part8

656 13 0
                                    

အချစ်ရက်ပေါင်း၃၆၅ရက်

အပိုင်း၈
သုတအဖြစ်အပျက်တွေကိုတစ်ညလုံးစဥ်းစားပြီးအိပ်မပျော်ခဲ့ပေ။
မနက်လည်းပျင်းတိပျင်းရိနဲ့အိပ်ရာကထလာခဲ့သည်။ညကကောင်းကောင်းအိပ်မပျော်တာမို့မျက်လုံးများမှေးစင်းနေပြီးဆံပင်တွေလည်းရှုပ်ပွလို့။
"ဟေ့..သု့တ..မင်းပုံလည်းကြည့်ဦး..အလုပ်သွားရမယ်မလား..ဘာမှလဲမပြင်မဆင်နဲ့.."
သု့တဖန်ခွက်ထဲရေထည့်ပြီးမော့သောက်လိုက်သည်။
"အသက်လည်းမငယ်တော့ဘူး..မိန်းမလေးယူဖို့လဲသတိရဦး..မင်းထွက်သွားမှငါလည်းလူလွတ်ဖြစ်မှာ."
"ဦးလေးကလည်းဗျာ.."
"ဘာလဲ..မဟုတ်လို့လား.."
"ဟုတ်ပါတယ်.."
ဦးလေးကသု့တကိုတူအရင်းသားအရင်းတစ်ယောက်လိုခင်တွယ်မှန်းသိတယ်။ဦးလေးသူ့နဲ့မတွေ့ခဲ့ရင်သု့တဘဝကတွေးရဲစရာတောင်မရှိတော့ဘူး။
"ဒါနဲ့..ဦးလေး.."
"ဘာလဲကွ.."
ဦးလေးသူ့ဆိုင်ကယ်ကိုအဝတ်ဟောင်စနဲ့ပွတ်တိုက်ဆေးကြောနေသည်။
"ကျွန်တော့်ကိုတွေ့တုန်းကဘာတွေထူးခြားလဲ.."
"ဘာထူးခြားရမှာလဲ..ဒီအတိုင်းပဲပေါ့..မီးလောင်နေတဲ့ကားထဲကနေငါတော်တော်လေးဆွဲထုတ်လိုက်ရတယ်..ဘာလို့မေးနေတာလဲ..အရင်လဲဖြေပေးပြီးသားကို
"ဟုတ်ပါတယ်..ဒါပေမဲ့အခု့ကျွန်တော်သိချင်နေတာကအတိတ်တုန်းကကျွန်တော်ကဘယ်လိုလူမျိုးလဲဆိုတာ..လူကောင်းလား..လူဆိုးလား..ကျွန်တော်ပျောက်သွားတာတောင်လူတွေကလိုက်မရှာတာမကောင်စတဲ့သူဖြစ်နေလို့များလား.."
"အဲ့ဒါတော့ငါလည်းမသိဘူး...မင်းအခု့ကိုယ်ကိုကိုယ်လူကောင်းလို့ထင်လား.."
"ထင်တယ်.."
"ပြောတာကလွယ်တယ်ကွ..လူဆိုတာကောင်းတယ်မကောင်းဘူးဆိုတာစာကပ်ထားတာမှမဟုတ်တာ
..ဘယ်သူမှလဲမင်းလူကောင်းဆိုတာသိမှာမဟုတ်ဘူး..ဒါပေမဲ့တစ်ခု့တော့ရှိတယ်..မင်းလုပ်ရပ်ကနေတော့သိနိုင်တယ်..ထရံအပေါက်သေးသေးလေးကနေတစ်လောကလုံးကိုမြင်နိုင်သလိုပေါ့..မင်းရဲ့လုပ်ရပ်တစ်ခု့ကနေလူကောင်းလားလူဆိုးလားဆိုတာသိနိုင်တယ်
နောက်ပြီးလူ့စိတ်နဲ့လည်းဆိုင်တယ်..မင်းကိုယ်မင်းကောင်းတာတွေပဲလူပ်မယ်လို့ဆုံးဖြတ်ထားရင်မကောင်းတာကိုယောင်လို့တောင်မတွေးမိစေနဲ့..တစ်ခြားသူရဲ့စိတ်ကိုလည်းဂရုစိုက်ပေးရမယ်..ကိုယ်ချင်းစာရမယ်ပေါ့.."
"ကျွန်တော်ကတော့အခု့ထိမကောင်းတာမလုပ်ခဲ့ဘူးထင်တာပဲ.."
"မင်းအတိတ်ကချစ်သူအခု့လောက်ဆိုမင်းကိုလွမ်းနေလောက်မယ်..."
"ဦးလေး..စကားအကောင်းပြောနေတာလေ..ဘာလို့အဲ့အ ကြောင်းတွေပါလာတာလဲ.."
"ငါထင်တာကိုပြောတာပါ..မင်းအတိတ်ပြန်သွားဖို့
စိတ်ကူးမရှိဘူးဆို..အနာဂတ်ကိုစဥ်းစားသင့်ပြီ..မင်းနားမှာလူတစ်ယောက်ကိုခေါ်ထားလိုက်တော့..အချိန်ဆိုတာလူကိုမစောင့်ဘူး..မင်းလည်းအဆင်ပြေနေတာပဲ.."
"ဦးလေး.ကျွန်တော့်ကိုတော်တော်ထွက်သွားစေချင်နေပြီလား..ဟုတ်ပါပြီ..ကျွန်တော်ရှာလိုက်ပါ့မယ်..တွေ့လို့ကတော့တ်ခါတည်းခိုးပြေးသွားမှာ.."
"ကောင်းတယ်ကောင်းတယ်.."
သု့တဦးလေးနဲ့စကားများပြီးစိတ်တွေပြန်လန်းဆန်းလာကာအလုပ်သွားဖို့ပြင်ဆင်လိုက်သည်။ဦးလေးရှေ့ဘယ်တော့မှပျင်းရိသည့်ပုံစံလုပ်မရဘူး။တစ်ခု့ခု့ဆိုမိန်းမယူဖို့ချည်းပြောနေတာ။
အမှန်တော့ဦးလေးကသု့တကိုသူ့သားအရင်းတစ်ယောက်လိုတွေးနေမိတာကို။သု့တကိုပြန်သွားခိုင်းဖို့သူစိတ်မကူးထားဘူး။
ထိုကောင်လေးကရောက်လာတာတစ်နှစ်ကျော်ကျော်သာရှိနေသေးပေမဲ့သံယောဇဥ်တွယ်မိတာတော့အမှန်
🍈🍓🍓🍓🍓🍈🍓🍓🍓🍓🍈🍓🍓🍓🍓🍈
သုတ့ဆိုင်ထဲဝင်ဝင်ချင်းလူတစ်ယောက်နဲ့ဆုံလိုက်ရလို့စိတ်တွေပြန်ရှုပ်လာခဲ့သည်။
သို့သော်လည်း
"ကိုရှင်မင်းဆက်.."
မင်းဆက်သူ့ကိုတစ်ချက်မော့ကြည့်ပြီးပြန်မပြောပဲ
ဖုန်းကိုသာဆက်ကြည့်နေသည်။သု့တသူ့အမူအရာကြောင့်ဆက်ပြီးပြောချင်စိတ်မရှိတာမို့ကောင်တာကိုသွားလိုက်သည်။
"မနေခြည်.. "
"ကိုသု့တ..လာပြီလား.."
"ဒီနေ့ဘာပို့ပေးရဦးမလဲ.."
"ဪ..ကျွန်မ့စာရင်းလုပ်ပေးထားတယ်..ဒီမယ်.."
"ဟုတ်ကဲ့.."
သု့တစာရွက်ကိုယူလိုက်သည်။
"ဒါနဲ့..ကိုသု့တဆိုင်ကယ်နဲ့ဆိုမနိုင်လောက်ဘူးထင်တယ်..ဒီနေ့ပစ္စည်းတွေကများနေတယ်.."
"ဟုတ်တယ်ဗျာ..ရပါတယ်..ကျွန်တော်နှစ်ခေါက်လာသယ်လိုက်မယ်.."
"မဟုတ်တာ..ပျိုးကိုခေါ်ပြီးသွားလိုက်လေ..သူ့ကိုနောက်ကကိုင်ခိုင်းလို့ရတာပေါ့..ပျိုးရေ..ပျိုး.."
နေခြည်ခေါ်နေပေမဲ့ပြန်ထူးသံကမကြား။
အရေးထဲဆိုဒီကောင်မလေးဘယ်သွားနေလဲမသိ။
💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕
နေခြည်ဆိုင်ကယ်နောက်မှနေပစ္စည်းထုတ်တွေကိုင်ရင်းလိုက်လာခဲ့သည်။
ပျိုးပျောက်ဆုံးနေသောကောင်းမှု့ကြောင့်ပေါ့။အခု့တော့နေခြည်ကိုယ်တိုင်လိုက်ပို့နေရသည်။
မင်းဆက်ကသူလိုက်မယ်ချည်းတကဲကဲလုပ်နေလို့တားခဲ့ရသေးတယ်။
မင်းသားဖြစ်ပြီးနေရာတကာသွားချင်တိုင်းသွားလို့မှမရတာ။ဆိုင်မှာလည်းလူမရှိဘူး။သူ့ကိုကြည့်ခိုင်းထားခဲ့ရသည်။ကောင်မစုတ်လေးပျိုးပြန်လာရင်တွေ့ဦးမယ်။
......
နေခြည်တို့နေ့တစ်ပိုင်းလောက်ပစ္စည်းတွေလိုက်ပို့လိုက်ရတာတော်တော်လေးမောပေါ့။
နေခြည်နဲ့သူကန်ဘောင်ဘေးကခုံတန်းတစ်ခု့မှာထိုင်ပြီးအမောဖြေနေမိသည်။
"ဒီနေ့ကျမှပစ္စည်းတွေကများနေတယ်..နေခြည်မောနေရောပေါ့.."
"ရှင်.."
သူနေခြည်လို့ခေါ်သံ ကြောင့်အံ့သြသွားခဲ့မိသည်။
"ဪ..မနေခြည်နဲ့ကျွန်တော်နဲ့ကအသက်သိပ်မကွာလောက်ဘူးမလား..ဒါကြောင့်ရင်းရင်းနီးနီးခေါ်လိုက်မိတာ..အဆင်မပြေလဲ..မခေါ်တော့ပါဘူး.."
"ရပါတယ်..အဆင်ပြေသလိုခေါ်ပါ.."
"ဟုတ်ကဲ့.."
" ကျွန်မ လည်းရှင့်ကိုသု့တလို့ခေါ်မယ်လေ..ရလား"
"အင်း..ရပါတယ်.."
နေခြည်သူ့ကိုပြုံးပြပြီးတစ်ဖက်ကိုလှည့်လိုက်သည်။
လေကိုတဖြည်းဖြည်းရှုရှိုက်လိုက်သည်။
"အိုး..လန်းဆန်းသွားတာပဲ..ကန်ဘေးမှာအိမ်တစ်လုံးပိုင်ထားရင်နေတိုင်းလတ်ဆက်တဲ့လေတွေရှုရှိုက်နေရမှာ..ကောင်းလိုက်တာ.."
"နေခြည်က..ကန်နားမှာအိမ်ဆောက်ချင်လို့လား.."
"အင်း..ခြံဝန်းအကျယ်ကြီးနဲ့အေးအေဆေးဆေးလေးနေလို့ရတဲ့အိမ်လေးလိုချင်တယ်..သမီးလေးလည်းခြံအကျယ်ကြီးထဲမှာဆော့လို့ရတာပေါ့.."
"အခု့လည်းနေခြည်တို့အိမ်ကခြံအကျယ်ကြီးမလား"
"ဒါတော့ဒါပေါ့..ဒါပေမဲ့ကန်ဘေးနားမှာမှမဟုတ်တာ
ကန်ဘေးနားဆိုပိုကောင်းတယ်မလား.."
"အဟွတ်.."
"ဘာဖြစ်တာလဲ.."
"ဘာမှမဖြစ်ဘူး..တံတွေးသီးသွားလို့ပါ.."
"ဪ..ဖြစ်မှာဖြစ်ရတယ်ရှင်.."
အမှန်တော့နေခြည်ရဲ့ကလေးဆန်သောအတွေးကြောင့်ရယ်မလိုဖြစ်သွားမိခြင်း။
သူမလေးကတစ်ခါတစ်လေကဘာလို့ချစ်ဖို့ကောင်းသွားမှန်းမသိဘူး။ကလေးတစ်ယောက်အမေလို့မထင်ရအောင်နု့နယ်သွားတတ်တယ်။
"ကျွန်တော်ဝယ်ပေးမယ်လေ.."
"ဟင်.ဘာကိုလဲ.."
"အိမ်..ကန်ဘေးနားမှာအိမ်တစ်လုံးရအောင်ကျွန်တော်လုပ်ပေးမယ်..အခု့တော့မဖြစ်နိုင်သေးပေမဲ့နောက်တစ်ချိန်က
".ေလျှာက်မပြောပါနဲ့ရှင်..ကျွန်မ့သူများဆီကမလိုချင်ပါဘူး..သူများပစ္စည်းတွေလိုချင်ခဲ့မိလို့နောင်တရနေပြီ...ကိုယ်အပိုင်ပဲကောင်းတယ်..ကိုယ်မှာရှိတဲ့အရာတစ်ခု့ကသာတည်မြဲနိုင်တာ..သူများဥစ္စာယူထားမိပြီးဘယ်ချိန်များပြန်ပေးရမလဲဆိုတဲ့စိုးရိမ်စိတ်ကြီးထပ်မရှိချင်တော့ပါဘူး.."
သူမ့စကားတွေကဝမ်းနည်းစရာအများကြီးမကောင်းပေမဲ့သူမရဲ့မျက်လုံးတွေကဘယ်လောက်ဝမ်းနည်းနေကြောင်းကိုပြနေသည်။
ပြောတာများမှားသွားတာလား။
"အဲ့အရာကသူများဟာမဟုတ်ပဲအစကတည်းကကိုယ့်ဟာဖြစ်နေမယ်ဆိုရင်ကော..အထင်လွဲနေနိုင်တာပဲမလား..ကိုယ်ပိုင်ဆိုင်တဲ့အရာမှန်းမသိပဲသူများဟာပဲထင်နေရင်ကော..ပြန်ပေးရမှာလား.."
"အစကတည်းကပိုင်မှမပိုင်တာ.."
"မဟုတ်သေးပါဘူး..သိဖြင့်မသိပဲသူများဟာလို့ဘာလို့ထင်ရတာလဲ..တစ်ချိန်ကကိုယ့်ပစ္စ ည်း
မဟုတ်တောင်ကိုယ်လက်ထဲရောက်လာရင်တော့ကိုယ်ပစ္စည်းပဲလေ..အဲ့ပစ္စည်းကိုဘယ်သူ့ကိုမှလဲပြန်ပေးစရာမလိုသလို..ဘာမှစိုးရိမ်နေစရာမှမလိုတာ...ဘယ်သူ့မှပြန်မပေးပဲ...မရရအောင်ယူထားရမယ်"
နေခြည်သူ့ကိုလှည့်ကြည့်မိလိုက်သည်။သူ့မျက်လုံးတွေထဲဒေါသထွက်နေသည့်အရိပ်အယောင်တွေတွေ့နေရသည်။
"ထားတော့..အဲ့အကြောင်းမပြောချင်တော့ဘူး.."
"ဘာလို့လဲ..မင်းပြန်မဖြေရသေးဘူးလေ.."
"ဟင်.."
"မင်းကျွန် ေတာ်ပေးရင်ယူမယ်မလား.."
"ဘာကိုလဲ.."
"အိမ်လေ..ကျွန်တော်မင်းကိုကန်ဘေးနားမှာအိမ်တစ်လုံးမရရအောင်လုပ်ပေးမယ်..အဲ့အချိန်ကျအိမ်ကမင်းပစ္စည်းဖြစ်သွားမှာကျွန်တော်ပြန်လည်းမတောင်းဘူး..ဒါကြောင့်မစိုးရိမ်နဲ့နော်.."
သူကဘာပြောနေတာလဲ။နေခြည်ပြောနေတာနဲ့သူတွေးတာကတစ်ခြားစီ။
"ဟုတ်ပြီလား.."
"အင်းပါ.."
နေခြည်ပြီးပြီးရောသာဖြေလိုက်သည်။
သု့တသူမသဘောတူလိုက်တာကြောင့်ကျိတ်ပြီးပြုံးနေမိသည်။
"ဒါနဲ့.ရှင်သိလား..ရှင်ကကျွန်မ့သိခဲ့တဲ့သူတစ်ယောက်နဲ့အရမ်းတူတယ်.."
"ဗျာ.."
"ဟုတ်တယ်..အရမ်းတူတယ်..ဒါပေမဲ့မျက်နှာပဲ..ကျန်တဲ့စိတ်နေသဘောထားကတော့မိုးနဲ့မြေလိုပဲကွာခြားတယ်...သူကစိတ်ထားယုတ်ညံ့ပြီးနည်းနည်းလေးမှသစ္စာတရားဆိုတာမသိကောင်..အဲ့လိုလူကိုသိပ်ချစ်မိခဲ့ပြီးနောင်တတွေအခါတစ်သောင်းမကရနေရတာ..
စိတ်ဒုက္ခတွေပေါင်းစုံကော..ခံစားရတယ်.ကျွန်မ့လေ
သူ့ကိုအရမ်းမုန်းတယ်.."
သု့တသူမ့၏မျက်လုံးတွေထဲကနာကြည်းမှု့တွေကိုအထင်သားမြင်နေရသည်။
တကယ်ကိုမုန်းတီးနေတာပဲ။
"ကျွန်မ့ရှင့်ကိုတွေ့တော့သူမှတ်ပြီး..စိတ်ဆိုးနေခဲ့မိတာ..ရီရသား..အဟား..ရှင်ကသူ့လိုမဟုတ်ဘူး..သူများကိုဂရိုက်ပေးတယ်..ရှင့်ကိုအထင်လွှဲမိလို့တောင်းပန်ပါတယ်နော်.."
"ရပါတယ်ဗျာ.."
နေခြည်ကျလာသည့်မျက်ရည်စကိုအင်္ကျီစနဲ့သုတ်လိုက်သည်။
"ဒါနဲ့ကျွန်တော်တစ်ခု့လောက်မေးလို့ရမလား.."
"ရပါတယ်.."
"အဲ့ဒီ့လူကနေခြည်ရဲ့ယောကျ်ားလား.."
"ဟုတ်တာပေါ့.."
"ဒါဆိုအခု့သူနဲ့က.."
"ကွာရှင်းလိုက်ပြီ..သူလည်းသူ့ရဲ့ဘဝမှာတော်တော်လေးပျော်နေရောပေါ့..သူလိုချင်ခဲ့တဲ့ဘဝမျိုးလေ..ကျွန်မ့မရှိတော့တဲ့နေရာမှာသူတော်တော်လေးပျော်ရွှင်နေမှာ.."
"ဪ.."
ကွာရှင်းလိုက်ပြီလို့ပြောသံကြားသည်နှင့်သု့တရင်တွေအရမ်းခုန်သွားခဲ့သည်။သူ့အတွက်အခွင့်အရေးဆိုတာရှိလာခဲ့ပြီပဲ။
ဘာလိုကောင်ကများဒီလောက်လှပပြီးကြင်နာတတ်တဲ့မိန်းကလေးကိုကွာရှင်းနိုင်ရတာလဲ။
အဲ့ကောင်အရူးပဲ။မဟုတ်ရင်တော်တော်လေးမုန်းဖို့ကောင်းတဲ့ကောင်။
(သူ့ကိုသူပြောနေတာ😆ဟုတ်ပါတယ်ကိုခွန်းပိုင်ရယ်)
"သူကဖောက်ပြန်လို့လား.."
"ဖောက်ပြန်တယ်လို့လည်းပြောမရဘူး..အမှန်ဆို..ကျွန်မ့ကမှလု့ယူခဲ့တယ်ပြောရမလား..အရမ်းချစ်တဲ့ချစ်သူနှစ်ယောက်ကြားဝင်ရှုပ်ခဲ့တဲ့စုန်းမပေါ့.."
သူတို့အတွက်စုန်းမဖြစ်နေရင်ကျွန်တော့်အတွက်တော့နတ်သမီးပါပဲ...
(🤣)
"နေခြည်ကိုအမှန်တကယ်မြတ်နိုးနေတဲ့သူလည်းရှိနေနိုင်တာပဲ..သူတို့ကြောင့်အားငယ်မနေပါနဲ့..မင်းဘေးနားမှာရှိနေတဲ့သူကိုမမြင်နိုင်လို့နေမှာပါ..မင်းမြင်လာတဲ့တစ်နေ့သူတို့တွေကဘာမှအသုံးမဝင်တော့ဘူး.."
"ဟုတ်ပါတယ်..ရှင်ပြောတာမှန်တယ်..ကျွန်မ့အားမငယ်ပါဘူး..ဒါပေမဲ့သူတို့ကိုတော့မုန်းတယ်..ထပ်မတွေ့ချင်တော့ဘူး.."
😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔
#မဒီ
ခွန်းပိုင်ရယ်သူ့ကိုသူတောင်မသိပဲဇွတ်တွေတော့

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now