အချစ်ရက်ပေါင်း၃၆၅ရက်(season2)
အပိုင်း၂
နေခြည်..သမီးလေးကိုကျောင်းစောစောပို့ပေးခဲ့ပြီးဆေးရုံကိုတန်းလာခဲ့သည်။
ဆေးရုံတက်နေသောထိုသူအတွက်ပန်းခြင်းတစ်ခြင်းတော့ဝယ်လာခဲ့တာပဲ။အဆင်ပြေလောက်မှာပါ။
"ဟို..မနေ့ကကားတိုက်ပြီးရောက်လာတဲ့လူနာအခန်းကဘယ်အခန်းလဲမသိဘူး.."
"မနေ့ကကလေးကိုကယ်ရင်းရောက်လာတဲ့သူလား"
"ဟုတ်ကဲ့သူပဲ.."
"နာမည်ကသု့တလား.."
"ဟမ်..ဟုတ်ပါတယ်.."
နေခြည်သူ့နာမည်ကိုမသိသေးပေမဲ့မနေ့ကရောက်လာတာဆိုတော့သူပဲမှန်လောက်မှာပါ။
"သူကအခန်းနံပါတ်၁၂၀..ခုတင်နံပါတ်က၁၀..ဒီကနေ့တက်သွားရင်ဒုတိယအထပ်မှာ"
"ဟုတ်..ကျေးဇူးတင်ပါတယ်"
နေခြည်သစ်သီးခြင်းကိုဆွဲပြီးအပေါ်ထပ်ကိုတက်လာခဲ့သည်။
ဓာတ်လှေကားအထွက်ဘေးဘက်ကိုကွေ့လိုက်ရင်ဟောခန်းလိုအခန်းတစ်ခု့ကိုတွေ့ရသည်။
ထိုအခန်းမှာလူနာဆယ်ယောက်လောက်ရှိမယ်။
နေခြည်ချိုအခန်းနံပါတ်ကိုကြည့်လိုက်တော့၁၂၀။ဒီအခန်းပဲ။
နေခြည်တံခါးကိုဖွင့်ပြီးဝင်သွားခဲ့သည်။ပြေးလာတဲ့ကလေးနဲ့တောင်တိုက်မိတော့မလို့။
လူနာဆယ်ယောက်အဆောင်ဆိုတော့လူနာစောင့်တွေကလည်းပေါသလား။
နေခြည်ချိုကုတင်နံပါတ်တွေလိုက်ဖတ်ရင်းနောက်ဆုံးတော့တွေ့ပြီ။ထောင့်ကျသောနေရာမှာရှိနေသောကုတင်။ထိုပေါ်မှာလူတစ်ယောက်အိပ်ပျော်နေသည်။
ဟုတ်ပါ့။ထိုသူပဲ။မနေ့ကတွေ့ခဲ့တဲ့သူ။
နေခြည်ချိုသူ့ကုတင်ဘေးကကခုံပေါ်ကိုခြင်းတောင်းကိုတင်လိုက်သည်။
အိပ်ပျော်နေတာနဲ့တူတယ်..အဆင်ပြေနေတာပဲ
ခေါင်းမှာပတ်တီးစည်းထားပြီးလက်ကလည်းကျိုးသွားတာကြောင့်ကျောက်ပတ်တီးစည်းထားရသေး
သည်။
နေခြည်ကုတင်ဘေးကခုံမှာထိုင်ဖို့လုပ်လိုက်ချိန်ထိုသူနှိုးသွားတဲ့ပုံပဲ။
အနည်းငယ်လှုပ်သွားပြီးမျက်လုံးဖွင့်လာရာသူ့ကိုကြည့်နေသာသူမ့ရဲ့မျက်ဝန်းတွေနဲ့စုံသွားလေသည်။
ဒီစိတ်ရှုပ်ဖို့ကောင်းတဲ့မျက်ဝန်းတွေကဘာလဲ..ငါတွေးလိုက်တာမဟုတ်လောက်ပါဘူး
နေခြည်ချိုရင်းနှီးနေသော
မျက်ဝန်းတစ်စုံကြောင့်ခြေလှမ်းကိုနောက်ပြန်ဆုတ်မိသွားသည်။
မဖြစ်နိုင်ပါဘူးဟ..ငါလျှောက်တွေးမိနေတာပဲနေမယ်
နေခြည်စိတ်ကိုအေးအေးထားလိုက်သည်။
ဘယ်ဖြစ်နိုင်မလဲ..သူကအဝေးကြီးမှာ..သူ့လိုလူလိမ်တစ်ယောက်မဟုတ်လောက်ပါဘူး..
နေခြည်ချိုဘယ်လောက်ပဲမဟုတ်ဘူးငြင်းနေပါစေသူရဲ့စူးရှပြီးတောက်ပသောအကြည့်ကတော့ပြောင်းလဲပေ။
လွန်ခဲ့သောငါးနှစ်ကမြတ်နိုးဖူးသောမျက်ဝန်းတစ်စုံ။
မျက်ခုံးမွှေးထူထူရယ်ကြည်လဲ့နေသောမျက်လုံးရယ်။
သူ့ကိုစွဲလမ်းခဲ့မိတာဒီမျက်လုံးတစ်စုံကြောင့်လည်းပါတယ်။
နေခြည်ချိုလက်ဖဝါးနဲ့သူ့ရဲ့မျက်နှာတစ်ဝက်ကိုအုပ်ကြည့်တော့မှတကယ့်ကိုအဖြေကတူနေတာပဲ။
နေခြည်ရဲ့ထူးဆန်းသောအမူအရာတွေကိုတော့ထိုသူကကြည့်နေဆဲ။
"ခွန်းပိုင်.."
နေခြည်ရဲ့အတိတ်ဆိုးတွေအိမ်မက်ဆိုးတွေကအတွေးထဲကိုအလုံးအရင်းနဲ့ဝင်ရောက်လာခဲ့သည်။
အတိတ်ကနာကျင်ရခဲ့သောခံစားမှု့တွေကိုထက်မခံစားနိုင်တော့ဘူး။
နေခြည်ချိုပိုက်ဆံအိတ်ကိုအမြန်ယူလိုက်ပြီးသူ့အနားကနေပြေးထွက်သွားခဲ့သည်။
သူနဲ့မတွေ့ချင်ဘူး..ဘယ်တော့မှပြန်မတွေ့ချင်ဘူး..
ကျွန်မ့ရှင့်ကိုမုန်းတယ်..
ကုတင်ပေါ်ကထိုသူမျက်စိရှေ့မှာတင်အလန့်တကြားနဲ့ထွက်သွားသောမိန်းကလေးကိုမတားနိုင်လိုက်ပေ။
ထိုမိန်းကလေးကကောဘာလို့များသူ့ကိုမြင်ပြီးအလန့်တကြားထွက်ပြေးသွားရတာလဲ။
ငါ့ဆီလူနာလာမေးတာလား..သူကဘယ်သူလဲ..
ငါဝင်ကယ်ပေးလိုက်တဲ့သူမလား..
နေဦး..ငါ့ရင်ဘတ်ကသူ့ကိုမြင်လိုက်တာနဲ့ဘာလို့
အသက်ရှုနှုန်းတွေမြန်လာရတာလဲ...
သူ့ရင်ဘတ်ကိုဖိရင်းအသက်ဝဝရှုလိုက်သည်။
ဟူး..ဟူး..ဘယ်လိုခံစားချက်ကြီးလဲကွာ..
........
နေခြည်ချိုဆေးရုံကနေအမြန်ပြေးထွက်လာခဲ့တာ
တက္ကစီပေါ်ကိုဘယ်လိုရောက်လာမိလိုက်လည်းမသိ။
"ဟူး...ဟူး.."
"ညီမဘယ်သွားမလဲ.."
"ဟူး..ဟူး..ဪ.. မြို့မစျေးနားကရုပ်ရှင်ရုံရှေ့"
"ဟုတ်ပြီ..ကားခကငါးထောင်ကျမယ်နော်..ညီမ"
"ရတယ်..ရတယ်..မြန်မြန်သာမောင်း.."
နေခြည်ချိုကားပေါ်ရောက်တဲ့အထိအမောမပြေ။
သူကဘယ်လိုလုပ်ရောက်လာတာလဲ။
မဖြစ်နိုင်ဘူး..အခု့ချိန်လောက်ဆိုမြို့မှာအလုပ်ရှုပ် ေနေလောက်တာမလား..အလုပ်ကိစ္စကြောင့်ရောက်လာတာလား..မဖြစ်ဘူး..
သူပုံစံကအရင်နဲ့မတူတာတော့အမှန်ပဲ။
နေခြည်ပဲအထင်လွဲသွားတာများလား။
ဒီလောက်ချမ်းသာသည့်သူကအခု့လိုဆင်းရဲသားပုံစံမျိုးဖြစ်နေတာမဟုတ်လောက်ပါဘူး။
နောက်ပြီးခွန်းပိုင်ကYမြိ ု့မှာလေ။သူလိုလူတစ်ယောက်နယ်မြို့မှာဒီလိုဝတ်စားပြီးဒီလိုပုံစံဆိုတာတော့လုံးဝမဖြစ်နိုင်ဘူး။
အဟား..နေခြည်မစဥ်းစားမိပဲအမြန်ပြေးထွက်လာမိတာဟိုလူတစ်မျိုးထင်လောက်မလား။
ဒါပေမဲ့ပြန်စဥ်းစားပြန်ရင်လည်းအဲ့မျက်ဝန်းတစ်စုံကိုမှတ်မိနေတယ်။သူကခွန်းပိုင်ပဲ။
အရင်လိုခံစားချက်တွေဖော်မပြတဲ့အကြည့်။
"ဟာ..ရူးတော့မှာပဲ"နေခြည်ချိုစိတ်ရှုပ်ပြီးသူမ့ဆံပင်တွေကိုဖွပစ်လိုက်သည်။
"ဒီအရူးကောင်..ငါ့ကိုရူးနေအောင်လုပ်နေတာပဲ.."
"ဗျာ.."
ေရှ့ခေါင်းကကားဆရာနေခြည့်ကိုအလန့်တကြားနှင့်လှည့်ကြည့်လေသည်။
"ဪ..အကို့ကိုပြောတာမဟုတ်ဘူး..မောင်းမှာသာမောင်း.."
"ဪ..မသိပါဘူး.."
ကားဆရာအမြန်မောင်းလာခဲ့ရသည်။
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
Romanceထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...