part6

710 12 0
                                    

အချစ်ရက်ပေါင်း၃၆၅ရက်

အပိုင်း၆
"ချွင်.."
"ကြွပါရှင်.."
ပျိုးခေါင်းကိုမော့ကြည့်မိလိုက်သည်။
ရင်းနှီးနေသောမျက်လုံးမျက်ခုံးတွေ။ဒါပေမဲ့သူကဘယ်သူလဲ။မျက်နှာကကြည်လင်သန့်ရှင်းနေပြီးတောက်ပသည့်အပြုံးလေးပန်ဆင်ထားသည်။
ခန့်ညားလိုက်တဲ့သူပဲ။နှာခေါင်းချွန်ချွန်လေးရယ်မှေးရိုးကားကားတွေရယ်ကပျိုးရင်ကိုခုန်စေတယ်။အကိုသု့တကလွဲရင်ပျိုးဒီလိုရင်မခုန်ဖူးပေ။
အခု့တော့သူ့ကိုတစ်နေ့လုံးထိုင်ကြည့်ခိုင်းရင်တောင်ထမင်းမစားပဲကြည့်နေနိုင်မှာသေချာတယ်။
"ပျိုး.."
ဟိုဘက်ကပျိုးနာမည်ကိုခေါ်လိုက်တာကြောင့်ပျိုးငေးကြည့်နေရကနေသတိဝင်လာခဲ့သည်။
နေပါဦး..ငါအဲ့အသံကိုကြားဖူးတယ်
"ပျိုး..ဘာကြည့်နေတာလဲ.."
"ဟမ်..အကိုသု့တ..အကိုသု့တလား.."
"အကိုနာမည်ကသု့တမဟုတ်တော့ဘာလဲ..မင်းကတော့လေ..ဘာတွေစဥ်းစားနေတာလဲမသိဘူး..ကြောင်တောင်တောင်နဲ့.."
သု့တဆူငေါက်တော့မှအကိုဆိုတာသေချာတော့တယ်
"အကိုကရုပ်ပြောင်းသွားတာလား..မုတ်ဆိတ်မွှေးတွေကကော.."
"စိတ်အိုက်လို့ရိတ်ပစ်လိုက်တာ.."
သု့တသူမ့ကိုမကြည့်ပဲဆိုင်ပတ်ပတ်လည်ကို ေဝ့ကြည့်ပြီးတစ်ယောက်ယောက်ကိုရှာနေသလိုပဲ။
"ဪ..ဟုတ်လား..အကိုကဒီပုံနဲ့ကျအရမ်းချောတာပဲ.."
"အင်း..ဒါနဲ့မင်းအမမရှိဘူးလား.."
"ဘယ်အမလဲ.."
"အမဘယ်နှစ်ယောက်ရှိလို့လဲ..မင်းရဲ့ဆိုင်ရှင်ကိုပြောတာလေ.ဒီနေ့သူ့မတွေ့သလိုပဲ.."
"ဪ..အမနေခြည်လား..သူခြည်လေးကိုကျောင်းသွားကြိုတယ်.."
"ဟုတ်လား.."
"အင်း..အကိုကဘာလို့မေးရတာလဲ.."
"ဪ..ဒီလိုပါပဲ..အကိုနဲ့တွေ့ရင်သူရန်လုပ်နေမလားလို့စိတ်ပူပြီးမေးမိတာ.."
သု့တ..သူရဲ့မျက်နှာချောချောလေးကိုအရင်ဆုံးအမင်စေချင်မိသောသူကမရှိ။
သူမ့ကြောင့်သာမဟုတ်ရင်ဒီအမွှေးတွေရှင်းမှာမဟုတ်ဘူး။နောက်ပြီးကလေးလေးကအမွှေး တွေ
နဲ့လူဆိုကြောက်နေလိမ့်မယ်ဆိုသောအတွေးကသု့တကိုအိမ်ပြန်ရောက်ရောက်ချင်းသန့်ရှင်းရေးလုပ်ခိုင်းစေတာပဲ။
ဘာကြောင့်ဒီလိုလုပ်မိလဲတော့မသိတော့ပါဘူးဗျာ..
"မာမီသိလား..ေကျာင်းကသူငယ်ချင်းကလေ.ဒီတစ်ပါတ်ခရီးသွားမှာတဲ့..ခြည်လေးလည်းသွားချင်လိုက်တာ..မာမီလိုက်ပို့မယ်မလား.."
"သွားရမှာပေါ့..မာမီအားတဲ့အချိန်ကျလိုက်ပို့ပေးမယ်နော်..ဒါပေမဲ့အဝေးကြီးတော့သွားမရဘူး..နေ့ချင်းပြန်ပဲရမယ်..ဟုတ်ပြီလား.."
"Yes.."
သု့တအနောက်မှသားအမိနှစ်ယောက်ရဲ့ပြောသံတွေကိုကြားပြီးပြုံးလိုက်မိကာအနောက်ကိုလှည့်ကြည့်လိုက်သည်။
"ခြည်လေး.."
ေနခြည်တက်ကြွလာသောခြေလှမ်းတွေထိုနေရာမှာပင်ရပ်လိုက်သည်။
"ခွန်းပိုင်..."
နေခြည်ရဲ့ပါးစပ်ဖျားမှမအောင့်အီနိုင်ပဲထွက်သွားသောနာမည်တစ်ခွန်း။
သူမ့ရှေ့မှာပြုံးပြီးကြည့်နေသောသူကအိမ်မက်ထဲမှာအမြဲမက်နေသောသူဖြစ်နေပါလား။
သူ့မျက်ဝန်းတွေအကြည့်တွေကနည်းနည်းလေးမှမပြောင်းလဲသွားဘူး။တကယ်ကိုဆွဲဆောင်မှု့ရှိတဲ့မျက်ဝန်း။
ကျွန်မ့ကိုရူးသွပ်ခဲ့အောင်လုပ်နိုင်လွန်းသောမျက်ဝန်းတွေ။
လက်မလွှတ်နိုင်အောင်ဖြစ်ခဲ့ရသောမျက်ဝန်းအကြည့်
သူ့စိတ်ထဲမှာလှောင်နေခဲ့မလားဒါပေမဲ့အဲ့မျက်ဝန်းတွေကိုစွဲလမ်းခဲ့မိတာတော့အမှန်ပါ။
ကျွန်မ့ကိုဘယ်တုန်းကမှမကြည့်ခဲ့တဲ့မျက်ဝန်းတွေ။
အခု့တော့ရှေ့တည့်တည့်မှာမြင်တွေ့နေရတာလား။
သူကဘယ်ကနေဘယ်လိုရောက်လာတာလဲ..
ကျွန်မ့တို့ကိုလာတွေ့တာလား..
"အမ..အမနေခြည်.."
ပျိုးရဲ့ခေါ်သံကြောင့်နေခြည်ချိုအကြည့်ကိုလွှဲလိုက်မိသည်။
"ဟမ်.."
"ကလေးလေး..ကျောင်းကပြန်လာပြီလား.."
သု့တအနည်းငယ်ကုန်းပြီးခြည်လေးကိုနှုတ်ဆက်လိုက်သည်။
ခြည်လေးတစ်ခါမှမမြင်ဖူးသောမျက်နှာကြောင့်အနည်းငယ်နောက်ကိုဆုတ်သွားသည်။အရမ်းချောမောတဲ့ဦးဦးကသူမ့ရှေ့ရောက်နေတာမယုံကြည်နိုင်ဘူး။
"ဦးကဘယ်သူလဲ.."
"ဟား..ဦးကိုမမှတ်မိဘူးလား..ဦးဦးသု့တလေ.."
"ရှင်..ဦးဦးလား.."
"အင်း..ဦးဦးပေါ့...လာပါဦး..ဦးဦးဆီ.."
သု့တပွေ့ချီဖို့လက်နှစ်ဖက်ကိုဖြန့်ထားပေးရာ
ခြည်လေး..နေခြည်နဲ့တွဲထားသည့်လက်ကိုဖြုတ်ပြီးသု့တဆီပြေးသွားသည်။
သု့တသူမလေးကိုပွေ့ချီပြီးတစ်ပတ်တောင်လှည့်လိုက်သေးသည်။
"ဦး...ဦးကတော်တော်မိုက်တာပဲ..ဦးရဲ့မျက်နှာကအမွှေးတွေကော..မရှိတော့ဘူးနော်..
ဦးဦးဘာလို့မရှိတော့တာလဲဟင်.."
"ဦးဦးမထားချင်တော့လို့ရိတ်ပစ်လိုက်တာ..သမီးပဲ..ဦးကဒီလိုအမွှေးတွေနဲ့ဆိုလူဆိုးကြီးနဲ့တူတယ်ဆို..အခုတော့မရှိတော့ဘူး..ဦးဦးလူဆိုးကြီးနဲ့တူသေးလား"
"မတူတော့ဘူး..ဦးဦးကမင်းသားနဲ့တယ်..အရမ်းလှတာပဲ.."
"ဟား..လှတယ်ပေါ့.."
"အင်းလှတယ်.."
"ဟား..ဟား.."
သု့တသူ့ကိုလှတယ်လို့ပြောသောအသုံးအနှုန်းကြောင့်ကြောင့်ရယ်လိုက်မိသည်။
ပျိုးလည်းသူတို့နှစ်ယောက်ကိုကြည့်ပြီးလိုက်ရယ်မိနေသည်။
အားလုံးထဲမှာမရယ်မပြုံးနဲ့တိတ်ဆိတ်နေနိုင်သောသူကတော့နေခြည်ချိုပဲ။
သု့တကိုအစကတော့ခွန်းပိုင်လို့ထင်ခဲ့မိတယ်။သို့သော်မဖြစ်နိုင်ပါဘူးလေဆိုသောအတွေးကပေါ်လာတာကြောင့်ဒီအတိုင်းပဲထားလိုက်တော့သည်။
အခုတော့အခုတော့ဘာဖြစ်တာလဲ။အမူအရာ
ကတူနေရင်ရုပ်ကပါအရမ်းတူနေတာမဖြစ်နိုင်ဘူး။
အမွှာလား။မဖြစ်ပါဘူး။အမွှာဆိုလည်းခွန်းပိုင်ရှိမှာရှိတယ်လို့မကြားဖူးဘူး။
ဒါမှမဟုတ်သူအမေကအမွှာမွေးပြီးကလေးတစ်ယောက်ကပျောက်သွားတာမျိုးလား။
အား..ဘာကြောင်တောင်အတွေးတွေလဲ..
ဒါဆိုဘာဖြစ်နိုင်လဲ...
ခွန်းပိုင်ကဟိုမှာလေ..ဒီမှာလာနေဖို့ဆိုတာမဖြစ်နိုင်ဘူး..ဒါပေမဲ့သူတို့နှစ်ယောက်ကအရမ်းတူနေတယ်..
သု့တတစ်ယောက်ထဲအတွေးများနေသောသူမ့ကိုကြည့်ပြီးစိတ်ပူမိသွားသည်။
သူဘာတွေများတွေးနေတာလဲ...ငါ့ရဲ့ဒီပုံစံကကြည့်မကောင်းလို့လား...သူသဘောမကျလို့လား...
.............
"မနေခြည်ချို."
အခုတလောသု့တတစ်ယောက်နေခြည်တို့ဆိုင်ကို
ခဏခဏလာတတ်သည်။လာတိုင်းလည်းနေခြည်နဲ့သိပ်မတွေ့ရပျိုးနဲ့သာတိုးသွားတာချည်း။
အခု့တော့တွေ့ချင်တဲ့သူနဲ့တွေ့ခွင့်ရပြီ။
"ကိုသု့တ..."
နေခြည်သူ့ကိုမြင်လိုက်ချိန်ပျော်ရွှင်ပြီးမျက်လုံးအိမ်တောင်ကျယ်သွားတာကိုမသိလိုက်ဘူး။
(ပြောချင်တာကသဘောကျတဲ့သူတွေ့ရင်ကိုယ်တွေရဲ့သူငယ်အိမ်ကျယ်ပြန့်သွားသလိုပေါ့)
"ပျိုးကိုလာကြိုတာလား..ပျိုးကအပြင်ခဏထွက်သွားတယ်..ခဏတော့စောင့်ရလိမ့်မယ်.."
"ကျွန်တော်သူ့ဆီလာတာမဟုတ်ပါဘူး.."
"ဟင်.."
"ကျွန်တော်..မနေခြည်ချိုနဲ့တွေ့ချင်လို့ပါ.."
နေခြည်ဘာဆက်ပြောရမလဲမသိတော့။
"ကျွန်တော်ဟိုတစ်ခါကကိစ္စအတွက်တောင်းပန်ပါတယ်နော်.."
"ဪ..အဲ့ဒါပြောချင်လို့လား..ရပါတယ်..ကျွန်မစိတ်ထဲမရှိတော့ပါဘူး.."
"ကျေးဇူးပါပဲ.."
"တကယ်တော့ကျွန်မ့မှာလည်းတောင်းပန်စရာရှိတယ်.."
"ဘာများလဲ.."
"ရှင်ကျွန်မ့ရဲ့အသက်ကယ်ပေးတာကိုကျေးဇူးမတင်တဲ့အပြင်လာတောင်မကြည့်ခဲ့မိလို့ပါ.."
"အဲ့နေ့ဆေးရုံလာတာကမနေခြည်လား.."
"ဟုတ်ပါတယ်..ကျွန်မ့အရေးကြီးကိစ္စရှိတာနဲ့အမြန်ထွက်သွားခဲ့ရတယ်..ရှင့်ကိုမကျေးဇူးမတင်လိုက်ရဘူး
"ရပါတယ်..ကျွန်တော်အဲ့နေ့ကမိန်းကလေးကိုနည်းနည်းလေးတော့စိတ်ဆိုးသွားခဲ့မိတာ.မနေခြည်သာဖြစ်နေမှန်းသိရင်စိတ်မဆိုးခဲ့ပါဘူး.."
"မဟုတ်တာ..ရှင်စိတ်ဆိုးသင့်တာပေါ့..ကယ်ပေးခဲ့တဲ့သူကတစ်ခါလေးတော့လာကြည့်ပေးသင့်တယ်မလား...တောင်းပန်ပါတယ်နော်.."
"ရပါတယ်ဗျာ.."
သု့တအနေခက်တာနဲ့ဆံပင်ကိုရှက်ကိုးရှက်ကန်းပွတ်သပ်လိုက်မိသည်။
"ဒေါက့်.."
"ဪ.ရေနွေးတည်ထားတာ..ရသွားပြီနဲ့တူတယ်..ခဏလေးနော်..ကျွန်မ့သွားကြည့်လိုက်ဦးမယ်.."
"ဟုတ်ကဲ့.."
နေခြည်ရေနွေးအိုးသွားကြည့်ရန်
ခြေလှမ်းလှမ်းပြီးကာမှတဖန်ပြန်လှည့်လာကာ
"ရှင်ကော..ကော်ဖီသောက်ဦးမလား.."
"အဆင်ပြေရင်ပေါ့.."
..
နေခြည်ချိုရေနွေးအိုးထဲမှရေပူကိုလက်ဖက်ရည်ခွက်ထဲထည့်လိုက်သည်။
ဟင်း..ငါသူ့ကိုအထင်မှားခဲ့မိတာနေမယ်..သူသာခွန်းပိုင်ဆိုဒီလိုမျိုးလာတောင်းပန်မှာမဟုတ်သလိုငါ့ကိုလည်းနားလည်ပေးနိုင်မှာမဟုတ်ဘူး..တော်သေးတာပေါ့...
နေခြည်ချိုကော်ဖီထုပ်ကိုခွက်ထည့်ဖောက်ထည့်ကာဇွန်းနဲ့မွှေလိုက်သည်။
အခု့မှစဥ်းစားမိတယ်..သူကရုပ်သာခွန်းပိုင်နဲ့တူတာစိတ်ကတော့တစ်ခြားစီ..လူကောင်းလေးပဲ..
နေခြည်ချိုသူ့အကြောင်းတွေးမိရင်းပြုံးနေမိသည်။
ထို့နောက်ကော်ဖီနှစ်ခွက်ကိုယူပြီးကော်တာကိုပြန်လာခဲ့သည်။
သု့တခုံပေါ်မှာလက်တွေကိုကစားရင်းတစ်ခု့ခု့ကိုတွေးနေပုံပဲ။နေခြည်လာတော့မှအသိဝင်ပြီး
"ဘာတွေစဥ်းစားပြီးပြုံးနေတာလဲ.."
"ဗျာ.."
"ကောင်မလေးအကြောင်းလား.."
"ဗျာ.."
"အဲ့လောက်ကြီးမလန့်သွားပါနဲ့..ကျွန်မ့ကစတာပါ."
နေခြည်သူ့ရဲ့သူခိုးလူမိသောအမူအရာကြောင့်စချင်စိတ်ပေါ်ကာပြောလိုက်မိခြင်း။
"ဒီမှာ..ကော်ဖီ.."
"ဟုတ်..ကျေးဇူးပါပဲ.."
"သကြားထည့်ဦးမလား.."
"မထည့်တော့ဘူး..ကျွန်တော်ကော်ဖီခါးပဲကြိုက်တတ်လို့.."
"ဪ..ဟုတ်လား..ဒါဆိုကျွန်မ့နဲ့တူတာပေါ့..ကျွန်မ့ဆိုကော်ဖီကိုခါးမှကြိုက်တာ.."
"ဟုတ်လား..ကျွန်တော်ကောပဲ..ဘာကြောင့်များလူတွေကကော်ဖီထဲသကြားထည့်သောက်လဲမသိဘူးဗျာ
ခါးတဲ့အရသာကခံစားလို့ကောင်းတဲ့ဟာကို.."
"ဟုတ်တယ်နော်..."
နေခြည်နဲ့သူအချိန်တစ်နာရီလောက်စကားပြောမိလိုက်တာအချိန်တောင်ဘယ်လိုကုန်သွားမှန်းကိုမသိ။
ဘာမှလည်းမဟုတ်။ဒီအတိုင်းပေါက်ပန်းလေးဆယ်ပြောမိတာကိုအချိန်ဆိုတာခဏလေးပဲ။
နေခြည်သူနဲ့စကားပြောနေရတာခွန်းပိုင်နဲ့ပြောနေသလိုခံစားရပေမဲ့အရမ်းကြီးတော့မတူပြန်ဘူး။
ခွန်းပိုင်ကသူ့ကိုယ်သူအရမ်းအထင်ကြီးတယ်။ဒါပေမဲ့သု့တကတော့သူ့ကိုသူအရမ်းနှိမ့်ချတယ်။
နှိမ့်ချတယ်ဆိုတာထက်သူကိုယ်သူယုံကြည်ချက်မရှိသလိုပဲ။သူ့ဘဝဆိုတာဘာလဲသူသေချာမသိဘူးတဲ့လေ။အဲ့ဒါဘာကိုပြောချင်တာလဲ။သူ့မှာမိဘတွေမရှိလို့လား။မိသားစု့ကိုမရှိတော့လို့လား။သူ့မှာရည်မှန်းချက်တွေကောမရှိ့လို့လား။ဒါမှမဟုတ်ပျောက်ဆုံးကုန်တာလား။
ဒါပေမဲ့သူပြုံးသည့်အခါမှေးစင်းသွားသောမျက်ဝန်းတွေကတော့တကယ်ကြည့်လို့ကောင်းတယ်။
သု့တအတွက်သူမနဲ့စကားပြောရသည့်ဒီနေ့က
တကယ်အပျော်ဆုံးနေ့ပဲ။
သူမ့ကတကယ်တော့ရင်းနှီးလွယ်တဲ့သူမျိုး။
စကားကိုစိတ်ဝင်စားတတ်အောင်ပြောတတ်တယ်။
သူမ့ရဲ့အပြောတွေအောက်မှာမျောပါသွားမိတာဘယ်နှစ်ကြိမ်မှန်းမသိ။
သူမမှာရည်မှန်းချက်တွေရှိတယ်။
ပျော်ရွှင်နေတယ်သူလို့မြင်ရပေမဲ့သူမ့ရဲ့မျက်ဝန်းနောက်ကွယ်မှာတော့သူမ့ဝမ်းနည်းနေတယ်။
အဲ့ဝမ်းနည်းနေမှု့တွေကိုပျောက်သွားအောင်လုပ်ပေးချင်တာကျွန်တော့်ရဲ့ရည်ရွယ်ချက်ဖြစ်သွားပြီ။
အခု့ချိန်ထိဘယ်နေ့များသေသွားမလဲလို့မျှော်လင့်ပြီးစောင့်နေရတာ။အရင်ကမိသားစုဆိုတာဘာလဲတောင်မသိချင်ခဲ့ဘူး။
မျှော်လင့်ချက်မရှိတော့တဲ့ဘဝမှာဆက်အသက်မရှင်မိတာတော့အမှန်ပဲ။
အခြားသူတွေကိုလည်းဒုက္ခမပေးချင်ခဲ့ဘူး။အတိတ်ကဘာတွေဖြစ်ခဲ့လို့နာမည်တောင်ပြန်ရှာလို့မရအောင်ဖြစ်တာလဲ။အတိတ်မှာဆိုးရွားတဲ့အရာတွေကိုမသိချင်ဘူး။ပြန်လည်းမသွားချင်တော့ဘူး။အသက်လည်းဆက်မရှင်တော့ဘူး။
ဒါပေမဲ့အခု့တော့မတူတော့ပါလား။
ကိုယ်ကိုကိုယ်ဆက်အသက်ရှင်ရမယ်ဆိုသောအတွေးကအဆက်မပြတ်ကိုတွေးနေမိတယ်။
သူမရဲ့အပြုံးကဆက်အသက်ရှင်ချင်တဲ့ဆေးတစ်မျိုး
လိုပဲရင်ကိုလှုပ်ခတ်စေတယ်။
"အကိုသု့တ.."
သာယာနေသောစကားဝိုင်းမှာမလိုလားအပ်သောခေါ်သံတစ်ခု့ပေါ်လို့လာလေသည်။
"အကိုရောက်နေတာလား.."
"အင်း.."
"ပျိုး..ပို့ခဲ့ပြီလား.."
"ဟုတ်..ပျိုးပို့ခဲ့ပြီ..နောက်နေ့လည်းလာပို့ပေးလို့ရမလားတဲ့..ပို့ခပေးမယ်ပြောတယ်.."
"ပျိုးဘာပြန်ပြောခဲ့လဲ.."
"ပျိုးအမ့ကိုအရင်တိုင်ပင်လိုက်ဦးမယ်လို့..အမ..ပျိုးတို့အဲ့လိုလေးမှာတာကိုလိုက်ပို့ပေးရင်ကောင်းမလား
ပိုက်ဆံလည်းအပိုရတယ်လေ.."
"အမ်း..ပို့တာတော့ဟုတ်ပါတယ်..ဘယ်သူကသွားပို့မှာလဲ..ဆိုင်မှာအမတို့နှစ်ယောက်ပဲရှိတာ..လူမရှိဘူးလေ.."
"အဲ့ဒါတော့ဟုတ်တယ်နော်.."
ပျိုးလည်းဘာစဥ်းစားရတော့မလဲမသိ။
"ဪ..မမကလည်း..ဒီမယ်လေ..Deliveryသမားကြီးရှိတာပဲ.."
"ဟင်.."
သု့တနဲ့နေခြည်အပြိုင်ပျိုးကိုကြည့်လိုက်မိသည်။
"ကိုသု့တကအလုပ်ရှိတယ်မလား.."
"ရှိတယ်လေ..အကို့ကိုအလုပ်ထွက်ခိုင်းပြီးဒီမှာလုပ်ခိုင်းလို့ရတာပဲ..အမလည်းအဲ့ကလစာအတိုင်းပေးလိုက်ရင်ပျိုးတို့ပြီးသွားပြီမလား.."
"အဲ့လိုကျ..အားနာစရာကြီး..ဘာလို့သူများကိုအလုပ်ထွက်ခိုင်းရမှာလဲ..သူ့အလုပ်နဲ့သူရှိတာကို..ဟိုမှာလုပ်နေတာအဆင်ပြေရဲ့သားနဲ့.."
သု့တသူ့ကိုလက်မခံနိုင်ဘူးထင်ပြီးပျော်ဖို့ရှိသည့်မျက်နှာကညှိုးငယ်လို့သွားသည်။
"ဘာမှမဖြစ်ပါဘူး..နော်..အကို.."
"ဟမ်.."
သု့တကြောင်တောင်တောင်လေးပြန်ကြည့်လေသည်
"အကိုကအလုပ်ကထွက်ပြီးဒီမှာလာလုပ်မယ်မလား"
"အဲ့ဒါက.."
"သူများမလုပ်ချင်တာဇွတ်မခိုင်းပါနဲ့..ပျိုးရယ်.."
သု့တဒီအချိန်မှာတော့ငြိမ်နေလို့မရတော့ဘူး။မဟုတ်ရင်သူမ့နားကိုလာလို့ရမှာမဟုတ်တော့ဘူး။အနည်းဆုံးတော့တစ်ရက်မှာတစ်ခါလေးတော့တွေ့ခွင့်ရလောက်ပါတယ်။
"အကိုမလုပ်ချင်ဘူးလား.."
"ပျိုး..ဇွတ်.မ
"မဟုတ်ဘူး...အကိုလုပ်မယ်..အကိုဒီမှာလုပ်ချင်တယ်..အရမ်းကိုပဲ.."
သု့တမတ်တပ်ရပ်ပြီးအားပါးတရနဲ့ပြောချလိုက်သည်။
သု့တရဲ့တက်ကြွနေသောအပြုံးကြောင့်နေခြည်နဲ့ပျိုးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်
သူဘာတွေများသဘောကျနေတာလဲမသိ....
💌💌💌💌💌💌💌💌💌💌💌💌💌💌💌💌
#မဒီ

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now