အချစ်ရက်ပေါင်း၃၆၅ရက်
Season1
အပိုင်း၁၄(ဇာတ်သိမ်းပိုင်း)
"နေခြည်..."
ရတနာအလောတကြီးနဲ့အခန်းထဲကိုဝင်လာသည်။
"ဘာလဲ.."
"နင့်ကိုပြစရာရှိတယ်.."
"ဘာပြမှာလဲ.."
"နင်စိတ်မလှုပ်ရှားသွားနဲ့နော်.စိတ်ကိုအေးအေးထား"
"ဘာဖြစ်တာလဲ..ရင်တုန်လိုက်တာ.."
"နင်စိတ်အေးအေးထားလို့ဆို.."
"အေး..ပြောမှာသာပြော.."
ရတနာမျက်နှာမှာစိုးရိမ်စိတ်တွေကအထင်းသားပေါ်နေသည်။ဘာများဖြစ်တာပါလိမ့်။
"ဒီမယ်ကြည့်.."
နေခြည်ချိုသူလာပြသောဓာတ်ပုံတွေကိုကြည့်လိုက်သည်။ခွန်းပိုင်နဲ့ကြိုးကြာဖြူပုံတွေပဲ။
"ဪ"
"ဟမ်..နင်ဒီပုံတွေမြင်တာဘယ်လိုမှမနေဘူးလား"
နေခြည်ချိုရဲ့တည်ငြိမ်နေသောပုံကြည့်ပြီးရတနာမျက်လုံးပြူးသွားသည်။
"နေခြည်.."
"ဒါငါသိပြီးသားတွေ.."
"သိပြီးသားလားဒါပေမဲ့လည်း..နင်စိတ်မပူဘူးလား..
ခွန်းပိုင်ကကြိုးကြာဖြူနဲ့ဖောက်ပြန်နေတာနော်.."
"သူတို့ကမှတကယ့်ချစ်သူတွေလေ..ငါကကြားလူတစ်ယောက်ပဲဟာ..ဘာစိုးရိမ်ရမှာလဲ.."
"နေခြည်..နင်အဲ့လိုတွေးလို့မှမရတာ..နင်ကကြားလူဖြစ်နေရင်တောင်ခွန်းပိုင်နဲ့နင်နဲ့ကမှလက်ထပ်ထားတာ.သူကနင့်အပိုင်လေဘာလို့သူတို့ကိုလွှတ်ပေးထားနိုင်ရတာလဲ"
နေခြည်ချိုဘာစကားမှမဆို။သူပြောသလိုခွန်းပိုင်ကကျွန်မ့အပိုင်လား။
"နင်ကလေးအတွက်ကောစဥ်းစားဦး..ယောကျ်ားတစ်ယောက်ကိုလွှတ်ပေးမထားနဲ့..နင်ကျန်ရစ်နေလိမ့်မယ်နော်..
"ငါဘာဆက်လုပ်ရမှာလဲ...ခွန်းပိုင်ကငါ့ကိုကတိတွေပေးထားတယ်..သူကြိုးကြာဖြူကိုမချစ်ပါဘူး.."
"နင်တကယ်ထင်နေတာလား..ဒါဆိုသူ့ဒီဓာတ်ပုံတွေကဘာလို့ထွက်လာတာလဲ.."
"မသိဘူး.."
"ကဲ..နင်ဘာဆက်လုပ်မှာလဲ..နင်သူ့ကိုရွေးချယ်နေဦးမှာလား..နင်ခံစားခဲ့ရတာတောင်တော်တော်လေးများနေပြီနော်.."
"ငါသိပါတယ်..ဒါပေမဲ့.."
"နေခြည်.."
"ငါ့ကလေးကကော..သူ့အတွက်အဖေမရှိပဲတစ်သပ်လုံးနေခိုင်းရမှာလား...ငါ့အမှားတွေကငါ့ကလေးကိုလာထိခိုက်နေရင်ဘယ်လိုလုပ်မလဲ..ငါကြောက်တယ်
"ဒါဆို..နင်ကကလေးကိုနောက်ထပ်အမေတစ်ယောက်ရစေချင်လို့လား..မိထွေးခေါ်ခိုင်းမလို့လား.."
"ငါဘယ်လိုလုပ်ရမလဲ..ငါကွာရှင်းရမလား..သူ့ကိုကွာရှင်းပြီးထွက်သွားရမှာလား.."
"အဲ့လိုတော့မလုပ်ပါနဲ့..ငါပြောချင်တာကနင်ခွန်းပိုင်ကိုသေချာထိန်းသိမ်း...ကြိုးကြာဖြူကအယောင်ဆောင်ထားတဲ့မိန်းမယုတ်..ခွန်းပိုင်ဒါတွေကိုမသိသေးလို့နေမယ်...နင်စိတ်ချ..ငါကြိုးကြာဖြူရဲ့အကြောင်းအားလုံးကိုစုံစမ်းမယ်..အဲ့ကျခွန်းပိုင်သူမကောင်းကြောင်းတွေကိုသိပြီးမုန်းသွားမှာ.."
သူတို့ကအတူတူပဲဆိုရင်ကော။ခွန်းပိုင်သိသိရက်နဲ့လုပ်နေတယ်ဆိုရင်ကော။ဘာတတ်နိုင်မှာမို့လို့လဲ။
ရတနာရှေ့ကိုတိုးလာပြီးနေခြည်ချိုမျကရည်တွေကိုသုတ်ပေးသည်။
"မငိုနဲ့နော်..သူငယ်ချင်း..ငါတစ်ယောက်လုံးရှိတယ်..နင်တို့အိမ်ထောင်ရေးကပျက်စီးမခံစေရဘူး..နင်လိုချင်တာအားလုံးငါလုပ်ပေးမယ်..."
နေခြည်ချိုသူမ့ကိုဖက်လိုက်သည်။
ငါနဲ့နေပြီနင်လည်းဒုက္ခရောက်နေရောပေါ့..ရတနာ
..............
နေခြည်ချိုဒီညရှင်မင်းဆက်နဲ့ညစာစားဖို့ပြောထားသည့်အတွက်အိမ်ကနေပြင်ဆင်ပြီးထွက်လာခဲ့သည်။
ခွန်းပိုင်သူလိုက်ပို့မယ်ပြောပေမဲ့လည်းငြင်းဆန်ခဲ့တယ်။
သူပါရင်ပြဿနာတက်လိမ့်မယ်။ရှင်မင်းဆက်ကမနက်ဖြန်သွားတော့မဲ့ဟာသူ့ကိုစိတ်မရှုပ်စေချင်ဘူး။
နေခြည်ချိုကားပါကင်မှာကားရပ်ပြီးစားသောက်ဆိုင်ထဲသို့င်လာခဲ့သည်။
ဟိုကောင်လေးအခု့ထိမရောက်သေးဘူးပဲ။
.......
တဖက်တွင်ခွန်းပိုင်ကြိုးကြာဖြူဆီမသွားဖို့ဆုံးဖြတ်ထားပေမဲ့ဖုန်းကိုတဂွမ်ဂွမ်ဆက်နေတာ။
နောက်ဆုံးတစ်ခေါက်ပဲသွားတွေ့ပြီးအပြတ်ရှင်းခဲ့ရမယ်..
ခွန်းပိုင်အဆင်ပြေသောအင်္ကျီတစ်ခု့ကိုရွေးဝတ်ပြီးပဲထွက်လာခဲ့သည်။
သူနဲ့တွေ့တာအထွေအထူးပြင်စရာမှမလိုတာ။
ခွန်းပိုင်ကြိုးကြာဖြူပို့ပေးသောလိပ်စာအတိုင်းသွားသည်။Goldenဟော်တယ်။ဟော်တယ်ရဲ့အောက်ဆုံးထပ်မှာစားသောက်ဆိုင်ဖွင့်ထားရာလူတော်တော်များများလည်းလာကြသည်။
"ကိုကို.."
ခွန်းပိုင်ကိုမြင်ပြီးကြိုးကြာဖြူပြေးလာကြိုသည်။
"ကိုကို.."
"လာ..ကြိုးကြာဖို့သွားထိုင်ရအောင်. "
"အင်း.."
ကြိုးကြာဖြူထောင့်ကျသောနေရာတစ်ခု့ကိုဘိုကင်လုပ်ထားပြီးသား။ခွန်းပိုင်တို့အဲ့စားပွဲဝိုင်းမှာပဲဝင်ထိုင်လိုက်သည်။
"ကိုကိုဘာစားမလဲ.."
"အဆင်ပြေတာ..ကြိုက်တာမှာလိုက်.."
"အင်း.."
ကြိုးကြာဖြူသူမှာချင်သမျှကိုပျော်ပျော်ကြီးမှာနေလေသည်။
"ဒါပဲ..ဪ..နေဦး..ဝိုင်တစ်ပုလင်းကောချပေးနော်."
"ဟုတ်ကဲ့ပါ.."
ဝိတ်တာလေးထွက်သွားသည့်နှင့်ကြိးကြာဖြူခွန်းပိုင်ဘက်ကိုပြုံးပြီးလှည့်လာသည်။
"ကြိုးကြာသိသားပဲ..ကိုကိုလာမယ်ဆိုတာ..ကိုကိုမိန်းမကကောဘာမှမပြောဘူးလား.."
"ကြိုးကြာ..ခရီးသွားဖို့အတွက်ပြင်ဆင်ပြီးပြီလား.."
ခွန်းပိုင်ရဲ့ရှောင်ရှားပြီးမေးလိုက်သည့်အမေးကြောင့်ကြိုးကြာဖြူစိတ်ညစ်သွားသည်။
"အင်း.."
သူမမှအတည်မသွားမဲ့ဟာဘာလို့ပြင်ဆင်နေရမှာလဲ။
"ဒါနဲ့ကိုကို..ကိုကိုကိုသတိရရင်ကြိုးကြာဖုန်းဆက်မယ်နော်...ကြိုးကြာဖုန်းကိုကိုင်ရမယ်နော်.."
"ကောင်းပြီ.."
ဟင်းပွဲတွေရောက်လာတာနဲ့စကားဝိုင်းကအစပျက်သွားသည်။ကြိုးကြာဖြူအမဲသားစတိတ်စ်ပန်းကန်ကိုခွန်းပိုင်ရှေ့တိုးပေးလိုက်သည်။
"စား.ကိုကိုကြိုက်တယ်မလား.."
"ကျေးဇူး."
ခွန်းပိုင်ဓားနဲ့လှီးပြီးဖဲ့စားနေသည်။ကြိုးကြာဖြူဘေးကဝိုင်ခွက်ထဲဝိုင်ကိုထည့်ပေးပြီးခွန်းပိုင်ရှေ့ချလိုက်သည်။
"ရော့..ကိုကို..ဒါလည်းသောက်.."
"အင်း.."
ခွန်းပိုင်မော့သောက်လိုက်ချိန်ကြိုးကြာဖြူမျက်နှာမှာခပ်ရေးရေးလေးပြုံးလိုက်သည်။
"မင်းဟိုမှာဘာအတန်းတက်မှာလဲ.."
"ကြိုးကြာ..သတင်းမီဒီယာလုပ်ချင်တယ်..အဲ့မေဂျာပဲယူဖြစ်မယ်ထင်တာပဲ.."
"ဪ..ဒါလည်းကောင်းပါတယ်.."
ကြိုးကြာဖြူနောက်တစ်ခွက်ထပ်ထည့်ပြီးခွန်းပိုင်ဆီပေးလိုက်သည်။
"ကိုကို. "
"တော်ပြီ..စောစောကတစ်ခွက်နဲ့တင်မူးချင်နေပြီ..
"ဟုတ်လား..ဪ..ဒါနဲ့ကိုကို..ကိုကိုနဲ့နေခြည်ချိုကောအဆင်ပြေရဲ့လား..ကိုကို့မျက်နှာသိပ်မကောင်းဘူး."
ကြိုးကြာဖြူအသားတုံကိုလှီးနေရင်းပေါ့ပေါ့ပါးပါးမေးလိုက်သည်။
"ဒီလိုပါပဲ..အခု့နောက်ပိုင်းတော့နည်းနည်းအထင်လွဲတာလေးတွေရှိနေတယ်..ဒီလောက်ပါပဲ.."
"ဪ..ကြိုးကြာလေ..ဟိုတစ်မျိုးတော့မထင်နဲ့..ဟိုတစ်နေ့ကနေခြည်ချိုဆီသွားတော့သူအခန်းထဲမှာကောင်လေးတစ်ယောက်တွေ့လိုက်တယ်..အဲ့ဒါဘယ်သူလဲတော့မသိပါဘူး..ဒီအတိုင်းပဲတွေ့မိတာ..သူတို့ကဘာမှတော့မဟုတ်လောက်ပါဘူး.နေခြည်ချိုကအဲ့လိုလုပ်မဲ့လူစားမှမဟုတ်တာ..ဟိုကောင်လေးကပဲဇွတ်ကပ်နေတာနေမှာပါ.."
"ဟင်း.."ခွန်းပိုင်သူ့ဘာသာရှေ့ကဝိုင်ခွက်ကိုယူပြီးသောက်လိုက်သည်။ကြိုးကြာဖြူရဲ့အပြုံးကစောနကထက်ပိုပြီးချိုမြိန်လာပြီ။
"ဒါတောင်သူကငါကိုအထင်လွဲနေတယ်လေ..ကြိုးကြာနဲ့အကိုနဲ့ကဘာမှမဟုတ်တာ..အကိုတို့ကမောင်နှမတွေလိုပဲလို့ပြောပေမဲ့လည်းသူကလက်မခံချင်ဘူး
"သူမမှာအသစ်ရနေတာကောမဖြစ်နိုင်ဘူးလား.."
"မဖြစ်နိုင်ဘူး..ဒါလုံးဝမဖြစ်နိုင်ဘူး..နေခြည်ချိုကအကိုတစ်ယောက်ထဲကိုပဲချစ်ခဲ့တာ..အကိုကလည်းသူ့တစ်ယောက်ထဲကိုပဲချစ်တာ..မကြာခင်ပြဿနာတွေကပြီးသွားမှာပါ. "
ကြိုးကြာဖြူမျက်နှာအနည်းငယ်ပျက်သွား၏။
ဘယ်အချိန်ထိရှင်တို့ချစ်နိုင်ဦးမှာလဲ..ခွန်းပိုင်..သူရှင့်ကိုအခြားမိန်းမတစ်ယောက်နဲ့တူတူအိပ်နေတာမြင်ရင်ကောချစ်နိုင်ဦးမလား..
🤫🤫🤫🤫🤫🤫🤫🤫🤫🤫🤫🤫🤫🤫🤫🤫
"မင်းကောင်မလေးအတွက်သွားမယ်ဆိုတော့မင်းကောင်မလေးကဘာလုပ်တာမို့လို့လဲ.."
"သူကဒီဇိုင်နာဖြစ်ချင်တာ..သူလက်နဲ့ချုပ်သမျှအင်္ကျီတွေကိုကျွန်တော်ပဲဝတ်ချင်တယ်..သူကျော်ကြားလာအောင်ကူညီပေးချင်တယ်.."
"မင်းကအစွဲအလမ်းကြီးပါ့လား.."
"အင်း..ဟုတ်တယ်...သူနဲ့ပက်သက်တာမှပါ.."
ရှင်မင်းဆက်ရဲ့ကိုယ့်ကိုကိုယ်အထင်ကြီးမှု့တွေကိုကြည့်ပြီးနေခြည်ချိုပြုံးလိုက်မိသည်။
"ဒါစားကြည့်..ချိုတယ်..ခင်ဗျားကြိုက်လောက်မယ်"
"အို..ငါကြိုက်မယ်လို့မင်းကဘာလို့ထင်ရတာလဲ.."
"ခင်ဗျားကမိုးမခနဲ့တူလို့လေ..သူကလည်းချိုတာတွေအရမ်းကြိုက်တယ်.."
"မိုးမခ."
"အင်း..အဲ့ဒါကျွန်တော်ချစ်နေတဲ့ကောင်မလေးပဲ..သူနာမည်ကမိုးမခတဲ့..ဘယ်လိုလဲချစ်ဖို့ကောင်းတယ်မလား.."
"အင်း.."
"နောက်ကျခင်ဗျားကိုသူနဲ့မိတ်ဆက်ပေးမယ်..အဲ့ကျခင်ဗျားလည်းသူ့ကိုချစ်သွားမှာသေချာတယ်.."
သူ့ကောင်မလေးအကြောင်းပြောရင်ပြုံးနေတတ်တဲ့ရှင်မင်းဆက်။ဪဪသူဘယ်လောက်များချစ်နေမိတာပါလိမ့်။
မိုးမခမင်းသိပ်ကံကောင်းတာပဲ။
"ခင်ဗျားကော..ခွန်းပိုင်ကိုချစ်လား.."
ရှင်အင်းဆက်အအေးသောက်ရင်းပေါ့ပေါ့ပါးပါးမေးလိုက်ပေမဲ့တစ်ဖက်နေခြည်ချိုအတွက်တေည့အခက်တွေ့သား။
"အင်း..ချစ်တာပေါ့..."
"ဟုတ်လောက်မယ်..ခင်ဗျားမျက်လုံးတွေကသူ့ကိုတကယ်ချစ်တယ်ဆိုတာဖော်ပြနေတယ်..ကျွန်တော်ကြည့်တဲ့အကြည့်နဲ့သူ့ကိုကြည့်တဲ့အကြည့်လုံးဝကိုကွဲပြားနေတာပဲ.."
"ဟုတ်လား.."နေခြည်ချိုသူမကိုယ်သူမတောင်အဲ့လိုကြည့်နေမိမှန်းမသိဘူး။
"တီ..🎶🎶🎶🎶🎶🎶🎶🎶"
"ခဏနော်.."
နေခြည်ချိုဖုန်းကိုကိုင်လိုက်သည်။
"ဟယ်လို.."
"ဟယ်လို..နေခြည်ချိုလား.."
"ကြိုးကြာဖြူ.."
"ငါ့အသံကိုမှတ်မိသားပဲ.."
"နင်ဘာလို့ဖုန်းဆက်တာလဲ... "
"အို..စိတ်အေးအေးထားပါ..ငါကကိုကို့ကိုလာခေါ်ဖို့ဖုန်းဆက်လိုက်တာ..သူအရက်တွေအရမ်းမူးနေတယ်..ငါ့ဆီကမပြန်ဘူးချည်းဇွတ်လုပ်နေလို့နင့်ကိုအကူအညီလှမ်းတောင်းလိုက်ရတာ.."
"ဘာပြောတယ်.."
နေခြည်ချိုဒေါသထွက်ပြီးမတ်တပ်ရပ်လိုက်သည်။
ရှင်မင်းဆက်ကြောင်တောင်တောင်လေးနဲ့ကြည့်နေမိသည်။
"စိတ်အေးအေးထားပါဆို..နင့်ဗိုက်ထဲကကလေးလည်းဂရုစိုက်ဦးလေ..ကိုကိုကလေ..အခု့တလောစိတ်ညစ်နေတယ်ထင်တယ်..နင်ကတော်တော်လေးကပ်တွယ်နေလို့တဲ့..နင်ဘာတွေစိတ်ဆင်းရဲအောင်လုပ်ထားတာလဲ..ကိုကိုကနင့်ကိုရွေးချယ်ခဲ့တာတောင်နင်ကလုပ်ရက်တယ်နော်..အခု့ကိုကိုကနင့်ကိုစိတ်ရှုပ်လို့ငါ့ဆီလာလာနေတာ..ငါလည်းသူပင်ပန်းနေတာကိုမကြည့်ရက်လို့ခေါ်ထားမိလိုက်တယ်.."
"ကြိုးကြာဖြူ..နင့်ပြောစကားကိုငါယုံမယ်ထင်နေတာလား...အဟင့်..စိတ်တော့မကောင်းဘူး..ငါခွန်းပိုင်ကိုယုံတယ်...သူကဘယ်တော့မှဒီလိုလုပ်မှာမဟုတ်ဘူး"
"အို...နင်တော့အလိမ်ခံရပြီ..ကျွတ်ကျွတ်ကျွတ်..နင်မယုံဘူးဆိုလည်းငါဆက်မပြောတော့ဘူး..ဒါပေမဲ့ကိုကိုကိုလာကြည့်ချင်ရင်တော့ငါနေရာပို့ပေးလိုက်မယ်"
"ဟင်း.."
"ဒါပဲနော်..နင့်ခွန်းပိုင်လေးကိုဆက်ယုံထားလိုက်...ဘိုင့်ဘိုင်..ကိုကို..ကြိုးကြာဖုန်းပြောနေတယ်လေ..ဘယ်လိုတွေဖြစ်နေတာပါလိမ့်"
"နင်.."
နေခြည်ချိုချွဲနွဲ့နေသောကြိုးကြာဖြူအသံကြောင့်မျက်မှောင်ကြုတ်လိုက်၏။
ပြီးနောက်ဖုန်းကိုချပြီးခုံပေါ်ပြန်ထိုင်လိုက်သည်။
"ဟူး...ဟူး.."
"ရရဲ့လား..ဒီမှာရေသောက်လိုက်ဦး.."
နေခြည်ချိုရေတစ်ခွက်ကိုမော့သောက်လိုက်သည်။
"ဘာဆက်လုပ်မလဲ..သူပြောတဲ့နေရာကိုသွားမလား"
"မသွားဘူး..သူကကလိမ်ကကျစ်မ..သူပြောတာယုံရမှာမဟုတ်ဘူး..."
"သေချာလို့လား..ခင်ဗျားယောကျ်ားကိုချစ်တာတော့ဟုတ်ပါပြီ..ဒါပေမဲ့အန္တရယ်ကိုတော့မစဥ်းစားလို့မရဘူးလေ..သူပြောတဲ့အတိုင်းဖြစ်နေရင်ဘယ်လိုလုပ်မလဲ.."
နေခြည်ချိုသူပြောစကားကိုစဥ်းစားနေမိသည်။
တကယ်ပဲခွန်းပိုင်ကအဲ့လိုလုပ်လောက်ပါ့မလား
နေခြည်ချိုဖုန်းကိုဖွင့်ပြီးခွန်းပိုင်ကိုဖုန်းဆက်လိုက်သည်။
ဖုန်းကဝင်သွားပေမဲ့မကိုင်ဘူး။နေခြည်ချိုသုံကြိမ်မြောက်အထိခေါ်ခဲ့တယ်။
ခွန်းပိုင်ရယ်ရှင်ကိုင်စမ်းပါ..ကျွန်မ့ကိုစိတ်ဆင်းရဲအောင်မလုပ်ပါနဲ့..ခွန်းပိုင်ကိုင်လို့...
နေခြည်ချိုစိုးရိမ်တကြီးနဲ့ဖုန်းကိုအကြိမ်ကြိမ်ဆက်ခဲ့ပေမဲ့သူဘက်ကတော့တုန့်ပြန်မှု့ပြန်မလာခဲ့ပေ။
နေခြည်ချိုဖုန်းထဲကိုဝင်လာသောမက်ဆေ့ချ်ကြောင့်နှလုံးခုန်သံတွေမြန်တာထက်ပိုမြန်လာပြီ။
နေခြည်ချိုဖုန်းကိုကြည့်ပြီးငြိမ်နေတာကြောင့်ရှင်မင်းဆက်လှမ်းကြည့်လိုက်မိသည်။
Golden hotel အခန်းNo.12
"အဲ့ဟော်တယ်ကဒီနားလေးမှာပဲ..သွားချင်လား.."
နေခြည်ချိုဆုံးဖြတ်ရခက်နေပြီ။ခွန်းပိုင်ကိုယုံပေမဲ့ဦးနှောက်ကတော့သွားကြည့်ခိုင်းနေတယ်။
...............
နေခြည်ချိုဟော်တယ်အရောက်ခြေလှမ်းတွေကနှေးကွေးနေပြီ။ဆက်မလျှောက်နိုင်လောက်အောင်ပဲ။
သို့သော်ခွန်းပိုင်ကိုယုံကြည်ပေးဖို့အတွက်သွားရမယ်။
နေခြည်ချိုစိုးရိမ်စိတ်တွေနဲ့ဟော်တယ်ထဲကိုဝင်လာပြီ
နေခြည်ချိုထိုအရာကတကယ်မဖြစ်ပါစေနဲ့လို့အကြိမ်တစ်ထောင်လောက်ကိုဆုတောင်းနေပြီးပြီ။
No.12
နေခြည်ချိုအခန်းရှေ့ကိုရောက်လာသည်နှင့်မျက်ရည်တွေကဒလဟောစီးကျနေ၏။
တံခါးကိုဖွင့်ပြီးဝင်သွားဖို့သတ္တိမရှိဘူး။ခွန်းပိုင်ကိုအခြားတစ်ယောက်နဲ့တွေ့ရတာသူမ့ရင်တွေအစိတ်စိတ်အမွှာအမွှာကွဲကြေသွားလိမ့်မယ်။
တံခါးကိုအနည်းငယ်ဖွင့်ဝင်သွားဖို့လုပ်လိုက်ချိန်
"ကိုကို...ဇွတ်မလုပ်နဲ့လေ..တော်ကြာ..နေခြည်ချိုလာရင်မကောင်းဘူးနော်..ကိုကို.."
"အွင်း..."
နေခြည်ချိုလဲကျတော့မတ်ခြေထောက်တွေကိုမထိန်းနိုင်တော့သည့်အခါရှင်မင်းဆက်သူမ့ကိုကူပေးထားသည်။
"ကိုကို..ကြိုးကြာတို့စောစောကလေးတင်ပြီးသွားတာကို..နောက်ထပ်ထား..ကိုကိုသိပ်ဆိုးတာပဲနော်..ကြိုးကြာကိုလည်းအနားပေးဦးလေ.."
"အွင်း.."နေခြည်ချိုသူတို့စကားတွေကိုဆက်နားထောင်ဖို့အင်အားမရှိတော့ပေ။
"ရလား.."
"အဲ့ဒါခွန်းပိုင်မဟုတ်လောက်ပါဘူးနော်.."
"ကိုကို.. .အား...အား..ဖြည်းဖြည်း.."
"ချစ်တယ်.."
"ကြိးကြာလည်း..ကိုကို့ကိုချစ်တယ်...အား..ကိုကို"
နေခြည်ချိုအတွင်းကအသံတွေကြားပြီးပိုပြီးကွဲကြေသွားသည်။
ခွန်းပိုင်မဟုတ်ဘူးလို့ငြင်းဆန်နေပေမဲ့အဲ့အသံကခွန်းပိုင်အသံပဲလေ။သူမ့ငြင်းဆန်နေလို့မှမရတော့တာ။
ရှင်လုပ်ရက်တယ်နော်..ရှင့်ကိုကျွန်မ့မုန်းတယ်..
"ခင်ဗျားဘာလုပ်မလဲ..အထဲကိုဝင်မလား.."
"ဟင့်အင်း..ကျွန်မ့ပြန်မယ်.."
နေခြည်ချိုခါးကိုပြန်မတ်လိုက်သည်။
"ခင်ဗျား.."
ရှင်မင်းဆက်သူ့ရဲ့အပြောင်းအလဲမြန်သောစိတ်ကိုနားမလည်တော့ဘူး။
မိန်းမတစ်ယောက်သူယောကျ်ားဖောက်ပြန်နေတာတွေ့ရင်သွားပြီးသောင်းကျန်းပစ်မယ်ထင်ထားတာ။အခု့တော့ပြန်မယ်တဲ့လား။
"ပြန်မယ်လို့.."
"ဪ..ဟုတ်ပါပြီ.."
နေခြည်ချိုထွက်သွားသည့်နောက်ရှင်မင်းဆက်လိုက်သွားသည်။
"ဟယ်လို..ရတနာ.."
"နေခြည်ပြော.."
"ငါ့ကိုအခု့ချက်ချင်းCနိုင်ငံသွားမယ့်လေယာဥ်ချိတ်ပေး..မရရအောင်လုပ်ပေး."
"ဘာဖြစ်လို့လဲ.."
"အခု့လုပ်ဆိုလုပ်လိုက်..ဖြစ်နိုင်ရင်ငါနောက်တစ်နာရီဆိုထွက်သွားမယ်.."
"နေခြည်.."
"ရတနာ..ငါဆက်မပြောချင်ဘူးနော်..ငါ့ကိုမြန်မြန်လုပ်ပေး.."
"အေးအေး.."
ရှင်မင်းဆက်သူမရဲ့စိတ်ကိုနားမလည်တော့ပေ။
"ခင်ဗျားဘာလုပ်မလို့လဲ.."
"ငါထွက်သွားမယ်...ဒီလိုနေရာမျိုးမှာအပင်ပန်းခံပြီးမနေနိုင်တော့ဘူး...ငါအရမ်းကိုနာကျင်နေပြီ.."
"ဒါဆို..ကျွန်တော်နဲ့လိုက်ခဲ့မလား.."
"ကောင်းပြီ.."
ဒီလိုနေရာမျိုးမှာနေရတာထက်စာရင်ကျွန်မ့သူစိမ်းတစ်ယောက်နောက်ပဲလိုက်သွားမယ်။
နေခြည်ချိုအဝတ်အစားတွေသိမ်းပြီးကွာရှင်းစာချုပ်ကိုခွန်းပိုင်ရဲ့စာကြည့်ခန်းထဲမှာထားခဲ့သည်။
သူနဲ့ပက်သက်သမျှဘာမှမသယ်သွားဘူး။
လက်ဝတ်လက်စားငွေကြေးအားလုံးကနေခြည်ချိုရှာထားသည့်အရာတွေပဲယူဆောင်သွားခဲ့သည်။
သူမလူတိုင်းအားကျလိုချင်ကြသည့်ခွန်းပိုင်ရဲ့မိန်းမရထူးကနေနှုတ်ထွက်လိုက်ပြီ။
ကျွန်မတို့အတူရှိခဲ့တဲ့အိမ်လေးကရှင်တို့နှစ်ယောက်အတွက်နောက်ထပ်ပျော်စရာဖြစ်နေမလား။
ဒုတိယလူဖြစ်နေရတဲ့ဘဝကဘယ်လောက်တောင်နာကျင်ခံစားရသလဲဆိုတာရှင်မသိလောက်ပါဘူး။
ရှင့်ရဲ့မပြတ်သားမှု့တွေကျွန်မအဝေးကိုထွက်သွားပေးဖို့လှုံဆော်နေတယ်။
ခွန်းပိုင်ကျွန်မရှင့်ကိုမမုန်းဘူး။သိပ်ချစ်တယ်..
ဒါဟာအမှန်ပြောတာ။
ရှင်လိုလူကိုသိပ်ချစ်လွန်းလို့ကျွန်မ့ထွက်သွားမယ်။
ရှင်လူနှစ်ယောက်ကြားထဲမှာအခက်တွေ့နေရတာပင်ပန်းရောပေါ့။
ရှင်ပျော်အောင်နေပါ။ကျွန်မ့တို့ရဲ့ကလေးကိုအကောင်းဆုံးစောင့်ရှောက်ပေးမယ်...
ရက်ပေါင်း၃၆၅ရက်အတူနေပေးမယ်လို့ပြောခဲ့ပေမဲ့ကတိမတည်နိုင်တော့တဲ့အတွက်စိတ်မကောင်းပါဘူး
ကျွန်မ့လည်းအရမ်းနာကျင်နေပြီ....အစကတည်းရှိမနေသင့်သောလူပိုတစ်ယောက်ကအလိုက်သတိပဲထွက်သွားပေးမယ်..ရှင်ပျော်ရွှင်ပါစေ
နေခြည်ချိုနဲ့ခွန်းပိုင်ရဲ့အချစ်ရက်ပေါင်းလေးကတော့၃၆၅ရက်တောင်မပြည့်သွားပါလား
🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺🥺
#မဒီ
ကဲ..အခု့တော့Season1လေးကendသွားပြီ
နောက်ထပ်season2ကတော့မဒီသေချာမပြောနိုင်သေးဘူး။ဘာလို့ဆိုမဒီကျောင်းပြန်ဖွင့်ပြီမို့။ဒီဘက်ကိုအချိန်ပေးနိုင်မယ်မထင်ဘူး။ကြားထဲမှာအားခဲ့ရင်တော့မဒီရေးဖြစ်အောင်ရေးမယ်
မဒီကိုအားပေးခဲ့တဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်။
commentကိုနှစ်ခု့သုံးခုလောက်ရေးပေးတဲ့သူ့ကိုအရမ်းကိုကျေးဇူးတင်ပါတယ်လို့။သူ့ကြောင့်ပဲမဒီဆက်ရေးဖြစ်ခဲ့တာ။သူ့ကိုသတိရနေပါ့မယ်။😘
အခြားသူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။
မဒီ့စာတွေကသိပ်မကောင်းပေမဲ့ဖတ်ပေးကြတယ်။
မဒီ့မှာရေးထားတာတွေကတော့အများကြီးပါ။ဖတ်ကြပါ့မလားစိုးရိမ်လို့မတင်ပေးဖြစ်တာ။
ခွန်းပိုင်ကိုလည်းသိပ်မမုန်းကြပါနဲ့။သူကနေခြည်ချိုကိုတော့သိပ်ချစ်တာပါ။😍
အရာအားလုံးမှာလျို့ဝှက်ချက်လေးတွေရှိနေတတ်
တယ်။🤫
ဒါဆိုမဒီတို့နောက်ကျပြန်တွေ့ကြမယ်။ဘိုင့်ဘိုင်❤❤
#မဒီ
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
Romanceထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...