part4

126 5 0
                                    

အချစ်ရက်ပေါင်း၃၆၅ရက်

အပိုင်း၄

"မာမီ..မြန်မြန်လုပ်.နောက်ကျတော့မယ်.."
"ပြီးပါပြီ.."
နေခြည်ချိုလက်ဆွဲခြင်းကိုယူပြီးထွက်လာခဲ့သည်။
အိမ်ရှေ့ကသမီးပျိုကတော့သွားမယ်ချည်းတကဲကဲနဲ့ခြေပြင်နေသည်။
"ဘယ်လိုတွေဖြစ်နေတာလဲ...ဘုန်းရှိန်တို့အိမ်ကထွက်မပြေးပါဘူး.."
"မာမီကလည်း..ခြည်ကိုကို့ကိုအချိန်တစ်မိနစ်တောင်မနောက်ကျစေရဘူးလို့ပြောထားတာ..ေနာက်ကျရင်ကိုကိုစိတ်ဆိုးနေလိမ့်မယ်..."
"ဟုတ်ပါပြီတော်..ကဲ..ဆိုင်ကယ်ပေါ်တက်..သွားမယ်
နေခြည်တို့သားအမိဒီကနေ့ဘုန်းရှိန်တို့အိမ်ကိုအလည်သွားမည်ဖြစ်သည်။
အရင်တစ်ပါတ်ကမှတွေ့ပြီးအိမ်ကသမီးသူ့ကိုကိုဆီသွားချင်တယ်ချည်းလုပ်နေလို့ပိတ်ရက်မှာလိုက်ပို့ရသည်။အဖော်မက်သည့်ဒီကလေးနဲ့တော့ခက်ပါ့။
.......
"ကိုကို.."
ခြည်လေးဆိုင်ကယ်ရပ်ရပ်ချင်းပြေးဆင်းသွားပြီးခြံထဲကိုဝင်သွားသည်။
"ခြည်လေး..ဖြည်းဖြည်း..မောလိမ့်မယ်.."
"အား...မာမီ..မာမီ.."
ဆွဲခြင်းယူပြီးဆိုင်ကယ်သော့ခတ်နေသောနေခြည်
သမီးအသံကြားတာနှင့်အပြေးလာခဲ့သည်။
"ဘာဖြစ်တာလဲ.."
အုတ်တံတိုင်းဘေးနားမှာကြောက်ကြောက်လန့်လန့်နဲ့ရပ်နေသောသူမလေး။ရှေ့ကခွေးကတအားဟောင်နေတာကြောင့်ခြည်လေးတုန်ရီနေလေသည်။
နေခြည်ချို..ခြည်လေးကိုပွေ့ချီလိုက်ပြီးခွေးကိုခြောက်ထုတ်လေသည်။
"ရှူး..ရှူး..သွားစမ်း.."
"မာမီ.."
ခြည်လေးကြောက်လန့်ပြီးနေခြည်လည်ပင်းကိုတွယ်က်ကပ်နေသည်။
"ဗိုလ်နီ..ဗိုလ်နီ.တိတ်စမ်း..ဧည့်သည်ကိုမဟောင်နဲ့..လာခဲ့..လာခဲ့..ဗိုလ်နီလာ..လာ"
ဘုန်းရှိန်လေးထွက်လာပြီခွေးကိုငေါက်လိုက်တော့မှငြိမ်ပြီးအမြှီးလေးနှံပြီးဘုန်းရှိန်ဆီပြေးသွားလေတော့သည်။
"ဘာဖြစ်နေတာလဲ.."
ကိုခန့်ဘုန်းရှိန်အိမ်ထဲကနေအပြေးထွက်လာခဲ့သည်။
လက်ထဲမှာလည်းဟင်းချက်သောဇွန်းကြီးနဲ့။
"ဪ..မနေခြည်ချိုတို့ပါလား..လာလေ.."
"ဟုတ်ကဲ့.."
နေခြည်ချိုသမီးကိုပွေ့ချီပြီးလျှောက်လာခဲ့သည်။
အနားရောက်တော့ခွေးကမာန်ဖီနေတာနဲ့ခြေလှမ်းကိုရပ်ပစ်လိုက်ရသည်။
နေခြည်ကြောက်လန့်နေသောခြည်လေးကိုအတင်းအကြပ်ဖက်ထားမိသည်။
"ဂီး...ဝုတ်..ဝုတ်.."
"ဟေ့..ဗိုလ်နီ.. ငြိမ်ငြိမ်နေစမ်း..ဒါရန်သူမဟုတ်ဘူး"
ကိုခန့်ဘုန်းရှိန်ငေါက်လိုက်တာနဲ့ခွေးကငြိမ်သွားလေသည်။
"သား..သွား..သူ့ကိုခြံနောက်မှကြိုးချည်ထားလိုက်"
"ဟုတ်.."
ဘုန်းရှိန်လေးဗိုလ်နီကိုဆွဲယူပြီးခြံနောက်မှာကြိုးသွားချည်လေသည်။
"ဝင်ခဲ့ပါ..လာပါ.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်.."
နေခြည်ချိုတို့အိမ်ထဲကိုဝင်လာခဲ့သည်။
အိမ်ထဲမှာအားလုံးကရှင်းရှင်းလင်းလင်းနဲ့ကလေးတစ်ယောက်ရှိနေသောပုံတောင်မပေါက်။
နေခြည်ချိုတို့ထိုင်ခုံပေါ်ကိုထိုင်လိုက်ပြီး
"သမီးလေး..သက်သာလား.."
"ဟုတ်.."
"မောနေသေးလား.."
"မမောတော့ဘူး.."
"ဟိုခဏလေးစောင့်နော်..ကျွန်တော်ဧည့်သည်တွေလာမှာမို့ဟင်းချက်နေတာ..ပြီးတော့မယ်.."
"ရပါတယ်..ကျွန်မ့တို့ကဧည့်သည်လည်းမဟုတ်ပါဘူး
အထူးတလည်တွေပြင်မနေပါနဲ့.."
"မဟုတ်တာဗျာ..ကိုယ့်အိမ်လာတဲ့သူပဲကောင်းကောင်းလေးတော့ချက်ကျွေးရမှာပေါ့.."
"ဒါဆိုလည်းကျွန်မ့လည်းဝိုင်းကူပေးမယ်လေ.."
"ရပါတယ်...နေပါ.."
"ဘာမှမဖြစ်ပါဘူး..ကူပေးချင်လို့ပါ.."
"ဟုတ်ပါပြီ..ဒါဆိုလည်းလိုက်ခဲ့လေ.."
နေခြည်.ခန့်ဘုန်းရှိန်နောက်လိုက်ပြီးမီးဖိုခန်းထဲဝင်သွားလေသည်။
ခြည်လေးမာမီအလစ်ကိုစောင့်ပြီးခြံနောက်သွားသောသူမ့ရဲ့ကိုကိုဆီလိုက်သွားလေသည်။
"ကိုကိုကော.."
ကိုကို့ကိုမတွေ့ပဲတိုင်မှာကြိုးချည်ထားသောခွေးသာတွေ့ရလေသည်။
စောစောကဟောင်နေသောခွေးလေးအခု့တော့ခြည်လေးကိုတစ်ချက်ကြည့်ပြီးအိပ်မြဲအတိုင်းပြန်အိပ်သွားလေသည်။သူစိတ်များကောက်သွားတာလား။
"ဟူး..ခြည်ကြောင့်ခွေးလေးအချည်ခံထားရတာသနားပါတယ်..."
ခြည်လေးခွေးနားကိုဖြည်းဖြည်းချင်းစီတိုးရင်းခေါင်းပွတ်ပေးဖို့လုပ်လိုက်သည်။
"ခွေးလေး..မီးတောင်းပန်ပါတယ်နော်..ခြည်လည်းကြောက်သွားတာပဲလေ..စိတ်မဆိုးပါနဲ့နော်..ကြိုးချည်ခံရအောင်တမင်လုပ်တာမဟုတ်ပါဘူး.."
ခြည်လေးလက်ကိုဆန့်ထုတ်လိုက်ပြီးခွေးလေးရဲ့ခေါင်းပေါ်ကိုတင်မလို့လုပ်ချိန်
"မလုပ်နဲ့.."
"ဟင်.."
ခြည်လေးအနောက်ကနေလှမ်းတားသောအသံကြောင့်ခြေလှမ်းပြန်ဆုတ်လိုက်သည်။
"ကိုကို.."
"အဲ့လိုရုတ်တရက်သွားလုပ်ရင်ကိုက်လိမ့်မယ်..လာခဲ့"အင်း.."
ခြည်လေးကိုကို့ဆီပြေးသွားလေသည်။
"ကိုကို..သူကကိုက်လား.."
"ကိုက်တာပေါ့..ခွေးပါဆို..နောက်ဆိုကိုင်ကြည့်ချင်ရင်ပြော..ကိုယ့်ဘာသာမကိုင်နဲ့..ကိုက်လိုက်မှလက်
ပြတ်သွားမယ်.."
"ဟုတ်ကဲ့..ကိုကို..ခြည်နောက်ဆိုမလုပ်တော့ပါဘူး"
"ပြီးတာပဲ..ဒီမှာရော့..နို့ဘူး.."
ခြည်လေးကိုကို့လက်ထဲကနို့ဘူးကိုယူလိုက်ပြီးဖောက်သောက်လိုက်သည်။
"ကောင်းလား"
"အွန်း.."
ခြည်လေးသောက်ရင်းနဲ့ခေါင်းငြိမ့်ပြလေသည်။
"လာ..အိမ်ထဲမှာသွားဆော့ရအောင်.."
ခြည်လေးကိုကိုဆွဲရာနောက်ကိုလိုက်သွားလေသည်။
...
တဖက်တွင်
နေခြည်ခါကြက်ဥတွေလှီးပေးနေသည်။
ခန့်ဘုန်းရှိန်ဇွန်းကြီးနဲ့ဒယ်အိုးကိုမွှေရင်းအလုပ်ရှုပ်နေပါ့။
"ဒါဆို..ရလောက်ပြီလား.."
"ရပြီ..."
ခန့်ဘုန်းရှိန်နေခြည်လှမ်းပေးသောခါကြက်ဥကိုပါယူပြီးဒယ်အိုးထဲထည့်လိုက်သည်။
အတန်ကြာတော့ဟင်းအနံ့လေးကမွှေးလာပြီ။ကြက်သားနဲ့အသီးအရွက်ရောပြီးကြော်ထားသောအစိမ်းကြော်လေး။
"ဘယ်စိုးလို့လဲ..ကိုခန့်ဘုန်းရှိန်ကဟင်းချက်တတ်သားပဲ.."
"အဲ့လောက်လည်းမဟုတ်ပါဘူး..ကျွန်တော်လည်းသားအမေမရှိကတည်းသားအဖနှစ်ယောက်ထဲနေပြီးချက်စားလာခဲ့တာ..အပြင်မှာဝယ်စားရင်ပိုက်ဆံကုန်တယ်မလား..အိမ်မှာဆိုကိုယ်ကြိုက်တာလည်းလုပ်စားလို့ရတယ်..ဘုန်းရှိန်ကဂျီးများတတ်တော့..သူကြိုက်တာတော်တော်လေးစဥ်းစားရတယ်..အပြင်စာလည်းသိပ်မကြိုက်တတ်တော့..အိမ်မှာတတ်သလောက်လေးနဲ့လုပ်ကျွေးရတာပေါ့.."
"ဟုတ်လား..ကျွန်မ့ကတော့ဟင်းမချက်တတ်တော့အပြင်ကဝယ်စားဖြစ်တာများတယ်..ဟင်းချက်ကလည်းညံ့တယ်လေ.."
"ဒီလိုပါပဲ ဗျာ..ချက်ရင်းနဲ့အဆင်ပြေလာမှာပေါ့..ဒါနဲ့
ခြည်လေးကရောဂါရှိတာလား..မေးလိုက်တာတစ်မျိုးတော့မထင်နဲ့"
"ရပါတယ်..တစ်မျိုးမထင်ပါဘူး..ခြည်လေးမှာမွေးရာပါနှလုံးရောဂါရှိတယ်...သူ့ကိုယ်ဝန်နဲ့တုန်းကကျွန်မ့သေချာမစောင့်ရှောက်နိုင်ခဲ့လို့အဲ့လိုပါလာတယ်ပဲပြောရမလား..ကျွန်မ့အပြစ်တွေပေါ့."
"အဲ့လိုတော့ဘယ်ဟုတ်မလဲ..ဘယ်မိဘကကိုယ့်သားသမီးကိုဖြစ်စေချင်ပါ့မလဲဗျာ..ဒီလိုပဲသူမ့ရဲ့အတိတ်ကကြောင်းကြောင်းတွေကြောင့်နေမှာပါ..ကိုယ်တွေလည်းတတ်နိုင်တာမှမဟုတ်တာ..ဖြစ်လာသမျှကိုအကောင်းဆုံးဖြစ်နိုင်အောင်ပဲကြိုးစားရမယ်ပေါ့.."
"ဟုတ်ပါတယ်..ဒါမဲ့သူ့ကိုတော့စိတ်ပူမိတယ်..အမြဲလိုလိုဂရုစိုက်ပေးနေရတာ.."
"ခြည်လေးကသာမာန်အချိန်ဆိုရောဂါသည်လို့မထင်ရပါဘူး..သူကရဲရင့်တဲ့ကောင်မလေးတစ်ယောက်နဲ့တူတယ်..ကျွန်တော့်ကိုဟိုပန်းကန်လေးယူပေးပါလား"
"ဪ..ဟုတ်ကဲ့.."
နေခြည်ပန်းကန်စင်ကပန်းကန်ပြားတစ်ချပ်ကိုယူပြီးပေးလိုက်သည်။
သူပြောမှပဲသမီးလေးအတွက်စိတ်ပူနေတာကိုနည်းနည်းလျော့ချရမလို။ခြည်လေးကရဲရင့်ပြီးချစ်ဖို့ကောင်းတဲ့ကောင်မလေးလေ။
"မနေခြည်ချိုရဲ့အမျိုးသားကိုလည်းမတွေ့ပါလား..ဒီနေ့သူပါလာမယ်ထင်တာ.."
ခန့်ဘုန်းရှိန်..နေခြည်ချိုအမျိုးသားအကြောင်းသိချင်တာနဲ့မေးခွန်းကိုတစ်မျိုးလေးမေးလိုက်သည်။
"သူကဆုံးသွားပြီ.."
"ဗျာ..sorryပါ..ကျွန်တော်မှားမေးမိလိုက်တယ်.."
"ရပါတယ်..သူမရှိတော့တာတော်တော်လေးတောင်ကြာနေပါပြီ.."
"ဒါဆို..သူကဆုံးသွားတာကြာပြီပေါ့.."
"အင်း..သမီးလေးကိုယ်ဝန်နဲ့ကတည်းက.."
နေခြည်ရဲ့ညိုးငယ်သွားသောမျက်နှာကိုမြင်ပြီး
ခန့်ဘုန်းရှိန်သူမှားသွားပြီဆိုတာကိုသတိထားမိသည်။
အမှန်တော့နေခြည်ကအမျိုးသားနဲ့အတူမနေဘူးဆိုတာခန့်မှန်းမိပြီးသားပါ။သို့သော်သေသွားပြီလောက်တော့မမှန်းထားမိခဲ့။
ကွာရှင်းထားတာတို့အဝေးမှာနေတာတို့ပဲထင်ခဲ့မိတာ
"sorryပါဗျာ..အတိတ်ကိုပြန်တူးဆွပေးလိုက်သလိုဖြစ်သွားတယ်.."
"အို..ဘာမှမဖြစ်ပါဘူး..ကြာနေပြီပဲ..."
"အင်း..ကျွန်တော်လည်းအချိန်ကြာလာတော့အဆင်ပြေသွားတယ်..သားရဲ့အမေဆုံးသွားတုန်းကဆိုကမ္ဘာပျက်သလိုပဲ..ဘာမှမကျန်သလို..လောကကြီးဆီကထွက်သွားချင်ခဲ့မိတာ..ဒါပေမဲ့သားလေးကကျွန်တော့်ကိုဆက်ပြီးအသက်ရှင်စေခဲ့တဲ့သူပဲ.."
ကိုခန့်ဘုန်းရှိန်လက်နဲ့မျက်လုံးကိုမသိမသာပွတ်လိုက်သည်။သူလည်းမိန်းမကိုတအားချစ်တဲ့သူပါလား။
"နောက်တော့လည်းအသားကျသွားပါပြီ..."
"ဘုန်းရှိန်အမေဆုံးတာဘယ်နှစ်နှစ်တောင်ရှိပြီလဲ.."
"ငါးနှစ်လောက်တော့ရှိပြီ.."
"ဪ.."
"သူတို့တွေကျွန်တော်တို့ကိုခွဲခွာသွားပြီးပျော်နေပါ့မလား..."
ရှင့်မိန်းမကိုတော့မသိပေမဲ့ဒီလိုယောကျ်ားမျိုးရထားတဲ့သူကတော့ပျော်နေမှာပါ။
သားအပေါ်လည်းတာဝန်ကျေပြီးဂရုစိုက်ပေးတတ်တဲ့ယောကျ်ားအတွက်သူမ့ပျော်နေမှာပေါ့။
သေသွားတာတောင်သူမ့အတွက်ဂရုစိုက်ပေးနေသေးတယ်။
အဲ့လိုပဲကျွန်မ့ယောကျ်ားလည်းပျော်နေမှာ။
သူကတော့ကျွန်မတို့သားအမိမရှိလို့လေ။
ရှင်ကတော့သေဆုံးသွားတာကြာဖြစ်တဲ့မိန်းကလေးကိုအရမ်းချစ်ပေးတယ်။
ကျွန်မ့ကတော့ရှင်လျက်နဲ့အမေ့ခံဘဝမှာနေထိုင်ရ
တယ်။ကျွန်မ့တို့ကအိမ်ထောင်ဖက်တွေမရှိတာချင်းတူပေမဲ့
အချစ်ခံရတာခြင်းတော့ကွာခြားတယ်။
တော့ကွာခြားတယ်။
အစားထိုးခံကနေအမေ့ခံတစ်ယောက်အဖြစ်ကူးပြောင်းသွားခဲ့တာတော်တော်လေးတောင်ကြာပေါ့။
"မာမီ..ထမင်းရပြီလား.."
"အေး...ရတော့မယ်..ခုံမှာစောင့်နေတော့..မာမီတို့ယူခဲ့မယ်.."
"ဟုတ်ကဲ့.."
နေခြည်တို့ဘုန်းရှိန်တို့အိမ်ကနေညနေ
လောက်မှပြန်လာခဲ့သည်။ဒါတောင်သူမလေးကမပြန်ချင်ဘူးဇွတ်လုပ်နေတာအလုပ်ရှိသေးတယ်ဆိုပြီးခေါ်လာခဲ့ရသည်။်။
ဒီနေ့သွားလိုက်တာတော်တော်လေးတော့အဆင်ပြေတယ်။ကိုခန့်ဘုန်းရှိန်ကလည်းသဘောကောင်းတယ်။
လိုလေးသေးမရှိလုပ်ပေးသည်။
အဖေတစ်ခု့သားတစ်ခု့နေပြီးသူတို့အိမ်ကသပ်ရပ်နေတာပဲနှစ်ယောက်ထဲလည်းအဆင်ပြေတယ်။
နောက်ပြီးကိုခန့်ဘုန်းရှိန်သူ့သားကိုတော်တော်လေးချစ်တာကိုသတိထားမိတယ်။
စကားပြောနေတဲ့တစ်လျှောက်လုံးလည်းသူ့မိန်းမအကြောင်းပြောပြတတ်တာ။မိန်းမကိုလည်းတော်တော်လည်းချစ်ပုံပဲ။အဲ့လိုစုံတွဲလေးတွေကွဲကွာသွားတာတော့
စိတ်မကောင်းစရာပဲ။
အမှန်ဆိုသူတို့မိသားစုသုံးယောက်အတူနေရပြီးဘယ်လောက်တောင်ပျော်နေလိုက်မလဲ။
သူပြောတဲ့ပုံအရဆိုသူ့မိန်းမကကင်ဆာကြောင့်သေသွားရတယ်။အတတ်နိုင်ဆုံးကယ်တင်ခဲ့ပေမဲ့နောက်ဆုံးတော့လက်လွှတ်ပေးလိုက်ရတယ်ပေါ့။
ဘုန်းရှိန်ကခံစားချက်သိပ်မဖော်ပြတဲ့ကလေးပေမဲ့
ငယ်ငယ်လေးနဲ့အမေသေသွားရတော့သူလည်းဝမ်း
နည်းနေမှာပဲ။သနားစရာကလေးပါလား။
နေခြည်ဆိုင်ကယ်ခြင်းထဲကကိုခန့်ဘုန်းရှိန်တို့ထည့်ပေးလိုက်သောဟင်းထုတ်တွေနဲ့အစားအစာတွေကိုယူပြီးအိမ်ထဲကိုဝင်လာခဲ့သည်။
ဆိုဖာပေါ်မှာလှဲအိပ်နေသောကလေးမ။တစ်နေ့လုံးဆော့လာပြီးပင်ပန်းနေလိုက်တာ။ဆိုင်ကယ်ပေါ်မှာလည်းမှီပြီးအိပ်လာတာပြုတ်ကျမှာစိုးလို့သေချာလေးသတိထားမောင်းခဲ့ရသည်။
နေခြည်အထုတ်တွေကိုနေရာတကျထားလိုက်ပြီးဆိုဖာပေါ်ကခြည်လေးဆီသွားလိုက်သည်။
အိပ်ပျော်နေချိန်လာနှိုးရင်ဂျီကျတတ်တဲ့သူမအကြောင်းသိတာမို့နေခြည်အသာအယာလေးမချီလိုက်ပြီးအိပ်ရာဆီသွားလိုက်သည်။
အိပ်ရာပေါ်ရောက်တဲ့အထိမနှိုးလာသောသူမလေး။တော်တော်လေးပင်ပန်းခဲ့တယ်ပေါ့။
နေခြည်သမီးလေးရဲ့နဖူးကဆံပင်စတွေကိုသပ်တင်ပေးလိုက်သည်။
"ချစ်ဖို့ကောင်းလိုက်တဲ့သမီးလေး.."
နေခြည်ပါးပေါ်ကိုအနမ်းတစ်ချက်ပေးလိုက်သည်။
"သနားဖို့ကောင်းလိုက်တဲ့သမီးလေး.."
နေခြည်အမှားတွေကဘာမှမသိတဲ့ကလေးတစ်ယောက်ကိုအဖေခေါ်စရာမရှိအောင်လုပ်ခဲ့မိသည်။
မာမီတောင်းပန်ပါတယ်သမီးရယ်...
😭😭😭😭😭😭😭😭😭😭😭😭😭😭😭😭
#မဒီ

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now