အချစ်ရက်ပေါင်း၃၆၅ရက်
အပိုင်း၉
"ဦး.."
"ဗျာ့.."
"ခြည်လေး..ရေခဲချောင်းစားချင်တယ်.."
ခြည်လေးတိုးတိုးတိတ်တိတ်နဲ့မင်းဆက်နားကိုလာပြီးပြောလေသည်။
"သမီးမာမီကငေါက်လိမ့်မယ်နော်.."
"ငေါက်ပါဘူး..လုပ်ပါနော်.. "
"မရလောက်ဘူး..သမီးလေးရဲ့..ဦးတခြားဟာဝယ်ကျွေးမယ်လေ..ဘာစားချင်လဲပြော.."
"မစားချင်ဘူး..ရေခဲမုန့်ပဲစားချင်တာ.."
"မရလို့ပါ..ရေခဲမုန့်ကသမီးနဲ့မတည့်ဘူးလေ.."
"ဘာလို့လဲ...ခြည်နဲ့မတည့်တာတွေချည်းပဲ..ဟိုဟာမစားနဲ့ဒီဟာမစားနဲ့.."
ခြည်လေးနှုတ်ခမ်းဆူပြီးပြောနေလေရာနေခြည်ချိုမြင်သွားလေသည်။
"ခြည်လေး..ဦးဦးကိုဘာတွေဂျီကျနေတာလဲ.."
"ဘာမှမဟုတ်ပါဘူး..ခြည်လေးကပျင်းလို့ကစားဖို့ပြောနေတာ..ဘာမှမဟုတ်ဘူးအမ.."
"ပြီးတာပါပဲ..ခြည်လေး..ဘာမှဂျီကျဖို့မကြံနဲ့ရေခဲမုန့်လည်းမစားရဘူး.."
ခြည်လေးတောင်မပြောရသေးဘူးမာမီကအကုန်သိနေပြီ။ခြည်လေးနှုတ်ခမ်းကြီးဆူပြီးထွက်သွားလေသည်။
"အမကလည်း.."
"ထားလိုက်..ခဏနေစိတ်ကောက်ပြေသွားလိမ့်မယ်."
မင်းဆက်သားအမိနှစ်ယောက်ကြောင့်ခေါင်းခါလိုက်သည်။တစ်ယောက်တစ်မျိုးပါ။
ခြည်လေးအနောက်ခန်းထဲဝင်လာခဲ့သည်။
ခုံပေါ်မှာထိုင်ပြီးစိတ်ကောက်နေလေရဲ့။
အနောက်ခန်းကပစ္စည်းတွေကိုစာရင်းလိုက်စစ်နေသောသု့တနဲ့တိုးရော။
သု့တငူငူငိုင်ငိုင်နဲ့ထိုင်နေသောသူမလေးကိုကြည့်ပြီးပြုံးလိုက်မိသည်။
ပြီးနောက်သူမနားလေးကိုသွားလိုက်သည်။
"သမီးလေး..ဘာဖြစ်လာတာလဲ.."
"မာမီနဲ့ဦးဦးမင်းဆက်ကလူဆိုးတွေ"
"ဟင်.."
"သူတို့ကခြည်လေးရေခဲမုန့်စားချင်တာကိုမကျွေးချင်ဘူး..ဒီတစ်ခါပဲဆိုတာကို.."
ဒီတစ်ခါနောက်ဆုံးနောက်ဆုံးနဲ့ပြောသောသူမကြောင့်သု့တရယ်ချင်စိတ်ကိုထိန်းထားရသည်။
"ရေခဲမုန့်ဝယ်မကျွေးလို့သူတို့ကလူဆိုးတွေပေါ့.."
"ဟုတ်တယ်..ဒါနဲ့ဦးဦးကကောလူဆိုးလား.."
"ဟင်..ဦးဦးကလူဆိုးမဟုတ်ပါဘူး.."
ခြည်လေးပြုံးလိုက်ပြီးခုံပေါ်ကနေဆင်းလိုက်သည်။
"ဦးဦး..လူဆိုးမဟုတ်ဘူးဆို..မီးကိုရေခဲမုန့်ဝယ်ကျွေး"
"အို..လူလည်မလေး..ဝယ်မကျွေးပါဘူး.. သမီးနဲ့မတည့်ဘူးလေ.."
"ဦးဦးကလူဆိုးမဟုတ်ဘူးဆို..ဟွန်းဦးဦးလည်းလူဆိုးကြီးပဲ..."
ခြည်လေးနှုတ်ခမ်းကိုက်ပြီးလက်ပိုက်ကာတစ်ဖက်လှည့်သွားလေသည်။သု့တစိတ်ကောက်နေသာသူမလေးကိုအူယားလိုက်တာပြောမနေနဲ့။
သူမှာလည်းဒီလိုသမီးလေးရှိရင်ကောင်းသာ။
"အဲ့လိုတော့မလုပ်ပါနဲ့ဗျာ..ဦးဦးဝယ်ကျွေးဆိုဝယ်ကျွေးပါ့မယ်.."
"တကယ်လား.."
"အင်း..ဒါပေမဲ့အခု့တော့မဟုတ်သေးဘူး..
ညနေအပြန်ကျဦးဦးဝယ်ကျွေးမယ်..ဟုတ်ပြီလား.."
"ဟုတ်..ဦးဦးကအကောင်းဆုံးပဲ.."
ခြည်လေးသူ့ဦးဦးကိုဖက်လိုက်သည်။
သု့တသူမ့ခေါင်းလေးကိုပွတ်ပေးလိုက်သည်။
ခြည်လေးကိုအလိုလိုက်ဆုံးကတော့သု့တပေါ့နော်။
🍧🍨🍧🍨🍧🍨🍧🍨🍧🍨🍧🍨🍧🍨🍧🍨
နေခြည်သမီးလေးနဲ့ဂျီတိုက်မှု့ကြောင့်ခရီးတိုလေးတစ်ခု့ထွက်ဖို့လုပ်ရသည်။
ကလေးမလေးကသူ့သူငယ်ချင်းလေးကိုလည်းခေါ်ချင်တယ်ဆိုတော့ကိုခန့်ဘုန်းရှိန်တို့သားအဖပါလိုက်ခဲ့ဖို့ပြောခဲ့ရသေး။
သားအမိနှစ်ယောက်သွားရင်မင်းဆက်ကတော့ပါမှာပဲ
သူ့ရဲ့ဦးဦးနဲ့မမကိုလည်းအပါခေါ်ခဲ့ရသေး။
နေခြည်တို့အဖွဲ့မြို့နှင့်သိပ်မဝေးသောအပန်းဖြေစခန်းတစ်ခု့ကိုအလည်ထွက်ခဲ့သည်။
"ပေး..ကျွန်တော်သယ်ပေးမယ်.."
"ကျေးဇူးပါပဲ. "
"ရပါတယ်ဗျာ.."
ကားနောက်ခန်းကပစ္စည်းတွေကိုနေခြည်နဲ့အတူဝိုင်းသယ်ပေးနေသောခန့်ဘုန်းရှိန်ကိုပြုတ်ကျမတတ်လှမ်းကြည့်နေသောသု့တ။
ဘေးကမင်းဆက်ကတော့ပျော်ရွှင်နေ၏။သူ့အတွက်ဒီကောင်လူယုတ်မာထက်စာရင်ကလေးအဖေလည်းအဆင်ပြေတယ်။
"ခန့်ဘုန်းရှိန်ကအမ့ကိုသဘောကျနေတာနဲ့တူတယ်..
ဝမ်းသာစရာပဲ.."
သု့တမီးတောက်နေသောမျက်လုံးတွေမင်းဆက်ဘက်လှည့်လာလေသည်။
"ဘာလာကြည့်တာလဲ..ခင်ဗျားကဒေါသထွက်နေတာလား.."
သူနဲ့ပြိုင်ပြီးဒေါသထွက်ပြနေလည်းအပိုပဲ။
နောက်ပြီးနေခြည်ကိုချစ်နေတယ်ဆိုတာဘယ်သူမှမသိစေချင်ဘူး။
"ခင်ဗျားကိုအမကဘယ်တော့မှရွေးမှာမဟုတ်ဘူး..စောစောစီးစီးခင်ဗျားစိတ်ပိုင်းဖြတ်ပြီးပြန်သွားလိုက်တာကောင်းမယ်.."
"ငါမင်းနဲ့စကားမများချင်ဘူး..နောက်ပြီးပြန်သွားမှာမဟုတ်ဘူး.."
သု့တသူ့အိတ်ကိုဆုပ်ကိုင်ပြီးထွက်သွားသည်။
မင်းဆက်အံကြိတ်ပြီးစူးစိုက်ကြည့်နေမိ၏။
"နေခြည်..ကိုယ်ဘာလုပ်ပေးရမလဲ..."
"ရပါတယ်..မလိုတော့ဘူး..နေခြည်အိတ်တွေအကုန်သယ်ပြီးသွားပြီ..ကိုသု့တအိတ်ကော.."
"ဒီမှာ..ကိုယ်ယူပြီးသွားပြီ.."
"အင်း..ဒါဆို..နေခြည်တို့အထဲသွားရအောင်လေ.."
သု့တခေါင်းငြိမ့်ပြရင်းသူမနောက်ကိုလိုက်သွားလေသည်။
...........
ဖြစ်ချင်တော့မင်းဆက်နဲ့သု့တတို့တစ်ခန်းထဲတူတူအိပ်ရတော့မည်။
ခန့်ဘုန်းရှိန်ကသားလေးပါတာမို့သားအဖနှစ်ယောက်တူတူနေသည်။မိန်းကလေးတွေကလည်းတစ်ခန်းထဲ။
ဒီကောင်နဲ့မှအိပ်ရမယ်တဲ့ကွာ။
အခန်းကမရှိတော့လို့ပေါ့။နို့မို့ဆိုဒီလိုကောင်နဲ့မနေဘူး။
တစ်ယောက်နဲ့တစ်ယောက်ခုတင်တစ်လုံးစီမှာနေ
နေကြပေမဲ့မျက်လုံးချင်းကတော့တိုက်ပွဲတွေဖြစ်လို့။
သု့တအင်္ကျီအချို့ကိုဗီရိုထဲမှာထည့်လိုက်သည်။
စိတ်မကြည်သောမင်းဆက်သူ့အတိုင်းအင်္ကျီအချို့ကိုယူပြီးဗီရိုထဲမှာသွားထည့်သည်။
သု့တသူ့ပုံစံကြည့်ပြီးစိတ်တိုပေမဲ့လည်းဥပေက္ခာပြု့ထားသည်။
သုတ့တဘက်ကိုယူပြီးရေချိုးခန်းဝင်မဲ့အလုပ်မင်းဆက်ပြေးလာပြီးသူ့ထက်အရင်ဦးအောင်ဝင်သွားသည်။
သု့တမှာဝင်တိုက်လို့ဘေးကိုချော်ထွက်သွားသပါ့။
"တောက်.."
သု့တရဲ့တောက်ခေါက်သံကတစ်ခန်းလုံးကိုကျယ်လောင်သွားသည်။အခန်းတွင်းအနိုင်ပြုံးကြီးနဲ့မင်းဆက်တစ်ယောက်တော့တောက်ခေါက်သံကြားကာပိုပြီးပြုံးလိုက်မိသည်။
"ခင်ဗျားလိုချင်တာဘယ်အရာမှမရစေရဘူး..အဲ့ဒါအမအတွက်လက်စားချေမှု့ပဲ.."
...
သုတတဘက်ကိုပစ်ချလိုက်ပြီးအခန်းအပြင်ကိုထွက်လာခဲ့သည်။
"ဘယ်လိုကောင်တုန်း...ချီးပဲ..အရူးကောင်.."
"ရှင်.."
သုတ့ဘေးကမိန်းကလေးအသံကြောင့်လှည့်ကြည့်မိတော့နေခြည်ချိုကြောင်တောင်တောင်လေးနဲ့ရပ်နေလေသည်။
"ကျွန်မဘာလုပ်မိလို့လဲ.."
"အို..မဟုတ်ဘူး..နေခြည့်ကိုပြောတာမဟုတ်ဘူး.."
"ဪ.."
ဟုတ်သားပဲ..နေခြည်နဲ့အခန်းချင်းကကပ်ရပ်ကိုမေ့နေလိုက်တာကွာ
"ဘယ်ကပြန်လာတာလဲ.."သု့တလက်ထဲကအိတ်တွေကိုမြင်ကြီးမေးလိုက်ခြင်း
နေခြည်လက်ထဲကအိတ်တွေကိုမြှောက်ပြလိုက်သည်
"ကားထဲပစ္စည်းနည်းနည်းကျန်နေလို့သွားယူတာ.."
"ဟုတ်လား.."
"အင်း.."
ပြန်ဖြေပြီးနောက်နှစ်ယောက်သားမှာပြောစရာစကားကမရှိတော့။သုတ့သူမ့ကိုသာစိုက်ကြည့်နေမိသည်။
အစကတော့အဆင်ပြေပေမဲ့ကြာတော့နေခြည်ရှက်လာတာကြောင့်
"ဟို..ပြောစရာမရှိရင်..နေခြည်ဝင်တော့မယ်နော်.."
"ဪ..ဟုတ်ကဲ့..နားလိုက်ပါဦး.."
"ဟုတ်..ဝင်ပြီနော်.."
"အင်း.."
နေခြည်ချိုရှက်ပြုံးလေးပြုံးပြီးအခန်းထဲကိုဝင်သွားသည်။
"ဘာဖြစ်တာလဲ..သု့တရာ..အဲ့အပြုံးလေးကိုရင်ခုန်နေတယ်.."
သုတ့သူ့ရင်ဘတ်ကိုသူစမ်းရင်းသက်ပြင်းချလိုက်သည်။ချစ်ဖို့ကောင်းနေရောပဲ။
အခု့တော့စိတ်တွေပြန်အဆင်ပြေသွားပြီ။ရေပြန်ချိုးဦးမှပဲ။
.......
"မနေခြည်...ဒီမှာ.."
ခန့်ဘုန်းရှိန်အအေးတစ်ခွက်ယူလာပြီးနေခြည်ကိုပေးလိုက်သည်။
"ကျေးဇူးပါ.."
ချောင်းဘေးတွင်ဆော့ကစားနေသောကလေးနှစ်ယောက်ကိုသေချာကြည့်နေမိသည်။သူတို့လေးတွေကသိပ်အပြစ်ကင်းစင်တာပဲ။
ပျိုးကတော့သူတို့လေးနားမှာဓာတ်ပုံတွေပတ်ရိုက်နေသည်။
"ကိုခန့်ဘုန်းရှိန်..ဒီနေ့လာရတာအဆင်ပြေရဲ့လား"
"အင်း..ပြေပါတယ်..ပျော်စရာလည်းကောင်းတယ်..
မနေခြည်ကော..ဘယ်လိုလဲ.."
"ကောင်းပါတယ်..ဒီလိုလေးတစ်ခါတစ်ခါလေတော့ထွက်ပေးရမယ်..ကလေးတွေကပျော်တယ်လေ.."
"ဟုတ်ပါ့.."
ပျောက်နေသောသူနှစ်ယောက်
သုတ့အခန်းထဲထွက်ကတည်းကတကောက်ကောက်လိုက်နေသောမင်းဆက်ကြောင့်တော်တော်လေးစိတ်ရှုပ်ထွေးနေရသည်။
"မင်းငါ့နောက်လိုက်နေတာငါ့များကြိုက်နေတာ.."
"ဘာ.."
"ဟုတ်တယ်မလား.."
"အော့..ရူးနေပြီလား..ကျုပ်ကယောကျ်ားချင်းမကြိုက်ဘူး.."
"ဒါဆိုလည်းဘာလို့ငါ့နောက်ကိုလိုက်နေတာလဲ..မင်း..ငါ့နောက်ဘယ်ချိန်ထိလိုက်နေမှာလဲ.."
"ခင်ဗျားခွန်းပိုင်ဆိုတာသက်သေပြနိုင်တဲ့အထိလိုက်နေဦးမှာ.."
"ဟင်း...မင်းပြောနေတဲသူကငါမဟုတ်ဘူး..တစ်ခါလည်းခွန်းပိုင်တစ်ခါလာလည်းခွန်းပိုင်နဲ့..မပြီးနိုင်ဘူးလားကွာ..ငါခွန်းပိုင်မဟုတ်ပါဘူးဆို.."
"လိမ်နေတာ..မငြင်းစမ်းပါနဲ့..ခွန်းပိုင်ဆိုတဲ့သက်သေတွေ့တာနဲ့ခင်ဗျားအမနားကထွက်သွားရပြီတာမှတ်."
"မင်း..ဟင်းဟင်း.."
သု့တသူ့ကိုစိတ်လျော့လိုက်ပြီးလမ်းဆက်လျှောက်လာခဲ့သည်။
မြန်ဆန်နေသောသူရဲ့ခြေလှမ်းတွေတစ်နေရာရောက်တော့ရပ်လိုက်မိသည်။
ဒါကလည်းကြေကွဲစရာမြင်ကွင်းကိုမြင်လိုက်ရလို့ပင်။
"ဘာဖြစ်တာလဲ.."
နောက်ကနေလိုက်လာသောမင်းဆက်ခြေလှမ်းရပ်သွားသောသူကြောင့်သူပါတစ်ခါတည်းရပ်လိုက်မိသည်။စောစောကရန်တွေ့နေသောသူအခု့ငြိမ်ကျသွားတာဘာကြောင့်များပါလိမ့်။
"ဪ..အမနဲ့ခန့်ဘုန်းရှိန်..သူတို့ဘာတွေပြောနေတာလဲမသိဘူး..အမကလည်းရယ်လို့ပါလား.."
သု့တနောက်ကလူကိုမျက်စိလှန်ကြည့်ပြီးရှေ့ကိုပြန်လှည့်သွားသည်။
"ခင်ဗျားကြီးကိုပြောပါတယ်..ခင်ဗျားအတွက်အခွင့်အရေးမရှိပါဘူးလို့..ခွန်းပိုင်ဖြစ်တယ်ဆိုတာဖွင့်ပြောလိုက်ပါတော့ဗျာ.."
သု့တနောက်ကငကြောင်ကြောင့်ဒေါသပိုထွက်လာမိသည်။သူ့နားကသာအမြန်ထွက်သွားဖို့အရေးကြီးတယ်။
ခပ်မြန်မြန်ခြေလှမ်းတွေနဲ့နေခြည်တို့ဆီလျှောက်လာလေသည်။
"နေခြည်.."
"ဪ...သု့တ..လာပြီလား.."
"အင်း.."
"မင်းဆက်ကော.."
"သူနောက်မှာ.."
မင်းဆက်နေကာမျက်မှန်ကြီးတကားကားနဲ့နောက်ကနေအေးဆေးလျှောက်လာလေသည်။
"ကျွန်တော်ရောက်ပြီ.."
"ဟုတ်ပြီး..နေခြည်တို့လူလည်းစုံပြီဆိုတော့..ရေတံခွန်ဘက်သွားရအောင်.."
"ကောင်းသားပဲ.."
"ဟေ့..ပျိုးတို့လာခဲ့တော့..သွားရအောင်.."
"ဟုတ်ကဲ့.."
......
"မနေခြည်.."
"ဟုတ်..ကျေးဇူးပါ.."
နေခြည်ချိုကမ်းလာသောခန့်ဘုန်းရှိန်၏လက်ကိုဆုပ်ကိုင်လိုက်သည်။
ေရစီးသန်သောစမ်းချောင်းပေါ်မှာတည်ဆောက်ထားသောတံတားငယ်။
ဘာမှမဖြစ်တဲ့တံတားကိုကြောက်နေသေးတယ်
သုတ့တစ်ယောက်ရှေ့ကအတွဲကိုကြည့်နေခိုက်
"အကို..သွားမယ်လေ.."
"အင်း.."
ပျိုးသု့တရဲ့လက်မောင်းကိုဆုပ်ကိုင်လိုက်သည်။
သုတ့ဘေးကသူကိုတောင်သတိမထားမိပဲရှေ့ကိုစုံတွဲကိုသာကြည့်မြဲအတိုင်းကြည့်နေမိသည်။
"ဝါး...ဝါး.."
ခြည်လေးနဲ့ဘုန်းရှိန်လေးအတူတူ
ရေတံခွန်အခြေ စမ်းချောင်းကိုပြေးထွက်သွားသည်။
"ခြည်လေး..ဖြေးဖြေးသွား."
နေခြည်သူမလေးနောက်ပြေးလိုက်သွားမိသည်။
ခန့်ဘုန်းရှိန်လက်ထဲမှာကျန်ရှိခဲ့သောသူမ့ရဲ့အနွေးဓာတ်ကိုပြုံးပြုံးကြီးကြည့်နေမိသည်။
ခဏတာလေးဆိုပေမဲ့တစ်သက်လုံးကိုင်ထားချင်စိတ်တွေဖြစ်လာမိပါလား။
ရေတံခွန်ဘေးမှာပျော်လိုက်ပါးလိုက်နဲ့နေလိုက်တာတစ်ရက်တောင်ဘယ်လိုကုန်သွားမှန်းမသိ။
ကလေးတွေမှာလည်းရေဆင်းကူးနေတာတော်တော်နဲ့တောင်ခေါ်ယူရတယ်။
ဒီကိုခေါ်လာတာလိုက်မှန်သွားတယ်။ခြည်လေးကအခု့လိုပျော်ရွှင်နေတော့နေခြည်ချိုလည်းတော်တော်လေးဝမ်းသာမိသား။
........
"နေခြည်.."
နေခြည်ချိုညလယ်လောက်ထိမအိပ်ချင်သေးတာနဲ့အခန်းအပြင်ကိုထွက်လာခဲ့မိသည်။အခု့တော့လူတစ်ယောက်နဲ့တိုးပေါ့။
"ကိုသု့တ.."
"နေခြည်ဘာလုပ်နေတာလဲ.."
"ကျွန်မ့မအိပ်ချင်သေးလို့..ရှင်ကော"
"ကိုယ်လည်းအိပ်မပျော်တာနဲ့ထွက်လာတာ.."
အမှန်တော့သုတဟိုဘက်အခန်းကတံခါးဖွင့်သံကြားတာကြောင့်ထွက်ကြည့်မိတာ။အခုတော့သူမနဲ့အတူနှစ်ယောက်ထဲရှိနေနိုင်ပြီ။
"နေခြည်.မအိပ်ချင်ရင်..ကိုယ်တို့လမ်းအတူလျှောက်ကြမလား.."
"ဟုတ်ပြီလေ.."
လမ်းတစ်ဝက်တောင်ရောက်တော့မယ်စကားငတစ်လုံးမှမပြောမိကြသေး။
သု့တဘာစပြီးပြောရမလဲမသိတာကြောင့်ငြိမ်နေမိသည်။
"ကိုသု့တ..တစ်မျိုးတော့မထင်ပါနဲ့နော်..နေခြည်မေးခွန်းတစ်ခု့လောက်မေးလို့ရမလား.."
"ရပါတယ်.."
"ကိုသု့တကဒီမြိုဇာတိလား.."
"မဟုတ်ဘူး..ကိုယ်ကဘယ်ကလာမှန်းတောင်မသိဘူး"
"ရှင်.."
"ဟုတ်တယ်..ကိုယ့်ကိုပျိုးရဲ့ဦးလေးကကယ်ပေးထားတာ..ကိုယ်အရင်တစ်နှစ်လောက်ကမှဒီနေရာကိုရောက်လာခဲ့တာပဲ..ကိုယ်ဘယ်ကလာတယ်..ဘာလုပ်တယ်ဆိုတာကိုယ်မသိဘူး...ဦးလေးပြောတာတော့ကိုယ်လမ်းဘေးတစ်နေရာမှာမေ့လဲနေလို့ခေါ်လာခဲ့တဲ့..
ဦးလေးခေါ်လာပြီးနောက်ပိုင်းမှာအတိတ်မေ့သွားတာနဲ့ဒီမှာပဲနေဖြစ်ခဲ့တာအခု့ချိန်ထိပဲ.."
"ဒါဆို..သု့တဆိုတဲ့နာမည်ကရှင့်နာမည်အရင်းမဟုတ်ဘူးပေါ့.."
"အင်း..အဲ့ဒါဦးလေးပေးထားတာလေ..ဘာလို့လဲ.."
"ဘာမှမဟုတ်ပါဘူး.."
နေခြည်မျက်နှာပျက်သွားတာကိုမနည်းပြန်ထိန်းလိုက်ရသည်။
"ရှင့်ရဲ့အတိတ်ကိုကောပြန်အမှတ်ရချင်လား.."
"အစကတော့ပြန်မှတ်မိချင်ပေမဲ့အခု့တော့မမှတ်မိချင်တော့ဘူး.."
"ဘာလို့လဲ.."
"လူတစ်ယောက်ကြောင့်..သူ့ကိုအရမ်းချစ်နေမိသွားလို့အတိတ်ကိုပြန်မသွားချင်တော့ဘူး..အတိတ်ကအမှားတွေရှိရင်လည်းကျေချင်ပြီ..အတိတ်မှာသူမဆိုတာရှိနေနိုင်တာမှမဟုတ်တာ..အခု့လိုအချိန်လေးပဲသဘောကျတယ်အခု့အတိုင်းလေးပဲချစ်တဲ့သူနဲ့နေသွားချင်တယ်...သူ့အချစ်မရရင်တောင်သူ့မျက်နှာလေးတော့ကြည့်နေချင်တယ်.."
"ရှင့်မှာချစ်နေတဲ့သူရှိနေပြီနဲ့တူတယ်...ဒီလိုပြောပုံအရ.."
"ဟုတ်တယ်..ကိုယ်သူ့ကိုအရမ်းချစ်နေမိပြီ..."
"အင်း.."
နေခြည်သူ့ဘက်ကသာဝမ်းသာအားရပြောနေပေမဲ့တကယ်တော့ဝမ်းသာမပေးနိုင်ဘူးဖြစ်နေတယ်။
ဘာကြောင့်လဲတော့မသိပေမဲ့စိတ်မကောင်းဖြစ်နေမိတာတော့အမှန်ပဲ။
သူကခွန်းပိုင်နဲ့တူနေလို့သာအဲ့လိုထင်နေတာနေမှာပါလေ။
နေခြည်ဘက်ကအင်းတစ်လုံးတည်းဒုံတိကြီးဖြေလိုက်တာကြောင့်သု့တစိတ်တော့ရှုပ်သွားမိသည်။
"ကောင်းပါတယ်..ရှင်လည်းအိမ်ထောင်ပြု့ဖို့အရွယ်ရောက်နေပြီ..သူ့ကိုမြန်မြန်သာဖွင့်ပြောပြီးလက်ထပ်လိုက်တော့.."
"တကယ်ပြောတာလား.."
"ဟင်.."
"ကိုယ်တကယ်ဖွင့်ပြောရမှာလား.."
"ဪ..ဖွင့်ပြောလေ..ဒါမှသူသိပြီချစ်သူတွေဖြစ်သွားကြမယ်မလား..""ကိုယ်မင်းကိုချစ်တယ်.."
"ဘာ.."
"ကိုယ်တကယ်ပြောတာပါ...ကိုယ်မင်းကိုချစ်တယ်"
သုတသူမ့၏လက်ကိုဆုပ်ကိုင်လိုက်သည်။
"ရှင်ပြောနေတာလူမှားနေပြီနဲ့တူတယ်..ပျိုးကအခန်းထဲမှာအိပ်နေတာနော်.."
"ကိုယ်ပျိုးကိုပြောနေတာမဟုတ်ဘူး..ကိုယ်ချစ်တဲ့နေခြည်ချိုကိုပြောနေတာ..ကိုယ်မင်းကိုစတွေ့ကတည်းကချစ်နေမိတာ.. စတွေ့ကတည်းကဖွင့်ပြောခဲ့ရင်မယုံမှာစိုးလို့ကိုယ်အချိန်တွေဆွဲထားနေမိတယ်အခု့တော့မရတော့ဘူး..ကိုယ့်မှာပြိုင်ဘက်တွေရှိနေပြီ..သူ့ကိုနေခြည်ချစ်သွားမှာကိုယ်ကြောက်တယ်..ဒါကြောင့်ကိုယ်အရဲစွန့်ပြီးပြောတာပါ..ကိုယ့်အချစ်ယုံပါနော်..ကိုယ်မင်းကိုသိပ်ချစ်တယ်..နေခြည်ချို.."
နေခြည်ချို..နေခြည်ချို..နေခြည်ချို..သူမ၏နားထဲမှာခွန်းပိုင်၏အသံတွေကဖုံးလွှမ်းလာခဲ့သည်။
အခု့သူမရှေ့မှာကြည့်နေတဲ့သူကသူမ့အရမ်းချစ်ရတဲ့သူ။ဘယ်လောက်ပဲမုန်းတယ်မုန်းတယ်ပြောပြောချစ်နေသေးတာတော့အမှန်ပဲ။
ခွန်းပိုင်..ရှင်သိပ်ရက်စက်တယ်..ရှင့်ကိုစွဲလမ်းမှု့ကကျွန်မ့ကိုနောက်ထပ်အချစ်တွေမရှာနိုင်အောင်တားနေသလိုပဲ..
ခွန်းပိုင်..ကျွန်မ့ရှင့်ကိုသိပ်လွမ်းတယ်..
နေခြည်ချိုခွန်းပိုင်၏ပါးပြင်ကိုထိကိုင်လိုက်သည်။
"ခွန်းပိုင်..ရှင်ကျွန်မ့ဆီလာတယ်နော်..ကျွန်မ့ရှင့်ကိုစိတ်နာပေမဲ့ရှင်ပြန်လာခေါ်မယ်လို့အမြဲတမ်းယုံကြည်နေမိတယ်သိလား.."
"နေခြည်..နေခြည်..."
နေခြည်ချိုသု့တခေါ်သံကြောင့်လန့်သွားပြီးနောက်ကိုတစ်ချက်ဆုတ်လိုက်မိသည်။
"နေခြည်.."
"sorryပါ..ကျွန်မ့နည်းနည်းလွန်သွားတယ်..တောင်းပန်ပါတယ်နော်..ကျွန်မ့ကိုသွားခွင့်ပြုပါဦး.."
ပြေးထွက်သွားသော နေခြည်ကိုကြည့်ရင်းသုတတစ်ယောက်ကြောင်တောင်တောင်လေးရပ်နေမိသည်။
စောစောကနေခြည်ပုံစံကတစ်မျိုးပဲ။ဘာဖြစ်တာလဲ။
ခွန်းပိုင်လို့ခေါ်သံကိုကောင်းကောင်းကြားလိုက်မိတယ်။သူမ့နဲ့စတွေ့တုန်းကခေါ်ခဲ့သည့်အဲ့နာမည်ကဘာတွေများဖြစ်နေတာလဲကွာ။
မင်းဆက်ဆိုတဲ့ကောင်ကလည်းအဲ့နာမည်ချည်းပြောနေတာ။တစ်ခု့ခု့တော့မှားနေပြီ။
ခွန်းပိုင်ကဘယ်သူလဲ..သူကငါနဲ့ဘယ်လိုပက်သက်နေတာလဲ..
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
#မဒီ
အရင်တစ်ပါတ်ကမအားလို့မတင်ဖြစ်တာပါ
စိတ်မဆိုးကြပါနဲ့
ကျောင်းတက်နေရတော့စာရေးဖို့စဥ်းစားချိန်မရလို့ပါ
🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
Romanceထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...