အချစ်ရက်ပေါင်း၃၆၅ရက်
အပိုင်း၈
နေခြည်ချိုဖက်ထုပ်စားချင်နေလို့ရတနာသူမ့ကိုဖက်ထုပ်ဆိုင်လိုက်ပို့ပေးသည်။သို့သော်နေခြည်ချိုအခု့ထိ
ဖက်ထုပ်ပြုတ်ကိုတစ်စက်မှမတို့သေး။ဘာများဖြစ်နေတာလဲ။သူ့ကြည့်တာလည်းမနက်ကတည်းစိတ်မကြည်သလိုပဲ။
"နေခြည်...နင်ဘာဖြစ်နေတာလဲ..စားလေ..နင်ပဲစားချင်လို့ဆို.."
"အင်းပါ.."
နေခြည်ချိုဖက်ထုပ်ပြုတ်ကိုဝတ္တရားသဘောအနေနဲ့သာတစ်ဇွန်းစားလိုက်ပြီးပြန်ငေးငိုင်သွားသည်။
"နေခြည်..ဘာဖြစ်လို့လဲ..နင်နေမကောင်းသေးဘူးလား.."
"မဟုတ်ဘူး.."
"ဒါဆိုဘာလို့ငေးငိုင်နေတာလဲ..အဆင်ပြေရဲ့လား"
"ဒီလိုပါပဲ..အဆင်ပြေပါတယ်.."
နေခြည်ရဲ့အားမလိုအားမရတဲ့ပုံစံကိုမြင်ပြီးရတနာ
စိတ်ပူလာသည်။
"နေခြည်....နင်ပုံစံကအဆင်ပြေတဲ့ပုံလည်းမပေါ်ဘူး..နင်ဘာဖြစ်နေတာလဲ.."
"ငါ..ငါဘာဆက်လုပ်ရမလဲမသိတော့လို့..ခွန်းပိုင်ကငါ့ကလေးကိုလိုချင်တာလား.မလိုချင်တာလား..သူကို့ကွာရှင်းခွင့်တောင်းပြန်တော့လည်းသူကလက်မခံဘူး
ဘယ်လိုလုပ်ရမှာလဲ..အခု့လည်းအိမ်မှာတူတူနေတာတောင်ငါ့ကိုမခေါ်မပြောနဲ့..သူလက်မခံရင်လည်းကွာရှင်းလိုက်ပါလား..ဘာလို့အချိန်ဆွဲနေသေးလဲ.."
ရတနာလည်းလင်မယားနှစ်ယောက်ကြားထဲဘာဝင်ပြောရမလဲမသိတော့။တစ်ခု့ခု့ဝင်ပြောပြန်ရင်လည်းမှားသွားဦးမယ်။
"နင့်ကလေးကိုသူလက်မခံဘူးလား..သူကကလေးကိုဖျက်ချခိုင်းလို့လား"
"အဲ့လိုတော့မဟုတ်ပါဘူး..သူဖျက်ချခိုင်းတာမဟုတ်ပေမဲ့လိုချင်ပါ့မလား..နောက်ပြီးကြိုးကြာဖြူကလည်း
ငါအပေါ်တော်တော်လေးအညှိုးထားနေလောက်ပြီ..သူအညှိုးထားတာငါမကြောက်ပါဘူး..ဒါပေမဲ့ခွန်းပိုင်ကသူ့စကားတွေနားထောင်ပြီးငါ့ကလေးအပေါ်အညှိုးထားလာရင်ဘယ်လိုလုပ်မလဲ.."
"နင်ကလည်း..အဲ့ဒါတွေတွေးပြီးစိတ်ပူမနေပါနဲ့..နင်သူ့ကိုအချိန်တစ်ခုလောက်တော့ပေးလိုက်ပါ..
နင့်ဗိုက်ထဲကကလေးကသူ့သွေးသားရင်းပဲ
သူကလေးကိုတကယ်လိုချင်ရင်သူ့ဘာသာအရာအားလုံးကိုရှင်းပြီးနင့်ဆီလာလိမ့်မယ်.."
ရတနာရဲ့စကားကိုယုံကြည်လိုက်ရမလား။ခွန်းပိုင်သာဒီကလေးကိုလိုချင်ရင်ကျွန်မ့တို့ကြားထဲမှာဘာကိစ္စမှရှိလာတော့မှာမဟုတ်ဘူး။ကွာရှင်းတာကောပေါ့။
"ဒါပေမဲ့.."
"နင်စိတ်ပူနေတာငါသိပါတယ်...အကယ်၍နင်ကိုမရွေးချယ်ပဲ..တစ်ခြားသူကိုရွေးချယ်သွားခဲ့ရင်..ငါရှိတယ်သူငယ်ချင်း..နင့်ကိုနောက်ထပ်တစ်ယောက်ရှာပြီးဒီထက်ပိုပျော်ရွှင်ရအောင်ထားမှာ..ဟမ်း..ချောတာကြိုက်တာလား..ထက်မြက်တာလား..နင့်ကိုဂရုစိုက်ပြီးအရမ်းချစ်တဲ့သူလား..
"ဟာ..နင်ကလေ..စိတ်ညစ်ပါတယ်ဆို.."
ရတနာရဲ့အပြောင်အပျက်ကြောင့်နေခြည်ချိုပြုံးမိသွားသည်။သူနဲစိတ်ကိုညစ်လို့မရပါဘူး။
"နေခြည်..နင့်ဗိုက်ထဲကကလေးကိုပဲအရင်ဂရုစိုက်လိုက်ပါ..ကြည့်ပါဦး..ငါတူတူမလေးဘယ်လောက်တောင်ဗိုက်ဆာနေလိုက်မလဲ...ရော့ဒီမှာ..ဖက်ထုပ်လေးသောက်.."
ရတနာဖက်ထုပ်တစ်ဇွန်းခပ်ပြီးနေခြည်ချိုပါးစပ်ထဲသို့ခွံကျွေးလိုက်သည်။
"ကောင်းလား..မီးမီးသားသားလေးရေ.."
ရတနာ.နေခြည်ချိုဗိုက်ကိုထိလိုက်ကာပြောလိုက်သည်။
"ဟဲ့..မီးမီးဆိုမီးမီးပေါ့..သားသားဆိုသားသားပေါ့..ဘာတုန်းမီးမီးသားသားတဲ့.."
"ဟယ်..နင်ကလည်းနင့်ဗိုက်ထဲကကလေးကမိန်းကလေးလားယောကျ်ားလေးလားဆိုတာမှမသိသေးတာဒါကြောင့်မီးမီးသားသားလေးပေါ့.."
"နင့်မီးမီးသားသားခေါ်တာနဲ့ငါ့ကလေးမွေးလာမှယောက်ျားမဟုတ်မိန်းမမဟုတ်ဖြစ်နေပါဦးမယ်.."
"ဟီး..ဟီး..စတာပါ..ဒါဆိုသားသားလို့ပဲခေါ်တော့မယ်..ငါကတူလေးလိုချင်တာဆိုတော့.."
"ပြီးတာပဲ.."
"ရော့..ရော့ဖက်ထုပ်ထက်စားချည်ဦး.."
"အင်း.."
......
နေခြည်ချို..ည၇နာရီမှအိမ်ပြန်လာခဲ့သည်။ဒီအချိန်ဆိုအန်တီစန်းလည်းပြန်သွားလောက်ရောပေါ့
နေခြည်ချိုအိမ်ထဲကိုမျက်လုံးဝေ့ကြည့်တော့ဘယ်သူမှမရှိ။အိမ်ကမီးသာဖွင့်ထားတာအိမ်မှာလူကမရှိဘူး။
နေခြည်ချိုအပေါ်ထပ်ရှိအိပ်ခန်းကိုတက်လာခဲ့သည်။
အခန်းထဲမှာလည်းဘယ်သူမှမရှိဘူး။
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
عاطفيةထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...