အပိုင်း၅

920 19 0
                                    

အချစ်ရက်ပေါင်း၃၆၅ရက်

အပိုင်း၅
"မိန်းမ..."
ခွန်းပိုင်နေခြည်ချိုကိုအော်ခေါ်ရင်းအိမ်ထဲကိုဝင်လာသည်။
နေခြည်ချိုဧည့်ခန်းမှာစာရင်းတွေကိုစစ်ရင်းထိုင်နေသည်။သူမ့ပုံမှာမျက်မှန်ကြီးတပ်ထားပြီးမျက်နှာမှာအရယ်အပြုံးပျောက်ကွယ်နေသည်။ဒေါသကြီးတဲ့စာရင်းကိုင်အန်တီကြီးလိုအလုပ်လုပ်ရလို့စိတ်မရွှင်ဖြစ်ပြီးစိတ်တိုနေပုံပဲ။အမှန်တော့ခွန်းပိုင်ကိုယုံလိုက်မိလို့ကိုယ့်ကိုကိုယ်စိတ်တိုနေတာပဲ။
ကိုယ့်ကိုအလေးမထားတဲ့သူမှန်းသိတာတောင်သူခြောက်နာရီအမှီပြန်လာမှာကိုယုံစားနေခဲ့မိတာ။
"မိန်းမ..."
ေနခြည်ချိုသူ့မပခုံးကိုဆုပ်ကိုင်လာသောလက်တစ်စုံကိုရိုက်ချလိုက်ရင်းသက်ပြင်းတစ်ချက်ချလိုက်သည်
ခွန်းပိုင်..နေခြည်ချိုစိတ်တိုနေပြီဆိုတာကြိုတွေးမိသားမို့ကိုယ့်အမှားကိုယ်သိတဲ့ပုံနဲ့နေခြည်ချိုဘေးဆိုဖာပေါ်မှာခြေထောက်နှစ်ဖက်ကိုပူးရင်းငြိမ်ထိုင်နေမိသည်။နေခြည်ချိုခြောက်နာရီပြန်လာမယ်လို့ပြောခဲ့ပေမဲ့တန်နာရီနောက်ကျပြီးရောက်လာခဲ့သည်။
"မိန်းမ..ညစာစားပြီးပြီလား.."
"ဘုန်း.."
နေခြည်ချိုလက်ထဲကိုင်ထားသောစာရင်းစာအုပ်ကိုခုံပေါ်ကိုပစ်ချလိုက်သည်။ခွန်းပိုင်သူ့အမှားကိုဘယ်လိုစပြောရမလဲမသိ။
"မိန်းမ..ကိုယ်လေ.."
"ကျွန်မအကြောင်းပြချက်လိုချင်တယ်လို့ရှင်ထင်နေတာလား.."
"မထင်ပါဘူး.."
"ရှင်တို့ကကျွန်မ့ကိုကဲ့ရဲ့ပြီးပျော်နေမှာပဲနော်..ကျွန်မ့မှာတော့ရှင့်ကိုယုံစားပြီးကြီးကြီးကျယ်ကျယ်တွေပြောခဲ့ရတာ.."
"ကိုယ်တို့အဲ့လို့မလုပ်ခဲ့ပါဘူး..မင်းကိုလည်းမလှောင်ခဲ့ပါဘူးကွာ..ကိုယ်တကယ်အလုပ်များနေလို့ပါ.."
"အဟက်..ကျွန်မ့ကရှင့်အလုပ်တွေလုပ်ပေးနေတာလေ..ဘာအလုပ်ရှုပ်တာလဲ...ယုံအောင်လည်းပြောဦး
"ဟုတ်ပါပြီ..ကိုယ်အမှန်တိုင်းပြောပါ့မယ်..ကိုယ့်ကိုကြိုးကြာကအတင်းဆွဲခေါ်ထားလို့ပါ..ကိုယ်လည်းပြောပါတယ်..သူကတစ်ယောက်ထဲမနေချင်လို့ကိုယ့်ကိုအတင်းနေခိုင်းလို့ပါ.."
"ကောင်းတယ်..ကောင်းတယ်..ခွန်းပိုင်ရှင်ကအမြဲအဲ့လိုကြီးပဲ..ကြိုးကြာကဘာဖြစ်လို့. ကြိုးကြာကတစ်ယောက်ထဲမနေရဲလို့..ကြိုးကြာကနေမကောင်းလို့..အဲ့ဒါတွေချည်းပဲ.."
"ကိုယ်တောင်းပန်ပါတယ်..."
"မတောင်းပန်နဲ့ခွန်းပိုင်..ကျွန်မ့ရှင့်ကိုအရမ်းစိတ်ကုန်နေပြီ.."
"အဲ့လိုတော့မပြောလိုက်ပါနဲ့.. မိန်းမရယ်..ကိုယ်တောင်းပန်ပါတယ်..ကိုယ်နောက်မလုပ်တော့ပါဘူး..ကိုယ်ကတိပေးပါတယ်.."
"ရှင်ကတိပေးတာဒါပထမဆုံးပေမဲ့ကျွန်မ့ရှင့်ကိုမယုံရဲဘူး..."
"ကိုယ်သိပါတယ်...ကိုယ်အရင်တုန်းကမင်းအပေါ်မကောင်းခဲ့ဘူး..မင်းမယုံရဲတာနားလည်တယ်.."
"ရှင်နားလည်သလိုလာမလုပ်နဲ့..ရှင်ဘာမှနားမလည်ဘူး..ရှင်သိရဲ့လား..ကျွန်မ့လေရှင်ရဲ့အရင်လိုအေးစက်နေတဲ့ပုံကိုပဲသဘောကျတယ်..ကျွန်မ့အပေါ်ဘာမှနားမလည်ဘူး..ဂရုလည်းမစိုက်ဘူး..အဲ့လိုပဲကျွန်မ့ကိုမျှော်လင့်ချက်တွေလည်းမပေးဘူး...ဘယ်အရာမှလည်းကတိမပေးခဲ့ဘူး...ကျွန်မ့အဲ့လိုပဲသဘောကျတယ်..ကျွန်မ့ကိုလွတ်လပ်စေတယ်..ကျွန်မရှင့်ကိုကွာရှင်းဖို့လည်းဝန်မလေးစေဘူး..."
နေခြည်ချိုချလာတဲ့မျက်ရည်စတွေကိုသုတ်ရင်းသူနဲ့ဝေးရာကိုထွက်လာခဲ့သည်။
သူလိုလူမျိုးကဘယ်တော့မှသူ့ပုံစံအစစ်မဟုတ်ဘူးလို့လိမ်ပြောလိမ်ပြောကျွန်မ့ကိုအမြဲဒုတိယနေရာမှာပဲထားတဲ့သူမျိုး။
.....
နေခြည်ချိုအိပ်ရာပေါ်မှာမှေးနေရင်းခုတင်ဘေးကိုလူတစ်ယောက်ရောက်လာပြီဆိုတာသိလိုက်သည်။
ပြီးတော့ဆိုဖာပေါ်ကိုလဲချလိုက်သည့်အသံကိုလည်းကြားလိုက်သည်။သူအခန်းထဲရောက်လာပြီပဲ။
"နေခြည်ချို..."
ကျွန်မသူ့ခေါ်တဲ့အသံကိုကြားပေမဲ့လှည့်မကြည့်ပဲဆက်အိပ်နေလိုက်သည်။
"ဟူး..."
ကျွန်မ့လှည့်မကြည့်တော့သူ့ထံမှသက်ပြင်းချသံ
အရှည်ကြီးကြားရသည်။ပြီးနောက်ထပြီးရေချိုးခန်းထဲဝင်သွားတယ်နဲ့တူတယ်
ရေကျသံတွေကြားရတယ်။နေခြည်ချိုသူ့ကိုဥပေက္ခာပြု့ပြီးဆက်အိပ်လိုက်သည်။
သူ့အကြောင်းတွေးလည်းဘာမှအသုံးမဝင်တာ။
အဲ့လိုလူကကျွန်မ့အတွေးထဲမှာပါဖို့လောက်အရေးမပါဘူး။
နာရီဝက်ကြာသွားပြီးနောက်
နေခြည်ချိုအိပ်ပျော်ကာစမှေးကနဲရှိသေးအိပ်ရာပေါ်သို့ခွန်းပိုင်တက်လာတာနဲ့နှိုးသွားသည်။
ခွန်းပိုင်နေခြည်ချိုဘေးမှာဝင်အိပ်လိုက်ပြီးနေခြည်ချိုခါးကိုဖွဖွလေးဖက်လိုက်သည်။
နေခြည်ချိုသူ့ခါးကိုလာဖက်တဲ့လက်ကိုဖယ်ထုတ်ဖို့ကြိုးစားလိုက်သည်။
ခွန်းပိုင်ကမဖယ်ပေးနေခြည်ချိုဖယ်ရင်ပြန်တင်လိုက်နဲ့အလုပ်ကိုရှုပ်နေတာပဲ။
"ခွန်းပိုင်..ရှင်ဘယ်လိုဖြစ်နေတာလဲ..."
နေခြည်ချိုဒေါသတကြီးနဲ့သူ့ဘက်ကိုလှည့်လိုက်ရာ
ခွန်းပိုင်ရဲ့ညိုးငယ် ေနေတဲ့မျက်လုံးတွေကြောင့်သူမရပ်သွားသည်။
"မင်းကဒီကိစ္စမှာလည်းအရင်လိုအေးစက်ပြီးဂရုမစိုက်မတတ်တဲ့သူလိုလုပ်စေချင်တာလား..."
"ခွန်းပိုင်..ရှင်အရွဲ့တိုက်နေတာလား.."
"မင်းထင်ချင်သလိုထင်..."
နေခြည်ချိုဘာမှမပြောလိုတာနဲ့ကိုယ်နှုတ်ခမ်းကိုယ်ကိုက်ပြီးစိတ်ဖြေလိုက်ရသည်။
ခွန်းပိုင်နေခြည်ချိုရဲ့ဗိုက်လေးကိုပွတ်ရင်း
"ကြည့်စမ်းပါဦး...ချစ်စရာကောင်းလိုက်တာ.."
"ဘာပြောတယ်..."နေခြည်ချိုသူပြောလိုက်တဲ့စကားကြောင့်ငြိမ်းတော့မယ့်ဒေါသမီးကပြန်တောက်လောက်လောင်လာပြန်ပြီ။ဒီလူဘာအတွေးတွေတွေးနေပါလိမ့်။
"ဘာမှမဟုတ်ပါဘူး..."
အရူးကောင်။အခု့တစ်မျိုးတော်ကြာတစ်မျိူး။
နေခြည်ချိုသူလက်ကိုဖယ်ပြီးတစ်ဖက်ကိုလှည့်ဖို့လုပ်လိုက်သည်။
"ကိုယ်တို့အဆင်ပြေပြေနေကြရအောင်နော်."
"အဆင်မပြေအောင်ဘယ်သူကလုပ်နေတာလဲ."
ခွန်းပိုင်ရဲ့တုန့်ပြန်စကားလည်းမကြားရသလို။နေခြည်ချိုလည်းသူပြောလာမယ့်စကားကိုစောင့်ရင်းငြိမ်နေမိသည်။
"ကိုယ်မင်းအတွက်အားလုံးကိုထားခဲ့မယ်ဆိုရင်ကော
မင်းကိုယ့်ကိုကွာရှင်းဦးမှာလား.."
"အားလုံးထားခဲ့ဖို့မလိုပါဘူး..တစ်ခု့ပဲ..အဲ့တစ်ခု့ကိုရှင်ထားခဲ့တာနဲ့ကျွန်မ့တို့အဆင်ပြေပြေနဲ့တစ်သက်လုံးအတူနေနိုင်ပြီ.."
"အဲ့ဒါကဘာလဲ.."
"ကြိုးကြာဖြူ..."
ခွန်းပိုင်ရဲ့တုန့်ပြန်စကားကိုနေခြည်ချိုရင်တထိတ်ထိတ်နဲ့စောင့်နေသည်။
"ဘာလဲ..ခွန်းပိုင်..ရှင်မဖြေနိုင်ဘူးမလား..."
"မဟုတ်ပါဘူး..ကိုယ်ဖြေနိုင်ပါတယ်.."
"ဒါဆိုလည်းပြောပါဦး.."
"ကိုယ်သူ့ကိုထားခဲ့ရင်မင်းကိုယ်နဲ့တစ်သက်လုံးနေသွားမယ်မလား.."
"အင်း.."နေခြည်ချိုမဆိုင်းမတွပဲအင်းလို့ဖြေလိုက်သည်။
"ရှင်မလုပ်နိုင်ရင်မလုပ်ခိုင်းဘူး..ကျွန်မ့ကရှင်တို့ချစ်ခြင်းကိုမတရားခွဲသလိုဖြစ်နေလိမ့်မယ်.."
"ကိုယ်လုပ်နိုင်တယ်..."
"ရှင်သေချာရဲ့လား.."
"အင်း.."
"ဒါပေမဲ့ကိုယ်တို့သက်သေအနေနဲ့တစ်ခုတော့လိုမယ်ထင်တယ်.."
"ဘာလဲ..."နေခြည်ချိုစကားပြောတုန်းရှိသေးခွန်းပိုင်သူမ့နှုတ်ခမ်းကိုလာနမ်းသည်။နေခြည်ချိုအစကတော့လန့်သွားပေမဲ့နောက်တော့သူ့ရဲ့ချိုမြိန်တဲအနမ်းပေါ်မှာမျော်ပါသွားသည်။
ခွန်းပိုင်ရဲ့သွားတိုက်ပြီးခါစပူရှိန်းနံ့လေးတွေကသူမ့ကိုဆွဲဆောင်နေသလိုပဲ။
ဒါကသူနဲ့နေခြည်ချိုနမ်းတဲ့ပထမဆုံးအနမ်း။အရက်မူးပြီးဖြစ်သွားတဲ့အချိန်ကြတော့အနမ်းလို့မခေါ်ပါဘူး။မူးပြီးမှားသွားတဲ့အရာတစ်ခု့ပဲ။
သူနဲ့ဒါကိုဆက်ပြီးလုပ်ချင်ပေမဲ့အဆင်မပြေဘူး။
အဆင်မပြေဘူး။ကိုယ်ဝန်ကတစ်လကျော်လေးပဲရှိသေးပေမဲ့
အခန့်မသင့်ရင်ပျက်ကျသွားနိုင်တာပဲ။
စိတ်ထိန်းစမ်း..နေခြည်ချို...နင်တို့ဒီလိုသာဆက်သွားနေရင်..
နေခြည်ချို..ခွန်းပိုင်ရဲ့ရင်ဘတ်ကိုအနည်းငယ်
တွန်းလွှတ်လိုက်ပြီး
"ခွန်းပိုင်..ဟူး..ဟူး.."
ခွန်းပိုင်သူမ့ကိုသေချာကြည့်ရင်း
"တောင်းပန်ပါတယ်.."
နေခြည်ချိုရဲ့နဖူးလေးကိုငုံနမ်းလိုက်ပြီးခုတင်ပေါ်ကိုပြန်လဲလိုက်သည်။ခွန်းပိုင်စိတ်ဆိုးသွားတာလား။
"ခွန်းပိုင်ကျွန်မ.."
"ကိုယ်စိတ်မထိန်းနိုင်ခဲ့ဘူး..တောင်းပန်ပါတယ်.."
ခွန်းပိုင်နေခြည်ချိုဘေးကနေထွက်သွားပြီးရေချိူးခန်းထဲကိုဝင်သွားသည်။
အိပ်ရာပေါ်မှာတစ်ယောက်ထဲကျန်ခဲ့တဲ့နေခြည်ချိုကတော့အတွေးပေါင်းစုံနဲ့ပေါ့။
ကျွန်မ့လက်မခံရင်တောင်သူတို့ဆက်ပြီးရှေ့ဆက်ကြမှာပဲလေ..ယောကျ်ားတွေကအဲ့ကိစ္စမှာဆိုစိတ်ဝင်စားတယ်မလား..
ဒါပေမဲ့သူကျတော့လွယ်လွယ်နဲ့လက်လျော့သွားတယ်..ဘာလို့လဲ..နောက်ပြီးတောင်းပန်စကားဘာလို့ပြောရတာလဲ...သူမိန်းမပဲလေ..တစ်နေ့ဒါတွေကြုံရမှာတွေးပြီးသားပဲ...ဒါမှမဟုတ်ကြိုးကြာဖြူကြောင့်လား..
ကြိုးကြာဖြူအပေါ်စိတ်မသန့်လို့လား...တောင်းပန်
စကားကကောကြိုးကြာဖြူအတွက်လား...
💔💔💔💔💔💔💔💔💔💔💔💔💔💔💔💔
နေခြည်ချိုမနက်နှိုးလာတေယ့ခုတင်ခြေရင်းမှာကွေးကွေးလေးအိပ်နေတဲ့ခွန်းပိုင်ကိုမြင်ပြီးပြုံးမိသွားသည်
သူကကလေးလိုပဲအိပ်တာတောင်ခြေရင်းရောက်သွားတယ်..
"ခွန်းပိုင်..ခွန်းပိုင်.."
နေခြည်ချိုခွန်းပိုင်ကိုလှုပ်နှိုးလိုက်သည်။
"အွန်း......"
ခွန်းပိုင်ရဲ့အိပ်ချင်မူးတူးနဲ့ပြန်ထူးတဲ့ပုံကြောင့်ထပ်မံပြုံးလိုက်မိပြန်သည်။
"ခွန်းပိုင်..ထတော့..အခု့.ခုနှစ်နာရီထိုးနေပြီ...အလုပ်သွားရမယ်လေ..နောက်ကျနေလိမ့်မယ်.."
"ခဏလေးပါ..ကိုယ်အိပ်ချင်သေးတယ်.."
"ခွန်းပိုင်..ထစမ်းပါ..ေနာက်ကျလိမ့်မယ်..ဝန်ထမ်းတွေကနောက်ကျရင်ငေါက်ပြီးရှင်နောက်ကျရင်ဘယ်သူကငေါက်ရမှာတုန်း..ထပါ.."
"မိန်းမ...အိပ်ချင်လို့ပါ.."
"ဟုတ်ပြီ..ဒါဆိုကျွန်မမျက်နှာသစ်ပြီးပြန်လာရင်ထတော့နော်.."
"ok.."
ထဖို့ဆန္ဒမရှိတဲ့သူကိုထားခဲ့ပြီးရေချိူးခန်းကိုဝင်သွားခဲ့သည်။
နာရီဝက်ကြာသော်
နေခြည်ချိုရေမိုးချိုးပြီးအပြင်ကိုထွက်လာတော့
ခွန်းပိုင်ကခုတင်ပေါ်မှာမရှိတော့။
ထသွားပြီနဲ့တူတယ်။နေခြည်ချိုအင်္ကျီလဲမိတ်ကပ်လိမ်းပြီးထွက်ဖို့အလုပ်
ဝရန်တာဘက်အသံတစ်ခု့ကြောင့်လန့်သွားသည်။
"ဘယ်သူလဲ.."
ခွန်းပိုင်လား။
နေခြည်ချိုဝရန်တာထွက်ကြည့်တော့မှခွန်းပိုင်ဖုန်းဆက်နေတာကိုတွေ့လိုက်ရသည်။
ခွန်းပိုင်နေခြည်ချိုကိုတွေ့တာနဲ့ဖုန်းအနည်းငယ်ပြောပြီးဖုန်းချလိုက်သည်။
"ဘာလဲ..အလုပ်ကိစ္စလား.."
"မဟုတ်ဘူး.."
"ဒါဆိုဘာလဲ.."
ကြိုးကြာဖြူလို့တော့မပြောနဲ့နော်။
"ကြိုးကြာဖြူ.."ထင်ထားတဲ့အတိုင်းပဲကြိုးကြာဖြူပဲ။
"သူကဘာလို့ဆက်တာလဲ...ရှင်ညကမှသူ့ကိုဝေးဝေးနေမယ်ပြောခဲ့သလားလို့"
"ဟုတ်ပါတယ်..ကိုယ်ပြောခဲ့ပါတယ်..အခု့ဟာကသူဖုန်းဆက်တာ.."
"ဘာတွေဒီလောက်ပြောရမှာမို့မနက်အစောကြီးဆက်ရတာလဲ.."
"ေမာနင်းလို့နှုတ်ဆက်တာ..ကျန်တာဘာမှမဟုတ်ဘူး.."
"Morningတစ်ခွန်းထဲပြောဖို့ဖုန်းဆက်တယ်ပေါ့..အံ့သြပ.."
"အို...မိန်းမရယ်...သူ့ဘာဆက်ဆက်ပါ..သူ့ကိုစိတ်မဝင်စားနဲ့တော့..သူကမနက်တိုင်းအဲ့လိုပဲဆက်နေကြ..ထားလိုက်ပါ.."
"ကိုခွန်းပိုင်..စကားလမ်းကြောင်းမလွှဲနဲ့နော်.."
"ဟုတ်ကဲ့.."
ခွန်းပိုင်နေခြည်ချိုဆီကိုပြေးသွားပြီးသူမ့ကိုပွေ့ချီလိုက်သည်။
"ဘာလုပ်တာလဲ..ပြုတ်ကျမယ်.."
"ကိုယ့်မိန်းမကတစ်နေ့တစ်ခြားကြောက်စရာကောင်းလာတယ်..စတွေ့တုန်းကတော့ချစ်စရာကြောင်လေးနဲတူပြီး..အခုကျ.."
"အခုကျဘာဖြစ်လဲ.."
"အခု့ကျကြောက်စရာကောင်းတဲ့ ခြင်္သေ့မလေး.."
"ခြင်္သေ့မဟုတ်လား..ရှင်နော်..လွှတ်တော့.
ကျွန်မ့ကိုအောက်ချပေး.."
"ဘာလဲ..စိတ်ဆိုးသွားတာလား..ကိုယ်ကချစ်စရာကောင်းနေလို့စတာပါ.."
"လွှတ်ပေး..အောက်ချပေးနော်.."
"မချပေးဘူး..ကိုယ့်ကိုစိတ်ဆိုးပြေမှအောက်ချပေး
မယ်.."
"ခွန်းပိုင်.."
"မိန်းမ..စိတ်ဆိုးပြေပြီလား.."
"အင်း.."
"ချက်ချင်းပဲနော်.."
"အောက်ချပေးတော့.."
ခွန်းပိုင်သူမ့ကိုအောက်ချပေးလိုက်သည်။
သူမ့ကစိတ်အပြောင်းအလဲမြန်လိုက်တာ။
"ခွန်းပိုင်..ရှင်ကကျွန်မ့ကိုခြင်္သေ့မနဲ့တူတယ်ပေါ့..
ခြင်္သေ့မဆိုတာဘာလဲ..ပြမယ်.."
နေခြည်ချိုလက်ကိုဆန့်ထုတ်လိုက်ပြီးခွန်းပိုင်ရဲ့ဗိက်ကြောကိုလိမ်ဆွဲလိုက်သည်။
"အား..အား..နာတယ်..မိန်းမ..နာတယ်.."
"မှတ်ပြီလား.."
"အင်း..အင်း..ကိုယ်မှတ်ပါပြီ...လွှတ်ပေးပါတော့နော်"
နေခြည်ချိုလက်ကိုပြန်ဆုတ်လိုက်သည်။
ခွန်းပိုင်ကတော့သူ့ဗိုက်ကြောလေးကိုပွတ်ရင်း
"မိန်းမ..နာလိုက်တာ.."
"ရှင်မှတ်ထား..ကျွန်မကအရင်လိုကြောင်ပဲဆိုပေမဲ့အရင်လိုလက်သည်းဖွက်ထားတဲ့ကြောင်ငတုံးငအ
မဟုတ်ဘူးနော်.."
"ဟုတ်ပါပြီဗျာ..ကိုယ့်ရဲ့ကြောင်မလေးရယ်.."
"သိရင်ပြီးတာပဲ..ရေမြန်မြန်ချိုးပြီးအောက်ဆင်းခဲ့..အနာဖြစ်သွားလားကြည့်ပေးမယ်.."
"အင်း.."
🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉
နေခြည်ချိုနဲ့ခွန်းပိုင်တို့အတူတူကုမ္ပဏီကိုထွက်လာခဲ့သည်။လမ်းတစ်လျှောက်လုံးလည်းခွန်းပိုင်နေခြည်ချိုလက်ကိုကိုင်ပြီးကားမောင်းလာတာမပင်ပန်းဘူးလားမသိ။အခုလည်းကုမ္ပဏီထဲဝင်တာကိုလက်ကိုင်ပြီးသွားစရာလိုလို့လား။
"ခွန်းပိုင်..လူတွေဒီလောင်များနေတာ..လွှတ်ပါတော့"
"မလွှတ်ပါဘူး..ကိုယ့်မိန်းမကိုယ်လက်ကိုင်ထားတာပဲ
ဘာဖြစ်လဲ.."
သူကတော့ပတ်ဝန်းကျင်ကိုဂရုမစိုက်ပေမဲ့ကျွန်မ့ကတော့ဂရုစိုက်တယ်။ဘေးပတ်ဝန်းကျင်လည်းကြည့်ပါဦးသူတို့တွေဝိုင်းကြည့်နေကြတာ။ဥက္ကဋ္ဌနဲ့ဒုက္ကဋ္ဌကဘာတွေလည်းဆိုတဲ့အတွေးနဲ့ပေါ့။
ကျွန်မ့တို့ကလင်မယားတွေဆိုတာကိုဘယ်သူမှမသိတာ။
နေခြည်ချိုမျက်နှာပူပူနဲ့ပဲသူ့နောက်ကိုလိုက်လာခဲ့
သည်။
"ကိုကို..."
ကျွန်မတို့ရှေ့မှာပြေးလာတဲ့ကြိုးကြာဖြူ။သူနောက်ကတော့ရှိုင်းခန့်။
ကြိုးကြာဖြူအနားရောက်ရောက်ချင်းခွန်းပိုင်နေခြည်ချိုလက်ကိုတွဲထားတာကိုမြင်သွားပြီးမျက်နှာကြီးရှုတ်မဲ့သွားသည်။
"ကြိုးကြာဖြူ.."
ခွန်းပိုင်သူ့နာမည်ကိုခေါ်လိုက်တာနဲ့ပဲနေခြည်ချို
ဆုတ်ကိုင်ထားတဲ့လက်ကိုဆွဲဖြုတ်လိုက်သည်။
ခွန်းပိုင်နေခြည်ချိုစိတ်ဆိုးသွားပြီဆိုတဲ့အသိကချက်ချင်းကိုဝင်လာသည်။
ခွန်းပိုင်နေခြည်ချိုကိုကြည့်ပြီးခေါင်းခါပြသည်။သူ့ကိုစိတ်ချပါဆိုတဲ့သဘောနဲ့ပေါ့။
ကြိုးကြာဖြူ..ခွန်းပိုင်ရဲ့အရေးပေးမှု့ကိုရနေသောသူမ့ကိုကြည့်ပြီး
"ကိုကို..ဒီနေ့အစောကြီးပဲနော်..ညီမလေးလှမ်းနှိုးတာတောင်နှိုးနေပြီ..အရင်ဆိုကြိုးကြာနှိုးမှထပြီးတော့""အင်း..ဆက်အိပ်လို့မရအောင်..အချို့အချို့သောသူတွေကနှိုးလို့လေ.."
နေခြည်ချိူသူ့စကားကြောင့်တိတ်တိတ်လေးခိုးပြုံးလိုက်မိသည်။
သူ့ကိုဆက်အိပ်ခိုင်းပါတယ်..သူ့ဘာသာထလာပြီတော့..
ခွန်းပိုင်တစ်ဖက်ကိုလှည့်နေသောနေခြည်ချိုကိုကြည့်ပြီးပြုံးလိုက်သည်။
နေခြည်ချိုရဲ့လက်ကိုသွားဆွဲလိုက်ပေမဲ့သူမ့ကရုန်းသွားသည်။
အားလုံးအဆင်ပြေနေပေမဲ့လည်းကြားထဲမှာဒေါသထွက်နေတဲ့သူကတော့ရှိနေသေးတယ်။
ဘာလို့သူတို့ကဒီလိုပုံစံဖြစ်နေတာလဲ...
"ကြိုးကြာဖြူ..ဘာပြောစရာရှိသေးလဲ..မရှိရင်ငါတို့သွားတော့မယ်.."
"ဪ..မရှိပါဘူး..ဒါပေမဲ့ညီမလေးဒီနေ့မှအလုပ်ပြန်ဆင်းရမှာဆိုတော့အလုပ်တွေကများတော့မှာပဲ.."
"ပင်ပန်းနေသေးတယ်ဆိုလည်းအကို..တစ်ခြားသူကိုခိုင်းထားမယ်...ကြိုးကြာအိမ်ပြန်နားလိုက်တော့.."
"ရပါတယ်..ကြိုးကြာအားနည်းပေမဲ့လည်းအလုပ်တော့လုပ်ရမှာပေါ့.."
"အဲ့ဆိုလည်းသဘောပဲလေ.."
ကြိုးကြာဖြူကခွန်းပိုင်ရဲ့အတွင်းရေမှူး။သူ့အတွက်ရုံးဆိုတာကစားကွင်းများထင်နေလားမသိဘူး။တစ်နေ့တစ်နေ့အလုပ်ကောင်းကောင်းလုပ်တာကိုမရှိဘူး။ဘာဖြစ်လို့ညာဖြစ်လို့နဲ့။အလုပ်လည်းကောင်းကောင်မလုပ်တတ်ပါဘူး။သူမ့အတွက်အဝတ်အစားလှလှလေးတွေဝတ်မယ်။ရုံးရောက်ရင်ခွန်းပိုင်နားကပ်ပြီးချွဲနွဲ့ပြီးအပြင်ပတ်ထွက်ဒါပဲတက်တာ။
နေခြည်ချိုသူ့ကိုသက်ပြင်းချလိုက်သည်။
"ခွန်းပိုင်.."
"ရှိန်း..ဘာကိစ္စလဲ.."
"မနေ့ကမင်းပြောထားတဲ့မြေကွက်ကိစ္စငါတွေ့ထားပြီ.."
"ဟုတ်ပြီ..အဆင်ပြေလား.."
"သူကမြို့သစ်ဘက်ဆိုတော့တော်တော်လေးကောင်းတယ်.."
"ခွန်းပိုင်ကျွန်မ့အရင်သွားနှင့်မယ်..အလုပ်ရှိသေးတယ်.."
"အင်း..ကိုယ်နောက်ပြီးအခန်းကိုလာတွေ့မယ်နော်"
"ရပါတယ်.."
နေခြည်ချိုထွက်သွားတော့မှဘေးကကြိုးကြာဖြူမျက်နှာကြီး ပြန်ပြုံးလာခဲ့သည်။
"ကိုကို.."ကြိုးကြာဖြူခွန်းပိုင်ရဲ့လက်ကိုအတင်းတွယ်ကပ်လိုက်သည်။
..........
"ဒေါက်..ဒေါက်..ဒေါက်.."
"ဝင်ခဲ့ပါ.. "
နေခြည်ချိုလက်တော့ပ်ကိုကြည့်ရင်းအထဲဝင်လာတဲ့သူကိုသတိမထားလိုက်မိဘူး။ခွန်းပိုင်ပဲနေမှာပေါ့။စောစောကလာမယ်လို့ပြောခဲ့တယ်မလား။
"ခွန်းပိုင်..ခဏစောင့်နော်..အလုပ်ပြီးတော့မယ်.."
"အဟက်..နင်ကဝင်လာတဲ့သူကိုခွန်းပိုင်လို့ထင်နေတာလား.."
နေခြည်ချို..ကြိုးကြာဖြူရဲ့အသံကိုကြားလိုက်တာနဲ့
လက်တော့ပ်ကိုအကြည့်ဖယ်ပြီးသူမ့ကိုမော့ကြည့်လိုက်သည်။
"ကြိုးကြာဖြူ..နင်ဘာလာလုပ်တာလဲ.."
"ငါနင့်ကိုသတိပေးလိုက်မယ်..ငါ့ကိုကိုနားကနေ
ထွက်သွားစမ်းပါ..နင့်လိုလူကိုသူမချစ်ဘူး.."
"အို..ကြောက်လိုက်တာ..သူကငါ့ကိုမချစ်ဘူးလို့ပဲထားပါဦး..ဒါဆိုသူကဘယ်သူ့ကိုချစ်တာလဲ..နင့်ကိုလား.."
"ဟုတ်တာပေါ့..ငါ့ကိုချစ်တာ..နင်လို့လူမျိုးကကိုကိုနားမှာရှိနေဖို့မတန်ဘူး...ငါတို့နှစ်ယောက်ချစ်ခြင်းကိုမခွဲစမ်းပါနဲ့.."
နေခြည်ချိုထိုင်နေတဲ့ခုံကိုနောက်ကိုတွန်းလိုက်ပြီးကြိုးကြာဖြူဆီလမ်းလျှောက်လာသည်။
"နင်ပဲခံစားရလိမ့်မယ်..နင်လိုလူမျိုးကငါတို့အချစ်နဲ့ယှဥ်ရင်ပမွှားလေးပဲ.."
"ကြိုးကြာဖြူနင့်တို့အချစ်ကိုနင်ဒီလောင်မှယုံနေရင်ဘာလို့များငါ့ကိုလာသတိပေးနေရသေးလဲ..နင့်လူကိုနင်နိုင်အောင်ထိန်းနိုင်လို့လား...သူသာနင့်ကိုတကယ်ချစ်ရင်ငါနဲ့လက်ထပ်မှာမဟုတ်ဘူး.."
"မဟုတ်ဘူး..နင်မှားနေပြီ..ကိုကိုကဖွားဖွားအတင်းလက်ထပ်ခိုင်းလို့..နင့်ကိုချစ်လို့မဟုတ်ဘူး..ငါနဲ့ကိုကိုကအငယ်ကတည်းကချစ်လာကြတာနင်ဒီလိုပြောလိုက်တာနဲ့ငါတို့အချစ်ကမပျက်ပြယ်သွားဘူးသိရဲ့လား..နင်ကသူ့လိုအပ်ချက်အတွက်ဖြည့်ဆည်းပေးရတဲ့သူတစ်ယောက်ပဲ..ဘာမှပိုလာမှာမဟုတ်ဘူး.."
"နင့်ကိုနင်တော့သိပ်ယုံကြည်ချက်ရှိတာပဲနော်..ကြိုးကြာဖြူ.."
"အင်း..နင်သိချင်လား..ကိုကိုကငါနဲ့နင့်ဆိုဘယ်သူ့ကိုရွေးမလဲလို့..."
သိချင်တယ်။ဒါပေမဲ့ခွန်းပိုင်သူ့ကိုရွေးချယ်လိုက်ရင်ကျွန်မ့ရှုံးသွားမှာကြောက်တယ်။ညအဲ့အမှန်တရားကိုတော့ရင်ဆိုင်နိုင်မယ်မထင်ဘူး။
သို့သော်ကျွန်မ့တစ်ခါလောက်တော့မျှော်လင့်ချက်ထားချင်သေးတယ်။တစ်ခါလေးပဲနောက်လှည့်ကြည့်မလားလို့။
"ဘာလဲ..ကြောက်သွားတာလား..နင့်မရွေးမှာစိုးရိမ်နေတာလား..နင်ငါတို့အချစ်ကိုကြောက်နေတာမလား"
"စဥ်းစားလေ..ခွန်းပိုင်ကနင့်ကိုရွေးမှာမဟုတ်ဘူး.ပြော..နင်ဘယ်လိုလုပ်မှာလဲ.."
"စောင့်ကြည့်.."
ကြိုးကြာဖြူအလျင်အမြန်ပဲနေခြည်ချိုလက်ကိုဆွဲပြီးသူမကိုတွန်းချသလိုလုပ်လိုက်ကာအနောက်ကပန်းအိုးကိုထိပြီးလဲကျသွားသည်။ပန်းအိုးလည်းအကွဲသူမ့လည်းအကျပဲ။
နေခြည်ချို..ကြိုးကြာဖြူရဲ့လုပ်ရပ်ကြောင့်လန့်သွားသည်။သူတကယ်လုပ်တာပဲ။
" ကြိုးကြာ..ညီမလေး.."
"ကိုကို.."
ကြိုးကြာဖြူရဲ့ရုပ်ကလေးကချက်ချင်းကိုအနိုင်ကျင့်ခံရလို့ကြောက်သွားနေတဲ့ကလေးတစ်ယောက်လို
ပြောင်းလဲသွားသည်။
"ညီမလေး..ဘာဖြစ်တာလဲ.."
"ကြိုးကြာ..ကြိုးကြာချော်လဲသွားတာပါ.."
"ဟုတ်လို့လား..ညီမလေးရယ်..အကိုတော့ဒီအခန်းထဲမှာချော်လဲစရာဘာမှမတွေ့ဘူး..မသိရင်သူများတွန်းချလိုက်သလိုပဲ. "ရှိုင်းခန့်ဝင်ပြောတော့ခွန်းပိုင်..နေခြည်ချိုကိုလှည့်ကြည့်သည်။နေခြည်ချိုဘယ်လိုလုပ်ရမလဲမသိ။
သူမလုပ်ခဲ့ပေမဲ့အခုတော့တစ်ခု့ခု့ကိုစိုးရိမ်နေသလိုပဲ။လက်နှစ်ဖက်ကိုကျစ်ကျစ်ပါအောင်တစ်ခုနဲ့တစ်ခုဆုပ်ကိုင်ထားမိသည်။
နေခြည်ချိုရဲ့ငြိမ်ပြီးရပ်နေတဲ့ပုံကိုအကြည့်လွှဲလိုက်ပြီး
"ညီမလေး..အဆင်ပြေလား..ဘယ်နားထိသွားသေးလဲ"
"ရပါတယ်..ညီမလေး..ခြေထောက်တော့နာသွားတယ်.."
"တော်သေးတာပေါ့..ဘာမှမဖြစ်သွားလို့..တော်ကြာ
ဖန်ကွဲစတွေဆူးနေမှဒုက္ခ..လာကိုကိုဆေးရုံလိုက်ပို့ပေးမယ်.."
"ဟုတ်..ကိုကို.."
ခွန်းပိုင်..ကြိုးကြာဖြူကိုပွေ့ချီလိုက်တာနဲ့နေခြည်ချိုသူမ့ယုံကြည်နေမိတာအကုန်အလွဲတွေချည်းဆိုတာသဘောပေါက်လိုက်ပြီ။
သူတို့ထွက်သွား  သည့်အထိဒီအတိုင်းပဲရပ်နေမိသည်
ဒုတိယလူကဘယ်တော့မှပထမဆုံးလူကိုအနိုင်မရနိုင်ပါဘူး။ဒီအတိုင်းအစားထိုးခံတစ်ယောက်ပဲဖြစ်မှာပေါ့။
အစားထိုးခံမဟုတ်ဘူး။အစားထိုးခံဆိုရင်တောင်သူရဲ့အချစ်နည်းနည်းလေးကိုခံစားရလိမ့်မယ်။ကျွန်မ့ကတော့သူရဲ့ခိုင်းဖက်ပါ။သူ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရုံပဲ။ဘာမှပြန်မရဘူး။
တစ်မိနစ်စာတောင်မပြည့်တဲ့အချိန်လေးကကျွန်မ့ရင်ကိုအစိတ်စိတ်အမွှာမွှာဖြစ်စေတယ်။
နေခြည်ချိုခုံပေါ်ကိုမှီချလိုက်သည်။ခုံကိုနံရံဘက်ကိုမျက်နှာမူလိုက်သည်။
ကတိကိုယုံစားမိတဲ့ကျွန်မ့ကိုကအရူးမပါ။အရူးမနေခြည်ချို။
"မိန်းမ.."
နေခြည်ချိုအနောက်ကနေခေါ်သံကိုကြားပေမဲ့မဖြစ်နိုင်ဘူးဆိုတဲ့အတွေးကြောင့်လှည့်မကြည့်ပဲဆက်ပြီးငိုနေမိသည်။
နေခြည်ချိုရယ်..နင့်ကိုလိမ်ခဲ့တဲ့သူအသံတောင်ကြားနေရသေးတယ်ဆိုတော့နင်တော်တော်လေးကိုမိုက်မဲတာပဲ..
"မိန်းမ.."
နေခြည်ချိုဘေးနားကနေအသံကကြားလာရတာကြောင့်လှည့်ကြည့်မိသည်။ခွန်းပိုင်ဆေးအိတ်ကိုကိုင်ပြီးသူမဘေးမှာရပ်နေသည်။
"ဘာဖြစ်လို့ငိုနေတာလဲ..ကလေးကျနေတာပဲ..အနာကိုဆေးထည့်မယ်မရှိဘူး..ငိုနေတယ်.."
နေခြည်ချို.ဘေးကခွန်းပိုင်ကိုမြင်ပြီးမျက်ရည်တွေကိုသုတ်လိုက်သည်။
"ခွန်းပိုင်ရှင်..ကြိုးကြာဖြူနဲ့လိုက်သွားတာမဟုတ်ဘူးလား.."
"ကိုယ်ရှိုင်းကိုဆေးရုံပို့ခိုင်းလိုက်တာ..ကဲ..ပြပါဦး.."
ခွန်းပိုင်သူမ့ရှေ့မှာဒူးထောက်ထိုင်ချလိုက်ပြီးသူမရဲ့ခြေထောက်ကိုသူရဲ့ပေါင်ပေါ်ကိုတင်လိုက်သည်။
"ခွန်းပိုင်.."
ဘာလုပ်မှန်းမသိတဲ့ခွန်းပိုင်ကိုနေခြည်ချိုခေါ်လိုက်မိသည်။
"ကိုယ်အရက်ပျံနဲ့အရင်ဆေးပေးမယ်နော်..နာတော့နာလိမ့်မယ်.."
နေခြည်သူပြောမှကိုယ့်ခြေထောက်ကိုယ်ပြန်ကြည့်မိသည်။ခြေသန်းမှာဖန်ကွဲစလာစိုက်ပြီးအနာဖြစ်သွားတာကိုမသိလိုက်ဘူး။ဘယ်သိမလဲအခြားအပူတွေကများနေတာကို။
"အား.."
ခွန်းပိုင်ဂွမ်းစနဲ့အနာကိုတို့လိုက်တာအော်မိသွားသည်
"နာတယ်.."
"ငြိမ်ငြိမ်လေးနေ.."
"နာတာကို.."
"နာရင်..ကိုယ့်ပခုံးကိုကိုင်ထား.."
ခွန်းပိုင်သူမ့လက်ကိုယူပြီးပခုံးပေါ်ကိုတင်လိုက်သည်
"ရှင်နာလိမ့်မယ်နော်.. "
"ရတယ်.."
"အား...."
ခွန်းပိုင်ရဲ့အထိတစ်ချက်မှာနေခြည်ချိုအော်ပြီးသူ့ပခုံးကိုကုတ်ဆွဲထားသည်။
ခွန်းပိုင်အနာက်ုပိုးသတ်ပြီးဆေးထည့်ပေးလိုက်သည်။
"ရပြီ.."
"ဟူး.."
ခွန်းပိုင်ဆေးပစ္စည်းတွေကိုသိမ်းပြီးပြန်ထလိုက်သည်။
"ကိုယ့်မိန်းမိုတော့အိမ်ရောက်ရင်လက်သည်းညှပ်ပေးမှရတော့မယ်.."
"ဘာလို့လဲ.."
"ကိုယ့်ပခုံးတော့ပေါက်သွားပြီလားမသိဘူး...ကျွတ်ကျွတ်နာလိုက်တာ.."
"ဟုတ်လား..ပြပါဦး.."
နေခြည်ချိုအလောတကြီးခွန်းပိုင်ရဲ့အနာကိုထကြည့်ဖို့ပြင်နေသည်။နေခြည်ချိုရဲ့စိတ်ပူနေတဲ့ပုံကိုမြင်ပြီးခွန်းပိုင်ပြုံးလိုက်မိသည်။
"ရပါတယ်ဗျာ..ပြန်ထိုင်..ခြေထောက်ကနာနေ
လိမ့်မယ်.."
"အင်း..."
ခွန်းပိုင်နေခြည်ချိုကိုခုံမှာပြန်ထိုင်ခိုင်းလိုက်ပြီးသူမ့ထမရအောင်ခုံရဲ့တန်းနှစ်ခု့ကိုဆုပ်ကိုင်ပြီးသူမ့ရှေ့မှာ
ကုန်းရပ်လိုက်သည်။
"မင်းစောစောကကိုယ့်ကိုစိတ်ပူနေတာမလား.."
"ဘာကိုလဲ.."
"ကိုယ်ကြိုးကြာဖြူနောက်ပါသွားမှာကိုလေ.."
နေခြည်ချိုသူရဲ့အကြည့်တွေကိုရှောင်ပြီး
"မဟုတ်ပါဘူး.."
"ဟုတ်လို့လား..မင်းဒါဆိုဘာလို့အကြည့်တွေရှောင်လိုက်တာလဲ..မင်းမရိုးဘူးနော်.."
"မဟုတ်ပါဘူးပါဆို..ကျွန်မ့ကရှင့်ကိုဘာလို့စိတ်ပူရမှာလဲ..ရှင်လိုက်သွားချင်ရင်လိုက်သွားပေါ့.."
"ကိုယ်တကယ်လိုက်သွားရမှာလား..."
"အင်း.."
နေခြည်ချိုသဘောတူလိုက်ပေမဲ့စိတ်ထဲမှာတော့သူလိုက်သွားမှာကိုကြောက်နေမိသည်။
"ရှင်လိုက်သွားချင်သွားနော်..ကျွန်မ့ဘာမှမဖြစ်ဘူး"
"ဟူး..မလိုက်တော့ပါဘူး..ကိုယ့်မိန်းမလေးတစ်ခု့ခု့ဖြစ်နေမှာစိတ်ပူတယ်.."
"လိုက်သွားချင်သွားလို့ပြောသားပဲ..ဘာစိတ်ပူတယ်ပြောနေတာလဲ.."
"ဟုတ်ပါတယ်..ကိုယ်မှားသွားတာ..ကိုယ်ကိုယ်တိုင်ကမလိုက်ချင်လို့ဟုတ်ပြီလား..ကိုယ်မိန်းမနားပဲနေချင်တာ.."
"ဟွန်း.."နေခြည်ချိုသူ့ကိုမျက်စောင်းထိုးလိုက်သည်။
"မိန်းမ..ကိုယ့်ကိုဆုမချသင့်ဘူးလား.."
"ဟမ်..မဆီမဆိုင်..ဘာလို့ဆုချရမှာတုန်း.."
"ကိုယ်မိန်းမ့ကိုပိုချစ်ကြောင်းပြနိုင်လို့လေ.."
"ဒါလေးလုပ်ရုံနဲ့ချစ်တယ်လို့ဘယ်လိုလုပ်ယုံရမှာလဲ"
"ဟူး..ကိုယ့်မိန်းမကလည်းတစ်ခါလေးပဲ..ကိုယ့်ကိုဆုချရမှာကို.."
"ဟုတ်ပြီ..ပြောဘာလိုချင်လဲ.."
"သဘောတူတယ်မလား.."
"ဘာလဲ.."ခွန်းပိုင်နေခြည်ချိုနှုတ်ခမ်းကိုလှမ်းပြီးနမ်းလိုက်သည်။
"ရှင်နော်..တကယ်ပဲ.."
"ဟီး..ကိုယ်ထပ်နမ်းပါရစေဦး..မလုံလောက်သေးဘူး
"မရဘူး.."
"လုပ်ပါနော်..နော်.."
"ခွန်းပိုင်.."
"လုပ်ပါ ..နောက်တစ်ခါတည်းပဲ.."
"ဟူး...ဒါနောက်ဆုံးပဲ.."
"ဟုတ်ကဲ့.."
နေခြည်ချိုခေါင်းငုံပြလိုက်တော့မှခွန်းပိုင်ပျော်သွား
သည်။နေခြည်ချိုသူ့အနမ်းကိုစောင့်ဆိုင်းရင်းမျက်လုံးမှိတ်ထားမိသည်။သူနဲ့ဒီလိုဖြစ်နေတာဖြစ်သင့်လားမဖြစ်သင့်လားမသိတော့ဘူး။နောက်ပြီးကြိုးကြာဖြူကိုရှုံးတာလားနိုင်တာလားမသိတော့ဘူး။ဒါပေမဲ့အခုလိုအခြေအနေမျိုးကိုတော့သဘောကျမိသည်။တစ်သက်လုံးသူကျွန်မ့ကိုရွေးချယ်သွားရင်ကောင်းမယ်။အချစ်ဆိုတာလူကိုရူးမိုက်စေတယ်မလား။
"နေခြည်..အို.."
နေခြည်ချို.ရတနာရဲ့အသံကိုကြားတာနဲ့ခွန်းပိုင်ကို
တွန်းလွှတ်လိုက်သည်။
"ရတနာ..ဘာလို့လဲ.."
"ဟို..ဟို...အစည်းအဝေး..စတော့..စတော့မယ်လို့လာပြောတာပါ..နင်တို့လုပ်စရာရှိတာဆက်လုပ်..ငါပြောလိုက်မယ်.."
"ဟဲ့..ရတနာ."ရတနာတားလို့တောင်မမှီသေးဘူးတံခါးကိုပြန်ပိတ်ပြီးထွက်သွားသည်။
"သွားပြီ.."
"ဘာသွားတာလဲ.."
"ရတနာမြင်သွားပြီလေ...သူတော့တစ်မျိုးတွေထင်တော့မှာပဲ..ရှက်လိုက်တာ..ရှင့်ကြောင့်အရှက်ကွဲပြီ"
"အော်..ကိုယ်မိန်းမကိုနမ်းတာပဲ..ဘာဖြစ်လို့လဲ..မရှက်ပါနဲ့.."
"ဟွန်း.."
"တစ်ချိန်ချိန်လည်းသူတွေ့သွားနိုင်တာပဲလေ..ကိုယ်တို့ကလင်မယားပဲဟာ..သူနားလည်ပါတယ်"
"ဘာနားလည်ရမှာလဲ..ကဲ..ဖယ်တော့အစည်းအဝေးသွားရမယ်..ေနာက်ကျရင်မကောင်းဘူး.."
"နေပါဦး.."
"ဘာလဲ.."
"ကိုယ့်မိန်းမခြေထောက်နာနေတာလေ..ကိုယ်ပဲသွားလိုက်မယ်.."
"ရပါ့မလား..မြေကွက်ကိစ္စကိုရှင်းပြရဦးမယ်လေ."
"ရပါတယ်..ကိုယ့်ကိုစိတ်ချလိုက်..ကိုယ်သူတို့ကိုသေချာရှင်းပြလိုက်မယ်.ကိုယ်ဒီကိစ္စအတွက်စဥ်းစားထားပြီးသား.."
"အင်းပါ..ဒါဆိုလည်းကျွန်မဒီမှာပဲနေခဲ့လိုက်မယ်.."
"ကိုယ်တို့အစည်းအဝေးပြီးရင်မုန့်သွားစားရအောင်"
"အင်း..."
ခွန်းပိုင်နေခြည်ချိုရဲ့နဖူးကိုနမ်းပြီးထွက်သွားသည်။
"ခွန်းပိုင်..ရှင်ကတော့လေ.."
နေခြည်ချိုပါးစပ်နှာရွက်တပ်ချိတ်လိုက်တော့မယ့်အထိရယ်လိုက်မိသည်။
☺☺☺☺☺☺☺☺☺☺☺☺☺☺☺☺
#မဒီ
ကဲ..readersလေးတွေကောနေခြည်ချိုကအနိုင်ရ
တယ်ထင်လားရှုံးတယ်ထင်လား

အချစ်ရက်ပေါင်း၃၆၅ရက်Where stories live. Discover now