အချစ်ရက်ပေါင်း၃၆၅ရက်
အပိုင်း၅
နေခြည်ချိုcustomerတွေပါးနေတာကြောင့်ဆိုင်ပြင်ထွက်ပြီးလမ်းလျှောက်နေခဲ့သည်။
ခြည်လေးကတော့ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့တစ်ယောက်ထဲဆော့နေလေသည်။
"ဖြည်းဖြည်းဆော့လေ..သမီး...လမ်းသွားလမ်းလာတွေကိုခိုင်းမိဦးမယ်.."
"ဟုတ်ကဲ့..မာမီ.."
"မာမီ.အထဲခဏဝင်ဦးမယ်..နောက်ပြီးလိုက်ခဲ့နော်."
"ဟုတ်..ခြည်နောက်ပြီးလိုက်ခဲ့မယ်နော်.."
နေခြည်.သူမ့ရဲ့ခေါင်းကိုအသာလေးပုတ်ပြီးဆိုင်ထဲ
ဝင်သွားသည်။
"ဟာ.."
ခြည်လေးလိမ့်ကျသွားသောဘောလုံးကိုလိုက်ကောက်လေသည်။ဘောလုံးကတဖြည်းဖြည်းနဲ့လိမ့်သွားပေမဲ့သူမ့၏ပုတု့တု့ခြေထောက်လေးတွေနဲ့လှမ်းလို့မမှီ။
"အား.."
ခြည်လေးဘောလုံးလှမ်းကောက်မိလို့ထလိုက်ချိန်လမ်းကြားထဲကထွက်လာသောဆိုင်ကယ်နဲ့ဝင်တိုက်မိသလိုဖြစ်လေသည်။တော်သေးတာပေါ့။ဆိုင်ကယ်သမားအမြန်ဘရိတ်အုပ်လိုက်မိတာခြည်လေးလန့်ပြီးနောက်ကိုထိုင်ချမိလျက်သား။
"ကလေး.."
ဆိုင်ကယ်သမားအမြန်ဆင်းလာပြီးခြည်လေးကိုပွေ့ချီလိုက်သည်။
"သမီးလေး.ဘာဖြစ်သွားသေးလဲ.."
"ဘာမှမဖြစ်ပါဘူး...မီးနည်းနည်းတော့လန့်သွားတယ်
"ဟုတ်လား..တော်သေးတာပေါ့..လာ..ဦးတို့ဟိုနားကခုံမှာသွားထိုင်ရအောင်နော်.."
"ဟုတ်.."
သု့တ.ခြည်လေးကိုချီပြီးခုံပေါ်ကိုတင်လိုက်သည်။
"ပြပါဦး...ခြေထောက်တွေခိုက်မိသွားသေးလားလို့."
သု့တ.ခြည်လေးရှေ့ဒူးထောက်လိုက်ပြီးသူမ့လေးရဲ့ခြေထောက်ဒဏ်ရာရမရကြည့်ပေးလေသည်။
"ဘာမှမဖြစ်ဘူး..တော်သေးတာပေါ့.."
ခြည်လေး..သူမ့ကိုတယုတယနဲ့ကြည့်ရှု့ပေးနေသောသု့တကိုသေချာလိုက်ကြည့်နေမိသည်။
"အဆင်ပြေသွားပြီလား..ကလေး.."
"ဟုတ်.."
"ဒီမှာ..ချိုချဥ်..စားလိုက်နော်.."
သု့တအိတ်ကပ်ထဲမှာအမြဲလိုလိုဆောင်ထားတတ်သောသကြားလုံးတွေကအခု့တော့အသုံးဝင်လာပြီပဲ။
"ဟင့်အင်း..မစားချင်ဘူး..မာမီက ပြောထားတယ်..သူစိမ်းတွေကျွေးတဲ့အစားအစာကိုမစားရဘူးတဲ့.."
"..."
တော်တော်လေးစကားနားထောင်သည့်ကလေးဟု့
သု့တစဥ်းစားမိလိုက်သည်။
"ဦးကသူစိမ်းဆိုပေမဲ့ယုံလို့ရပါတယ်ဗျာ.."
"ဟုတ်လို့လား..ဦးဦးပုံစံကလူဆိုးကြီးကျနေတာပဲ.
မုတ်ဆိတ်မွှေးတွေနဲ့..ကြောက်စရာကြီး.."
သဘောရှိတိုင်းပြောလိုက်သောကလေးကြောင့်သု့တအနေတော့ခက်သား။ဒီမုတ်ဆိတ်မွှေးတွေနှုတ်ခမ်းမွှေးတွေကထားချင်လို့တော့မဟုတ်ပေမဲ့နောက်ပိုင်းဒါတွေကိုရှင်းလင်းနေရင်လည်းဘာမှထူးခြားသွားတာမှမဟုတ်တာ။
"ဒါဆို..ဦးပုံစံကကြောက်စရာကြီးပေါ့..သမီးက
ကြောက်နေတာလား.."
"မကြောက်ပါဘူး..မီးကဘာမှမကြောက်ဘူး..မီးမှာကာကွယ်ပေးမဲ့မေမေရှိပြီးသား...သမီးမာမီကသဘောကောင်းပြီးမီးကိုအရမ်းချစ်တာ..မီးကိုလုပ်တဲ့သူဆိုမာမီကပြန်လုပ်တဲ့..ဘာမှကြောက်မနေနဲ့လို့ပြောတယ်.."
ကလေးကိုအတတ်ကောင်းသင်ပေးထားတယ်လို့ပြောရမလား။အမြင်မှားတွေသင်ပေးထားတယ်လို့ပြောရမလား။
သု့တမစဥ်းစားတတ်တော့။
"ခြည်လေး.."
အဝေးမှာဒေါသတကြီးနဲ့အော်ခေါ်သောအသံကြောင့်ခြည်လေးတုန်သွားသည်။
နေခြည်ချိုသူစိမ်းတစ်ယောက်ရှေ့မှာမကြောက်မရွံ့ထိုင်ပြီးစကားပြောနေသောခြည်လေးကိုမြင်ပြီးစိတ်ပူမိကာဒေါသတကြီးနဲ့အော်လိုက်မိခြင်း။
နေခြည်ချိုအနားရောက်တော့ဘယ်သူလဲကြည့်လိုက်မိတာမုတ်ဆိတ်မွှေးနှုတ်ခမ်းမွှေးတွေပေါက်နေတာတောင်ချောမောနေသောသူပေါ့။
နေခြည်ချိုသူ့ရဲ့မျက်နှာကိုမြင်လိုက်မိတာနဲ့ရင်တွေလှုပ်ရှားလာပြီးစိုးရိမ်ပူပန်လာမိတာတော့အမှန်ပဲ။
"ခြည်လေး..လာစမ်း..ဘာလုပ်နေတာလဲ.."
နေခြည်ချိုကလေးကိုသူမ့နားဆွဲခေါ်လိုက်သည်။
"ဘာဖြစ်နေတာလဲ..မာမီပြောတယ်လေ..ခဏနေဆိုင်ထဲဝင်ခဲ့ပါဆိုနေ..အခု့တော့ရုပ်ဆိုးဆိုးသူစိမ်းလူကြီးတစ်ယောက်နဲ့ဘာထိုင်လုပ်နေတာတုန်း..နင့်ကိုတစ်ခု့ခု့လုပ်သွားမှာမကြောက်ဘူးလား.."
ခြည်လေးကုတ်ကုတ်လေးနဲ့ငြိမ်နေမိသည်။
ဘေးကသု့တလည်းဘာလုပ်ရဘာကိုင်ရမလဲမသိ။အရင်ဆုံးတော့အထင်လွဲနေတာလေးဖြေလျော့ပေးသင့်တယ်ထင်တယ်။
"ဟိုလေ.."
နေခြည်ချိုသူ့ဆီအကြည့်စိမ်းစိမ်းတစ်ချက်လွှတ်လိုက်ရာသု့တနည်းနည်းတော့တုန်လှုပ်သွားမိသည်။
"ဟို..ကျွန်တော်ကလူဆိုးမဟုတ်ပါဘူး...ကလေးကိုဆိုင်ကယ်နဲ့ဝင်တိုက်မယ့်မလိုဖြစ်သွားလို့ခိုက်မိသွားလားကြည့်ပေးနေတာ.."
"ဘာ..ဆိုင်ကယ်တိုက်မိတယ်.."
နေခြည်စိတ်တစ်ဆကနေနှစ်ဆတိုးမြှင့်လာပြီ။
"စိတ်မပူပါနဲ့..သူဘာမှမဖြစ်ပါဘူး..ဟုတ်လား..သမီးလေး.."
"ဪ..ဟုတ်ပါတယ်..သမီးဘာမှမဖြစ်ဘူး.ဦးဦးကနောက်ပြီးလူဆိုးမဟုတ်ပါဘူး..
သူကလူဆိုးဖြစ်ဖြစ်လူကောင်းဖြစ်ဖြစ်နေခြည်စိတ်ထဲတော့သမီးလေးနဲ့သိကျွမ်းနေတာကိုလုံးဝမကြိုက်ပေ
တစ်ချက်တစ်ချက်သူမ့ကိုကြည့်သောမျက်ဝန်းတွေ
ကြောင့်အချိန်တစ်ခု့ကအဖြစ်အပျက်တွေကို
သတိရစေတယ်။
"အို..ဘာပဲဖြစ်ဖြစ်လာသွားမယ်..အဲ့လိုသူစိမ်းတွေနဲ့စကားမပြောနဲ့..ကြားလား.."
ထိုသူအရင်ကသူမ့ကိုကယ်ခဲ့သည့်သူဆိုတာသိပေမဲ့လည်းသမီးလေးနဲ့မြင်တွေ့ရတာတစ်မျိုးပဲ။
နေခြည်ချိုသမီးကိုအမြန်ဆွဲခေါ်ပြီးအထဲကိုဝင်လာခဲ့သည်။
"ခြည်လေး..နောက်ဆိုလျှောက်မသွားနဲ့..သူစိမ်းတွေနဲ့လည်းစကားမပြောနဲ့နော်.."
"ဟုတ်.."
"ချွင်.."
"ဝင်ခဲ့ပါ.."
နေခြည်သမီးကိုပြောနေရင်းဧည့်သည်လာတာကြောင့်အနောက်ကိုလှည့်လိုက်သည်။
"ရှင်.."
စောစောကလူဆိုင်ထဲထိဝင်ပြီးဘာလာလုပ်တာလဲ။နေခြည်မျက်မှောင်ကြုတ်ပြီးကြည့်လိုက်သည်။
"ဘာလာလုပ်တာလဲ..ကျွန်မ့တို့ဘာကိစ္စမှမရှိဘူးထင်တယ်..သမီးလေးကိုတိုက်မိတာဘာမှမပြောဘူး..ဒါပေမဲ့အခု့လိုထိလိုက်လာတာတော့မကောင်းဘူးထင်တယ်.."
"ကျွန်တော်.."
"ထွက်သွားပါ.."
"ကျွန်တော့်ကိုတစ်မျိုးမထင်ပါနဲ့.."
"ထွက်သွားလို့..ကျွန်မ့ရဲမခေါ်ချင်ဘူးနော်.."
"ဗျာ.."
"ရဲခေါ်လိုက်ရမလား..ခြည်မာမီ့ကိုဖုန်းသွားယူပေးစမ်း.."
ခြည်လေးကုတ်ကုတ်လေးနဲ့ဖုန်းဆီပြေးသွားသည်။
ဟိုဘက်ကအတော်လေးစိတ်တိုနေတော့သု့တလည်းဘာလုပ်ရမလဲမသိတော့။
အခု့တော့အရင်ဆုံးထွက်သွားပေးလိုက်တာကောင်းမယ်။ပျိုးကလာခိုင်းလို့သာလာလိုက်ရတာ။အခု့အခြေအနေကြုံရတော့လည်း..
"ဟုတ်ပါပြီ..ကျွန်တော်သွားပါ့မယ်.."
"ပြီးတာပဲ.."
သု့တခြေလှမ်းကိုနောက်ဆုတ်လိုက်ပြီးအပြင်ဘက်ကိုထွက်သွားဖို့လှည့်လိုက်လေသည်။
"အကိုသု့တ.."
အနောက်စတိုခန်းထဲကနေထွက်လာသောပျိုး။ဆိုင်ထဲကအသံကျယ်ကျယ်တွေကြောင့်ထွက်ကြည့်လိုက်မိတာ။အကိုသု့တဖြစ်နေတာကို။
"ပျိုး..ပျိုးကသူနဲ့သိနေတာလား.."
...........
ဟော့ပေါ့ဆိုင်ထဲမှာအားလုံးကဆူညံနေပေမဲ့သူတို့ဝိုင်းကတော့တိတ်ဆိတ်နေခဲ့သည်။
စားပွဲဝိုင်းမှာအနေခက်စွာဖြင့်ထိုင်နေသောသူနှစ်ယောက်။
လာတာတော့လေးယောက်ပဲ။ခြည်လေးနဲ့ပျိုးကအမယ်တွေသွားရွေးယူနေကြသဖြင့်နေခြည်နဲ့သူပဲကျန်ခဲ့သည်။
နေခြည်အာခေါင်ခြောက်လာသလိုဖြစ်သည်နှင့်
ရှေ့ကရေတစ်ခွက်ကိုယူပြီးတစ်ငုံလောက်သောက်လိုက်သည်။သု့တဆိုင်အတွင်းကလူတွေကိုကြည့်လိုက်တစ်ဖက်ကနေခြည်ကိုမသိမသာခိုးကြည့်လိုက်နဲ့။
တစ်ချက်တစ်ချက်အကြည့်ချင်းဆုံသွားရင်အမြန်ပြန်
အကြည့်လွဲပစ်ရတာကအမော။
"အား..ကြာလိုက်တာ..ခြည်လေးဘာတွေလုပ်ခိုင်းနေလဲမသိပါဘူး.."
နေခြည်အေးတဲ့ဆောင်းရာသီကြီးမှာတောင်ပူလာသလိုဖြစ်လို့လက်နှစ်ဖက်နှင့်လေခပ်လိုက်မိသည်။
အမှန်တော့သု့တသည်ပျိုးရဲ့မွေးနေ့မှာမုန့်လိုက်ကျွေးချင်တယ်ဆိုပြီးခေါ်ထားလို့ဆိုင်ကိုလာကြိုတာ။
ကြားထဲမှာပြဿနာတွေဖြစ်ပြီးအခု့တော့ဘယ်ကနေဘယ်လိုစကားစပြောရမလဲမသိတော့။
နေခြည်တို့သားသမီးကတော့ပျိုးရဲ့အတင်းခေါ်မှု့ကြောင့်သာလိုက်လာခဲ့ရသည်။
ခဏတဖြုတ်လေးအပြင်ကိုဖုန်းထွက်ပြောတာပြန်လာတော့ခြည်လေးနဲ့ပျိုးကမရှိတော့ပဲစားပွဲမှာထိုသူတစ်ယောက်ပဲကျန်ခဲ့တော့သည်။
ပျိုးရဲ့ပြောပြမှု့ကြောင့်သူကလူကောင်းတစ်ယောက်ဆိုတာသိလိုက်ရပါပြီ။အစကတည်းကလည်းလူဆိုးဖြစ်လောက်မယ်လို့လည်းမတွေးထားပါဘူး။သူကနေခြည်အသက်ကိုတစ်ခါကယ်ဖူးတယ်မလား။
နေခြည်သူ့ကိုကြည့်လိုက်မိတဲ့အချိန်ဆိုသူရဲ့အကြည့်ချင်းဆုံးမိသွားတတ်လို့ပြန်ပြန်ပြီးအကြည့်လွဲပစ်ရသေးတယ်။
ဒီလူလူဆိုးမဟုတ်ပေမဲ့သူ့ကိုကြည့်လိုက်ရင်ဘာလို့များစိတ်ထဲတစ်မျိုးခံားနေရတာလဲမသိတော့ဘူး
"မာမီ.."
ဟူး..အခု့မှပဲပြန်လာတော့တယ်..
ခြည်လေးပြေးလာပြီးမာမီ့ဘေးမှာဝင်ထိုင်လိုက်သည်
"ကဲ..မှာပြီးပြီလား.."
"ဟုတ်...မှာပြီးပြီ..ရေခဲမုန့်လည်းပါလာတယ်.."
"ခြည်လေး.."
မာမီ့ရဲ့မျက်စောင်းမြင်တော့ခြည်လေးသနားစရာကြောင်မျက်လုံးလေးနဲ့
"မာမီ..ဒီတစ်ခါထဲပါနော်.."
"ဟုတ်သားပဲ..အမကလည်း..သူစားချင်နေတာ..
တစ်ခါလောက်တော့စားခိုင်းလိုက်ပါ..ဒီတစ်နေ့ပဲကို"
"ဒါပေမဲ့လည်း.."
"နော်..နော်..လုပ်ပါမာမီ.."
နေခြည်ရဲ့အင်္ကျီစကိုဆွဲပြီးချွဲနေသောသူမ့ကိုဘယ်လိုငြင်းနိုင်မှာလဲ။
"ဒါဆို..တစ်နေ့ပဲနော်..အများကြီးမစားရဘူး.."
"ဟုတ်.."
နေခြည်တစ်နေ့ပဲတစ်နေ့ပဲလို့သာပြောတာသူ့သမီးသူနိုင်တာမဟုတ်။ဟိုကချွဲလိုက်ရင်ပျော့ပါသွားတာ။
နေခြည်ရဲ့ပျော့ပြောင်းတတ်တဲ့စိတ်ကအဖေဖြစ်သူအပေါ်တင်မဟုတ်ဘူးသမီးအပေါ်မှာပါမထိန်းနိုင်တာ။
သု့တခြည်လေးရဲ့ချစ်စရာပုံတွေကိုကြည့်ပြီးပြုံးနေမိသည်။
သူ့မှာလည်းဒီလိုကလေးတစ်ယောက်လောက်ရှိရင်ကောင်းမှာပဲ။တစ်ချိန်တုန်းကလည်းသူ့ရဲ့ဘဝမှာဒီလိုကလေးတစ်ယောက်ရှိချင်ရှိခဲ့မှာ။
နှိုးလာခဲ့တဲ့လွန်ခဲ့သောတစ်နှစ်လောက်ကတည်းကအတိတ်ကအကြောင်းဆိုတာဘာဆိုဘာမှမစဥ်းစားနိုင်ခဲ့ဘူး။သူကဘယ်သူလဲ။ဘာလို့ဒီရောက်နေတာလဲ။မိသားစု့ကောရှိလား။ဘာမှမသိရဘူး။
ကြိုးစားသမျှလည်းအလကားပဲ။
ဦးလေးကောင်းနှင့်ပျိုး
လည်းကူညီပြီးမိသားစုတွေကိုရှာပေးပေမဲ့အဆက်အသွယ်မရခဲ့ဘူး။
ပျိုးဦးလေးရဲ့ကျေးဇူးကြောင့်သာအခု့ထိအသက်ရှင်နေသေးတယ်ပြောရမလား။
အဲ့နေ့ကသာသူ့ကိုမတွေ့ခဲ့ရင်လောကကြီးမှာကျွန်တော်ဆိုတာရှိနေမှာမဟုတ်တော့ဘူး။
ဟိုတလောကကားနဲ့တိုက်မိပြီးခေါင်းကိုထိလိုက်တဲ့နောက်ပိုင်းတော့တစ်ခါတစ်လေအမှတ်ပြန်ရသလိုပဲ။
အဖြစ်အပျက်တွေကဆက်စပ်လို့မရအောင်တစ်ခု့နဲ့တစ်ခု့မတူညီဘူး။အိမ်မက်ကိုပြန်အမှတ်ရအောင်ကြိုးစားနေပေမဲ့အခု့ထိတော့မရသေးပေ။
"အကိုထည့်စားလေ.."
"အင်းပါ.."
ပျိုးအိုးထဲကအသားကိုယူပြီးသု့တပန်းကန်ထဲထည့်ပေးလိုက်သည်။သု့တသူမ့ကိုပြုံးပြလိုက်ပြီးအသားတုံးကိုပန်းကန်ထောင့်နားမှာမသိမသာလေးပို့ထားမိလိုက်သည်။
"အမနေခြည်..အမစောစောကတော်တော်လေးလန့်သွားတယ်ထင်တယ်.."
"အင်း..နည်းနည်းပေါ့.."နေခြည်သမီးလေးကိုအသားခွံကျွေးနေစဥ်ပျိုးမေးလိုက်တာကြောင့်ပြန်ဖြေလိုက်ခြင်း
"အဲ့အတွက်တော့ကျွန်တော်တောင်းပန်ပါတယ်ဗျာ."
နေခြည်သူ့ကိုဘာမှပြန်မပြောပဲခေါင်းသာအသာလေးငြိမ့်လိုက်သည်။စောစောကအတွက်တော့စိတ်ထဲသိပ်အခဲမကျေချင်သေး။
"အကိုရယ်..ေစာစောကတည်းကကျွန်တော်ပျိုးကိုလာတွေ့တာလို့ပြောလိုက်တာမဟုတ်ဘူး..အမစိတ်ရှုပ်သွားရပြီ.."
"အကိုလည်းပြောမလို့ပါပဲ..အဲ့ဘက်က"
သု့တသူမကိုတစ်ချက်ကြည့်လိုက်တော့နေခြည်နဲ့အကြည့်ချင်းဆုံးပြီးနေခြည်ချိုခေါင်းကိုအောက်ငုံလိုက်မိသည်။
"ရပါတယ်..အမဘာမှမဖြစ်တော့ပါဘူး..နည်းနည်းတော့လန့်သွားပေမဲ့အခု့အဆင်ပြေသွားပါပြီ.."
"အမအဆင်ပြေသွားပြီဆိုတော့တော်သေးတာပေါ့..အမတို့ကိုပျိုးမိတ်ဆက်ပေးချင်နေတာ..အခု့တော့သိပြီးသားလူတွေဖြစ်သွားပြီပေါ့နော်.."
ပျိုးဘက်ကသာအားရပါးရနဲ့တစ်ချိန်လုံးစကားတွေပြောခဲ့ပြီးနေခြည်ချိုအတွက်ကတော့အနေကျပ်နေမိတယ်။
ဒါကြောင့်ပဲစကားစကိုဖြတ်ပြီးစောစောလေးထပြန်လာခဲ့မိသည်။ပျိုးကိုတော့အားနာမိပေမဲ့နေခြည်ရှေ့ကလူကိုကြည့်မိရင်ရင်ထဲမှာမလိုလားအပ်တဲ့ခံစားချက်တွေရနေသလိုပဲ။သူကြည့်တဲ့အကြည့်တွေကနေခြည်စိတ်ကိုအာနည်းစေတယ်။သူ့ကိုခွန်းပိုင်လို့မှတ်ယူလို့မရပေမဲ့ဘာဖြစ်လို့များတူနေတယ်လို့ထင်နေမိပါလိမ့်နော်။
သု့တအနည်းငယ်သာစားပြီးအမြန်ထွက်သွားသောသားအမိနှစ်ယောက်ကိုကြည့်ရင်းစားပွဲဝိုင်းကပျင်းခြောက်သွားသလိုပဲ။
ပျိုးနဲ့ရင်းနှီးပေမဲ့လည်းတစ်ခါတစ်ခါသူကျွန်တော့်ပေါ်ဆက်ဆံပုံတွေကိုသဘောမကျဘူး။
ပျိုးကျွန်တော်ဆီကတစ်ခု့ခု့ကိုလိုချင်နေသောအကြည့်တွေကိုဘာမှခံစားမရပေမဲ့စောစောကအမျိုးသမီးရဲ့အကြည့်တွေကိုတော့ဘာကြောင့်များရင်ခုန်နေသလိုဖြစ်နေမိပါလိမ့်...
သူမရဲ့အကြည့်ကရိုးရှင်းတယ်ဆွဲဆောင်မှု့တွေမပါဘူးဒါပေမဲ့ဝမ်းနည်းနေသလိုခံစားချက်လေးတော့ရမိတယ်။ဘာကြောင့်များလဲ...သူမ့မှာဘာအကြောင်းတွေရှိနေလို့လဲ...သိချင်မိတာမှားနေပြီလား..
🙈🙈🙈🙈🙈🙈🙈🙈🙈🙈🙈🙈🙈🙈🙈🙈
#မဒီ
ခွန်းပိုင်ကကားတိုက်ခံရပြီးပျိုးဦးလေးရဲ့ကယ်တင်ခြင်းကိုခံခဲ့ရတယ်။အဲ့နောက်ပိုင်းကစပြီးသူ့ကိုသု့တလို့ခေါ်လာတာကြောင့်မဒီလည်းအတိတ်ကိုပြန်မရမချင်းသု့တလို့ပဲသုံးရင်ကောင်းမလားလို့ပါ..
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
Romanceထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...