အပိုင်း၆

135 4 0
                                    

အချစ်ရက်ပေါင်း၃၆၅ရက်

အပိုင်း၆
နေခြည်ချိုဆံသဆရာရဲ့လက်အောက်မှာသူမရဲ့ဆံပင်ကိုပုံအောလိုက်သည်။သူမနဲ့ခွန်းပိုင်တို့ရှိန်းကုမ္ပဏီရဲ့လေလံပွဲကိုတက်ရလိမ့်မည်။
ရေဘေးသင့်ဒေသများသို့ထောက်ပံကြေးအတွက်အးလေ့လံတင်ပွဲပဲ။
ခွန်းပိုင်ကသူမ့ကိုဇနီးတစ်ယောက်အဖြစ်ပွဲထုတ်မယ်ပြောမှ တော့အလှဆုံးပြင်ထားရမှာပေါ့။။
"ေဒါက်..ဒေါက်..ဒေါက်.."
ခွန်းပိုင်လှေကားမှဆင်းလာ ေသာဒေါက်ဖိနပ်သံကြားတာနဲ့စိတ်တွေလှုပ်ရှားလာပြီ။ပြီ။သူမ့ကိုပထမဆုံးဇနီးတစ်ယောက်အဖြစ်လူပုံလည်မှာချပြရတော့မယ်။ဒီလိုနေ့မျိုးကိုအမြဲတမ်းစောင့်နေခဲ့ရတာ။အကြောင်းအမျိုးမျိုးကြောင့်ဘယ်တော့မှထုတ်မပြခဲ့ရဘူး။
"ခွန်းပိုင်"
နောက်ကနေခြည်ချိုရဲ့အသံကြားတာနဲ့အလျင်အမြန်ကိုလှည့်ကြည့်လိုက်သည်။
ရွှေဝါရောင်ဂါဝန်ကိုဝတ်ထားတာကြောင့်သူမ့ရဲ့ဖြူဖွေးတဲ့အသားအရေနဲ့အရမ်းကိုလိုက်ဖက်သည်။
လှပစွာတည်ရှိနေတဲ့sexy boneတွေကတစ်ခြားသူတွေကြည့်မှာကိုမနာလိုမိစေတယ်။ဆံထုံးကိုပြေပြေလေးထုံးထားပြီးသူမ့ရဲ့မျက်နှာကိုမြင်ရတာအိမ်ထဲမှာပဲဝှက်ထားချင်လာအောင်လူကိုစွဲလမ်းစေတာပဲ။
ေနခြည်ချိုခေါင်းအစခြေအဆုံးကိုမျက်တောင်မခတ်တန်းကြည့်နေတဲ့သူ့ကြောင့်နေရခက်လာပြီ။ခွန်းပိုင်ကတော့စိတ်ထဲမှာသူ့မိန်းမလေးဘယ်လောက်လှကြောင်းတင်စားနေတာနဲ့ပဲသူ့အခြေအနေတောင်သူမေ့နေပြီ။
"ခွန်းပိုင်.."
"ဟင်.."
ခွန်းပိုင်..နေခြည်ချိုအသံကြားမှအတွေးကမ္ဘာထဲကထွက်လာခဲ့သည်။
"မိန်းမ.."
"ဘာဖြစ်နေတာလဲ..သွားမယ်လေ.."
"အင်း..အင်းပါ..ဒါနဲ့ကိုယ့်မိန်းမဒီနေ့အရမ်းလှတယ်"
"ရှင်အခု့မှသိတာမလား.."
"အင်း..မဟုတ်ပါဘူး..ကိုယ်."
"ထားပါတော့..သွားမယ်လာ.."
"အင်း.."
နေခြည်ချိုတစ်ချက်ပြုံးပြီးခွန်းပိုင်ဖွင့်ပေးသောကားဆီသို့တက်လာခဲ့သည်။
သူမအတွက်တော့ပွဲဆိုတာတစ်မူထူးခြားတာမဟုတ်တော့ပေမဲ့အရင်ကသူမ့ဒီလိုပွဲတက်ခဲ့သောပထမအကြိမ်တုန်းကတော့အရမ်းကိုစိတ်လှုပ်ရှားခဲ့ဖူးတယ်။ခွန်းပိုင်နဲ့လက်ထပ်ထားသောဇနီးတစ်ယောက်ဆိုပေမဲ့ဒုဥက္ကဋ္ဌအဖြစ်အနေနဲ့သာပွဲတက်ခဲ့ရသည်။ခွန်းပိုင်ဘေးကမှာကြိုးကြာဖြူကအိမ်ရှင်မတစ်လောက်လိုပေါ်ပေါ်ထင်ထင်ကိုပွဲတက်ခဲ့တာ။အခု့သူ့ဇနီးတစ်ယောက်အဖြစ်ပွဲတက်ရမယ်ဆိုတော့ပျော်တာလားဝမ်းနည်းတာလားမသိဘူး။ကျွန်မ့အရင်ဘဝ့ကိုလည်းမလိုချင်သလို။အခု့ဘဝလိုထင်ရှားပြီးလူထင်ပြရတာကိုလည်းမကြိုက်ပြန်ဘူး။လွတ်လပ်မှု့လိုချင်တာပဲသိတယ်။
......
နေခြည်ချိုကားပေါ်ကဆင်းဆင်းချင်းမှာပင်သတင်းထောက်တွေနဲ့မေးမြန်းမှု့တွေစတင်တော့တာပဲ။
"ဥက္ကဋ္ဌကြီး..ဒီပွဲအတွက်ဘာတွေများပါဝင်ကူညီပေးမှာလဲ..."
"ကျွန်တော်တို့ကျောက်စိမ်းလက်ဝတ်ရတနာတစ်စုံလှူဒါန်းသွားမှာပါ.."
"ဒီနေ့..ဒုဥက္ကဋ္ဌနဲ့လာခဲ့တာပဲ..ဥက္ကဋ္ဌကြီးရဲ့
အတွင်းရေးမှူးကောမပါဘူးလား..ခင်ဗျာ.."
အားလုံးရဲ့အမြင်မှာကောသူနဲ့ကြိုးကြာဖြူကလိုက်ဖက်တယ်။သူတို့နှစ်ယောက်ကိုတပူးပူးတတွဲတွဲတွေ့နေကြမို့။သူတို့ကိုအတူတွဲမှတ်မိတတ်နေကြသည်။
ခွန်းပိုင်ထိုစကားကိုကြားပြီးအနည်းငယ်ပြုံးလိုက်သည်။ပြီးနောက်နေခြည်ချိုကိုလက်ကိုဆွဲကိုင်လိုက်ပြီးမြှောက်ပြသည်။
"နေခြည်ချိုကကျွန်တော့်ဇနီးအနေနဲ့ပွဲတက်လာတာပါ..ဒုဥက္ကဋ္ဌအနေနဲ့မဟုတ်ပါဘူး..ကျွန်တော့်အတွင်းရေးမှူးကတော့သူဘာသာလာပါလိမ့်မယ်..အခု့တောင်ပွဲထဲရောက်နေလောက်ပါပြီ..ဒါဆိုကျွန်တော့်တို့ကိုသွားခွင့်ပြု့ပါဦး.."
ခွန်းပိုင်မေးခွန်းတွေမလာခင်မှာနေခြည်ချိုကိုဆွဲခေါ်ပြီးအထဲကိုဝင်သွားသည်။
သတင်းထောက်တွေခွန်းပိုင်စကားကြောင့်အံသြနေကြသည်။သူတို့ထင်တာတဲ့စုံတွဲကအတု့ကြီးဖြစ်ပြီးမထင်ထားတဲ့အရာကတကယ်စုံတွဲပါလား။ခွန်းပိုင်ဘက်ကကြိုးကြားဖြူနဲ့စုံတွဲတွေပါလို့တစ်ခါမှမိတ်မဆက်ပေးခဲ့ဘူး။ဒါပေမဲ့သူတို့ကလိုက်ဖက်နေသလိုခံစားရလို့အတွဲတွေလို့ထင်ခဲ့မိတာ။ခွန်းပိုင်ကိုယ်တိုင်ကိုနေခြည်ချိုကသူ့မိန်းမဆိုတာကိုကြေညာသွားမှတော့မယုံလို့လဲမရ။သူတို့ကတိတ်တိတ်ပုန်းလင်မယားတွေလား။ဘယ်တုန်းကလက်ထပ်လိုက်တာလဲ။
"ခွန်းပိုင်..ကျွန်မ့ပစ္စည်းတွေကိုသွားကြည့်လိုက်ဦးမယ်.."
"ဘာဖြစ်လို့လဲ.ကိုယ်မင်းကိုအထဲကလူတွေနဲ့မိတ်ဆက်ပေးဦးမယ်လေ."
"ကျွန်မ့နဲ့လူတိုင်းသိပါတယ်.."
" ဒါပေမဲ့ကိုယ်မိန်းမအဖြစ်တော့မသိဘူးလေ.."
"အဲ့ဒါတော့ဟုတ်ပါတယ်..ဒါပေမဲ့ကျွန်မ့ပစ္စည်းတွေကိုစိတ်မချဘူး. "
"တစ်ခြားသူတွေရှိနေတာပဲ..ကိုယ့်မိန်းမ့ကိုလူလုံးထုတ်ပြချင်ပြီ.."
"ဟူး..ေစာစာကလည်းပြောခဲ့တာတစ်ကမ္ဘာလုံးသိတော့မှာပဲကို..ကျွန်မ့ပစ္စည်းတွေကိုအခြားသူနဲ့စိတ်မချပါဘူး..ရှင်လည်းသိသား..ကျွန်မ့သူများနဲ့လွှတ်ထားရတာစိတ်မအေးဘူး..လူဆိုတာအမှားနဲ့မကင်းနိုင်ဘူး..သူတို့တစ်ခု့ခု့မှားသွားရင်ပစ္စည်းတွေမလှူလိုက်ရပဲနေမယ်..ကျွန်မ့ခဏလေးပဲသွားကြည့်မှာပါ.နော်. "
နေခြည်ချိုလိုလူကအလုပ်ကိုသေချာလုပ်တတ်မှစိတ်အေးတတ်သူမှန်းသိလို့ခွန်းပိုင်သွားခွင့်ပေးလိုက်ရသည်။သူမရဲ့စိတ်ဓာတ်ကိုသဘောကျလို့လဲဒီကုမ္ပဏီရဲ့
ဒုဥက္ကဋ္ဌရာထူးကိုရဲရဲကြီးပေးထားတာပေါ့။
.....
"ရတနာ..ငါအထဲကပစ္စည်းကိုခဏစစ်လိုက်ဦးမယ်..နင်အရင်သွားနှင့်.."
"အင်း  "
နေခြည်ချိုသူမ့ကိုအရင်ထွက်သွားခိုင်းပြီးပစ္စည်းသိမ်းသောအခန်းထဲကိုဝင်လာခဲ့သည်။အခု့ပစ္စည်းကအရေးကြီးတယ်။တန်ဖိုးထက်မြတ်နိုးရတဲ့အရာမို့။
ခွန်းပိုင်နဲ့လက်ထက်ပွဲမှာဖွားဖွားပေးခဲ့တဲ့လက်ဝတ်လက်စားတွေဖွားဖွားကကျောက်စိမ်းဆိုအရမ်းသဘောကျတာ။အခြားအရာတွေလည်းအများကြီးပေးခဲ့ပေမဲ့အခုကျောက်စိမ်းလေးကတော့ဖွားဖွားအကြိုက်ဆုံးထဲကတစ်ခု့ပဲ။ဒါကြောင့်လည်းရေဘေးသင့်ဒေသတွေကိုလှူဒါန်းမယ့်ပွဲမှာဒီပစ္စည်းလေးကိုဖွားဖွာအတွက်ရည်စူးပြီးလှူဒါန်းလိုက်တာ။ဖွားဖွားလည်းသဘောကျလောက်မှာပါ။
နေခြည်ချိုအခန်းထဲကိုဝင်သွားပြီးကျောက်စိမ်းဘူးကိုဖွင့်လိုက်ချိန်အခန်းအပြင်ကတံခါးပိတ်သံကိုကြားလိုက်သည်။အခန်းထဲတစ်ခု့ခု့ပစ်သွင်းလိုက်တဲ့အသံလည်းကြားလိုက်ရသည်။
နေခြည်ချိုမသင်္ကာတာနဲ့ပဲတံခါးဆီပြန်လျှောက်သွားပြီးဖွင့်ကြည့်ပေမဲ့မရတော့။သူမ့ဒီထဲမှာရှိနေတာမှားပြီးပိတ်မိသွားတာလား။
"ဒုန်း..ဒုန်း..အပြင်မှာတစ်ယောက်ယောက်ရှိလား..အထဲမှာလူရှိတယ်..ဟေ့..အပြင်မှာလူရှိလား..ပိတ်မိနေလို့..ဟေး.."
"ဟာ..အထဲမှာလူရှိနေတာမသိဘူးလား.."
"ဟေး...အထဲမှာလူ.."
နေခြည်ချိုမီးခိုးနံ့အနည်းငယ်ရလာတာနဲ့အနောက်ကိုလှည့်ကြည့်မိလိုက်သည်။
မီး..မီး..မီး..
နေခြည်ချိုရဲ့မီးကြောက်တတ်တဲ့ရောဂါကပျောက်သွားပြီထင်ခဲ့ပေမဲ့အခု့ပြန်ကြုံတွေ့လိုက်ရတော့မခံစားနိုင်ဘူး။သူမခြေထောက်တွေပွေ့ခွေလာပြီအောက်ကိုလဲကျသွားသည်။မီးကတစ်ခန်းလုံးမှာတဖြည်းဖြည်းနဲ့ပျံ့နှံ့လာပြီ။
"ဟူး..ဟူး..ဟူး..ကယ်..ကယ်ပါဦး..ဟီး.."
နေခြည်ချိုမီးကြောက်တတ်တဲ့ရောဂါကအမေဆုံးပြီးကတည်းကပေါ့။မီးလောင်တိုက်ထဲမှာပိတ်မိနေတဲ့သူမ့ကိုကယ်ရင်းအသက်စွန့်သွားရပြီ။သူမ့ရဲ့အမှားတွေကြောင့်ပေါ့ဆမှု့တွေကြောင့်အမေကိုဆုံးရှုံးခဲ့ရတာ။အဖေမရှိတော့ပေမဲ့အမေကတော့နေခြည်ချိုရဲ့ရှေ့မှာတာတိုင်းကြီးသဖွယ်ရပ်တည်နေပေးခဲ့တယ်။ဒါပေမဲ့ဒါပေမဲ့အဲ့နေ့ကကျွန်မ့သာအမေ့ကိုစိတ်မဆိုးခဲ့မိရင်ဒေါသကိုသာရှေ့တန်းမတင်ခဲ့ရင်..ဒါတွေ..ဒါတွေဖြစ်လာမှာမဟုတ်ဘူး။
"ဟီး...အမေ...သမီးကိုကယ်ပါဦး..သမီးကြောက်တယ်..ကယ်ပါဦး.."
အခန်းထဲမှာတဖြည်းဖြည်းကူးစက်လာတဲ့မီးတွေကြားလောကကြီးကထွက်သွားရမှာတော့ပါလားဆိုသောအတွေးကိုလွှမ်းမိုးလာပြီ။
"မထွက်သွားချင်ဘူး...ငါအခု့မှပျော်ရွှင်လာရုံရှိသေးတယ်..ငါမပျောက်ကွယ်ချင်သေးဘူး..ငါ..ငါ..ခွန်းပိုင်နားမှာနည်းနည်းကြာကြာပိုနေချင်သေးတယ်...တစ်ယောက်ယောက်ရှိရင်ကယ်ကြပါ...ကျွန်မ့ထွက်မသွားချင်သေးဘူး..အဟွတ်..ဟွတ်..ဟူး..ဟူး
နေခြည်ချိုမီးခိုးလုံးတွေကြားမှာမွှန်းကြပ်နေပြီ။
နေခြည်ချိုရဲ့စိတ်ထဲကစကားတွေကိုများတစ်ယောက်ယောက်ကြားသွားတာလား။
"ကလောက်.."
နေခြည်ချိုမှီထားတဲ့တံခါးကရုတ်တရက်ပွင့်သွားပြီးသူမအနောက်သို့လဲကျသွားသည်။
"ဟေ့..ခင်ဗျားအဆင်ပြေလား..ဟေး.."
"အဟွတ်..အဟွတ်..."
နေခြည်ချိုမှုန်ဝါးဝါးနဲ့မျက်စိရှေ့မှာတွေ့နေရသောကောင်လေးတစ်ယောက်။သူမ့ဘေးမှာဒူးထောက်ထိုင်ချပြီးသူမ့ကိုခေါ်နေသည်
"ဟေး.."
သူနေခြည်ချိုကိုမီးလောင်နေသောနေရာကနေအမြန်ဆုံးဆွဲထုတ်လိုက်သည်။ပြီးနောက်မနိုင်မနင်းနဲ့ကျော်ပေါ်ကိုတင်ပြီးထိုင်ခုံတစ်ခု့ကိုအမြန်ရှာလိုက်သည်။
"ခင်ဗျားအဆင်ပြေလား.."
နေခြည်ချိုသူမ့ရှေ့မှာစိုးရိမ်တကြီးနဲမေးနေသောကောင်လေးကိုကြည့်ပြီး
"ဟူး..ဟူး..ဟူး..ဟင့်အင်း..မပြေ"
နေခြည်ချိုကောင်လေးရဲ့ပခုံးပေါ်ကိုလဲကျသွားသည်။
"ဟေ့..မေ့လဲသွားပြီ."
ကောင်လေး.နေခြည်ချိုကိုကျောပိုးရင်းHotelပြင်ပကိုပြေးထွက်လာခဲ့သည်။
"ဖယ်ကျပါ..ဒီမှာ..လူနာပါတယ်..ဖယ်..ဖယ်.."
ရတနာလူတစ်ယောက်ကိုကျောပိုးလာပြီးအမြန်ပြေးလာတဲ့သူ့ကိုကြည့်ရင်း
"အား..နေခြည်..."
ကျောပေါ်ကမိန်းကလေးကနေခြည်ချိုမှန်းသိလိုက်ရသည့်အခါထိုကောင်လေးနောက်ကိုပြေးလိုက်သွားခဲ့သည်။
"ဟေး...သူဘာဖြစ်လာတာလဲ.."
"အခန်းထဲမှာမီးလောင်နေတာတွေလို့.."
"သူအခု့ဘယ်လိုဖြစ်နေတာလဲ.."
"မေ့လဲသွားတာ..နောက်မှမေးလို့ရမလား.."
"ဪ..အေး.အေး.."
"တက္ကစီတစ်စီးအမြန်ခေါ်ပေးပါ..အခု့ချက်ချင်းဆေးရုံသွားမှရမယ်..."
"ငါမှာကားပါတယ်..သွားရအောင်.."
"အင်း..မြန်မြန်..ခင်ဗျားကားဘယ်မှာလဲ.."
.......
လောကကြီးကထွက်သွားရတော့မယ်။အားလုံးရဲ့အဝေးပေါ့။ကျွန်မ့လိုချင်တဲ့ခွန်းပိုင်ရဲ့အချစ်ကိုတော့လိုချင်သေးတယ်။မဖြစ်နိုင်မှန်းသိပေမဲ့သူရယ်ကလေးလေးရယ်ကျွန်မရယ်အတူတူပျော်နေချင်သေးတယ်။
မဖြစ်နိုင်ဘူးမလား။အားလုံးကအားလုံးကကျွန်မ့ကိုသူဘေးနားမှာလိုအပ်ချက်တွေဖြည့်ပေးနေတဲ့လူတစ်ယောက်လိုပဲမြင်ကြတာလေ။
ခွန်းပိုင်..ခွန်းပိုင်..ရှင်ကော..ကျွန်မ့ကိုအဲ့လိုထင်နေလား..ရှင်ကတော့ကျွန်မ့ကိုအဲ့လိုမထင်ပါနဲ့နော်..ရှင်မချစ်ရင်တောင်ရှင်ကျွန်မ့ကိုပစ်မသွားပါနဲ့..ကျွန်မ့အဲ့လိုနာကျင်မှု့တွေကိုတစ်ခုပဲခံစားပါ့ရစေ..
"နေခြည်ချို..မင်းအဆင်ပြေလား.."
နေခြည်ချိုရဲ့အသက်ရှုသံပြင်းလာတာကြောင့်
ဒေါက်တာဝန်းစိုးရိမ်တကြီးနဲ့နှိုးလိုက်သည်။
"ဟူး..ဟူး.."
နေခြည်ချိုပထမဆုံးမျက်လုံးဖွင့်ချိန်မှာခွန်းပိုင်ကိုအရင်မမြင်လိုက်လို့စိတ်ညစ်သွားပေမဲ့
"ဒေါက်တာဝန်း.."
"နေခြည်ချို..မင်းအဆင်ပြေတယ်မလား.."
"အင်း.."
"ေခါင်းကောဘယ်လိုနေလဲ.."
"နည်းနည်းတော့နောက်ကျီ့ကျီ့လေးခံစားရသေးတယ်.."
"အင်း..အဲ့လိုပါပဲ..မင်းမီးခိုးတွေမွှန်သွားပြီးမူးလဲသွာတာ.."
"ဟို..ကျွန်မ့ရဲ့ကလေးကော.."
နေခြည်ချိုအရာအားလုံးထက်အရေးကြီးတဲ့သူမ့ကလေးကိုစိုးရိမ်တကြီးနဲ့မေးလိုက်သည်။
"အဆင်ပြေပါတယ်..ကလေးကတော့ဘာမှမဖြစ်ပါဘူး.."
"ကလေးကတော့ဆိုတော့..ကျန်တာဘာကအဆင်မပြေလို့လဲ.."
"ဟူး..မင်းမေ့လဲသွားတော့ခွန်းပိုင်မင်းရဲ့တစ်ကိုယ်လုံးကိုစစ်ဆေးတယ်..သူအစိုးရိမ်လွန်ပြီးလုပ်လိုက်တဲ့အရာကမင်းရဲ့.လျို့ဝှက်ချက်ကိုသူသိသွားပြီ.."
သေသာ သေသွားချင်တော့တယ်။သူမသိအောင်တမင်သတိမပေးထားခဲ့တာအခု့တော့သိသွားပြီ။ဘယ်လိုလုပ်မလဲ။ကလေးရှိနေရင်သူသဘောကျပါ့မလား။
သဘောမကျရင်လည်းမတတ်နိုင်ဘူး။ရွေးချယ်ဖို့နည်းလမ်းကတစ်ခု့ပဲရှိတယ်။ဒါကတော့ကလေးပဲ။ကျွန်မ့ကလေးထက်ဘာမှအရေးမကြီးဘူး။
"ဒါဆို..သူသိသွားပြီပေါ့. .သူဘယ်လိုနေလဲ..အဆင်ပြေရဲ့လား.."
"ငါမသိဘူး..သူပုံစံကြည့်ရတာတော့တစ်ခု့ခု့ဖြစ်နေသလိုပဲ.."
"ဟမ်..ဟုတ်လား..ဒါဆို.."နေခြည်ချိုသူ့ရဲ့ရွေးချယ်မှု့ကိုကြောက်ရွံနေပြီ။သူသာကလေးကိုမလိုချင်ဘူးလို့ပြောခဲ့ရင်
"နေခြည်ချို..မင်းကိုယ့်ကိုကိုယ်ယုံကြည်ချက်ကလျော့နည်းနေပါ့လား..သူ့ရှေ့ကျအရာရာပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လိုမျိုးနဲ့..အဲ့လိုပုံစံဘယ်ရောက်သွားတာလဲ.."
"ကျွန်မယုံကြည်ချက်လျော့နည်းတဲ့အချိန်ကသူ့နဲ့အတူမရှိတဲ့အချိန်ပဲ..."
"မင်းတို့မိန်းကလေးအားလုံးကဒီလိုပဲလား..ကိုယ်ချစ်တဲ့သူရှေ့ကျယုံကြည်မှု့ကပြင်းထန်တတ်တာလား"
"မဟုတ်ပါဘူး...ကိုယ့်ချစ်တဲ့သူရှေ့မှာတော့ကြောက်စိတ်လေးနည်းနည်းရှိတာပေါ့..သူများကိုယ့်ကိုစိတ်ပျက်သွားမလား..တစ်မျိုးထင်သွားမလား..ဒါတွေကအမြဲတမ်းပေါ်နေပြီးသား..မိန်းကလေးမဟုတ်ပါဘူး..ရှင်တို့ယောကျ်ားတွေလည်းတကယ်ချစ်မိရင်အဲ့လိုဖြစ်လာမှာပဲလေ..ဟုတ်တယ်မလား.."
"ကျွန်တော်ကတော့မချစ်ဘူးလို့မသိဘူး.."
မချစ်ဘူးတဲ့သူကိုများပြောပြလိုက်ရတာ။အပိုပဲ။သူကအချစ်အကြောင်းသိမှာလဲမဟုတ်ပါဘူး။ကြိုက်တဲ့သူကောရှိပါ့မလား။
"ကျွီ.."
နေခြည်ချိုနဲ့ဒေါက်တာဝန်းစကားဝိုင်းကအခန်းထဲကိုဝင်လာသောသူကြောင့်ငြိမ်သက်သွားသည်။
"ခွန်းပိုင်..."
ခွန်းပိုင်ရဲ့တည်ငြိမ်နေသောမျက်နှာအနေအထားကိုကြည့်ပြီးနေခြည်ချိုခြုံထားသောစောင်စကိုဆုတ်ကိုင်ထားမိသည်။
"သူမ့ဘယ်လိုနေလဲ.."
"အင်းအဆင်ပြေပါတယ်..ငါအလုပ်ရှိလို့သွားလိုက်ဦးမယ်..."
ဒေါက်တာဝန်းပြဿနာထဲသူပါမှာကြောင့်အမြန်ဆုံးထွက်သွားသည်။
ဒေါက်တာဝန်းထွက်သွားတာနဲ့အခန်းကငြိမ်သက်သွားသည်။ခွန်းပိုင်နေခြည်ချိုကိုစိုက်ကြည့်ရင်း
"မင်းဘာလို့လိမ်ထားတာလဲ.."
"ကျွန်မမလိမ်ထားပါဘူး..."
"မလိမ်ထားဘူးဟုတ်လား.."
"အင်း..ကျွန်မ..ပြောဖို့အခွင့်အရေးမရသေးလို့ပါ.."
"မင်းကကွာရှင်းဖို့တောင်လုပ်နေပြီ..အသိကဘယ်အချိန်မှပေးမှာလဲ.."
နေခြည်ချိုသူအမေးကိုဖြေဖို့အဖြေမရှိ။တကယ်တော့ဘယ်အချိန်မှသတိပေးဖို့စဥ်းစားထားဘူး။
"မင်းကကွာရှင်းပြီးအမြန်ဆုံးထွက်သွားချင်နေတာဒါကြောင့်လား...မင်းဘာလို့အခု့လိုလုပ်ရက်ရတာလဲ..နေခြည်ချို..""ကျွန်မပြောပြတော့ကောရှင်ကဒီကလေးကိုလက်ခံနိုင်မှာမို့လို့လား...ရှင်စဥ်းစားဦး..ရှင်မချစ်တဲ့မိန်းမတစ်ယောက်ကရှင့်နဲ့ရတဲ့ကလေးတစ်ယောက်ကိုရှင်မလိုချင်လောက်ပါဘူး.."
"မင်းဘာလို့အဲ့လောက်တောင်အသေအချာပြောနိုင်ရတာလဲ..ငါဘက်ကကောတစ်ခါလေးတွေးပေးဖူးလား..မင်းငါ့စိတ်ကိုမသိပဲနဲ့တစ်ယောက်ထဲအရာအားလုံးကိုဆုံးဖြတ်တယ်...မင်းသဘောနဲ့ငါ့ကလေးကိုငါနဲ့အဝေးဆုံးမှာထားဖို့လုပ်နေတာ...မင်းကအရမ်းရက်စက်တာပဲ.."
"ခွန်းပိုင်...ရက်စက်တယ်ဆိုတဲ့စကားကရှင်မို့ပြောရဲတယ်..အဟား..ရှင်ကမှတကယ်ရက်စက်တဲ့သူဆိုတာကောသိရဲ့လား..ကျွန့်မကလေးကိုထုတ်မပြောရဲတာ..ရှင့်ကြောင့်ပဲ.."
"ငါ့ကြောင့်..."
"ဟုတ်တယ်..ရှင်ကအမြဲတမ်းရက်စက်လို့..ကျွန်မ့ကိုနာကျင်အောင်လုပ်လို့ရှင်နဲ့ဝေးရာကိုကျွန်မ့ထွက်သွားဖို့ဆုံးဖြတ်ခဲ့တာ..ရှင်လိုကျွန်မ့ခံစားချက်တွေမကြည့်ပေးခဲ့တဲ့သူကိုကျွန်မ့ယုံယုံကြည်ကြည်နဲ့ကလေးကိုမပြရဲဘူး..ရှင်နဲ့ကြိုးကြာဖြူတို့ဿျွန်မ့ကလေးကိုဖျက်ချခိုင်းရင်ဘယ်လိုလုပ်မလဲ..ရှင်ကသာကလေးကိုဂရုမစိုက်ပေမဲ့ကျွန်မ့ကတော့ကျွန်မ့ကလေးကိုအရမ်းချစ်တယ်..ရှင်တို့အချစ်အတွက်ကျွန်မ့
ကလေးကိုတော့မတရားမလုပ်ပါနဲ့.."
"နေခြည်ချို.."
ခွန်းပိုင်..သူ့ကိုမယုံသေးသောနေခြည်ချိုရဲ့စကားတွေကြောင့်အံ့သြလို့မဆုံးဖြစ်နေသည်။
သူအရင်ကမှားခဲ့တာဂရုမစိုက်မိခဲ့တာတွေသိပါတယ်။
အခုချိန်မှာတော့သူ့မကိုအကောင်းဆုံးဂရုစိုက်ပေးတယ်။ချစ်ပေးတယ်။သူမ့ကသူ့အတွက်အရာရာပဲလေ။
ဒါပေမဲ့သူမ့ကတော့အခု့ထိသူ့ကိုမယုံသေးဘူးလား။
သူ့ရဲ့ကလေးကိုသတ်ပစ်လောက်အောင်ထိတော့မမိုက်မဲပါဘူး။အရာရာအားလုံးနဲ့လဲရင်တောင်သူမနဲ့ကလေးကိုပဲရွေးချယ်မှာကိုအခုတော့သူမ့ကပြောရက်တယ်။
"မင်းအတွက်ငါကကိုယ်ကလေးကိုဖျက်ခိုင်းလောက်ရတဲ့အထိတောင်ယုတ်မာနေပြီလား.."
"ရှင်မလုပ်နိုင်ဘူးလို့ပြောလို့မှမရတာ..ကြိုးကြာဖြူကလည်းကျွန်မ့ကြောင့်သူကလေးပျက်ချခဲ့တယ်ဆိုပြီးအတော်လေးဒေါသထွက်နေတယ်မလား..ရှင်တို့ရဲ့ကလေးကိုကျွန်မ့လုပ်ခဲ့တာမဟုတ်ဘူး..ဒါကြောင့်ကျွန်မကလေးလည်းအလွတ်ပေးပါနော်.."
"ဟာ..နေခြည်ချို..မင်းကိုငါတကယ်..တကယ်..စိတ်ပျက်တယ်...ငါကိုယ်ကလေးကိုဖျက်ချခိုင်းလိုက်ရအောင်မယုတ်မာပါဘူးကွာ...နောက်ပြီးကြိုးကြာဖြူရဲ့ကလေးကလည်းငါ့ကလေးမဟုတ်ဘူး...သူဘာသာပျင်ကျမပျက်ကျကျငါနဲ့မဆိုင်ဘူး...ဒါပေမဲ့မင်းကလေးကတော့ငါနဲ့ဆိုင်တယ်...ငါ့ကလေးကိုဖျက်ချခိုင်းမယ်လို့မင်းထင်နေတာငါတကယ်စိတ်ပျက်မိတယ်..."
ခွန်းပိုင်သူ့ရဲ့အပေါ်အင်္ကျီကိုယူပြီးအခန်းအပြင်ကို
ထွက်လာခဲ့သည်။
နေခြည်ချိုသူ့ကိုအဲ့လိုစကားတွေမပြောသင့်ဘူးဆိုတာသိပါတယ်။ဒါပေမဲ့သူလက်ခံချင်ပါ့မလားဆိုတဲ့စိတ်နဲ့ပြောမိပေမဲ့အခုတော့ခွန်းပိုင်စိတ်ဆိုးသွားပြီ။
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓
#မဒီ

ကြိုးကြာဖြူကလေးကခွန်းပိုင်ကလေးဆိုပြီးဘာလို့ပြောနေတာလဲဆိုတဲ့မေးခွန်းကိုနောက်အပိုင်းတွေကျဖြေပေးပါ့မယ်😄
အားလုံးသိချင်မယ်လို့ထင်တယ်။ခွန်းပိုင်ကသူ့ကလေးမဟုတ်ပဲဘာလို့လက်ခံလိုက်လဲဆိုတာကို😁ဟီး..ဟီး..တအားကိုသဘောကောင်းလွန်းတဲ့သူကြီးပေါ့နော်။
နောက်ပြီးနေခြည်ချိုကိုကယ်ခဲ့တဲ့ကောင်လေးကနောက်ပိုင်းဘယ်နေရာမှာပါမှာလဲဆိုတာလည်းနောက်တစ်နေ့ကျဖတ်ပေးပါဦးနော်။😘

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now