အချစ်ရက်ပေါင်း၃၆၅ရက်
အပိုင်း၁၇
"ပျိုး..အမတို့မုန့်ကိုဟိုဘက်ခြံပေးပြီးပြီလား.."
"မပေးရသေးဘူးအမ.."
"ဒါဆို.အမသွားပေးလိုက်မယ်..ခြည်လေးကိုကြည့်ပေးထားဦး.."
"ဟုတ်ကဲ့.."
နေခြည်..ဒီကနေ့ခြည်လေးမွေးနေ့ဖြစ်သည်နှင့်အညီအိမ်မှာပဲမုန့်လုပ်စားပြီးဘေးအိမ်တွေကိုပဲလိုက်ဝေလိုက်သည်။
"အန်တီမျိုး. အန်တီမျိုး."
"ဟေ့..လာပြီ.."
အိမ်ထဲမှာခပ်ဝဝအန်တီကြီးတစ်ယောက်ထွက်လာလေသည်။
"ဪ..ခြည်လေးအမေ..ဘာများဖြစ်လို့လဲ.."
"မဟုတ်ပါဘူး..ဒီနေ့ခြည်လေးမွေးနေ့လေ..အဲ့ဒါမုန့်လာပို့ပေးတာပါ.."
"အို..ဘာလို့လာပို့နေတာလဲ..ပင်ပန်းအောင်လို့."
"ရပါတယ်..အိမ်မှာလုပ်စားဖြစ်တာလေးပါ..ဒီမှာ.
အန်တီ"
"ကျေးဇူးပဲကွယ်..လာအိမ်ထဲဝင်ထိုင်ဦး..အန်တီချိုင့်သွားလှယ်ပေးမယ်.."
"မထိုင်တော့ပါဘူး..ဟိုဘက်အိမ်သွားပို့လိုက်ဦးမယ်..အပြန်ကျမှဝင်ယူလိုက်မယ်.."
"အေးပါ..အေးပါ..ကျေးဇူးနော်..ညနေ့ကျကလေးအတွက်လက်ဆောင်လာပို့ရဦးမယ်.."
"ဟုတ်ကဲ့..ဒါဆိုသွားလိုက်ပါဦးမယ်.."
နေခြည်မုန့်တွေအိမ်စေ့လိုက်ပို့ပြီးနောက်အိမ်ကိုပြန်လာခဲ့သည်။
"ဟီး..ဟီး..ဟား..."
နေခြည်ချို.အိမ်အတွင်းမှခြည်လေးရဲ့ရယ်သံကြောင့်ပြုံးလိုက်မိသည်။
ဒီကလေးမဘာတွေများဒီလောက်ထိသဘောကျနေတာလဲ။
နေခြည်ခြံတံခါးကိုပိတ်ပြီးအိမ်ထဲသို့ဝင်လာခဲ့သည်။
"ဒယ်ဒီ..မီးလေ"
"ခွန်းပိုင်.."
ခွန်းပိုင်ပေါင်ပေါ်တွင်ကျကျနနနှင့်ထိုင်ပြီးစကားပြောနေသောခြည်လေးကိုမြင်လိုက်ချိန်အပြေးအလွှားနှင့်သွားကာသမီးဖြစ်သူကိုဆွဲခေါ်လိုက်သည်။
"ရှင်ဘာလာလုပ်တာလဲ..ရှင့်ကိုပြန်မလာနဲ့လို့ပြောထားတယ်မလား..."
"ကိုယ်အမှားတွေပြန်ပြင်ဖို့လာခဲ့တာပါ..မင်းနဲ့သမီးလေးနားမှာတသက်လုံးနေဖို့ကိုယ်ပြန်လာခဲ့တာ.."
"မလိုဘူး..ကျွန်မ့မလိုဘူးလို့ပြောထားတယ်မလား..ရှင်လာလည်းအခြေအနေကဘာမှထူးမှာမဟုတ်ဘူး..ကျွန်မနဲ့ခြည်လေးကအဆင်ပြေတယ်..ရှင့်ကိုမလိုအပ်ဘူး..ကဲ..သွား..အခု့ချက်ချင်းထွက်သွားချည်.."
"မိန်းမ..ကိုယ်.."
"ကျွန်မ့ရှင့်မိန်းမမဟုတ်တော့ဘူး..အဲ့လိုလာမခေါ်နဲ့..ကျွန်မ့တို့ကွာရှင်းပြီးသား.."
"ကိုယ်ကွာရှင်းစာချုပ်မှာလက်မှတ်မထိုးခဲ့ဘူး.."
"ဘာ.."
"ဟုတ်တယ်..မင်းကိုယ့်ကိုပေးခဲ့တဲ့ကွာရှင်းစာချုပ်ကမရှိတော့ဘူး..ကိုယ်ဖြဲပစ်လိုက်ပြီ.နောက်ပြီးကိုယ်မင်းကိုဘယ်တော့မှကွာရှင်းပေးမှာမဟုတ်ဘူး.."
"ရှင်ယုတ်မာလှချည်လား.."
"ကိုယ်ချစ်တဲ့သူအတွက်လုပ်တာပဲယုတ်မာတယ်လို့မခေါ်ပါဘူး.."
ခွန်းပိုင်.နေခြည်ချို့ပါးကိုညစ်ပစ်ဖို့ကပ်လာပေမဲ့နေခြည်သူ့လက်ကိုပုတ်ချလိုက်သည်။
"ခွန်းပိုင်.."
"မင်းတော်တော်လေးစွာလာတယ်..ပိုပြီးလည်းချစ်ဖို့ကောင်းလာတယ်.."
ကလေးရှေ့တောင်မရှောင်ပဲပြောနေသောသူ့ကြောင့်နေခြည်မျက်နှာကြီးပူထူလာသည်။အရှက်မရှိတဲ့သူ။
"ရှင်ကလေးရှေ့ဘယ်လိုတွေပြောနေတာလဲ..တော်ကြာအထင်လွဲကုန်မယ်..ရှင်မရှက်ဘူးလား.."
"ဟင်..မာမီနဲ့ဒယ်ဒီစကားပြောတာပဲ..သမီးလေးငနားလည်ပါတယ်.."
"ဘာဒယ်ဒီလဲ..ရှင့်ကသူ့အဖေမဟုတ်ဘူး..နေယက်ပြီးခြည်လေးကလည်းလက်ခံမှာမဟုတ်ဘူး.."
"ဒယ်ဒီ.."ပြောမဆုံးခင်ခြည်လေးမာမီလက်ကိုလွှတ်ပြီးခွန်းပိုင်ဆီပြေးကပ်တော့သည်။
"ခွန်းနေခြည်ချို.."
ခွန်းပိုင်ပွေ့ချီတာကိုပျော်ပျော်ကြီးလက်ခံလိုက်တာကြောင့်နေခြည်ချိုဒေါသပိုထွက်လာမိသည်။
"နင်ဘာလုပ်တာလဲ..အဲ့ဒါလူဆိုးဆိုနင့်ဒယ်ဒီလို့မှတ်ဦးမှာလား..အခု့ချက်ချင်းပြန်လာခဲ့"
"မလာဘူး.ဒယ်ဒီကလူဆိုးမှမဟုတ်တာ..နော်ဒယ်ဒီရယ်.."
"ဟုတ်တယ်..ဒယ်ဒီကလူဆိုးမှာမဟုတ်တာ..သမီးမာမီကဘာတွေစိုးရိမ်နေတာလဲမသိပါဘူး.."
ဒယ်ဒီ..ဒယ်ဒီနဲ့ကြားရတာတော်တော်လေးစိတ်ကုန်လာပြီ။ဘယ်ချိန်ကစည်းရုံးလိုက်တာလဲ။
"ခြည်လေး..မာမီအကောင်းပြောနေတာနော်..အခု့ချက်ချင်းဆင်းလာခဲ့စမ်း.."
နေခြည်ချို၏စူးရှတောက်ပနေသောမျက်လုံးတွေကြောင့်ခွန်းပိုင်ကောခြည်လေးပါ ငြိမ်သွားသည်။
"ဒယ်ဒီ..မီးအောက်ဆင်းတော့မယ်.."
"အေး..အေး..ဒယ်ဒီချပေးမယ်နော်.."
ခြည်လေးအောက်ရောက်သည်နှင့်တပြိုင်နက်နေခြည်ချိုသူမ့ကိုဆွဲယူလိုက်သည်။
"သွား..အိမ်ခန်းထဲသွားနေ.."
"မာမီ..ဒယ်ဒီ့ကိုပြန်မလွှတ်နဲ့နော်.."
"ခြည်လေး..နင်ကအမေလားငါကအမေလား"
"မာမီကဒယ်ဒီ့ကိုပြန်လွှတ်မှာစိုးလို့ပါ..ဒယ်ဒီကအိမ်မှာတစ်ယောက်ထဲနေရမှာ..မီးတို့ကိုမေ့သွားရင်ဘယ်လိုလုပ်မလဲ..နောက်ပြီးဒယ်ဒီနေ့မကောင်းရင်တစ်ယောက်ခံစားနေရမှာပေါ့..သနားပါတယ်.."
"ခြည်လေး...ဒီလောက်တောင်ဖြစ်နေတာ..နင့်ကိုသူကဘာတွေများမြူဆွယ်နေတာလဲဟမ်..ငါကအမေပါ
"မိန်းမ..ကလေးကိုအဲ့လိုမပြောပါနဲ့..သမီးလေးစိတ်ထဲရှိတာပြောတာပဲကို..နားလည်ပေးလိုက်ပါ.."
"ရှင်ဝင်မပါနဲ့..ဘာသိလို့လဲ..သူကတစ်နေ့တစ်နေ့ပိုပိုပြီးအတွန့်တက်လာတယ်..အမေကားဆိုနားမထောင်ချင်တော့ဘူး..သွား..ခြည်လေး..အခု့ချက်ချင်းအခန်းထဲကိုဝင်.."
ခြည်လေးနှုတ်ခမ်းဆူပြီးရပ်နေမိသည်။တုတ်တုတ်မှမလှုပ်သောသူမကြောင့်နေခြည်ချို
ဒေါသအဆပေါင်းများစွာထွက်လာလေပြီ။
"ခြည်လေး.."
နေခြည်ချိုဒေါသထွက်ထွက်နဲ့ခြည်လေးကိုရိုက်မလိုလက်ရွယ်လိုက်ချိန်ခွန်းပိုင်ပြေးပြီးကလေးကိုပွေ့ချီလိုက်သည်။
"ဒယ်ဒီ.."
"မငိုနဲ့တိတ်..တိတ်..ဒယ်ဒီရှိတယ်."
နေခြည်ချိုဘာမှတောင်မလုပ်ရသေးပဲအဖြစ်သည်းနေသောသားအဖကိုကြည့်ပြီး
"ရတယ်..ရတယ်..နင်တို့ဘာသာကြိုက်သလိုနေ..ခြည်လေး..ေနာက်မှငါ့ဆီလာပြီးမုန့်လာမတောင်းနဲ့မပေးဘူး..နင့်ရဲ့ဒယ်ဒီဆိုတဲ့အဖိုးကြီးနဲ့သာနေတော့.."
နေခြည်ချိုအခန်းထဲကိုဆောင့်ဆောင့်အောင့်အောင့်နဲ့ဝင်သွားလေသည်။
"မငိုနဲ့တော့..လာဒယ်ဒီ့ရေခဲမုန့်လိုက်ဝယ်ကျွေးမယ်
သမီးစားချင်တဲ့ဟာတွေအကုန်ဝယ်ကျွေးမယ်နော်.တိတ်တိတ်.."
.......
သူတို့တွေထွက်သွားတာတစ်နာရီလောက်ရှိနေပြီ။နေခြည်ချိုစိတ်ပူလို့ပြတင်းပေါက်ကနေမျှော်မျှော်ကြည့်နေမိသည်။သူ့စိတ်ပူတာမဟုတ်ဘူးငါ့သမီးငါစိတ်ပူတာ။
စောစောကလေးတင်သူမ့ကိုရိုက်မလိုကြံရွယ်ခဲ့တယ်မလား။စိတ်များဆိုးနေပြီလားမသိပါဘူး။
"ဒယ်ဒီ..ဒီနေ့ညဒီမှာအိပ်မှာလား.."
"ခြည်လေးကအိပ်စေချင်ဒယ်ဒီအိပ်မှာပေါ့.."
"ရေး..ကောင်းလိုက်တာ..ဒယ်ဒီနဲ့မာမီနဲ့တူတူအိပ်မယ်.."
"ဟင်..မရပါဘူး..မအိပ်ရဘူး..ခွန်းပိုင်ကပြန်မှာ.."
ကြားကနေဝင်ရောက်ပြောလာသောနေခြည်ချိုကြောင့်ခွန်းပိုင်မျက်နှာညိုးသွားလေသည်။
"ဟုတ်လားဒယ်ဒီ..မီးနဲ့တူတူအိပ်မှာဆို.."
"သမီးမာမီမှာမအိပ်စေချင်တာ..ဒယ်ဒီပြန်ရမှာပေါ့.."
သူများကိုလွဲချတတ်တဲ့အဖိုးကြီး။
"မာမီကလည်း..ဒယ်ဒီကိုဒီမှာအိပ်ခိုင်းနော်..မီးတို့ကမိသားစုတွေပဲ..တူတူအိပ်ရအောင်.."
"ဒါပေမဲသမီးဒယ်ဒီအိပ်ဖို့အခန်းမရှိဘူးလေ.."
"ဟုတ်သားပဲ..မီးအခန်းကလည်းကျဥ်းကျဥ်းလေး.ဒယ်ဒီအိပ်လို့မရဘူး.."
နေခြည်တို့အိမ်မှာအခန်းဆိုသုံးခန်းပဲရှိလေသည်။တစ်ခန်းကမီးဖိုချောင်တစ်ခန်းကနေခြည့်အခန်းတစ်ခန်းကသမီးလေးအခန်း။ဘုရားစင်တောင်ဧည့်ခန်းမှာရှိတာ။ခွန်းပိုင်ကဘယ်နားသွားအိပ်ရမှာလဲ။
"ဪ..သိပြီ..ဒယ်ဒီနဲ့မာမီတူတူအိပ်လေ..ဒယ်ဒီကမာမီအခန်းမှာအိပ်လို့ရတယ်..မာမီ့ခုတင်ကအကျယ်ကြီး.."
"ဟဲ့..ဘာတွေပြောနေတာလဲ..ဒီကောင်မလေးတော့"
ခြည်လေးစကားကြောင့်နှစ်ယောက်လုံးမျက်နှာပူလာကာအကြည့်လွှဲလိုက်မိသည်။
"သိပြီ..ကိုယ်ရှေ့ကဆိုဖာမှာပဲအိပ်လိုက်မယ်လေ..ရတယ်မလား.."
"ဟုတ်တယ်..ဟုတ်တယ်..ဒယ်ဒီ..ဒယ်ဒီအတွက်နေရာရသွားပြီ.."
ခြည်လေးပြောပြောဆိုဆိုနဲ့အိမ်ထဲကိုဝင်သွားသည်။
ခြည်လေးကတော့သူ့ဒယ်ဒီဒီမှာအိပ်မှာမို့ပျော်ရွှင်နေပေမဲ့နေခြည်ချိုကတော့စိတ်အဆင်မပြေဘူး။
"ရှင်အိမ်ပြန်တော့.."
"မပြန်ပါဘူး..ကိုယ်ဒီမှာအိပ်မှာ.."
"ဒါရှင့်အိမ်လား..ရူးမနေနဲ့..ပြန်တော့ခြည်လေးမမြင်ခင်.."
"မပြန်ဘူး.."
"ဒယ်ဒီ..လာလေ.."
"လာပြီ..လာပြီ.."ခွန်းပိုင်ပြုံးပြုံးကြီးနဲ့နေခြည်နားကဖြတ်သွားလေရာ
"အရှက်မရှိတဲ့သူ.."
"ကိုယ်အရှက်မရှိတာမင်းသိရဲ့သားနဲ့.."ခွန်းပိုင်နေခြည့်ပါးကိုတစ်ချက်နမ်းပြီးထွက်ပြေးသွားသည်။
"အား..ရှင်နော်.."
ဘယ်လိုလူကိုငါဆက်ခေါ်ထားမိပါလိမ့်။မုန်းလိုက်တာနော်။
.......
ခြည်လေးဘယ်တောင်သူ့ဒယ်ဒီကိုအိပ်စေချင်မှန်းမသိခေါင်းအုံးတွေစောင်တွေကအစယူပေးနေသည်။
"ဒါနဲ့အိပ်နော်..ဒါလေးကပျော့အိနေတာပဲ.."
"ဟုတ်ပါပြီဗျာ.."
"ဒီမှာကဒယ်ဒီအတွက်စောင်.."
မနိုင်မနင်းနဲ့မသယ်လာနေသောခြည်လေးကိုနေခြည်ချိုပန်းကန်ဆေးရင်းကြည့်နေမိသည်။
သူ့ကိုယ်သူတောင်စောင်ခြုံမအိပ်တဲ့ကောင်မလေးအခု့တော့သူများကိုပါစောင်ယူပေးလို့မှ။
တယ်..ငါမပြောချင်ဘူး။
"ဒယ်ဒီ..မီးကိုပုံပြင်ဖတ်ပြပါလား.."
"ဖတ်ပြမှာပေါ့.."
"ရေး..သွားမယ်..ဒယ်ဒီ..မီးအိပ်ချင်ပြီ.."
"ခြည်လေး..မအိပ်ချင်ဘာလုပ်ရမလဲသိတယ်မလား."
"ဟုတ်.."
ခြည်လေးနေရာမှာတင်ငုတ်တုတ်လေးထိုင်ချကာသူမရှေ့ကခွန်းပိုင်ကိုဦးချကန်တော့လေသည်။
"အယ်.."
ခွန်းပိုင်ထိုအပြု့အမူကြောင့်အနည်းငယ်စိတ်လှုပ်ရှားသွားပေမဲ့အခု့လိုလေးသိတတ်တော့သဘောကျမိ၏။
"ဒယ်ဒီဆု့ပေးဦးလေ.."
"ဪ..ဟုတ်သား..ဒယ်ဒီသမီးလေးကျန်းမာပါစေချမ်းသာပါစေကွယ်.."
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ..မာမီ.."
"မာမီသမီးလေးဒီထက်ပိုပြီးချစ်ဖို့ကောင်းလာပါစေ.မာမီအပေါ်အနိုင်ကျင့်တာတွေလည်းပျောက်သွားပါစေ.."
"မာမီဆု့ကဘာကြီးမှန်းလဲမသိဘူး..တော်ပြီအိပ်တော့မယ်..လာ..ဒယ်ဒီ.."
"ဟုတ်ပြီ.."
နေခြည်ချိုကလေးကိုစပြီးပြုံးလိုက်မိ၏။
ခြည်လေးအဖေဖြစ်သူကိုပုံပြင်ဖတ်ခိုင်းဖို့အခန်းထဲခေါ်သွားလေသည်။ပုံမှန်ဆိုဘယ်စာအုပ်မှဖတ်ပြစရာမလိုပဲအိပ်ပျော်သွားတတ်သည့်ကလေးမ။အခု့တော့ပုံပြင်တွေဘာတွေဖတ်ခိုင်းလို့..။
နာရီဝက်လောက်ကြာတော့ခွန်းပိုင်အခန်းထဲကနေပြန်ထွက်လာခဲ့သည်။
နေခြည်ချိုဆိုဖာပေါ်တွင်ထိုင်ကာTVကြည့်နေလေသည်။ခွန်းပိုင်လည်းထွက်လာရော
"အိပ်သွားပြီလား.."
"အင်း.."
"ဟိုမှာရှင့်အတွက်နွားနို့ထည့်ထားတယ်..သောက်ပြီးအိပ်လိုက်.."
ခွန်းပိုင်စားပွဲပေါ်ကနွားနို့ခွက်ကိုကြည့်ပြီးပြုံးလိုက်မိသည်။သူမ့ကအခု့ထိဂရုစိုက်သေးတုန်းပဲ။
"ဪ..ကျေးဇူးပဲ.."
နေခြည်သောက်ပြီးသောနွားနို့ခွက်ကိုဆေးကြောပြီးအခန်းထဲဝင်မဲ့အလုပ်ဆိုဖာပေါ်တွင်နွားနို့ခွက်ကြီးကိုင်ပြီးပြုံးနေသာသူကြောင့်ရပ်ကြည့်နေမိသည်။
သူဘာတွေပြုံးနေတာလဲ။နွားနို့ကိုအဲ့လောက်တောင်ကြိုက်တာလား။
နေခြည်ချိုခေါင်းတရမ်းရမ်းနဲ့အခန်းထဲဝင်သွားလေသည်။
......
မဖြစ်ဘူး.သူ့ကိုမနက်ဖြန်ကျပြန်ခိုင်းရမယ်..ခြည်လေးကအခု့တောင်ဒီလောက်ထိတွယ်တာနေတာအချိန်ကြာသွားရင်မကောင်းဘူး။
"ဒေါက်..ဒေါက်..ဒေါက်.."
"ဟင်.."
နေခြည်အိပ်ရာမှထပြီးတံခါးပေါက်ကိုသွားဖွင့်လိုက်သည်။
အခန်းရှေ့တွင်ခေါင်းအုံးကြီးပိုက်ပြီးရပ်နေသောသူကြောင့်
"ဘာလုပ်နေတာလဲ.."
"ကိုယ်ဆိုဖာပေါ်အိပ်ရတာကျောနာလို့.."
"ဟင်..အဲ့တော့ဘာဖြစ်လဲ.."
"ကိုယ်ခုတင်မှာလာအိပ်လို့ရမလား.."
"ဘာ.."
"ဟို..ကိုယ်မင်းကိုဘာမှမလုပ်ပါဘူး..ကိုယ်အပြင်မှာအိပ်ရတော့နေလို့မကောင်းဘူး...ဒါကြောင့်ပါ..ကိုယ်မင်းကိုဘာမှမလုပ်ဘူးလို့ကတိပေးပါတယ်..တကယ်ပါ.."
"မရဘူး.."နေခြည်ချိုစကားကိုခပ်ပြတ်ပြတ်ပြောပြီးတံခါးကိုပိတ်ဖို့လုပ်ချိန်
"မိန်းမ..တစ်ခါတည်းပါနော်..လုပ်ပါ.."
"မရပါဘူးဆို.."
"ကိုယ်ဘာမှမလုပ်ပါဘူး..ကတိပေးတယ်..နောက်ပြီးအပြင်ကအေးတယ်..ကိုယ်မနေ့နိုင်ဘူး.."
သူလိုလူကမနေနိုင်တာသိပေမဲ့အခန်းထဲတူတူအိပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။
"မိန်းမ..လုပ်ပါ.."
"အင်း..ပြီးတာပဲ..ပေး.ခေါင်းအုံး..ကျွန်မ့အပြင်မှာအိပ်လိုက်မယ်..ရှင်အထဲမှာအိပ်.."
"ဟမ်..မလုပ်နဲ့.."
"ဘာကြီး.."
ခွန်းပိုင်အခန်းထဲကိုသိသိသာသာခြေလှမ်းလှမ်းလိုက်ပြီးတံခါးကိုပိတ်လိုက်သည်။
"ဘာလုပ်တာလဲ..ကျွန်မ့အပြင်မှာသွားအိပ်မယ်.."
"မအိပ်ရဘူး..အပြင်မှာအေးတယ်..ဆိုဖာကြီးကလည်းကျောနာသေးတယ်..မအိပ်နဲ့..ဒီမှာပဲအိပ်..ကိုယ်မင်းကိုဘာမှမလုပ်ဘူး..အတည်.."
"ဒါပေမဲ့.."
"တကယ်လို့..ယုံပါ..ကိုယ်ကတိလုပ်ထားရင်ဘယ်မှာချိုးဖောက်ဘူးလို့လဲ.."
ဘယ်တုန်းကကတိတည်ဘူးလို့လာပြောနေရတာလဲ။
"အဲ့လိုမပြောနဲ့..ကျွန်မ့စိတ်တိုလာလိမ့်မယ်..ပြီးရော..ရှင်အိပ်ချင်ရင်..ဒီမှာအိပ်..ဒါပေမဲ့ကျွန့်မကိုလာမထိနဲ့
မဟုတ်လို့ကတော့ရှင်ခြံပြင်မှာအိပ်ရမယ်မှတ်.."
"ဟုတ်ကဲ့.."
ခွန်းပိုင်ခေါင်းအုံးလေးကိုပိုက်ပြီးခုတင်ပေါ်ကိုတက်သွားသည်။
"ကိုယ်ဒီဘက်အိပ်ရမှာမလား.."
"အင်း.."
"ဒါဆိုကိုယ်အိပ်ပြီနော်.."
နေခြည်ချိုအလွယ်တကူလက်ခံလိုက်မိသောသူမ့ကိုသူမစိတ်ပျက်မိတယ်။နေခြည်ခွန်းပိုင်ဘေးဝင်အိပ်လိုက်သည်။
စောင်ကိုရင်ဘတ်ထိဖုံးလိုက်ပြီး
"ရှင်လာထိလို့ကတော့အသေပဲ.."
"အင်းပါ.."
သူပြောစကားကိုမယုံရဲယုံရဲနဲ့ပဲနေခြည်တဖက်ကိုလှည့်လိုက်သည်။
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
Romanceထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...