အချစ်ရက်ပေါင်း၃၆၅ရက်
အပိုင်း၁၁
ဒီနေ့ဆိုင်မှာအခြေအနေမူမမှန်တာကိုပျိုးသတိထားမိနေသည်။
အကိုတစ်ယောက်အမနေခြည်နားပဲကပ်နေသည်။
အမနေခြည်သွားတဲ့နောက်တကောက်ကောက်လိုက်နေတယ်။
အမလုပ်ရမဲ့အလုပ်တွေလည်းသူကူလုပ်ပေးလိုက်တယ်။အမရှေ့မှာလည်းမျက်နှာကြီးဆိုပြုံးထားတာ။
အမ့ဘက်ကတော့ခပ်တည်တည်နဲ့နေပေမဲ့အကိုကအဲ့ဒါကိုဘယ်လိုမှသဘောမထားပဲလိုက်ကပ်နေသည်
အကို့မျက်လုံးတွေကအချစ်တွေနဲ့ပြည့်နေပြီးကျန်တာဘာမှမသိတော့ဘူး။သူဘာသဘောလဲ။အမ့ကိုစိတ်ဝင်စားနေတာလား။
"အမ.."
"အင်းပြောလေ..ပျိုး.."
"ပျိုးတစ်ခု့မေးချင်လို့.."
"မေးလေ..ပျိုး.."
"အမ..အကို့ကိုဘယ်လိုသဘောရလဲ.."
"ဟင်.."
သူဘာသဘောနဲ့မေးတာလဲ။
ဘေးမှာထိုင်နေသောသု့တလည်းထိုမေးခွန်း၏အဖြေကိုသိချင်တာကြောင့်နေခြည့်ကိုကြည့်လိုက်သည်။
"ဟို..ဘယ်လိုပြောရမလဲ..မိတ်ဆွေတစ်ယောက်လိုပေါ့..သူကအရမ်းကောင်းတဲ့သူလေ..အမ့အပေါ်လည်းအရမ်းကောင်းပေးတယ်..ပျိုးကဘာလို့မေးတာလဲ
"ဪ..ဘာမှမဟုတ်ပါဘူး..ဒီအတိုင်းသိချင်လို့..ဒါဆိုပျိုး..အလုပ်သွားလုပ်ဦးမယ်.."
ပျိုးအတွက်ရင်ဘတ်ထဲကအပူမီးတစ်ခု့ငြိမ်းသက်သွား
ပြီ။အကို့ဘက်ကဘယ်လိုသဘောထားထားအမ့ဘက်ကသူ့ကိုမိတ်ဆွေလို့ထင်တယ်ဆိုတာနဲ့ပြီးပြီ။
ပျိုးထွက်သွားတော့နေခြည်သူ့ကိုလှည့်ကြည့်မိသည်။
အဖြေကိုပေါ့ပေါ့ပါးပါးလေးပြောသွားသောသူမ့ကြောင့်သု့တ ငြိမ်သွားမိသည်။
အခုထိသူမ့ကလက်မခံသေးတာလား။
မိတ်ဆွေတစ်ယောက်တဲ့လား။ရပါတယ်သူမ့အတွက်အချိန်လိုနေလောက်သေးတယ်။
"ရှင်ဘာလုပ်နေတာလဲ.."
"ဪ.."
သု့တရေသန့်ကဒ်ကိုမယူလိုက်ပြီးနေခြည်ဘေးကထွက်သွားသည်။
စိတ်ဆိုးသွားတာလား။
တောင်းပန်ပါတယ်သု့တ..ကျွန်မ့အခု့ချိန်မှာအဲ့ဒါကိုစဥ်းစားစရာမလိုသေးဘူး...အတည်ပြု့စရာတစ်ခု့ရှိနေတယ်..အဲ့ဒါကသာမှန်နေရင်ကျွန်မ့အဖြေတစ်ခု့ကိုသေချာပေးမယ်...
...............
"အကို.."
"အကို.."
"အကို.."
"ဘာလဲ..."
သု့တဆိုင်ကတည်းနေနောက်ကလိုက်လာပြီးခေါ်နေသောပျိုးကြောင့်စိတ်ရှုပ်သည်။
"ခေါ်နေတာကိုမကြားဘူးလား.."
"ကြားတယ်.."
"ဒါဆို.ဘာလို့ပြန်မထူးတာလဲ.."
"မထူးချင်လို့.."
"အကိုနော်..ပျိုးကိုမရွဲ့နဲ့..ပျိုးပြောစရာရှိတယ်.."
သု့တသက်ပြင်းတစ်ချက်ချလိုက်သည်။
"ကဲ..ဘာပြောချင်လို့လဲ.."
"အမမှာယောက်ျားရှိတယ်..အကို့အနေအထိုင်တွေဆင်ခြင်သင့်တယ်.သိလား.အမ့ကအပျိုမဟုတ်ဘူးနော်
အကို့အတွက်လည်းဘာမှကောင်းသွားမှာမဟုတ်ဘူး..အခု့ချိန်မှာရပ်လို့ရသေးတယ်..ရှေ့မတိုးချင်ပါနဲ့.."
ပျိုး.နေခြည့်အပေါ်အမှန်အတိုင်းပြောလိုက်ပေမဲ့သု့တအတွက်ကတော့စိတ်တိုစရာပဲ။
"နေခြည်ချိုကအပျိုမဟုတ်တော့ရင်တောင်ငါသူ့အပေါ်ပြောင်းလဲသွားမှာမဟုတ်ဘူး.."
"အကို..ပြောရတာလက်ပေါက်ကတ်လိုက်တာ..အကိုသူနဲ့ကြိုက်လိုက်တော့ဘာအကျိုးရှိမှာမို့လို့လဲ..သူကဖြင့်အသက်ကြီးနေပြီ..သူကဘာမှစွမ်းဆောင်ပေးနိုင်တော့မှာမဟုတ်ဘူး.."
"ပျိုး...မင်းစကားကိုဘယ်လိုပြောလိုက်တာလဲ.."
ပျိုးသူ့ပြောလိုက်မိသည့်စကားကိုသု့တအော်တော့မှပဲသတိရသွားတော့သည်။
"ပျိုးပြောတာအမှန်ပဲလေ..သူကယောကျ်ားရှိပြီးသားသူလေ.."
ပျိုးအသံတိုးတိုးလေးနဲ့ပြောလိုက်မိသည်။
"ပျိုး..အဲ့ဒါတွေကြောင့်ငါမင်းကိုမကြိုက်တာ..မင်းကိုနေခြည်ကဘယ်လောက်တောင်ကောင်းပေးလဲ..မင်းပြန်ပေးဆပ်လိုက်တာဒါလား..သူ့ကြားရင်ဘယ်လောက်တောင်ရင်နာလိမ့်မလဲ.."
"အကို.."
"ဟုတ်ပြီ..ငါမင်းကိုအရင်ကဘာလို့ငြင်းခဲ့တာလဲသိလား.."
"မသိဘူး.."
"ဒါဆိုငါပြောပြမယ်..မင်းကရှေ့တင်တစ်မျိုးကွယ်ရာမှတစ်မျိုးလုပ်တတ်တယ်...ငါအဲ့စကားတွေအရင်ကပြောမထွက်ခဲ့ဘူး..ဒါပေမဲ့အခု့တော့ပြောရပြီ...ငါမင်းကိုညီမတစ်ယောက်ကျေးဇူးရှင်ရဲ့တူမတစ်ယောက်လိုပဲသဘောထားခဲ့တာ..."
"မဟုတ်ဘူး..အကိုပြောနေတာ..တစ်ခု့မှမဟုတ်ဘူး
ပျိုးကအဲ့လိုလူစားမျိုးမဟုတ်ဘူး.."
ပျိုးခေါင်းလေးငုံပြီး
"ပျိုး..မငိုနဲ့..မင်းရည်းစားတွေရှေ့မှသာအဲ့အပိုတွေကရလိမ့်မယ်.."
ပျိုးငိုမလို့အားတင်းထားတုန်းရှိသေးသုတ့သူ့ရဲ့အေကြာင်းတွေထုတ်ပြောလိုက်တော့လန့်သွားလေသည်။
"ဘာလဲ..မင်းရည်းစားများတာငါမသိဘူးထင်နေတာလား.."
"ပျိုးမှာရည်းစားမရှိပါဘူး.."
"ဟုတ်လား..စနေနေ့က
Golden Star Hotels..ထဲဝင်သွားတာဘယ်သူပါလိမ့်"
သု့တသူ့ဖုန်းထဲကဓာတ်ပုံကိုပျိူးကိုပြလိုက်သည်။
ရယ်ရင်းမောရင်းဝင်သွားတဲ့စုံတွဲတစ်တွဲ။ပေါ့ပေါ့ပါးပါးပဲဝင်သွားတာ။အခု့မှအစမဟုတ်သလိုပဲ။
ပျိူးဓာတ်ပုံကိုမြင်ပြီးလန့်ဖျန့်သွားကာနောက်ကိုခြေတစ်လှမ်းဆုတ်လိုက်သည်။
"အကို..အဲ့ဒါအထင်လွဲနေတာနေမှာ..ပျိုးမဟုတ်ဘူး"
"ဪ..မင်းဝတ်ထားတဲ့အင်္ကျီကဓာတ်ပုံထဲကမိန်းကလေးနဲ့တူလိုက်တာ..ငါပဲမျက်စိမှားသွားတာလား.
ပျိုးအင်္ကျီကိုငုံကြည့်လိုက်မိသည်။အဲ့နေ့ကဝတ်ထားသောအဝါရောင်ဝမ်းဆက်ကဒီနေ့ကျမှဝတ်လာမိတယ်လို့။
"အကို.."
"ဒီမှာပျိုး..ငါဘာလို့မင်းကိုလက်မခံခဲ့တာသိပြီလား."
"အင်း.."
"ပျိုး..မင်းရည်းစားတွေကြိုက်သလောက်ထားတာကို
နေခြည်ဘာပြောလဲ..သူကအပျိုမဟုတ်တော့ဘူး..ဒါဆိုမင်းကကော..ငါမင်းကိုအများကြီးမပြောချင်ဘူးကွာ..နေခြည်ကစိတ်ကောင်းရှိတယ်..နားလည်ပေးတတ်တယ်..ငါဘာလို့သူ့ကိုရွေးလဲသိပြီလား"
"ဟုတ်..သိပါပြီ.."
"ဒီမှာ..ငါ့ညီမ..အကိုအရင်တုန်းကမင်းကိုဘာမှမပြောခဲ့မိဘူး..အခု့တော့ပြောရမယ်..အကိုမင်းကိုညီမတစ်ယောက်လိုချစ်တဲ့အတွက်ကြောင့်ပဲ..မင်းတစ်နေ့မင်းအပေါ်တကယ်ချစ်တဲ့သူနဲ့တွေ့လာတဲ့အခါမင်းမှားခဲ့တာတွေအတွက်နောင်တရလိမ့်မယ်..အခု့ချိန်ပြင်ဆင်လို့ရပါသေးတယ်..အမှားတစ်ခုကိုထပ်ကာထပ်ကာမကျူးလွန်နဲ့တော့..မင်းရဲ့ခန္တာကိုယ်ကိုမင်းချစ်တဲ့သူအတွက်အမြတ်တနိုးထားလိုက်ပါကွာ.."
ပျိုးခေါင်းတစ်ငြိမ်ငြိမ့်နဲ့နားထောင်နေမိသည်။
လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားရင်းခေါင်းကိုအောက်သို့ငုံ့ထားမိသည်။
"အကိုအခု့ပြောနေတာကိုနားပူတယ်ထင်နေမယ်..တကယ်ကျဘယ်ယောကျ်ားလေးမှသူ့ရဲ့မိန်းကလေးကိုတခြားသူထိတွေ့စေချင်မှာလဲ..အားလုံးမှာအခက်အခဲတွေရှိတယ်..မရှောင်လွှဲနိုင်ခဲ့တဲ့အခြေအနေတွေရှိတယ်..ပျိုးလည်းဒီလိုပဲမလွန်ဆန်ခဲ့လို့ပဲအကိုမှတ်ယူလိုက်မယ်..နောက်ပြီး..နေခြည်ချိုကိုပြောခဲ့တာတွေအတွက်ပျိုးပြန်တောင်းပန်လိုက်ပါ..သူပျိုးအပေါ်ဘယ်လောက်ကောင်းတယ်ဆိုတာပျိုးအသိဆုံးပဲမလား"
"ဟုတ်ပါတယ်..ပျိုးမှားသွားပါတယ်..ပျိုးအမ့ကိုပြောချင်လို့တော့မဟုတ်ပါဘူး..အကိုထိခိုက်မှာစိုးလို့ပါ."
"အကိုအတွက်စိတ်မပူပါနဲ့..အကိုသူ့ကိုချစ်တယ်..သူဘယ်လိုပုံစံဘယ်လိုအကြောင်းပဲရှိခဲ့ရှိခဲ့အကိုနားလည်ပေးပြီးဂရုစိုက်သွားချင်တယ်..ဒါကိုပျိုးနားလည်ပေးမလား.."
"ဟုတ်ပါပြီ..ဒါပေမဲ့အမ့ဘက်ကအကို့ကိုမချစ်ဘူးဆိုရင်ကော.."
"အဲ့တော့လဲအကို့ကိုမချစ်ချစ်အောင်လုပ်ရမှာပေါ့..ဟုတ်ဘူးလား..အကိုကိုသူမချစ်ရင်တောင်သူ့နားလေးမှာနေပြီးသူနာကျင်နေတာကိုကုသပေးချင်တယ်.."
ပျိုးမဟုတ်သောအခြားမိန်းကလေးတစ်ယောက်ပေါ်မှာသူဒီလောက်ထိတောင်ချစ်ပေးနေတာပျိုးအတွက်တကယ်ဝမ်းနည်းစရာပဲ။
အမအတွက်တော့ဝမ်းသာပေမဲ့နာကျင်ရတယ်။
ပျိုးအကို့ကိုတကယ်ချစ်ခဲ့တာပါ။ပျိုးမှာရည်းစားများတာဟုတ်တယ်ဒါပေမဲ့တစ်ယောက်မှပျိုးဘက်ကခခယယနဲ့လိုက်ပြီးချစ်ခဲ့တဲ့သူတစ်ယောက်မှမပါဘူး။သူတို့လာကြိုက်လို့ပြန်ပြီးတွဲလိုက်တာပဲရှိတယ်။အကို
များသဝန်တိုမလားဆိုတော့စိတ်လည်းပါတာပေါ့။
သို့သော်အကိုကပျိုးကိုညီမတစ်ယောက်လိုပဲသဘောထားတယ်တဲ့လား။သိပ်ကိုရက်စက်တာပဲအကိုရယ်။ပျိုးအတွက်ညီမဆိုသောဂုဏ်ပုဒ်နဲ့အတူအကို့နားမှာပဲနေသွားရတော့မှာပေါ့နော်။
🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕
"အကို..ဟိုမှာအမလာနေပြီ.."
"ဘယ်မှာလဲ.."
သု့တနောက်ကိုလှည့်ကြည့်တော့နေခြည်ခြည်လေးလက်ကိုဆွဲပြီးဆိုင်ဆီကိုလျှောက်လာသည်။
အကိုရဲ့မျက်ဝန်းတွေအရောင်တောက်ပသွားတာပျိုးသတိထားမိသည်။အကို.အမ့အပေါ်စွဲလမ်းနေပြီ။
"ဦးဦး.."
"သမီးလေး..ဒီနေ့ကျောင်းပိတ်တယ်ပေါ့လေ.."
"ဟုတ်..ဦးဦးခြည်လေးလာတဲ့နေ့ကျမုန့်ဝယ်ကျွေးမယ်ပြောထားတယ်နော်. "
"ဟုတ်ပါတယ်ဗျာ..ဦးဦးမုန့်ဝယ်ကျွေးရမှာပေါ့..ကဲ.လာ"
သု့တတစ်ယောက်ခြည်လေးကိုအားရပါးရနဲ့မချီလိုက်ပြီးဆိုင်ထဲဝင်သွားသည်။
"အကိုကတော့လေ..ခြည်လေးကိုတအားချစ်တာပဲနော်..အမ."
"ဟုတ်ပါ့..ခြည်လေးကဒါကြောင့်ဆိုင်ပဲသွားချင်တယ်ပြောနေတာ.."
"အမ.."
နေခြည်သွားဖို့ပြင်လိုက်သည့်ခြေလှမ်းသည်ပျိုးခေါ်သံကြောင့်ရပ်လိုက်မိသည်။
"ပြောလေ..ပျိုး.."
"ပျိုး..အမ့ကိုတောင်းပန်ပါတယ်နော်.."
"ဟင်..ဘာလို့လဲ..မဆီမဆိုင်.."
"ပျိုး..အကိုနဲ့ပက်သက်ပြီးအမအပေါ်မှာမကောင်းမြင်မိခဲ့လို့ပါ..အမှန်တော့အမကပျိူးအပေါ်မှာအရမ်းကောင်းပေးတယ်..ပျိုးကျေးဇူးရှင်ကိုပြစ်မှားမိတဲ့အတွက်ပျိုးတောင်းပန်ပါတယ်..ပျိုးကိုစိတ်မဆိုးပါနဲ့."
နေခြည်ခဏလောက်တော့ငြိမ်သွားမိသည်။
လူဆိုတာအမှားနဲ့ကင်းတာမှာမဟုတ်တာ။အဲ့လိုပဲအချစ်နဲ့တွေ့ရင်ပိုပြီးမှားတတ်သေးတာပဲ။
နေခြည်ပျိုးနားလေးကိုသွားပြီးပျိုးလက်ကိုကိုင်လိုက်သည်။
"ရပါတယ်..အမစိတ်မဆိုးဘူး..လူတိုင်းကမှားနိုင်တာပဲလေ..နောက်ပြီးကိုယ့်အတွေးနဲ့ကိုယ်ရှိနေနိုင်တာပဲ
အမအပြစ်မမြင်ပါဘူး...နောက်ဆိုရင်တော့ပျိုးခံစားရနေတာအမ့ကိုထုတ်ပြောနော်..ဒါမှအမလည်းသိရမှာ..အမပျိုးအပေါ်မှာမှားခဲ့မိရင်လည်းတောင်းပန်ပါတယ်နော်.."
"အို..အမရယ်..အမမှားခဲ့တာမရှိပါဘူး.."
"ရှိခဲ့ရင်ပေါ့..ကဲ..အမတို့ကျေအေးပြီးပြီဆိုတော့ဆိုင်ထဲဝင်ကြမလား.."
"ဟုတ်.."
"ဒါနဲ့လေ..အမနေခြည်..အမ့ အကိုအပေါ်ကိုနည်းနည်းလေးလောက်ငဲ့ကြည့်ပေးလို့ရမလား...အကိုကအမ့ကိုသိပ်ချစ်တာ.."
နေခြည်အတွက်ထိုစကားကတော့နည်းနည်းစဥ်းစားရခက်သား။
ဘယ်လိုမျိုးပြန်ဖြေရမှာပါလိမ့်။
"ဟုတ်ပါပြီ..အမအဆင်ပြေတဲ့အခါကျစဥ်းစားပေးမယ်..အခု့တော့အမမှာအတည်ပြု့စရာလေးရှိနေသေးတယ်.."
"ကျေးဇူးတင်ပါတယ်နော်.."
နေခြည်သူမ့ကိုပြုံးပြပြီးဆိုင်ထဲဝင်သွားသည်။
ပျိုးထိုကဲ့သို့သဘောထားကြီးမိသောသူမအပေါ်မှာပြစ်မှားမိတာရှက်လိုက်တာ။
အမ့ကလွယ်လွယ်နဲ့ခွင့်လွှတ်မပေးလောက်ဘူးထင်ခဲ့မိတဲ့အတွက်တောင်းပန်ဖို့တောင်ခက်ခဲနေမိခဲ့တာ.
အကိုပြောသလိုအမ့ကသဘောထားကြီးပြီးနားလည်ပေးတတ်တယ်။
💞💞💞💞💞💞💞💞💞💞💞💞💞💞💞💞
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
Romanceထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...