အခန်းရှေ့ရောက်တော့မဝင်သေးပဲမှန်ကနေအထဲကိုလှမ်း ကြည့်လိုက်သည်။
ကုတင်ပေါ်မှာတော့ကြိုးကြာ ဖြူဆေးရုံဝတ်စုံနဲ့အိပ်ပျော်နေသည်။
ဘေးမှာတော့ခွန်းပိုင်။
သူကြိုးကြာဖြူရဲ့လက်ကိုဆုပ်ကိုင်ရင်းထိုင်နေလေသည်။
ကြိုးကြာ ဖြူကအား ကြီးတဲ့စိတ်ဓာတ်မာကြောတဲ့သူ့ကိုအ မြဲလိုလို
ပေါ့ညံ့သွားအောင်လုပ်နိုင်တယ်။
သူမအတွက်ဆိုခွန်းပိုင်ကအရာအားလုံးနဲ့အလဲပေးနိုင်တယ်။
ကျွန်မနဲ့တော့ကွာပါ့။ကျွန်မ့ကသူမချစ်မနှစ်သက်ဖွားဖွားပေးစားလို့အတင်းယူခဲ့ရတဲ့မိန်းမတစ်ယောက်အ ဖြစ်ပဲ။
ကျွန်မ့တံခါးကိုခေါက်လိုက်သည်။ ပြီးနောက်အထဲကိုဝင်သွားခဲ့သည်။
ထုံးစံအတိုင်းခွန်းပိုင်ရဲ့ဗလာအ ကြည့်နဲ့အရင်တွေ့ရတာပဲ။စတွေကတည်းကဒီလိုအ ကြည့်ကမပြောင်းလဲဘူး။
ပိုလိုတောင်ခက်ထန်လာတယ်။
အခု့တော့အမုန်းတွေတောင်ပါလာသလိုပဲ။
"ကျွန်မ့ရှင်မှာတာတွေယူလာတယ်"
"ဟိုပေါ်တင်ထားခဲ့"
အမြဲလိုလိုကျွန်မ့ဆိုတိုတိုတုတ်တုတ်ပဲပြောတယ်။
ကျွန့်မကျင့်သားရနေ ပြီ။
ကျွန်မ့စားပွဲပေါ်မှာပစ္စည်းတွေကိုတင်လိုက်သည်။
"သူမသက်သာရဲ့လား"
"ကလေးပျက်ကျသွားပြီ"
"ဟင်"
ကလေးပြတ်ကျသွားတာလား။ကျွန်မ့မရည်ရွယ်ခဲ့ပါဘူး။ကျွန်မ့သူ့မ့ကိုမုန်းတာတော့မှန်တယ်။ဒါပေမဲ့ကျွန်မ့မလုပ်ခဲ့ဘူး။
"ကျွန်မ့တောင်းပန်..တောင်းပန်ပါတယ်..ကျွန်မ့လုပ်ခဲ့တာမဟုတ်ပါဘူး"
"ဘယ်သူကမင်းလို့ပြောလို့လဲ..မင်းပြန်လိုက်တော့..ကြိုးကြာနှိုးလာရင်ပိုဆိုးတာတွေ ဖြစ်ကုန်မယ်"
"ကျွန်မ့မလုပ်ခဲ့ပါဘူး..ကျွန်မ့တို့ဒီအတိုင်းပဲစကားပြောနေ ကြတာ"
"ထွက်သွားတော့"
"ရှင့်ကျွန်မ့ကိုမယုံဘူးလား"
"ထွက်သွားလို့ပြောနေတယ်နော်..ငါလုံ ခြုံရေးမခေါ်ချင်ဘူး"
"ဒါပေမဲ့"
ခွန်းပိုင်ကျွန်မ့ကိုစူးရှတဲ့အ ကြည့်တွေနဲ့ ကြည့်လေသည်။
ကျွန်မ့သူ့အ ကြည့်နဲ့တင်ရင်တွေတုန်လှုပ်သွားသည်။
ကျွန်မ့ဘာမှဆက်မပြောတော့ပဲအခန်းထဲကထွက်လာခဲ့သည်။
ခွန်းပိုင်ကကျွန်မ့ဘယ်လိုပြောပြောယုံမှာမဟုတ်ဘူး။ကျွန်မ့ကသူတို့ကလေးကိုပျက်ကျအောင်လုပ်တဲ့သူပဲ
"မနေ ခြည်ချို"
ကျွန်မ့ရှေ့ကဒေါက်တာဝန်းရန်အောင်ကို မြင်တော့မျက်ရည်စတွေကိုမသိမသာလေးသုတ်
လိုက်မိသည်။
"ဒေါက်တာဝန်း"
ဒေါက်တာဝန်းကခွန်းပိုင်ရဲ့အချစ်ဆုံးသူငယ်ချင်း။
ခွန်းပိုင်ရဲ့ဆေးကုမ္ပဏီမှာတစ်ခါတစ်လေအလုပ်လာလုပ်တတ်တာမို့ကျွန်မ့နဲ့သိနေတာ။အမှန်တော့အရင်ကတည်းကသိနေတာပါ။ကျွန်မ့နဲ့ခွန်းပိုင်အကြောင်းကသူ့သူငယ်ချင်းတွေကြည့်ပြီးတောင်သိနိုင်တယ်။ကျွန်မ့ကိုခေါ်ပုံကိုကမရင်းနှီးတဲ့ဆက်ဆံရေးလိုပဲ။
"အခု့ ကြိုးကြာဆီလာတာလား"
'ဟုတ်ကဲ့"
"မဝင်ဘူးလား"
"ကျွန်မဝင်ပြီးပြီပါ ပြီ..အခု့က"ကျွန်မဘာပြောရမလဲ။ယောက်ျားဖြစ်သူကသူ့အချစ်လေးအတွက်ကျွန်မ့ကိုနှင်ထုတ်လိုက်တယ်လို့လား။
"ခွန်းပိုင်နှင်ထုတ်လိုက်ပြန်ပြီလား"
"အင်း"
ဒေါက်တာဝန်းလည်သိလောက်မှာပါ။ကျွန်မ့တို့အခြေအနေကို။
"ကျွန်မပြန်တော့မယ်.."
"အိမ်မှာတစ်ယောက်ထဲမလား..အဆင်ကောပြေပါ့မလား"
"ကျွန်မ့နေတတ်နေပါ ပြီ"
ကျွန်မ့ဒေါက်တာဆီကသနားတဲ့အ ကြည့်တွေနဲ့ ကြည့်ခံရသည်။
သူကျွန်မလက်ထပ်လိုက်ကတည်းကြည့်လာတဲ့အ ကြည့်တွေကနည်းနည်းလေးမှမပြောင်းလဲဘူး။
ကျွန်မ့ဒေါက်တာကိုနှုတ်ဆက် ပြီးဆေးရုံထဲကထွက်လာခဲ့သည်။
ကျွန်မကလေးကြောင့်လားမသိဗိုက်ကဆာလာပြန် ပြီ။စောစောကကိုစားလာတာ။
ကျွန်မ့ကားကိုမောင်းထွက်လာခဲ့ ပြီးလမ်းဘေးဆိုင်တစ်ခု့မှာရပ်လိုက်သည်။
ဒီဆိုင်ကကျွန်မ့စားနေ ကြဖက်ထုပ်ဆိုင်လေး။ဆိုင်လေးကအ ကြီးကြီးမဟုတ်။လမ်းဘေးဆိုင်ဆိုတော့ရောင်းတဲ့စားပွဲရယ်စားတဲ့စားပွဲရယ်နှစ်ခုပဲရှိသည်။
"သမီးလာ ပြီလား..မလာတောင်ကြာ ပြီ"
"ဟုတ်..သမီးအလုပ်ရှုပ်နေလို့.."
"ကဲဘာစားမလဲ"
"ပုံမှန်အတိုင်းပဲ..ဖက်ထုပ်ပြုတ်တစ်ပွဲနဲ့အကြော်တစ်ပွဲ"
"အရည်များများမလား..အန်တီသိပါတယ်"
အန်တီကြီးကကျွန်မ့အကြိုက်ကိုသိနေတယ်။
ကျွန်မ့ကျောင်းတက်ကတည်းကစားနေ ကြဆိုင်မို့။
ဒီဆိုင်ကဖက်ထုပ်ထဲမှာအသားသိပ်မပါပေမဲ့ကျွန်မ့ကတော့ ကြိုက်တယ်။ဈေးလည်းသက်သာတယ်။
ကျွန်မ့လိုပိုက်ဆံသိပ်မရှိတဲ့အတွက်တော့အဆင်ပြေတယ်လေ။
ကျွန်မ့ပိုကြိုက်သွားတဲ့အကြောင်းကသူနဲ့စတွေ့ခဲ့ရတဲ့နေရာမို့။သူနဲ့နေ့တိုင်းတွေ့နိုင်တာမို့လာလာစားရင်းဒီဆိုင်လေးကိုသဘောကျသွားတာ။သူဆိုတာအခြားမဟုတ်။ခွန်းပိုင်။
တစ်နေ့ကျွန်မ့ဒီဆိုင်မှာစားနေချိန်လူတစ်ယောက်ရောက်လာခဲ့တယ်။သူ့ရဲ့အရပ်ကဆိုကျွန်မ့ကိုသေးသေးလေး ဖြစ်သွားသလိုပဲ။
ကျွန်မ့မော့ ကြည့်မိတော့အရပ်ရှည်ရှည်အသားဖြူ ဖြူနဲ့အကျႌအနက်လေးဝတ်ထားတဲ့သူ။သူရဲ့ပုံရိပ်ကမချစ်ဖူးတဲ့ကျွန်မ့ကိုဆွဲဆောင်သွားတယ်။
သူလည်းဖက်ထုပ်ပြုတ်လာဝယ်တာနဲ့တူတယ်။
သူဝယ် ပြီးထွက်သွားတဲ့အထိကျွန်မ့လိုက် ကြည့်မိသည်။
သူ့သစ်ပင်အောက်မှာစောင့်နေတဲ့ရွယ်တူကောင်လေးနှစ်ယောက်နဲ့ဘေးကကလေးမတစ်ယောက်ဆီပြေးသွားသည်။
သူတို့တွေစကားတပြောပြောနဲ့ထွက်သွားကြသည်။
ကလေးမလေးကသူ့တို့သုံးယောက် ကြားပျော်ရွှင်စွာလိုက်သွားသည်။
ကျွန်မ့ ဖြင့်ကလေးမလေးကိုအားကျခဲ့ရတာ။အခု့ချိန်ထိပဲ။သူမ့က
ကြိုးကြာ ဖြူပဲလေ။
ကျွန်မ့သူအ မြဲလာတတ်တဲ့အချိန်ကိုစောင့် ပြီးဆိုင်ကိုရောက်လာတတ်သည်။
သူ့ကကျွန်မ့ထက်တော့ ကြီးတယ်။ဒုတိယနှစ်။ကျွန်မ့ကပထမနှစ်
။မေဂျာတေ့ာမတူဘူး။
အဲ့တုန်းကတော့ကျွန်မ့ ကြိတ်crushရတဲ့စီနီယာပေါ့။သူနဲ့သူ့သူငယ်ချင်းတစ်ယောက်ကမေဂျာတူတယ်။နောက်တစ်ယောက်ကမတူဘူးနဲ့တူတယ်။သူ့ကိုသိပ်မတွေ့ရဘူး။
နောက်တစ်ယောက်ကဒေါက်တာဝန်း ဖြစ်နေတာပဲ။သူကဆေးကျောင်းသားမို့ခွန်းပိုင်တို့လိုစီးပွားရေးကျောင်းသားနဲ့ဘယ်တူမလဲ။
"ရ ပြီနော်"
ကျွန်မဖြင့်အတိတ်ကိုစဉ်းစားရင်းလာချပေးတာ
တောင်မေ့သွားသည်။
"ကျေးဇူးပဲနော်အန်တီ"
"ရပါတယ်...ဝအောင်စား..လိုချင်ရင်ထပ်ပြောနော်..သမီးကြည့်ရတာတစ်နေ့တစ် ခြားပိန်လာသလိုပဲ"
"ဟုတ်"
ပိန်မှာပေါ့အန်တီရယ်။ဒီလိုအခြေအနေမျိုးတွေမှာမပိန်ရင်လည်း
ယုတ္တိရှိပါ့မလား။
ဒါပေမဲ့ကျွန်မ့နောက်ထပ်တော့မပိန်စေရဘူး။ကျွန်မ့ကလေးအတွက်အားရှိမှရမယ်။
ကျွန်မသူမသိအောင်နေခဲ့တဲ့ဘဝကပိုလို့တောင်
သဘောကျဖို့ကောင်းတယ်။တစ်ဖက်သတ်အချစ်ကကိုယ်တစ်ယောက်ထဲစိတ်ကူးယဉ်ပျော်မွေ့နိုင်တာပေါ့။
ကျွန်မ့ပိုက်ဆံရှင်း ပြီးအိမ်ရာကိုပဲ ပြန်လာခဲ့လိုက်သည်။
ဘာမှစဉ်းစားမနေတော့ပဲအိပ်ရာထဲဝင်အိပ်လိုက်မိသည်။
"တွီ...."
ကျွန်မ့ဖုန်းသံ ကြားတာနဲ့နှိုးလာခဲ့သည်။ကျွန်မ့ဖုန်းကိုလှမ်းယူ ပြီးကြည့်မိတော့ခွန်းပိုင်။
ဘာလို့လဲမသိ။
"ဟယ်လို"
"နေခြည်ချို..အခု့ချက်ချင်းဆေးရုံလာခဲ့...မင်းကိစ္စ
အတွက်တာဝန်ယူရမယ်"
"ဘာကိုလဲ"
"မနေ့ကမှဖြစ်တဲ့ကိစ္စကိုမေ့သွားရလောက်အောင်
မင်းတုံးအပါလား"
ကျွန်မ့တမင်မေးမိတာပါ။သိတာပေါ့။လောလောလက်လက်ရင်ဆိုင်ရမယ့်ပြဿနာ ကြီးကို။
"ကျွန်မ့ဘာလုပ်ပေးရမှာလဲ"
"မင်းကြိုးကြာကိုလာစောင့်ရှောက်ပေးရမယ်..မင်း
လုပ်ခဲ့တဲ့အပြစ်အတွက်..ကြိုးကြာကျေနပ်တဲ့အထိသူနားမှာသူခိုင်းသမျှလုပ်ပေးရမယ်"
"လုပ်ပေးတာတော့ဟုတ်ပါ ပြီ..သူကကျွန်မ့ကိုလက်ခံပါ့မလား"
"အဲ့ဒါမင်းမေးစရာမလိုဘူး..မင်းအခု့ချက်ချင်းဆေးရုံလာခဲ့"
ကျွန်မ့ရဲ့မေးခွန်းလေးတောင်မဖြေပေးပဲဖုန်းကချသွား ပြီ။
ကျွန်မ့မျက်နှာသစ်အဝတ်စားလဲ ပြီးဆေးရုံကိုထွက်လာခဲ့သည်။
ကျွန်မ့ကြိုးကြာဖြူရဲ့ဆေးရုံအခန်းပေါက်ဝလည်း
ရောက်ရောမဝင်ခင်တစ်ချက် ကြည့်မိသည်။
ခွန်းပိုင်လက်ထဲမှာစွပ်ပြုတ်ပန်းကန်ကိုကိုင်ထား
ပြီးကြိုးကြာ ဖြူကိုခွံကျွေးနေသည်။
ကြိုးကြာ ဖြူ မစားချင်တဲ့ပုံနဲ့တစ်ဖက်ကိုလှည့်နေ ပြီးတော့ခွန်းပိုင်ကအတင်းချော့မော့ ပြီးကျွေးနေပုံပဲ။
သူတို့ရဲ့အနောက်မှာဒေါက်တာဝန်းနဲ့သူ့တိူ့
သူငယ်ချင်းရှိင်းခန့်လည်းရှိနေသေးတယ်။
"ဒေါက်..ဒေါက်..ဒေါက်"
ကျွန်မ့တံခါးသုံးချက်ခေါက် ပြိးအထဲကိုဝင်သွားသည်။
ကျွန်မ့ မြင်လျှင်မြင်ချင်းပဲ ကြိုးကြာ ဖြူစူးရှတဲ့အသံနဲ့
အ ကြည့်တစ်ချက်ကိုခံစားလိုက်ရသည်။
"နေ ခြည်ချို..နင်ဘယ်လိုရောက်လာတာလဲ"
ကျွန်မ့သူ့ကိုမကြည့်ပဲခွန်းပိုင်အနားကိုလျှောက်လာခဲ့သည်။
"ကျွန်မ့ရောက် ပြီ"
"ကိုကို..ကိုကိုသူ့ကိုခေါ်ထားတာလား..သူက ကြိုးကြာတို့ကလေးကို ပြတ်ကျအောင်လုပ်တာ..သူ့ကို ကြိုးကြာမ မြင်ချင်ဘူး..ပြန်လွှတ်လိုက်"
"နေပါဦး..ကြိုးကြာရယ်..ကိုကိုကသူ့ကိုခိုင်းစရာရှိလို့..သူ့အပြစ်အတွက်ပြန်ပေးဆပ်ခိုင်းမယ်..ညီမလေးနားမှာသူ့ကိုနေခိုင်းပြီးညီမလေးကြိုက်တာလုပ်ခိုင်း"
"မလိုချင်ဘူး..ကြိုးကြာနားမှာသူ့ကိုမနေစေချင်ဘူး..သူညီမ့လေးကိုနှိပ်စက်လိမ့်မယ်..ကြိုးကြာကြောက်တယ်"
ကြိုးကြာ ဖြူခွန်းပိုင်ရဲ့ရင်ခွင်ထဲကိုတိုးဝင် ပြီးတင်းကျပ်စွာဖက်ထားသည်။
"ဒါဆိုကိုကိုသူ့ကို ပြန်လွှတ်လိုက်မယ်..မကြောက်နဲ့နော်"
ခွန်းပိုင်..ကြိုးကြာရဲ့ဆံပင်တွေကိုပွတ်သပ်ပေးရင်းပြောနေလေသည်။
"အင်း...သူ့ကိုပြန်လွှတ်လိုက်...ညီမလေးကလေးကိုသတ်တဲ့သူ့ကိုညီမလေးခွင့်မလွှတ်ဘူး..သူ့ကိုတစ်နည်းနည်းနဲ့လက်စားပြန်ချေမယ်"
ကျွန်မ့ကြောက်ရမလိုပဲ။သူတို့ကိုအမျိုးမျိုးတတ်နိုင်လွန်းတယ်။
"ညီမလေးကဘာလုပ်ချင်တာလဲ"
နောက်ကရှိုင်းခန့်ဆိုတဲ့မီးလောင်ရာလေပင့်တဲ့ကောင်။ကျွန်မ့ဆိုအမြဲမကြည်ဘူး။ခွန်းပိုင်နဲ့ကြိုးကြာဖြူ ကြားဝင်ရှုပ်နေလို့တဲ့။
အမှန်တော့သူကိုယ်တိုင်က
ကြိုးကြာဖြူနဲ့ခွန်းပိုင်ဘယ်အချိန်ပြတ်သွားမလဲစောင့်နေတဲ့သူကများ
"ကြိုးကြာလုပ်ချင်တာ..ခွန်းပိုင်ကလုပ်ပေးလိမ့်မယ်"
"ညီမလေး..သူ့ကိုဒီစွပ်ပြုတ်တိုက်စေချင်တယ်..
သူကိုယ်တိုင်"
"ဪ..ဒါလေးများ..နေခြည်ချို..မင်းလာကျွေးလိုက်"
"အင်း"
ကျွန်မပန်းကန်ကိုယူလိုက်ပြီးကြိုးကြာ ဖြူကုတင်ဘေးသွားလိုက်သည်ခွန်းပိုင်ကဒေါက်တာဝန်းရဲ့ဘေးနားမှာသွားထိုင်သည်။
ပန်းကန်ထဲကစွပ် ပြုတ်ကိုတစ်ဇွန်းခပ်လိုက်ပြီး ကြိုးကြာ ဖြူဆီခွံပေးတော့
"ငါရေအရင်သောက်ချင်တယ်""အင်း"
ရေတစ်ခွက်ခပ် ပြီးသူမ့ကိုပေးလိုက်သည်။
"အား..စိုကုန် ပြီ"
ကြိုးကြာဖြူတမင်ကြီးကိုရေခွက်ကိုလွတ်ချလိုက်တာပဲ။သူမ့ရဲ့အင်္ကျီပေါ်ကိုလေ။
"ကိုကို.."
"ကြိုးကြာ..စိုကုန် ပြီ.."
ခွန်းပိုင်ဘေးနားကတစ်ရှူးစတွေကိုအလောတ ကြီးနဲ့ယူရင်းသူမ့ကိုသုတ်ပေးနေသည်။
"ကိုကို..ရပါ ပြီ.."
"နေခြည်ချို..မင်းကအလုပ်လုပ်ရင်နမော်နမဲ့နဲ့..ရေလေးခပ်ခိုင်းတာသေချာမလုပ်နိုင်ဘူးလား"
"ကျွန်မသေချာပေးလိုက်တာပါ"
"ဘာလဲမင်း..အမှားမဟုတ်ဘူးပေါ့လေ."
ကြိုးကြာ ဖြူခွန်းပိုင်လက်ကိုလှမ်းဆွဲလိုက်ပြီး
"ကိုကို..သူ့ကိုမငေါက်ပါနဲ့..သူမမှားပါဘူး..ညီမလေးဘာသာယူလိုက်တာ..သူ့ကိုမငေါက်ပါနဲ့နော်..သနားပါတယ်"
သနားလို့ဟုတ်ရဲ့လား ကြိုးကြာ ဖြူရယ်။ကြိုးကြာ ဖြူတားလိုက်လို့လားမသိခွန်းပိုင်ရဲ့ကြောက်မက်ဖွယ်အ ကြည့်တွေကပြောင်းလဲသွားသည်။
"ကိုကို..သူ့ကို ပြန်ခိုင်း လိုက်တော့..ညီမလေးကိုကိုနဲ့ပဲနေချင်တယ်"
"အင်းပါ"
ခွန်းပိုင် ကြိုးကြာ ဖြုရဲ့ဆံပင်တွေကိုသပ်ပေးရင်းပြောနေတာ ကြည်နူးဖို့ကောင်းတာပဲ။
"မင်း ပြန်တော့.."
"အင်း.."
ကျွန်မ့လည်းအိတ်ကိုယူ ပြီးထွက်သွားမဲ့အလုပ်
"နေဦး..ရော့..ဒါကိုလွှင့်ပစ်ခဲ့"
"အား"
ကျွန်မ့ ကျွန်မ့ရှေ့ဝဲပျံလာသောပန်းကန် ပြားကိုရှောင်တိမ်းနိုင်ချိန်တောင်မရလိုက်။ကျွန်မ့ကိုယ်ပေါ်ကိုစွပ်ပြုတ်ပူပူတွေကနေရာယူသွားလေ ပြီ။
မထနိုင်အောင်လဲကျသွားသည်။
"အား.."လက်ကောက်ဝတ်ပေါ်ကျတဲ့စွပ်ပြုတ်တွေကြောင့်ကျွန်မ့အပူဒဏ်ကိုမခံမရပ်ခံစားနေရသည်။
"ကိုကို..ဘယ်လိုလုပ်လိုက်တာလဲ.."
"ထားလိုက်"
ကျွန်မကြမ်းပြင်ပေါ်လဲကျနေတာတောင်သူဘာမှမခံစားရဘူး။တစ်ချက်လေးတောင်လှည့်မကြည့်ခဲ့ဘူး။
"နေခြည်ချို..မင်းပြီးရင်ကြမ်းပြင်ပေါ်ကဟာတွေပါ
ရှင်းသွား"
ကျွန်မ့မျက်ရည်တွေ ကြမ်းပြင်ထိတောင်စီးကျနေလည်းသူကတော့ ကြိုးကြာ ဖြူနဲ့အပြောမပျက်။
"မ ေနခြည်ချိုရလား..ကျွန်တော့်ကိုလက်ပြ"
မနေနိုင်တဲ့သူစိမ်းတောင်ကူညီဖို့တွေးပေးနိုင်သေးတယ်။ခွန်းပိုင်ရယ်ရှင်တော်တော်ရက်စက်ပါ့လား။ကျွန့်မပေါ်ဘာအညိုးတွေ
များရှိနေတာလဲ။
ဒေါက်တာဝန်းကျွန်မ့လက်တွေကို ကြည့်ပေးရင်းနဲ့သူရုတ်တရက်ရပ်တန့်သွားသည်။
"ဟင်..မင်း..ဟို.."
သူရိပ်မိသွားတယ်ထင်တယ်။ဆရာဝန်ပဲလေ။တစ်ခု့ခု့ဆိုသိနိုင်တာပေါ့။
ကျွန်မ့သူထုတ်ပြောမှာစိုးလို့စိုးရိမ်တ ကြီးနဲ့ခေါင်းခါလိုက်မိသည်။
မပြောပါနဲ့နော်။ကျွန်မ့ဘယ်သူမှမသိစေချင်ဘူး။
ဒေါက်တာဝန်းကတော့ထူးဆန်းတဲ့မျက်လုံးတွေနဲ့ ကြည့်နေတုန်းပဲ။
"ကျွန်မ့တို့အ မြန်ရှင်းရအောင်.ဒေါက်တာ"
"ဟုတ်ပါ ပြီ"
စွပ်ပြုတ်အကြွင်းအကျန်တွေကအစသေချာသုတ်ပြီးအ ပြင်ကိုထွက်လာခဲ့သည်။
အခန်းထဲမှာခွန်းပိုင်နှင့် ကြိုး ကြာ ဖြူပဲကျန်ခဲ့သည်။ရှိုင်းခန့်ကတော့အလုပ်ရှိသေးလို့အရင်ထွက်သွားလေသည်။
"မင်းဘယ်ချိန်ထိဖုံးကွယ်ထားမှာလဲ"
အခန်းကထွက်ထွက်ချင်းဒေါက်တာဝန်းရဲ့ပြောစကားကြောင့်နည်းနည်းတော့တုန်လှုပ်သွားမိတယ်။ဒါပေမဲ့မသိချင်ယောင်ဆောင် ပြီး
ဆက်လိမ်နေရမလား။
"ဘာကိုလဲ"
"ဟား..မင်းကလိမ်တာတော့တော်သား..ဒါပေမဲ့လိမ်မဲ့သူကမှားနေ ပြီ..ငါကဆရာဝန်နော်.."
ဟုတ်ပါတယ်။ရှင်ကသိပ်တော်တဲ့ဆရာဝန်ပဲ။အရှုံးပေးတယ်။
"အင်း...ကျွန်မ့လည်းဘာဆက်လုပ်ရမလဲမသိလို့..
ကျွန်မ့တို့ကလေးကိုသူကလိုချင်ပါ့မလား.."
ဒေါက်တာဝန်းခုံပေါ်မှာထိုင်လိုက် ပြီးအနောက်ကိုမှီလိုက်သည်။
"အဲ့ဒါတော့မသိနိုင်ဘူး..ငါထင်တာတော့သူကကလေးချစ်တတ်ပါတယ်"
ကျွန်မ့လည်းသူ့ဘေးနားမှာသွားထိုင်လိုက် ပြီး
"ရှင်သိလား..သူကအခု့ကျွန့်မကလေးပေါ်
လည်းမုန်းနိုင်တာပဲလေ"
"မင်းအတွေးလွန်နေတာပဲ..အိမ်ထောင်တစ်ခု့မှာကလေးကဆည်းလည်းပဲလေ...မင်းကလေးမွေးပေးလိုက်လို့သူကမင်းကိုချစ်ချင်ချစ်လာနိုင်တာပဲ..နောက် ြပ်ီးမင်းကသူ့ရဲ့တရားဝင်ဇနီးသည်..မင်းသူ့ကိုရဖို့
နည်းလမ်းပဲလိုတာ"
"ဒါဆိုကျွန့်မဘာလုပ်သင့်လဲ"
"အဲ့ဒါတော့ငါမသိဘူး..."
"ကျွန်မ့ဘာလုပ်ရမလဲ..သူ့ကိုကျွန်မ့ကွာရှင်းဖို့လုပ်နေတယ်.."
"မင်းသေချာလို့လား.."
"ဟင်.."
ဒေါက်တာဝန်းကဘာအဓိပ္ပါယ်နဲ့မေးတာလဲ။ကျွန်မ့ဘက်ကမကွာရှင်းနိုင်ဘူးလို့များထင်နေတာလား။ကျွန်မ့ကွာရှင်းချင်တာသေချာပါတယ်..ဟုတ်တယ်သေချာတယ်
"သေချာတယ်.."
"ဟုတ်ပြီလေ..မင်းသဘောပဲပေါ့..ကလေးရှိနေတာခွန်းပိုင်သိရင်မင်းကိုကွာရှင်းပေးမှာမဟုတ်ဘူး..သူက
ကလေးလိုချင်နေတာ.."
ဟုတ်တာပေါ့။ဒါပေမဲ့ကလေးကသူနဲ့ကြိုးကြာဖြူရဲ့ကလေးလေ
ကျွန်မရဲ့ကလေးမှမဟုတ်တာ။
"သူ့ကိုမသိစေချင်ဘူး..ကျွန်မ့ကလေးကိုကျွန်မ့တစ်ယောက်ထဲမွေးနိုင်တယ်.."
"ဟုတ်ပြီလေ..တစ်ခု့ခု့လိုရင်ငါ့ကိုအကူအညီတောင်းလို့ရတယ်..ကလေးအဖေလုပ်ခိုင်းတာကလွဲလို့ပေါ့."
"အဲ့ကိစ္စမကူညီခိုင်းမှာတော့အသေအချာပဲ.."
"ဟုတ်ပါပြီ..ဒါဆိုခွင့်ပြုပါဦး..ကျူတီချိန်ရှိသေးလို့ပါ."
"ဟုတ်ကဲ့..ဪ..နေဦး.."
ဒေါက်တာဝန်းခြေလှမ်းတွေကိုရပ်လိုက်ပြီးဒီဘက်
ကို ပြန်လှည့်လာသည်။
"ကျွန်မ..ကျွန်မ့အဲ့အကြောင်းကိုဘယ်သူမှမသိစေချင်ဘူး..ရှင်နားလည်တယ်မလား"
"ငါနားလည်တယ်..ဒါပဲမလား"
"အင်း"သူထွက်သွားပြီးသည်အထိကျွန်မ့ရပ်နေမိတုန်းပဲ။
သူပြောသလိုပဲကလေးကခွန်းပိုင်ကိုချုပ်ကိုင်လို့ရတဲ့အရာတစ်ခု့များ
ဖြစ်လာမလား။ဒါပေမဲ့အဲ့လိုနည်းနဲ့လည်းသူ့ကိုမ လိုချင်ဘူး။သူကိုယ်တိုင်ကကိုကျွန်မနဲ့ကလေးကိုလိုလိုလားလားလက်ခံစေချင်တယ်။
ကျွန်မအချိန်မနှောင်းတော့တာမို့ ပြန်ရန်ခုံပေါ်ကအိတ်ကိုလှမ်းယူချိန်ဆေးရုံအခန်း
တံခါးကပွင့်လာသည်။
ဒီလိုအေးစက်လာတဲ့အနေအထားကသိသာပါတယ်ထွက်လာတဲ့သူကခွန်းပိုင်ပဲဆိုတာ။သူကျွန်မ့ကိုစူးစိုက်စွာ ကြည့်နေလေသည်။
"ဘာလုပ်နေတာလဲ..မ ပြန်သေးဘူးလား"
"ပြန်တော့မှာပါ..ရှင်ကော"
"အိမ်ပြန်မယ်"
ခွန်းပိုင်ပြော ပြီးရှေ့ကထွက်သွားတော့အနောက်ကနေ မြန်မြန်လိုက်သွားခဲ့ရသည်။
ကျွန်မ့တို့ကားပေါ်မှာလူမရှိသလိုပဲ ငြိမ်သက်နေခဲ့တယ်။ခွန်းပိုင်သူ့ရဲ့ဆေးလိပ်ငွေ့ တွေ ကကျွန်မ့နှာခေါင်းအတွင်းမှာအ ပြည့်ပဲ။အရင်ကတော့ဆေးလိပ်နံ့ရှူမိလည်းကျွန်မ့သိပ်ဂရုမစိုက်မိခဲ့ဘူး။
နောက် ပြီးခွန်းပိုင်ကကားမှန်ချလိုက်လို့အ ပြင်ကဝင်လာတဲ့လေ ကြမ်းတွေကိုမကြိုက်ဘူးလေသူနဲ့ကားအတူစီးရင်ကားမှန်ကိုမချရဲဘူး။
ဒါပေမဲ့အခု့တော့မရတော့ဘူး။ကျွန်မ့ကလေးအတွက်ဆေးလိပ်နံ့ကိုမရှူမိတာကအကောင်းဆုံးပဲလေ။ဒါကြောင့်ကားမှန်ကို ဖြည်းဖြည်းချင်းချလိုက်သည်။
"ဘာလုပ်တာလဲ.."
"ကျွန်မ့ဆေးလိပ်နံ့တွေကမွှန်လို့"
"မင်းဒီအနံ့ရှူလာ တာဘယ်နှစ်နှစ်တောင်ရှိနေ ပြီလဲ..အပိုတွေမလုပ်နဲ့..ပြန်တင်လိုက်"
"အင်း"
ကလေးလေး ေမမေတောင်းပန်ပါတယ်နော်..မေမေ
မကာကွယ်ပေးနိုင်လို့..မေမေနောက်ဆိုမ ဖြစ်စေရဘူး..ကတိပေးတယ်
ကလေးရဲ့နေရာလေးဗိုက်လေးကိုပွတ်ရင်းတွေးတောမိသည်။
အိမ်တော့ရောက်လာ ပြီ။
"ကျွန်မ့ညစာ ပြင်ပေးမယ်"
ပြောရင်းမီးဖိုခန်းထဲကိုဝင်သွားသည်။အိမ်မှာလည်းဘာမှသိပ်မရှိ။အန်တီစန်းလုပ်ပေးခဲ့တဲ့စွပ် ပြုတ်လေးတော့ရှိသေးတယ်။အန်တီစန်းကနေ ခြည်ချိုတို့မဂ်လာဆောင် ပြီးကတည်းကဒီအိမ်မှာအလုပ်လာလုပ်ပေးတာ။ညဆိုရင်တော့အိမ်ပြန်ပြီ။အခု့သူချန်ထားပေးခဲ့တဲ့စွပ်ပြုတ်လေးကိုပူအောင် ပြန်နွှေးပြီးပန်းကန်နှစ်ပန်းကန်ခွဲလိုက်သည်။
စွပ်ပြုတ်ကနှစ်ယောက်စာမလောက်တာမို့ကျွန်မ့ပန်းကန်ထဲနည်းနည်းလျော့ထည့်လိုက်သည်။
"ရ ပြီ.."
ခွန်းပိုင်မျက်နှာချင်းဆိုင်မှာလာထိုင်သည်။
ကျွန်မတို့ ကြားမှာပြောစရာစကားမှမရှိတာ။အရင်လို ငြိမ်သက်နေရုံပဲ။
ကျွန်မ့သူ့ကိုမသိမသာနဲ့ခိုးကြည့်မိတော့ခွန်းပိုင်သူ့လက်တော့ပ်ကိုပဲ ကြည့်နေလေသည်။ ကြိုးကြာ ဖြူဆီပဲသွားနေရတော့သူ့အလုပ်တွေဘယ်ပြီးမလဲအိမ်ပါသယ်လာရတာပေါ့။
"ပြီးပြီ.."
"ကျန်သေးတယ်လေ"
ကျွန်မ့သူ့ပန်းကန်ထဲကစွပ်ပြုတ်တွေကို ကြည့်ရင်းပြောလိုက်မိသည်။
"မင်းစားလိုက်.."
"ဟင်"
"မင်းထဲမှာနည်းနည်းပဲထည့်ထားတာမလား..ငါတစ်ဇွန်းပဲစားထားတာ..မင်းရွံရင်တော့သွန်လိုက်"
"မဟုတ်ပါဘူး..ကျွန်မ့စားမယ်"
ကျွန်မ့မဟုတ်ပဲအခြားသူသာဆိုသူများစားပြီးသား
ဘယ်စားချင်မလဲ။
ကျွန်မ့ဗိုက်မဝတာနဲ့အတော်ပဲ။စားထားတာနဲ့ဗိုက်မပြည့်ဘူး။
ခွန်းပိုင်ကတော့ထွက်သွားပြီ။ကျွန်မ့ကျန်တဲ့စွပ် ပြုတ်တွေကိုပါကုန်အောင်သောက်လိုက်သည်။
"အား..အခု့မှဗိုက်ပြည့်တော့တယ်"အဝတ်လဲဖို့အပေါ်တက်လာဝော့ာခွန်းပိုင်ကတော့ရေချိုးခန်းဝင်နေ
သည်။
ကျွန်မဗိုက်ပြည့်ပြီတစ်နေ့လုံးလဲပင်ပန်းလာတယ်
ခုတင်ပေါ်မှာခဏလေးလှဲရုံပဲရှိသေးအိပ်ပျော်သွားခဲ့သည်။
"မေမေ..ထွက်မသွားပါနဲ့..မေမေ..
မေမေ...သမီးကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့..သမီးကြောက်တယ်..မေမေ"
အမှောင်ထဲကိုမေမေတ ဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။
မေမေသမီးကိုတစ်ချက်လေးတောင်လှည့်မ ကြည့်ခဲ့ဘူး။
"သမီးပင်ပန်းတယ်..မေမေ..သမီးကိုမထားခဲ့ပါနဲ့မေမေ"
ဘယ်လောက်တောင်းပန်တောင်းပန်မေမေအဝေးကိုထွက်သွားပြီ။ကျွန်မ့ဘေးကနေမေမေထွက်သွားတယ်ပြီးတော့ကျွန်မ့နောက်ထပ်
မြင်ကွင်းတစ်ခု့ကိုထက်မြင်ရတယ်။
ရယ်မော ပြီးထွက်သွားကြတဲ့သူနှစ်ယောက်။ခွန်းပိုင်လက်ကြိုကိုးကြာဖြူတွယ်ကပ်ရင်းသူတို့နှစ်ယောက်လည်းကျွန်မ့ကိုထားသွားခဲ့တယ်။
"အကို"
ကျွန်မ့ခွန်းပိုင်အတွက်အမြဲသုံးခဲ့တဲ့နာမ်စားလေးသူကကျွန်မ့ထက် ကြီးတယ်လေ။အမြတ်တနိုးနဲ့ရင်ထဲမှာပဲခေါ်နေခဲ့မိတယ်။
သူတို့လည်းတစ်ချက်လေးတောင်လှည့်မ ကြည့်ပဲထွက်သွားတယ်။
တ ဖြည်းဖြည်နဲ့အမှောင်ထု့က ကြီးစိုးလာ ပြီ။ကြောက်တယ်။
အရာအားလုံးထားသွားခဲ့ ပြီ။
ဗိုက်ပေါ်ကအပူချိန်တစ်ခု့ကြောင့်အနေခက်ပြီးနှိုးလာခဲ့တယ်။
တော်သေးတာပေါ့။အိမ်မက် ဖြစ်နေတာပဲ။
မေမေထွက်သွားခဲ့တာတောင်ဘယ်နှစ်နှစ်တောင်ရှိနေ ပြီလဲ။အခု့ထိအဲ့ဒဏ်ရာတွေကိုသတိရနေတုန်းပဲ။
ဗိုက်ပေါ်ကအပူချိန်ကတော့နွေးနွေးလေးရှိနေတုန်းပဲ
ဘာ ဖြစ်တာပါလိမ့်။
ကျွန်မ့ထ ကြည့်တော့ခွန်းပိုင်ကမရှိတော့ဘူး။
သူရေချိုးပြီးလို့အလုပ်သွားလုပ်ရောပေါ့။အခု့ချိန်ဆိုစာ ကြည့်ခန်းထဲရောက်နေလောက်ပြီ။
ရေချိုးပြီးနောက်အောက်ထပ်ကိုဆင်းလာလိုက်သည်
ခွန်းပိုင်စောစောကစွပ်ပြုတ်လည်းသိပ်မသောက်ဘူး။သူဗိုက်ဆာနေလောက်ရောပေါ့။ဘာလုပ်ပေးရမလဲမသိဘူး။
ငါစားနေကျလိုလုပ်ပေးလိုက်ရမလား..အကိုက ကြိုက်ပါ့မလား..
မသိဘူး..ငါ့တာဝန်ပဲလုပ်ပေးလိုက်တာပေါ့
ခွန်းပိုင်အိမ် ပြန်မလာတာလဲ ကြာတာကတစ်ကြောင်းကျွန်မ့ကိုယ်တိုင်ကလည်းအလုပ်များနေလို့အပြင်မှာမှာစားမိတာကတစ်ကြောင်းကြောင့်အိမ်မှာအစားအသောက်ကမရှိ။အန်တီစန်းကလည်းအိမ်မှာစားမဲ့သူမရှိလို့
ပစ္စည်းတွေကိုဝယ်မထားတတ်ပေ။
ပေါင်မုန့်ကိုမီးကင် ပြီးငါးသေတ္တာကို ကြားညှပ်လိုက်သည်။
ပြီးနောက်နွားနို့တစ်ခွက် ပြင်လိုက်သည်။
......
#မဒီ
သဘောကျရင်voteလေးပေးခဲ့ဦးနော်😘

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now