part15

60 3 0
                                    

အချစ်ရက်ပေါင်း၃၆၅ရက်

အပိုင်း၁၅
"နေခြည်..ဆိုင်ကတော်တော်လေးအဆင်ပြေတယ်နော်.."
"ဟုတ်တယ်..အဆင်ပြေတယ်..လမ်းဘေးလည်းဖြစ်တော့ဝယ်သူကပေါတယ်လေ."
"ကောင်းပါတယ်လေ..နင်နေချင်နေတဲ့အေးဆေးဘဝလေးကိုရသွားပြီ..ဂုဏ်ယူပါတယ်နော်..ငါသူငယ်ချင်းကြီး"
နေခြည်နဲ့ရတနာကန်နံဘေးလမ်းလျှောက်လာရင်းခုံတန်းပေါ်မှာထိုင်ကာကော်ဖီသောက်ရင်းစကားပြောနေကြတဲ့သူနှစ်ယောက်ကြောင့်ခြေလှမ်းတွေရပ်လိုက်မိသည်။
"နေခြည်..အဲ့ဒါ..သု့တမလား..သူကဝန်းနဲ့ဘယ်လိုလုပ်အတူထိုင်နေရတာလဲ.."
"သူတို့ကသိတယ်လေ..နင်ကလဲ.."
"ဟာ..အတူထိုင်ပြီးစကားလက်ဆုံကြရလောက်ထိတော့ရင်းနှီးသေးမှာမဟုတ်ဘူးလေ.."
"ဟုတ်သားပဲ..."
.....
"ရှိုင်းကိုဆက်သွယ်ပေး..ငါသူနဲ့အလုပ်ကိစ္စပြောချင်တယ်.."
"ok..ရတယ်..ဒါပေမဲ့..မနေ့ကတင်သူUkကိုသွားတယ်
သဘက်ခါလောက်ဆိုသူပြန်လာလောက်ပြီ..အဲ့ကျငါဆက်သွယ်ထားမယ်.."
"အေးပါ..ကျေးဇူးပဲကွာ..ငါအဆက်ပြတ်သွားတဲ့တစ်နှစ်အတွင်းကိုတော်တော်လေးအခြေအနေဆိုးနေလောက်ပြီ.."
"ဟုတ်တယ်ကွ..တကယ်ကိုဆိုး နေတာ..ဖြစ်နိုင်ရင်ငါမင်းကိုအခု့ချက်ချင်းကိုပြန်သွားစေချင်ပြီ.."
"ငါလည်းပြန်သွားချင်တယ်..ဒါပေမဲ့.ဒီမှာနေခြည်နဲ့ငါ့သမီးလေးရှိနေသေးတယ်...နေခြည်ကငါ့ကိုအတိတ်မေ့နေတယ်ပဲထင်နေသေးတာအခု့ချက်ချင်းပြန်သွားရင်ရိပ်မိသွားမှာပေါ့..."
"မင်းမြန်မြန်ဖွင့်ပြောလိုက်ပြီးသူ့ပါတစ်ခါတည်းခေါ်သွားလေ..."
"မလွယ်ဘူးကွ..နေခြည်စိတ်လည်းမင်းသိပါတယ်..သူပြတ်သားပြီဆိုတားမရတော့ဘူး
အခု့ဆိုသူကငါ့ကိုမုန်းနေတာ..သူချစ်လာအောင်ပြန်ကြိုးစားရဦးမယ်....ငါသူနဲ့မခွဲနိုင်ဘူးဆိုတာမင်းနားလည်ပါတယ်.."
"အဲ့ကြောင့်မို့မြန်မြန့်ပြောလိုက်ပါဆို..တော်တော်အထင်လွဲသွားနိုင်တယ်နော်..အရင်တစ်ခါကလည်းလွဲခဲ့တယ်မလား.."
"ငါဒီတစ်ခါတော့သူမ့ကိုလက်မလွှတ်ပေးဘူး..သူထွက်သွားချင်တောင်ငါမရရအောင်ဆွဲထားမယ်..သူကငါ့ကိုအရမ်းချစ်တာ..သူပြန်ပြီးပျော့သွားမယ်ဆိုတာငါသိတယ်.."
"ခွန်းပိုင်.."
ခွန်းပိုင်နဲ့ဒေါက်တာဝန်းအနောက်ကနေခေါ်သံကြောင့်လှည့်ကြည့်မိလိုက်သည်။
"နေခြည်.."
"ဖျန်း.."
အနောက်တွင်ရပ်နေသောနေခြည်ချိုထံမှလက်ဝါးတစ်ချပ်သည်ခွန်းပိုင်ရဲ့မျက်နှာပေါ်သို့ကျရောက်သွားသည်။
"နေခြည်.."
နေခြည်ချိုရဲ့လုပ်ရပ်ကြောင့်အားလုံးကြောင်သွားသည်။ခွန်းပိုင်ရိုက်ခံလိုက်ရသောပါးကိုကိုင်ပြီးသူမ့ကိုကြည့်နေမိသည်။
"ရှင်သိပ်ပြီးရက်စက်ပါ့လား..ဟမ်..ကျွန်မ့ဆီကဘာတွေမျှော်လင့်နေသေးတာလဲ.."
"နေခြည်..ကိုယ်အဲ့လိုမဟုတ်ပါဘူး..ကိုယ်ပြောချင်တာက.."
"တော်စမ်းပါ..လွန်ခဲ့တဲ့ငါးနှစ်ကလည်းကျွန်မ့ရှင့်ဆီမှာကျွန်တစ်ယောက်လိုခစားခဲ့ရတယ်..အခုလည်းထပ်ပြီးခိုင်းချင်နေတာလား.."
"ကိုယ်မင်းကိုတစ်ခါမှခိုင်းမစားခဲ့ဘူး..ကိုယ်မင်းကိုကောင်းစေချင်လို့လုပ်ခိုင်းတာတွေချည်းပဲ.."
"အဟွန့်..ဘာကောင်းစေချင်လို့..ဒါဆို..အခု့အတိတ်မေ့နေတယ်လိမ်ထားတာကကောကောင်းစေချင်လို့လား..ဟုတ်လား..ပြောစမ်းပါဦး..."
"နေခြည်..စိတ်လျော့ပါ..ဒါပန်းခြံကြီး..နင်စိတ်လျော့ဦး.."
ရတနာဘေးကနေဝင်တားလေသည်။သူတို့စကားသံတွေကြောင့်လူတွေကကြည့်ကြည့်သွားလေပြီ။
"ကိုယ်ပြောဖို့အားယူနေလို့..ကိုယ်တကယ်လိမ်ထားဖို့မရည်ရွယ်ပါဘူး..ကိုယ်မင်းကိုပြောပြဖို့စဥ်းစားနေတာပါ.."
"ရှင်ပြောတာကိုယုံမယ်ထင်နေတာလား.."
"ဟင်..ကိုယ်တကယ်ပြောတာပါ.."
"ရှင်ကျွန်မ့မသိရင်ဘယ်ချိန်ထိများလိမ်ထားမှာလဲ."
"ကိုယ်..ကိုယ်.."ခွန်းပိုင်၏တွေဝေနေပုံတွေကြောင့်
"ကျွန်မ့နားလည်ပြီ..ရှင်ကဘယ်တော့မှအလေးထားခဲ့တာမဟုတ်ဘူး..ယုံစားမိတဲ့ကျွန်မ့သာမှားတာ"
နေခြည်ချိုသူ့နားလေးကနေထွက်လာခဲ့သည်။
နေခြည်နောက်လိုက်သွားဖို့လုပ်သောခွန်းပိုင်ကိုဒေါက်တာဝန်းဝင်တားလိုက်သည်။
"မိန်းမ.."
"မလိုက်သွားနဲ့တော့..သူစိတ်အဆင်မပြေဘူး..မင်းတို့ပိုဆိုးလိမ့်မယ်..."
ခွန်းပိုင်ထွက်သွားသောသူမ၏ကျောပြင်ကိုမျှော်ကြည့်ရုံပဲတတ်နိုင်တော့သည်။
"ရတနာ..သူ့ကိုအပ်ပါတယ်နော်..."
"အင်း.."ရတနာနေခြည်နောက်ကိုပြေးလိုက်သွားသည်။
🤧🤧🤧🤧🤧🤧🤧🤧🤧🤧🤧🤧🤧🤧🤧🤧
"နေခြည်. "
ခြံထဲကခုံတန်းပေါ်မှာထိုင်ပြီးအတွေးတွေနဲ့အလုပ်ရှုပ်နေသောသူမ ရတနာ၏အသံကြောင့်မျက်ရည်စတွေကိုသုတ်လိုက်သည်။
တစ်နေ့ကကိစ္စကြောင့်နေခြည်ချိုအခြေအနေမကောင်းခဲ့။တစ်ခု့ခု့ဆိုဒေါသကတန်းထွက်တတ်ပြီးသူမဟုတ်တဲ့အတိုင်းပြန်ညှိုးသွားသည်။
"နေခြည်...အဆင်ပြေလား.."
"ဟင့်အင်း..မပြေဘူး.."
နေခြည်ရဲ့မျက်ရည်စတွေနဲ့မျက်ဝန်းစိုစိုလေးကိုမြင်လိုက်ရတာသူမ့တကယ့်ကိုဝမ်းနည်းနေတယ်ဆိုတာသိသာပါတယ်။သူ့လိုကြံ့ခိုင်တဲ့သူကလည်းနာကျင်တတ်တယ်။
နေခြည်ရတနာ့ခါးကိုဖက်လိုက်ပြီးရင်ခွင်ထဲတိုးဝင်လိုက်သည်။
"သူငယ်ချင်းရယ်.."
"ဘာလို့လဲ...သူကငါ့ကိုဒီလောက်တောင်နာကျင်အောင်လုပ်ရတာလဲ...ငါသူ့ကိုသိပ်ချစ်ခဲ့တာလေ.."
"သူ့အတွက်ငါအရာအားလုံးသည်းခံခဲ့တယ်..ဒါပေမဲ့သူကငါ့ကိုလိမ်ထားတယ်..ငါသူမှန်းသိနေတာတောင်သူဖွင့်ပြောတာကိုလိုချင်တယ်..ဒါပေမဲ့သူကငါ့အတွက်ဘယ်တော့မှမတွေးပေးဘူး.."
"ငါ..ငါ..သူ့ကိုမုန်းချင်ပေမဲ့..အရမ်းနာကျင်တယ်.."
နေခြည်ချိုအမှန်တော့သုတကခွန်းပိုင်ဆိုတာအရင်ကတည်းကသိနေခဲ့သည်။
အဲ့ဒါကလည်းရေတံခွန်သွားတုန်းကခွန်းပိုင်ရေဆင်းချိုးချိန်နောက်ကျောကတက်တူးကြောင့်ပဲ။
ခွန်းပိုင်ပထမအကြိမ်ကားမှောက်တုန်းရလာသည့်
အမာရွတ်အပေါ်မှာတက်တူးထိုးထားခဲ့သည်။မိန်းကလေးပုံမှန်းတော့သေချာပေမဲ့အဲ့မိန်းကလေးကဘယ်သူလဲဆိုတာမသိခဲ့ဘူး။မျက်နှာပုံစံနဲ့ဆံပင်ဂုတ်ဝဲ။ခေါင်းမှာအနီရောင်ကလစ်လေးကိုပန်ထားခဲ့တယ်။
အဲ့ပုံကြောင့်စိတ်မကောင်းဖြစ်ခဲ့ပေမဲ့သူကတော့ဘာမှမဟုတ်ပါဘူးတဲ့။သူသိပ်ချစ်ခဲ့ရတဲ့မိန်းကလေး။ဒါတစ်ခု့နဲ့တင်တော်တော်လေးခံစားခဲ့ရတယ်။အဲ့တက်တူးကိုသေချာကြီးမှတ်မိတာပေါ့။
"ငါသူ့ကိုတစ်ခါလောက်ယုံကြည်ချင်ခဲ့မိတယ်..သူကငါ့ကိုချစ်ပါလားလို့လေ..ဒါပေမဲ့သူက..သူက..ငါ့ကိုအသုံးချချင်နေတာ..ငါ့အချစ်တွေကိုအသုံးချနေတာ.."
"နင်ကလည်း..အဲ့လို..မထင်ပါနဲ့..ခွန်းပိုင်မှာလည်းသူ့
အကြောင်းတွေရှိနေလို့နေမှာပါ.."
နေခြည်ရတနာ့ရင်ခွင်ထဲကနေကုန်းရုန်းပြီးထလိုက်သည်။
သူငယ်ချင်းဖြစ်သူကိုဆန့်ကျင်ပြီးဟိုဘက်ကိုပါသွားသောရတနာကြောင့်ဒေါသထွက်လာသည်။
"ရတနာ..နင်ကသူ့ဘက်ပါသွားတာလား..သူပြောနေတာကိုနင်မကြားလိုက်ဘူးလား.."
"မဟုတ်ပါဘူး..ငါကဒီအတိုင်းပြောပြပါ..ငါတို့အဲ့နေ့ကသူတိူ့ပြောနေတာကိုသေချာသိချင်မှသိမယ်လေ.ခွန်းပိုင်ပြောချင်တာကတခြားဖြစ်နေလောက်မလား.."
"ရတနာ. "
"နေပါဦးနေခြည်ရယ်..နင့်သေချာစဥ်းစားစေချင်တယ်..ဒီရက်ပိုင်းအတွင်းမှာနင်ဒေါသထွက်တာတွေကိုငါနားလည်ပေးနိုင်တယ်..ဒါပေမဲ့ငါတို့ကိစ္စတစ်ခု့ကိုသေချာစဥ်းစားသင့်တယ်..ခွန်းပိုင်က.."
"ရတနာ..နင်မပြောနဲ့တော့..နင်ခွန်းပိုင်ဘက်ပါချင်နေရင်.လည်းငါနဲ့စကားလာမပြောနဲ့..ငါဘယ်လောက်နာကျင်ခဲ့ရလဲနင်အသိဆုံး..ဒါတောင်နင်က.."
"ဟုတ်ပါတယ်..ငါသိတယ်..နင်ဘယ်လောက်သူ့ကိုချစ်သလဲ..ဆိုတာလဲငါသိတယ်..ဒါပေမဲ့ငါတို့သူ့ဘက်ကကောကြည့်ပေးခဲ့လား..နင့်ဘက်ကအမြင်တစ်ခု့ပဲငါသိခဲ့တာလေ..နောက်ပြီးခွန်းပိုင်ကနင့်ကိုချစ်နေခဲ့တာ
"ဟူး...ရတနာ..ငါတစ်ယောက်ထဲနေချင်တယ်.."
"နေခြည်..နင်နားထောင်ဦး.."
"တော်ပြီနော်..ရတနာ..ငါမကြားချင်ဘူး..နင့်ကိုငါ့သူငယ်ချင်းလို့ထင်ခဲ့တာ..ပြောခွန်းပိုင်ကနင့်ကိုဘလောက်ပေးထားတာလဲ.."
"နေခြည်ချို..."
ရတနာဒေါသတကြီးအော်လိုက်သည်။
"ငါ့ကိုဘယ်သူကမှတစ်ပြားမှမပေးထားဘူး..တွေ့လား..နင်ကနင့်ဘက်ပဲကြည့်နေတယ်..ငါပြောတာကိုနားထောင်ပါဦးဆို.."
""နင်သူ့ဘက်ကိုဘာလို့ကောင်းနေတာလဲ.."
"ဟာ..ဒါကနင်မှားနေလို့လေ.."
"မှားတယ်..ဟုတ်လား..ငါဘာမှားရမှာလဲ..ငါအကုန်မှန်တယ်..ငါမှားတာတစ်ခု့ပဲရှိတယ်အဲ့ဒါခွန်းပိုင်ကိုချစ်ခဲ့မိတာကိုပဲ..အဲ့ဒါကြောင့်ငါ့မှာရှိတာမျှအကုန်မှားသွားတာ..ငါ့အချစ်..ငါ့ငယ်ရွယ်မှု့..ဘာတစ်ခု့မှအကောင်းတိုင်းမရှိတော့ဘူး..
အတွေးတွေကိုရပ်တန့်ပေးဖို့အတွက်ရတနာလည်းလက်လျော့လိုက်ရသည်။
"ဟုတ်ပါပြီ..နင်ကြိုက်သလိုသာလုပ်တော့..ငါဘာမှဝင်မပြောတော့ဘူး..နင်အတွေးတွေကမှားနေပြီသိလား..ခွန်းပိုင်ကနင့်ကိုချစ်နေတယ်ဆိုတာပဲနင်သိထားလိုက်...
ရတနာထွက်သွားတော့နေခြည်ချိုနှုတ်ခမ်းကိုအားရပါးရကိုက်လိုက်သည်။ချစ်ရတဲ့သူငယ်ချင်းတောင်သူများဘက်ပါသွားပြီ။
"မိန်းမ.."
နေခြည်ချိုသူ့အသံကြောင့်မျက်နှာကြီးခတ်ထန်လာသည်။
"ရှင်ဘာလာလုပ်တာလဲ..ထွက်သွား.."
"ကိုယ်ပြောတာကိုနားထောင်မှသွားမယ်.."
"ရတယ်..ရှင်မသွားချင်နေ.. ကျွန်မ့သွားမယ်.."
နေခြည်ထလိုက်ချိန်ခွန်းပိုင်သူမ့လက်ကိုဆွဲလိုက်သည်။
"နေပါဦး.."
နေခြည်သူ့လက်ကိုခါချလိုက်သည်။ခွန်းပိုင်သူမ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်။
"ရှင်..လွှတ်နော်.."
"ကိုယ်တောင်းပန်ပါတယ်..ကိုယ်လိမ်ထားဖို့မရည်ရွယ်ဘူး...ကိုယ်ပြောပြချင်ပေမဲ့မင်းကကိုယ့်ကိုမုန်းနေတယ်လေ..ကိုယ်ဘယ်လိုလုပ်ရမှာလဲ.."
"လိမ်လို့ပြီးပြီလား.."
"ကိုယ်မလိမ်ဘူး.."
"ဪ..ဟုတ်လား..ရှင့်လိုလူလိမ်တစ်ယောက်ကမျက်နှာထားတည်တည်နဲ့ပြောတတ်တာကိုအရင်တုန်းကအရူးမပဲမသိမယ်..ဒီမယ်..အခု့မရတော့ဘူး.."
"မိန်းမ..ကိုယ်တကယ်ပြောနေတာ..ကိုယ်တစ်ခါမှမလိမ်ခဲ့ဘူး..ကိုယ်မင်းကိုလိမ်ခဲ့တာဆိုတစ်ခု့ပဲရှိတယ်..မင်းကိုမချစ်ဘူးလို့ပြောနေခဲ့တာပဲ..အဲ့ဒါကလည်းကိုယ်မင်းကိုချစ်လိုက်ရင်သစ္စာဖောက်ရာကြမှာဆိုးလို့ကိုယ်လုပ်ခဲ့မိတာ..ကိုယ်သိပါပြီ..အရာအားလုံးက
ကိုယ်ချစ်တယ်ဆိုတဲ့စကားကိုပြောဖို့နောက်ကျခဲ့မိလို့ပဲ.."
"အခုလည်းအရာအားလုံးကနောက်ကျနေပြီ..ရှင်အခု့မှပြန်တောင်းပန်လို့လည်းဘာမှမတတ်နိုင်ဘူး..သိရဲ့လား..အရူးရဲ့..ရှင်ကနောက်ကျသွားတယ်ဆိုတဲ့တစ်ခု့နဲ့ကျွန်မ့ရင်ကိုဘယ်လောက်တောင်ခွဲခဲ့လဲ..ရှင်ကြိုးကြာဖြူနဲ့ရှိနေခဲ့တဲ့အတွေးတွေကကျွန်မ့ကိုနွံထဲနစ်နေသလိုသေလုနီးပါးဖြစ်စေတယ်..ဒါတောင်ရှင်ကနောက်ကျသွားလို့တဲ့လား..ကျွန်မ့အတွက်နောက်ကျသွားလို့တောင်းပန်ပါတယ်ဆိုတဲ့စကားကအသုံးမဝင်တော့ဘူး.."
နေခြည်ပြောသမျှကိုခွန်းပိုင်ခေါင်းငုံပြီးနားထောင်နေဖို့ပဲတတ်နိုင်တော့သည်။
"ကိုယ်ရွေးချယ်စရာမရှိလို့ပါ..ကိုယ်မင်းကိုပစ်မထားသင့်ပါဘူး.."
"ရွေးချယ်စရာမရှိတာမဟုတ်ပါဘူး..ရှင်ကိုယ်တိုင်ကကြိုးကြာဖြူဘက်ပါနေတာလေ...သူကကျွန်မ့ထက်အရေးကြီးခဲ့တာမလား..သူပျော်ဖို့ဆိုကျွန်မ့ကဘာဖြစ်ဖြစ်ရှင်ထားခဲ့တယ်...ကျွန်မ့နာကျင်တာကိုဘယ်တော့မှမတွေးခဲ့ဘူး.."
"ကိုယ်သူပျော်ဖို့မင်းကိုမထားခဲ့ပါဘူး..ကိုယ်မတတ်သာတဲ့အဆုံးလုပ်မိရုံပဲ..အဲ့အတွက်ကိုယ်တောင်းပန်ပါတယ်ကွာ..ကိုယ်အမှားတွေအများကြီးရှိတာသိပါတယ်..ကိုယ်သူ့ကိုလည်းအခု့အဆက်ဖြတ်လိုက်ပြီ..သူကကိုယ့်ညီမလေးမဟုတ်တော့ဘူး.."
"ရှင်သူ့ကိုအဆက်ဖြတ်လိုက်လည်းကျွန်မ့ရှင့်ကိုခွင့်လွှတ်ပေးမှာမဟုတ်ဘူး..စိတ်တော့မကောင်းဘူးခွန်းပိုင်ကျွန်မ့ကအရင်ကနေခြည်ချိုလိုချော့လိုက်တိုင်းပျော့သွားမယ့်မိန်းမမဟုတ်ဘူး.."
ေနခြည်လက်ကိုအတင်းဆွဲဖြုတ်လိုက်သည်။
"ကျွန်မတို့ဆက်မတွေ့ပဲနေရအောင်.ခွန်းပိုင်
ခြည်လေးအတွက်စိတ်မပူနဲ့ကျွန်မ့တစ်ယောက်ထဲစောင့်ရှောက်နိုင်တယ်..ရှင့်ကုမ္ပဏီအတွက်သာစိတ်ပူ
"မိန်းမ..နေခြည်ချို.."
နေခြည်တစ်စက်ကလေးမှနောက်လှည့်မကြည့်ပဲအိမ်ထဲဝင်သွားခဲ့သည်။
တကယ်စိတ်နာသွားပြီလား..နေခြည်ချိုရယ်..
ကိုယ်တောင်းပန်ပါတယ်..ကိုယ်အသုံးမကျတာပါ
"ဦးဦး.."
" ခြည်လေး.."
"ဦးဦးနဲ့မာမီဘာတွေပြောနေတာလဲ.."
ခွန်းပိုင်သူ့နားကပ်လာသောခြည်လေးရှေ့ဒူးထောက်ထိုင်လိုက်သည်။
"ဦးဦးခရီးခဏသွားမလို့ပြောနေတာ.."
"ဟင်..ဦးဦးကဘယ်သွားမှာလဲ.."
"ဦးဦးအလုပ်လုပ်ဖို့ပါ..ခဏလေးတစ်ခြားနေရာကိုသွားရမှာ.."
"အွင်း.."
"သမီးလေးဦးဦးကိုသတိရနေမယ်မလား.."
"ဟုတ်..မီးဦးဦးကိုအများကြီးလွမ်းနေမယ်.."
"ဒါမှငါ့သမီးကွ.."ခွန်းပိုင်ခြည်လေးရဲ့နံဖူးကိုဖွဖွလေးနမ်းလိုက်သည်။
"ဦးဦးကကြာမှာလား.."
"တစ်နှစ်လောက်တော့ကြာမယ်..သမီးလေးဦးဦးကိုစောင့်နိုင်လား..ပြန်လာရင်သမီးလေးအကြိုက်အကုန်ဝယ်ပေးမယ်..လက်ဆောင်တွေလည်းအများကြီးဝယ်လာမယ်.."
"ဟုတ်ကဲ့..မီးကဦးဦးပြန်လာတာကိုစောင့်နေမယ်နော်.."
"ဟုတ်ပါပြီ..ဪ..နေဦး..ဒီမှာ..ဦးဦးသမီးလေးအတွက်လက်ဆောင်ယူလာတယ်.."
ခွန်းပိုင်အိတ်ကပ်ထဲကငါးရုပ်လေးကိုယူပြီးခြည်လေးလက်ထဲကိုထည့်လိုက်သည်။
"သဘောကျရဲ့လား.."
"အင်း..ဒါပေမဲ့ငါးကအတု့ကြီး.မီးကအစစ်လိုချင်တာ"
"ဒါဆို..ဦးဦးပြန်လာတဲ့အချိန်ဒီငါးရုပ်လေးကိုအစစ်ဖြစ်အောင်ပြောင်းပေးမယ်.."
"တကယ်လား.."
"ဒါပေါ့..တကယ်.."
"ဒါမှမီးဦးဦး.."
"ကဲ..ဦးသွားတော့မယ်..ဦးအစားသမီးမာမီကိုစောင့်ရှောက်ပေးနော်..သူ့နားဘယ်ယောကျ်ားလေးမှအကပ်မခံစေနဲ့..ဟိုခန့်ဘုန်းရှိန်ရဲ့အဖေလည်းအနားမကပ်ခိုင်းနဲ့နော်.."
"ဟုတ်ကဲ့.."
"ဦးစိတ်ချမယ်နော်..ဦးကိုသတိရနေနော်..သမီးလေးဆီအမြန်ပြန်လာခဲ့မယ်.."
"ဟုတ်..မီးလည်းသတိရနေမယ်..တာတာ့..ဦးဦး.."
ခွန်းပိုင်ဝဲလာသောမျက်ရည်စတွေကြောင့်သမီးလေးနားကအမြန်ထွက်လာခဲ့သည်။
တစ်နှစ်...ထိုအရာကခဏလေးပါ..သူမတို့နှစ်ယောက်နဲ့တစ်သက်လုံးနေနိုင်ဖို့ခဏလေးခွဲလိုက်တာတန်မှာပါ။
"ဦးဦး.."
ခွန်းပိုင်ခြည်လေးရဲ့ခေါ်သံကြောင့်နောက်လှည့်ကြည့်လိုက်သည်။
"မြန်မြန်ပြန်လာနော်..မီးစောင့်နေမယ်.."
ခွန်းပိုင်ပြုံးလိုက်ပြီးခေါင်းငြိမ့်လိုက်သည်။
ဒယ်ဒီအမြန်ဆုံးပြန်လာခဲ့မယ်..သမီးလေး..
💧💧💧💧💧💧💧💧💧💧💧💧💧💧💧💧
#မဒီ

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now