အချစ်ရက်ပေါင်း၃၆၅ရက်
အပိုင်း၃
သာယာလိုက်သောနေ့လေး။နေခြည်တို့သားအမိကန်ဘေးကိုလမ်းလျှောက်ထွက်လာခဲ့သည်။
ခြည်လေးသူမ့လက်တွန်းလှည်းလေးကိုတွန်းရင်း
နေခြည်ရှေ့ကအရင်ပြေးထွက်သွားသည်။
"ခြည်လေး..ချော်လဲမယ်ဖြေးဖြေးသွား..."
"ဟုတ်.."
ခြည်လေးပြေးထွက်သွားသည်။
နေခြည်နောက်ကနေလိုက်ရင်းသဘာဝအလှ့ကိုခံစားနေမိ၏။အခု့လိုစိတ်လက်ပေါ့ပါးရတာကောင်းလိုက်တာ။
ကန်ရေပေါ်ကဖြတ်လာသောတိုက်လေတွေကအေးအေးလေးနဲ့ရင်ထဲကိုအေးချမ်းသွားတာပဲ။
"မာမီ.."
ခြည်လေးနေခြည်လက်ကိုဆွဲလိုက်ပြီးသနားကမားမျက်လုံးတွေနဲ့ကြည့်လာလေသည်။
"ဘာလဲ..သမီး"
"သမီး..ရေခဲမုန့်စားချင်တယ်.."
"ဟင်.."
"ဟိုမှာရေခဲမုန့်သည်..သမီးစားချင်တယ်..ဝယ်ကျွေး"
"ဆိုင်မှာလည်းရေခဲမုန့်စားခဲ့တယ်မလား..များနေပြီတော်တော့လေ.."
"ဟွန်း...သမီးစားချင်သေးတယ်..ဒီတစ်ခါပဲ..နောက်ဆုံး..နော်..မာမီ.နော်..ဝယ်ကျွေးပါ.."
"အေး.ဟုတ်ပြီ..ကဲ..သွားမယ်လာ.."
ခြည်လေးအောင်နိုင်သူအပြုံးကြီးနဲ့မာမီ့လက်ကိုဆွဲပြီးရေခဲမုန့်သည်ဆီသွားလိုက်သည်။
ညနေအချိန်ကောရာသီဥတုကောင်းတာကောကြောင့်ကန်ဘေးနားမှာအပန်းဖြေသောသူပေါသည်။
ထို့အတူပဲကလေးတွေကလည်းများလှ။
ရေခဲမုန့်သည်ဆီလူတိုးနေရတာတော်တော်လေးစောင့်ရပေဦးမည်။
"ဟို..ရေခဲမုန့်တစ်ခွက်ပေး..."
"ဟုတ်ကဲ့ပါ..ခဏစောင့်ပေးပါ"
"ကဲ..ရပြီလား..မမလေး.."နေခြည်..ငုံပြီးသမီးဖြစ်သူကိုပြောလိုက်သည်။
"ဟုတ်ကဲ့..မာမီ့ကိုအရမ်းချစ်တယ်.."
"ဟွန်း..လိုချင်တာရတော့နော်.."
"မာမီ..သမီး..ဟိုနားမှာသွားကစားချင်လို့"
"ဒီမှာရေခဲမုန့်ဝယ်နေတယ်လေ.."
"အဲ့ဒါမာမီယူခဲ့လေ..ခြည်သူငယ်ချင်းတွေနဲ့ဆော့ချင်လို့ပါ.."
"အင်းပါ..သွား..အဝေးကြီးတော့မသွားနဲ့နော်.."
"ဟုတ်..မာမီ.."
ခြည်လေးလက်တွန်းလှည်းကိုတွန်းပြီးကလေးတွေရှိရာနေရာကိုထွက်သွားသည်။
နေခြည်တော့ရေခဲမုန့်သည်နားမှာတန်းစီရင်းစောင့်နေခဲ့ရသည်။
ခြည်လေးကသိပ်အဖော်မက်တယ်။သူငယ်ချင်းဆိုလည်းသူဘက်ကချည်းအနာခံပေါင်းတာ။နေခြည်တော့မကြိုက်ပါဘူး။သူငယ်ချင်းဆိုတာအေးတူပူမျှပေါ့။အနိုင်ကျင့်တာကတော့မကောင်းဘူး။နေခြည်သူမ့ကိုအမြဲသည်းမခံပေးဖို့ပြောပေမဲ့အမေ့ရဲ့ဗီဇကပါနေတော့လည်းမတတ်နိုင်ဘူး။နေခြည်ကလည်းသိတဲ့အတိုင်းသူမ့အတွက်မကောင်းမှန်းသိရက်နဲ့တောင်ခေါင်းမာမာနဲ့ဆက်သည်းခံပေးတတ်တဲ့သူစားမျိုး။အဲ့ဒါကြောင့်လည်းနာကျင်ရတာတွေကမနည်းခဲ့ဘူးမလား။သို့သော်အချိန်တန်ရင်တော့သည်းမခံနိုင်တဲ့အဆုံးထွက်သွားမှာပဲလေ။ခြည်လေးလည်းသည်းမခံနိုင်တဲ့အဆုံးနောက်ဆုံးမှာသူမ့အတွက်ပျော်ရာကိုပဲရှာလောက်မှာပါ။
ငယ်သေးသောကလေးကိုဘာမှသိပ်မပြောတာအကောင်းဆုံးပဲ။သူမ့ဘဝ့ကိုသူမ့ထိန်းကျောင်းတတ်အောင်ပဲနေခြည်သင်ပေးရုံပေါ့။
"ကျေးဇူးပဲ.."
နေခြည်ရေခဲမုန့်ခွက်ကိုယူပြီးပြန်အလှည့်သစ်ပင်အောက်မှာခြည်လေးမရှိတော့ပေ။
ေနခြည်သွေးကြောတွေနံထင်ကိုထိုးတတ်လာသလိုတောင့်ခဲသွားသည်။
ဘယ်ရောက်သွားတာလဲ..
နေခြည်လူကြားထဲကထွက်ပြီးသစ်ပင်တစ်ပတ်လိုက်ရှာကြည့်သည်။မတွေ့။
ဘေးပတ်ပတ်လည်လိုက်ကြည့်ပြန်တော့လည်းမတွေ့ပေ။
ဘယ်မှာလဲ..သမီးလေး..
နေခြည်ချိုစိုးရိမ်တကြီးနဲ့နေရာအနှံ့ကိုလိုက်ရှာလေသည်။
ဒုက္ခပဲ..ခြည်လေး..ဘယ်တွေများရောက်နေတာလဲ..
နေခြည်လက်ထဲကရေခဲမုန့်တောင်အရည်ပျော်စပြု့နေပြီ။
နေခြည်လမ်းကြားတစ်ခု့ရဲ့အရှေ့မှာသမီးလေးရဲ့
လက်တွန်းလှည်းအရုပ်လေးကိုမြင်ပြီးနေခြည်ချိုအနားကိုပြေးသွားခဲ့သည်။
အရုပ်ထားခဲ့ပြီးဘယ်များထွက်သွားရတာလဲ။
နေခြည်ချိုဟိုဘက်ဒီဘက်လိုက်ရှာကြည့်ရင်းလမ်းကြားထဲကမြောင်းတစ်ခု့ကိုငုံကြည့်နေသောလူသုံးယောက်ကိုတွေ့လိုက်သည်။
"ခြည်လေး.."
ခြည်လေးအမေ့အသံကြားတာကြောင့်နောက်လှည့်ကြည့်လိုက်သည်။
ခြည်လေးဘေးမှာနေခြည်တို့အရွယ်ယောက်ျားတစ်ယောက်ရယ်ကလေးတစ်ယောက်ရယ်နဲ့ဘာဖြစ်နေကြတာလဲ။
နေခြည်ချိုခြည်လေးဘေးအမြန်ပြေးလာခဲ့သည်။
"သမီးလေးရယ်..မာမီ့မှာတော့ပျောက်သွားပြီထင်နေတာ..တော်သေးတာပေါ့.."
နေခြည်သမီးဖြစ်သူကိုအားပါးတရဖတ်လိုက်လေ
သည်။
ဘေးနားကလူနှစ်ယောက်ကတော့ကြောင်တောင်တောင်လေးပေါ့။
"မာမီ..သမီးအသက်ရှုကျပ်တယ်.."
နေခြည်အခု့မှပဲစိတ်ချလက်ချနဲ့လွှတ်ပေးနိုင်တော့
သည်။
"ခြည်လေး..နောက်ဆို.မာမီ့ကိုမပြောပဲထွက်မသွနဲ့နော်..တော်ကြာလူဆိုးတွေနဲ့တွေ့ပြီးသမီးကိုဖမ်းခေါ်သွားလိမ့်မယ်.."
ထိုသို့ပြောတော့ဘေးကနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်နေမိသည်။
"ဟုတ်ကဲ့ပါ..မာမီ..ခြည်လေးမသွားပါဘူး..ဒီကိုကို
ဖိနပ်မြောင်းထဲကျသွားလို့ကူပေးနေတာ.."
"ဟင်.."နေခြည်အခု့မှပဲသူတို့တွေကိုကြည့်လိုက်မိသည်။
မိတ္တူကူးထားသလားလို့အောက်မေ့ရလောက်အောင်ရုပ်ချင်းတူနေသောကလေးနဲ့လူကြီး။
နှစ်ယောက်လုံးကမျက်မှန်ဆင်တူလည်းတပ်ထားပြီးအင်္ကျီအရောင်ကလည်းတူနေသေးတယ်။
"ဒါက.."
"ဒါခြည့်ကိုကိုလေ..မာမီနှုတ်ဆက်လိုက်ဦး.."
"ဟမ်.."
သူနဲ့ဘယ်တုန်းကတွေ့ဖူးလို့ကိုကိုဖြစ်သွားရတာလဲ။
မလွယ်လိုက်တဲ့ငါ့သမီး။
နေခြည်တည်ငြိမ်စွာကြည့်နေသောကောင်လေးကိုပြုံးပြီးနှုတ်ဆက်လိုက်သည်။
"ဟိုင်း..ကလေး.."
ဟိုဘက်ကအင်းလည်းအဲလည်းမလုပ်တော့အခက်တွေ့သား။ဘေးကကလေးအဖေနဲ့တူပါတယ်။သူ့သားပုံစံကိုကြည့်ပြီးအားနာသွားသည့်ပုံနဲ့စကားဆိုလာသည်။
"sorryပါဗျာ..ကျွန်တော့်သားကအဲ့အတိုင်းပဲ...
အဲ့ဘက်ကသမီးလေးကသားလေးဖိနပ်ရေထဲကျသွားလို့ကူကောက်ပေးနေတာပါ.."
"ဟုတ်ကဲ့.."
"ကျွန်တော်လည်းဟိုဘက်ခဏသွားတယ်မတွေ့
လိုက်မိတော့သူတို့နှစ်ယောက်ထဲကောက်နေကြတာ
"အခု့ကော..ရပြီလား.."
"ဟုတ်ကဲ့..ရပါပြီ.."
ထိုသူလက်ထဲကရေတွေရွဲစိုနေသောိဖနပ်ကိုမြှောက်ပြလေသည်။
"ဪ..တော်သေးတာပေါ့.."
"ဟုတ်တယ်..ဒါနဲ့ကျွန် တော့်နာမည်ကခန့်ဘုန်းရှိန်ပါ.
ဒါကျွန်တော့်သားလေးဘုန်းရှိန်.ရေခဲတုံးပေါ့.အဲ့ဘက်ကကော.."
ထိုသူနေခြည်ကိုမှေးငေါ့ပြီးတစ်ခု့ခု့ကိုမေးစမ်းချင်နေသည့်ပုံ။
"ဪ..ကျွန်မ့နာမည်ကနေခြည်ချိုပါ..ဒါလေးကတော့စပ်စလူးစိန်လေး..ခွန်းနေခြည်ချိုပါရှင်..ကျွန်မ့ရဲ့သမီးလေး..သူကသိပ်အဆော့မက်တာ.."
"ကလေးကိုး..အဲ့လိုပျော်ပျော်နေတတ်တာမှကလေး
ပီသတာပါဗျာ.အိမ်ကသားကတော့ငြိမ်ကုတ်ပြီးစကားပြောချင်မှပြောတာ..."
"အဲ့လိုလေးကကောင်းပါတယ်..သူ့ဘာသာအေးဆေးနေတတ်တော့အလုပ်ရှုပ်သက်သာတာပေါ့.."
"အဲ့လိုတော့လည်းဟုတ်သား.."
ခြည်လေး..သူ့ကိုကိုလက်ကိုဆွဲလိုက်သည်။
ဒီလူကြီးတွေရဲ့ပျင်းစရာဝိုင်းမှာတော့မနေချင်ပေ။
"ကိုကို..သွားဆော့ရအောင်.."
"မဆော့ချင်ဘူး.."
"ကိုကိုကလည်း..လာပါ.သွားဆော့ရအောင်.."
ဘုန်းရှိန်လေးခြည်လေးကိုမငြင်းတော့ပဲနောက်ကနေလိုက်ပါသွားသည်။
"ဟေ့..ခြည်လေး..ဒီမှာရေခဲမုန့်ယူဦးလေ.."
" တော်ပြီ..မာမီပဲစားလိုက်တော့.."
ကောင်မလေးသူငယ်ချင်းအသစ်ရတော့စားချင်လှပါချည်ရဲ့ဆိုသောရေခဲမုန့်လည်းအသုံးမဝင်တော့။
ခြည်လေးတို့ပြေးထွက်သွားတာကိုကြည့်ရင်းနေခြည်တို့ပြုံးနေမိသည်။
"ကျွန်တော်တို့လည်း..ဟိုနားကခုံမှာသွားထိုင်
ရအောင်လေ"
"ဟုတ်ကဲ့.."
နေခြည်သဘောတူညီကြောင်းခေါင်းငြိမ့်ပြလိုက်
သည်။
............
နေခြည်ချိုဆိုင်အတွက်လိုအပ်တာတွေကိုမြို့ဆီဖုန်းဆက်မှာနေသည်။
ဖုန်းဆက်ရင်းလက်ကစာရင်းတွေကိုကုန်းရုန်းပြီးလိုက်မှတ်နေရသည်။
"ချွင်.."
ဆိုင်အပေါက်ဝမှာချိတ်ထားသောခေါင်းလောင်းလေးမြည်လာသည့်နှင့်
"ကြွပါရှင်..ဘာလိုချင်ပါသလဲ.."
"ပါဆယ်လာပို့တာပါ.."
"ဪ..ဟုတ်ကဲ့..ဟိုဘက်ထောင့်လေးမှာထားပေး"
"ဗျာ.."ထိုသူထံမှထူးဆန်းနေသောအရိပ်အယောင်ဖြင့်အာမေဋိတ်သံထွက်လာသည်။
"ကျွန်မ့မအားလို့ပါနော်..အမ..အအေးကတ်နောက်ထပ်နှစ်ဆယ်လောက်ထည့်ပေး.."
နေခြည်ချိုဖုန်းပြောနေတာပြောင့်ပါဆယ်သမားကိုသေချာမကြည့်မိပေ။
"ဒါကဟို."
"ကျွန်မတကယ်မအားလို့ပါ..ကူညီပေးပါ နော်.."
"ဪ..ဟုတ်ကဲ့.."
ထိုသူကြောင်တောင်တောင်ပုံစံလေးနဲ့လက်ထဲကပါဆယ်ဘူးကိုသွားထားသည်။
ဒါကပျိုးမှာထားလို့လာပို့တာ။သူကဟိုနားထားခိုင်းတော့လည်းထားရမှာပေါ့။
"ကျွန်တော်ထားခဲ့ပြီနော်.."
"ဪ..ကျေးဇူးတင်ပါတယ်ရှင်..ဒီမှာပိုက်ဆံ"
"ချွင်.."
နေခြည်ခေါင်းလောင်းသံကြားမှပိုက်ဆံယူမသွားပဲထွက်သွားတဲ့သူကိုသတိရတော့သည်။
"ဟိုလူပိုက်ဆံလည်းယူမသွားဘူး.."
ေနခြည်အမြန်ပြေးလိုက်သွားသည်။
ထိုသူဆိုင်ကယ်ကိုစက်နှိုးပြီးထွက်သွားတော့မည်။
"ဒလီခယူသွားဦးလေ..ဟေ့လူ.."
"ပျိုးကိုသာသေချာပေးလိုက်ပါ..သူမှာထားတာ"
"ဝူး..."
နေခြည်မောင်းထွက်သွားသောသူရဲ့နောက်ကျောကိုပဲမြင်လိုက်ရသည်။
"ပိုက်ဆံလည်းယူမသွားဘူး.."
နေခြည်လက်ထဲကပိုက်ဆံကိုဆုပ်ကိုင်ရင်းဆိုင်ထဲပြန်ဝင်လာခဲ့သည်။
ပျိုးအခု့မှပဲအနောက်ခန်းထဲကထွက်လာတော့သည်။
"ပျိုး..ဟိုမှာ..ပျိုးအတွက်ပါဆယ်ရောက်နေတယ်.."
"ဟုတ်လား.."
ပျိုးပြေးသွားပြီးပါဆယ်ထုတ်ကိုယူလာလေသည်။
"အမ..ဒါဘယ်သူလာပို့တာလဲ.."
"မသိဘူး..ဒလီသမားလေ..ဒလီခမယူသွားဘူး..ပျိုးကိုပဲသေချာပေးလိုက်တဲ့..သူနဲ့ပျိုးနဲ့သိတာလား"
"အင်း..သူကအရင်တစ်ခါကကားတိုက်မိပြီး
ဆေးရုံတက်နေတဲ့တစ်ယောက်လေ.."
"ဪ..ပျိုးသွားသွားပြု့စုနေတဲ့တစ်ယောက်လာ..ဆေးရုံဆင်းတဲ့ရက်ကတောင်ခွင့်ယူသေးတယ်..အဲ့တစ်ယောက်ကြောင့်လား.."
"ဟုတ်တယ်.."
ဒါလေးပြောနေတာကိုပျိုးကဘာလို့ပြုံးနေတာလဲမသိ
"သူကပျိုးထက်တော့အသက်ကြီးတယ်..ဒါပေမဲ့ချောတယ်မလား.."
ချောလားမချောလားတော့မသိဘူး။နောက်ကျောပဲမြင်လိုက်ရတာကို။
"သူပုံစံကတည်ငြိမ်ပြီးအေးဆေးနေတတ်တယ်..ပျိုးကိုဂရုမစိုက်ဘူးလို့ထင်ရပေမဲ့တကယ်တော့သူကတိတ်တိတ်လေးဂရုစိုက်ပေးတာ..ပျိုးလည်းအဲ့ဒါတွေသိတယ်..ပေါ်တင်ပြောလိုက်ရင်သူရှက်သွားမှာစိုးဟန်ဆောင်ပြီးငြိမ်ခံနေတာ..ဟီး."
ဒီကောင်မလေးယောကျ်ားတစ်ယောက်အကြောင်းပြောပြီးဒီလောက်ပျော်နေတာဒီတစ်ခါပဲမြင်ဖူးတယ်တော်ရုံဆိုသူ့နားဘယ်ယောက်ျားလေးမှအကပ်မခံသလိုယောကျ်ားလေးတွေနဲ့လည်းအရောတဝင်မရှိပေ။
သူမလေးတကယ်ချစ်မိသွားတာလား။
"အမနဲ့နောက်ကျမိတ်ဆက်ပေးမယ်..သူဘယ်လောကချောလဲဆိုတာသိသွားရင်အမရဲ့ယောကျ်ားကိုတောင်မေ့သွားဦးမှာသေချာတယ်.."
"အို..ယုံကြည်မှု့တွေသိပ်ပြင်းထန်နေပါ့လား.."
"ဟီး..ဟီး..သူသနားပါတယ်..နေပူချည်းထဲပျိုးမှာထားတာကိုသွားယူပေးရတာ.."
နေခြည်ချိုတော့အကြည့်လွှဲပြီးစာရင်းသာဆက်စစ်နေသည်။
ပျိုးကိုခွန်းပိုင်အကြောင်းနဲ့ပက်သက်ပြီးခွန်းပိုင်သေသွားပြီဆိုသည့်အကြောင်းပဲပြောပြထားသည်။
နေခြည်တို့အိမ်ထောင်ရေးကအရမ်းသာယာခဲ့သည့်အကြောင်း။အမှန်တကယ်တော့ဆိုးရွားနေခဲ့ပေမဲ့။
သူ့အဖေကခြည်လေးကိုအရမ်းချစ်ပြီးနေခြည်ကိုလည်းအရမ်းချစ်သည့်အကြောင်း။အားလုံးကိုအကောင်းဘက်ကနေပဲပြောပြထားခဲ့
သည်။အမှန်အတိုင်းသာ
တစ်ယောက်တစ်စကိုပြောပြမိရင်ပြဿနာတွေအများကြီးဖြစ်လာနိုင်တယ်မလား။
တစ်ဆင့်စကားတစ်ဆင့်ကြားကနေသူ့အဖေမသေသေးဘူးဆိုတဲ့အကြောင်းတာခြည်လေးကြားသွား
ချည့်နေခြည့်ကိုသူ့အဖေနဲ့တွေ့ပေးဖို့သေလဲအောင်ပြောလိမ့်မယ်။
သမီးလေးကိုသူ့အဖေအကြောင်းဘာမှအသိမပေးပဲသေလူအဖြစ်ထားခိုင်းလိုက်တာကောင်းပါတယ်လေ။
ဟိုတစ်ယောက်လည်းကျွန်မ့တို့မရှိတဲ့ဘဝမှယပျော်ရွှင်နေရောပေါ့။
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
မဒီစိတ်ရှိလက်ရှိနဲ့ခန့်ဘုန်းရှိန်နဲ့သာပေးစားလိုက်ပြီးဇာတ်သိမ်းလိုက်မယ်
ကောင်းတယ်မလား😆
#မဒီ
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
Romanceထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...