အချစ်ရက်ပေါင်း၃၆၅ရက်
အပိုင်း၁၁
"ခွန်းပိုင်.."
"ပြောလေမိန်းမ.."
ခွန်းပိုင်.နေခြည်ချိုပေါင်ပေါ်မှာခေါင်းပြုပြီးအိပ်နေရာကနေအပေါ်ကိုမော့ကြည့်လိုက်သည်။
"ရှင်..တစ်မျိုးမခံစားရဘူးလား.."
"ဘာကိုလဲ.."
"မဟုတ်တော့ပါဘူး..ကျွန်မ့ရင်ထဲတစ်မျိုးဖြစ်နေလို့"
"အို..မိန်းမ.အန်ချင်လို့လား.."
ခွန်းပိုင်ကုန်းရုန်းပြီးထလိုက်သည်။နေခြည်ချိုကအခု့တလောအန်ချင်သည့်စိတ်တွေပေါ်ပေါ်လာတတ်ပြီးအန်တတ်သည်။ဒါကလည်းကိုယ်ဝန်ကြောင့်ပဲလေ။
"မဟုတ်ပါဘူး.."
"ဒါဆိုဘာဖြစ်တာလဲ.."
"စိတ်ထဲတစ်မျိုးပဲ..အန္တရယ်တစ်ခု့ခု့ကြုံရတော့မယ်ထင်နေတယ်..ဘာဖြစ်တာလဲမသိဘူး..တစ်ခု့ခု့ကိုစိုးရိမ်နေတယ်.."
"ဟင်.."
"ရှင်ပဲစဥ်းစားကြည့်..ရှင်အခု့လိုကြိုးကြာဖြူနဲ့အဆက်ဖြတ်လိုက်တာသူကျေနပ်ပါ့မလား..သူတစ်ခု့ခု့လုပ်လာရင်ဘယ်လိုလုပ်မလဲ.."
"အင်း..ကိုယ်တော့အဲ့လိုမထင်ဘူး..သူအဲ့လောက်ထိတော့မလုပ်လောက်ပါဘူး..သူကအငြိုးထားတတ်တဲ့ကလေးမဟုတ်ပါဘူး..နည်းနည်းလောက်ကလေးဆန်တာပဲရှိတာ..မိန်းမကသူ့ကိုစိုးရိမ်နေတာလား.."
"အင်း.."
ခွန်းပိုင်..နေခြည်ချိုနားကိုကပ်လိုက်ပြီးသူမ့ပခုံးကို
ဖက်လိုက်သည်။
"ကိုယ်မိန်းမကတော့သိပ်စိုးရိမ်တတ်တာပဲ..သူမိန်းမကိုဘာမှလုပ်လို့မရပါဘူး..မိန်းမ့ကိုလာထိရင်ကိုယ်နဲ့တွေ့မှာပေါ့..မိန်းမကိုလာထိတာကိုယ့်ကိုထိတာနဲ့တူတူပဲ..ဒါကြောင့်စိတ်မပူနဲ့နော်..ကိုယ့်ဘာသာစိတ်ပူကလေးလေးကကြီးလာပြီ.."
သူ ပြောတော့လည်းဟုတ်သား။
အဲ့ကိစ္စကထက်ဗိုက်ထဲကလေးကိစ္စကအရေးကြီးတယ်။ကလေးလေးကတဖြည်းဖြည်းနဲ့ကြီးထွားလာပြီ။
"ဟုတ်မှာပါ..ကျွန်မ့အတွေးလွန်သွားတာနေမှာ.."
"အင်း...မတွေးနဲ့တော့..ကိုယ်တို့ဇာတ်ကားတောင်ပြီးတော့မယ်..ကဲ..ဇာတ်ကားဆက်ကြည့်ရအောင်နော်"
"အင်းပါ.."
နေခြည်ချို့ပေါင်ပေါ်ကိုခွန်းပိုင်ဆက်ပြီးအိပ်လိုက်သည်။နေခြည်ချိုဇာတ်လမ်းကိုကြည့်နေပေမဲ့စိတ်ကတော့တစ်ခြားရောက်နေ၏။
တော်ပါ..ငါအတွေးလွန်နေတာနေမယ်..
နေခြည်ချိုမုန့်ဘူးကိုလှမ်းယူလိုက်ပြီးမုန့်တစ်ခု့ယူလိုက်ချိန်ခွန်းပိုင်အလောတကြီးနဲ့သူမ့ကိုမော့ကြည့်သည်။
"မိန်းမ.."
"ဟင်.."
"ကိုယ်ကိုဘာပဲဖြစ်လာဖြစ်လာမထားခဲ့ဘူးမလား.."
နေခြည်ချိုသူမေးလိုက်သည့်မေးခွန်းကြောင့်ဘာဖြေရမလဲမသိ။
ကျွန်မ့တို့ကတစ်နှစ်နေရင်ခွဲခွာရမယ့်သူတွေပဲလေ။အဲ့တစ်နှစ်အတွင်းတော့သူ့ကိုထားခဲ့မှာမဟုတ်ပါဘူး။
"အင်းပေါ့..ရှင့်ကျွန်မ့အပေါ်ကောင်းနေသရွေ့ကျွန်မ့ဘယ်တော့မှရှင့်ကိုမထားခဲ့ဘူး.."
"ပြီးတာပဲ..ကတိနော်.."
"ဟုတ်ပါပြီ.."
ခွန်းပိုင်ပြုံးပြီးတစ်ဖက်ကိုလှည့်သွားသည်။
သူဘာလို့အဲ့လိုမေးတာလဲ။သူတစ်ခု့ခု့များလုပ်ထားလို့လား။
ခွန်းပိုင်..ကျွန်မ့ဒီတစ်နှစ်လေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းချင်မိတယ်...ရှင်နဲ့အတူပေါ့..
"🎶🎶🎶🎶***🎶🎶🎶🎶***"
ခွန်းပိုင်ဖုန်းလာတာကြောင့်ခွန်းပိုင်ဖုန်းကိုလှမ်းယူပြီးကြည့်လိုက်သည်။
ခွန်းပိုင်ဖုန်းနံပါတ်ကိုမြင်ပြီးကိုင်သင့်မကိုင်သင့်ဆုံးဖြတ်နေသည်။
"ဘယ်သူလဲ.."
နေခြည်ချိုသူ့ရဲ့ခက်ထန်နေသောပုံကြောင့်ဖုန်းကိုလှမ်းကြည့်လိုက်သည်။
နေခြည်ချို..ကြိုးကြာဖြူဆိုသောနာမည်ကိုမြင်ပြီးမျက်နှာချက်ချင်းကိုပြောင်းလဲသွားသည်။
ခွန်းပိုင်ဖုန်းကိုချပစ်မလို့လုပ်ချိန်
"ကိုင်လိုက်လေ..သူဘာပြောချင်လို့လဲမှမသိတာ.."
"အင်း..ဟယ်လို.."
ကြိုးကြာဖြူခွန်းပိုင်ဖုန်းကိုင်လိုက်တာကြောင့်ပျော်ရွှင်သွား၏။
"ကိုကို.."
"ဘာပြောစရာရှိလို့လဲ.."
"ညီမလေးအပြင်မှာရောက်နေတယ်..ကိုကိုတို့အိမ်ရှေ့မှာ.."
"အိမ်ရှေ့ရောက်နေတာလား.."
"အင်း..ညီမလေးကိုကိုနဲ့စကားပြောချင်တယ်..ကိုကိုထွက်လာခဲ့.."
"ညနက်နေပြီ..ပြန်တော့..မနက်ဖြန်ကျမှစကားပြောမယ်.."
"ကိုကိုထွက်လာခဲ့နော်..ကိုကိုထွက်မလာရင်ညီမလေးမပြန်ဘူး.."
"ကြိုးကြာ..ကလေးမဆန်နဲ့..အခု့ကလူအိပ်ချိန်တောင်ရောက်နေပြီလေကွာ.."
"အဲ့ဒါကြောင့်ခဏထွက်ခဲ့လို့..ကိုကိုနဲ့စကားပြောပြီးရင်ညီမလေးပြန်မှာပါ..ခဏ..ခဏပါပဲ..ကိုကိုမလာရင်ညီမလေးအော်ခေါ်မှာ..တစ်ညလုံးအိမ်မပြန်ပဲအပြင်မှာပဲနေလိုက်မယ်..ဖျားပြီးသေသွားရင်လည်းအေးတာပဲ.."
"ဟာ.."
ခွန်းပိုင်ဘာလုပ်ရမလဲမသိ။ကြိုးကြာဖြူကလည်းဇွတ်။နေခြည်ချိုခွန်းပိုင်ရဲ့အခက်တွေ့နေသောပုံကိုကြည့်ပြီးသက်ပြင်းတစ်ချက်ချလိုက်သည်။
"ဟူး..ခွန်းပိုင်သွားတွေ့လိုက်ပါ.."
"ဒါပေမဲ့.."
"သူကမတွေ့ရင်ပြန်မှာမှမဟုတ်တာ..ရှင့်ကိုဘာအရေးကြီးတာတွေပြောစရာရှိနေလဲမသိဘူး..ရှင်သွားလိုက်ပါ.."
ခွန်းပိုင်.နေခြည်ချိုရဲ့ခွင့်ပြု့မိန့်ကိုရသွားလေပြီ။
"ဒါဆို..ကိုယ်ခဏလေးပဲ..ကိုယ်သူ့ကိုပြန်သွားခိုင်းလိုက်မယ်.."
"အင်း.."
ခွန်းပိုင်အပေါ်ထည်အင်္ကျီကိုယူပြီးအမြန်ပြေးထွက်သွားသည်။
နေခြည်ချိုပြေးထွက်သွားသောခွန်းပိုင်ကိုကြည့်နေမိသည်။
ကျွန်မ့သွားခိုင်းလိုက်တာမှန်ရဲ့လား..
နေခြည်ချိုပြတင်းပေါက်ဘေးနားကိုသွားလိုက်သည်။
ကျွန်မ့စိတ်ထဲမှာဘာလို့များစိတ်မချဖြစ်နေမိပါလိမ့်
လိုက်ကာနောက်ကနေပုန်းကွယ်ရင်းသူတို့ကိုကြည့်နေမိသည်။
သူတို့ဘာတွေပြောနေလဲတော့မသိ။ကြိုးကြာဖြူငိုနေတယ်။အဖြူရောင်ဂါဝန်လေးနဲ့သနားစရာကောင်းသောသူမ့မျက်နှာကလိုက်ဖက်နေတယ်လို့ပြောရမလား။
ဟော..ကြိုးကြာဖြူခွန်းပိုင်ရဲ့ရင်ခွင်ထဲကိုဇွတ်တိုးဝင်ပြီးမလွတ်တမ်းဖက်ထားနေပြီ။
အိမ်နီးချင်းတွေမြင်နိုင်သောအိမ်ရှေ့ကြီးမှာပေါ့။
နေခြည်ချိုသူ့လက်တွေလိုက်ကာကိုဆုတ်ဖြဲမတတ်ကိုင်ထားနေမိသည်။
ခွန်းပိုင်သူမရဲ့ပခုံးနှစ်ဖက်ကိုကိုင် ပြီး
ရင်ခွင်ထဲကဆွဲထုတ်လိုက်၏။
ထိုနောက်ဘာပြောလိုက်လဲမသိကြိုးကြာဖြူခေါင်းငြိမ့်ပြီးသဘောတူနေသည်။
သိပ်မကြာပါဘူး။ကြိုးကြာဖြူမျက်ရည်တွေသုတ်ကာခွန်းပိုင်ကိုနှုတ်ဆက်ပြီးထွက်သွားသည်။
သေချာမှတ်မိလိုက်တာကတော့ခွန်းပိုင်ရဲ့အပေါ်ထည်ကသူမ့ရဲ့ပခုံးထက်မှာဆင်မြန်းသွားတာကိုပဲ။
နေခြည်ချိုလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။သူမ့ရဲ့လက်သည်းတွေကအသားကိုပြန်ထိုးပြီးသွေးထွက်လာ၏။နေခြည်ချိုထွက်လာသောသွေးတွေကိုရင်နာနာနဲ့ပြုံးပြီးကြည့်နေမိသည်။
နေခြည်ချိုဧည့်ခန်းထဲကိုပြန်လာခဲ့သည်။
ဆိုဖာပေါ်မှာထိုင်ပြီးTVလိုင်းတွေကိုပြောင်းကြည့်နေမိသည်။
ခွန်းပိုင်အိမ်ထဲကိုဝင်လာရာTVကိုစိုက်ကြည့်နေသောသူမဘေးနားမှာပြန်ဝင်ထိုင်လိုက်သည်။
"မိန်းမ. "
နေခြည်ချိုသူ့ဘက်ကိုလှည့်ပြီးပြုံးလိုက်ကာ
"ကြိုးကြာဖြူပြန်သွားပြီလား.."
"အင်း.."
"သူဘာပြောတာလဲ.."
"ဘာမှမဟုတ်ပါဘူး..မနက်တုန်းကလုပ်ခဲ့တာအတွက်တောင်းပန်ကြောင်းလာပြောတာ.."
"ဪ..ဒါပဲလား.."
"အင်း.."
"ရှင်ကဘာပြန်ပြောလိုက်လဲ.."
ခွန်းပိုင်ပုံမှန်နေခြည်ချိုနဲ့မတူပဲအထူးအဆန်းတွေမေးနေတာကြောင့်ထူးဆန်းနေသည်။သူမ့ပုံစံကပြုံးပြီးမေးနေပေမဲ့အတင်းပြုံးရယ်ပြီးမေးနေသလိုပဲ။
ငါဘာလို့များသူခိုးလူမိသလိုခံစားနေရတာပါလိမ့်
"ကိုယ်ပြောလိုက်တာက..တောင်းပန်ရမှာကိုယ်မဟုတ်ဘူး..မင်းလို့ပြောလိုက်တာ.."
"အဲ့တော့..သူကကျွန်မ့ကိုတောင်းပန်မယ်တဲ့လား"
"အစတုန်းကတော့အဆင်မပြေဘူး..နောက်ကျသူတောင်းပန်မယ်တဲ့.."
"ဪ.."
နေခြည်ချိုဪဆိုသောအာမေဋိတ်အသံကိုတမင်ဆွဲပြီးပြောလိုက်ရာခွန်းပိုင်ရဲ့ခံစားချက်တွေပိုပြီးရှုပ်ထွေးလာသည်။
"အို..မိန်းမ..လိုင်းတွေပြောင်းနေတာပဲ..ပေးကိုယ်လုပ်မယ်.."
ခွန်းပိုင်နေခြည်ချိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသောရီမု့ကိုယူလိုက်ရာရီမု့ပေါ်ကအရာတွေကြောင့်လန့်သွားသည်။
"သွေးတွေ.."
ေနခြည်ချိုလက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီးလက်ကိုနောက်ပစ်လိုက်သည်။
"မိန်းမ.."
ခွန်းပိုင်ရဲ့အံ့သြတကြီးနဲ့ခေါ်သောနာမည်ကိုနေခြည်ချိုမသိသလိုနေလိုက်သည်။
"ဘာဖြစ်တာလဲ..ပြစမ်း.."
ခွန်းပိုင်နေခြည်ချိုလက်ကိုဆွဲယူပြီးလက်သီးဆုပ်ကို
ဇွတ်အတင်းဖြည်သည်။ နေခြည်ချိုခေါင်းမာမာနဲ့လက်သီးဆုပ်ကိုပိုဆုပ်ထားမိပြီးလက်သည်းကသူမ့လက်ကိုပိုပြီးထိုးစိုက်လာ၏။
"နေခြည်ချို..လက်ကိုဖြည်လိုက်လို့ပြောနေတယ်လေ
အခု့ချက်ချင်းလွှတ်လို့.."
"မလွှတ်ဘူး..ကျွန်မ့ဘာမှမဖြစ်ဘူး..."
"ခေါင်းမမာနဲ့..သွေးတွေဒီလောက်ထွက်လာနေတာကိုဘာဘာမှမဖြစ်တာလဲ.."
"မလွှတ်ဘူး.."
"မိန်းမ..လွှတ်ပါကွာ..မင်းလက်ကဒီလောက်သွေးထွက်နေတာ..ကိုယ့်ကိုစိတ်ဆင်းရဲအောင်မလုပ်ပါနဲ့ကွာ..လွှတ်ပါ.."
"ဘာမှမဖြစ်ဘူးလို့.."
"နေခြည်ချို.. "
ခွန်းပိုင်ရဲ့ဒေါသအပြည့်နဲ့အော်သောအသံကိုနေခြည်ချိုတွန့်သွားသည်။
"လွှတ်ပါ.. အခု့ချက်ချင်းလွှတ်လို့ပြောနေတယ်နော်"
နေခြည်ချိုခေါင်းမာမာနဲ့ဆက်တင်းထားမိသည်။
ခွန်းပိုင်အားနဲ့သူမလက်ကိုဖြည်ချလိုက်ရာလက်သည်းရာကတော်တော်လေးတောင်စိုက်ဝင်နေပြီ။
ခွန်းပိုင်အနာကိုစိုက်ကြည့်နေမိသည်။
"ခွန်းပိုင်.."
"ဘာလို့ဒီလိုလုပ်ရတာလဲ.."
နေခြည်ချိုဘာလို့ဒီလိုလုပ်မိသွားလဲဆိုတာမသိတော့ဘူး။သူမသဝန်တိုလို့လား။
ခွန်းပိုင်ခုံအောက်ကဆေးသေတ္တာကိုယူလိုက်ပြီးအရက်ပြန်ကိုထုတ်လိုက်သည်။
"အား..နာတယ်.."
ခွန်းပိုင်လုပ်တုန်းကလုပ်ပြီးအခု့မှနာနေတယ်ဆိုသောအကြည့်နဲ့သူမ့ကိုမော့ကြည့်လိုက်သည်။
ထို့နောက်အရက်ပြန်ကိုထပ်တို့လိုက်ပြီးဆေးထည့်ပေးသည်။
နေခြည်ချိုကိုယ့်အပြစ်နဲ့ကိုယ်မို့အော်လည်းမအော်ရဲ။
ခွန်းပိုင်ပတ်တီးကိုစည်းပေးလိုက်သည်။
နေခြည်ချိုသူပြီးသွားသည်နှင့်တစ်ပြိုက်နက်လက်ကိုအတင်းဆွဲယူပြီးသူနဲ့ဝေးရာကိုနောက်ဆုတ်လိုက်သည်။
ခွန်းပိုင်သူ့ကိုတွန့်ဆုတ်သွားသောလုပ်ရပ်ကြောင့်နားမလည်သလိုကြည့်နေ၏။
"မိန်းမ..ဒါကဘာလုပ်တာလဲ.."
"ကျွန်မ..နာလို့.."
"နာတာနဲ့အဝေးကြီးတောင်ဆုတ်သွားတယ်ပေါ့.."
"အင်း.."
"လက်ကဘယ်လိုဖြစ်တာလဲ.."
"အဲ့ဒါ.."
သူနဲ့ကြိုးကြာဖြူကိုစိတ်တိုလို့လုပ်မိတယ်ပြောရင်လည်းလှောင်ပြောင်ဦးမယ်။ဘယ်လိုဆင်ခြေပေးရမလဲ။
"ဓားနဲ့ခိုက်မိတာ.."
နေခြည်ချိုသူ့ကိုပြောပြီးတစ်ဖက်ကိုလှည့်သွားသည်။
"ကိုယ်ကိုလာမလိမ်နဲ့နော်..မင်းကလိမ်တဲ့နေရာမှာညံ့တယ်ဆိုတာကိုယ်သိပြီးသား..ကဲ..အမှန်တိုင်းပဲကြားချင်တယ်.."
သူဘာလို့များသိသွားပါလိမ့်။အဲ့လောက်တောင်လိမ်တဲ့နေရာမှာညံ့နေတာလား။
"တကယ်ဓားနဲ့ခိုက်မိတာပါဆို.."
"ဓားနဲ့ခိုက်မိရင်လက်ကလက်သည်းခြစ်ရာတွေလိုဖြစ်နေပါ့မလား.."
"ရှင်ဘယ်လိုဖြစ်နေတာလဲ..ဓားနဲ့ခိုက်မိတာပါဆို."
နေခြည်ချိုအလိမ်ပေါ်မှာစိုးလို့သူ့ထက်အရင်အော်လိုက်၏။
ခွန်းပိုင်သူ့ကိုစိုက်ကြည့်နေပေမဲ့သူမတမင်ကို
အကြည့်တွေကိုရှောင်လွှဲလိုက်သည်။
"မိန်းမ..."
"တော်ပြီ..ကျွန်မအိပ်ချင်နေပြီ.."
နေခြည်ချိုဆိုဖာပေါ်ကနေထလိုက်သည်။
"မိန်းမ.."
နေခြည်ချိုနောက်ကနေခေါ်လိုက်သောအရာကြောင့်ခြေလှမ်းကိုရပ်တန့်လိုက်သည်။
"မင်းအသားကိုနာကျင်အောင်လုပ်ရတဲ့အထိကိုယ့်ကိုမယုံကြည်တာလား.."
နေခြည်ချိုဘာမှပြန်မပြောပဲရပ်နေမိသည်။
သူ့ကိုမယုံကြည်မိတာလား။
"ကိုယ်"
"ကျွန်မအိပ်ချင်လို့အရင်တက်သွားတော့မယ်.."
နေခြည်ချိုစကားကိုအစဖြတ်ပြီးအပေါ်ထပ်ကိုတက်လာခဲ့သည်။
သူ့ကိုမယုံကြည်မိလို့လုပ်မိတာဆိုမှားနေလို့လား။သူကို့ယုံကြည်ရင်တောင်သူ့ဘေးနားကမိန်းကလေးကိုတော့မယုံကြည်ဘူး။
အရာအားလုံးကိုအသစ်ပြန်စမယ်လို့စီစဥ်ထားပေမဲ့
အရင်ကခံစားချက်တွေကိုတော့မမေ့နိုင်သေးဘူး။
😌😌😌😌😌😌😌😌😌😌😌😌😌😌😌😌
#မဒီ
နေခြည်ချိုကိုကိစ္စလေးတစ်ခု့နဲ့ဒီလောက်ဖြစ်သွားတယ်ဆိုတာကလည်းသူအမှားမဟုတ်ဘူး။သူအရင်ကနာကျင်ခဲ့ရတာတွေများတော့ခွန်းပိုင်ကိုမယုံနိုင်သေးတာ။
မိန်းမတစ်ယောက်ချစ်ပြီးဆိုပိုင်ဆိုင်ချင်တာ။ရယူချင်တာ။သူ့ချစ်သူနဲ့တခြားသူလက်ဖျားလေးနဲ့တို့တာတောင်မကြိုက်ကြဘူးမလား။
ဒီအပိုင်းစာနည်းနည်းတိုပါတယ်။နောက်အပိုင်းတွေကနည်းနည်းတော့လောင်လိမ့်မယ်။😁
#မဒီ
YOU ARE READING
အချစ်ရက်ပေါင်း၃၆၅ရက်
Romanceထိပ်တန်းသူဋ္ဌေးတစ်ယောက်နားဒုဥက္ကဋ္ဌအနေနှင့်ရှိနေခဲ့ပြီ အမှန်မှာတော့တိတ်တိတ်ပုန်းမိန်းမတစ်ယောက် ခင်ပွန်းသည်အခြားမိန်းမကိုချစ်နေတာကိုရင်နာနာနဲ့ကြည့်နေခဲ့မိသူ ခင်ပွန်းရဲ့ပစ်ပယ်ခြင်းကိုခံရသူ ကိုယ်ဝန်ရှိလာတဲ့အခါလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ခင်ပွန်းသည်ကသူမ...